Unicode Version
---------------------------------------------------------------------------------
Zawgyi Version
စိုးရိမ်ခြင်းစတင်ဖြစ်ပေါ်ခြင်း၌ လုပ်ဆောင်သင့်သောအရာ
ဆာလံ ၃၇:၇ “ထာဝရဘုရားရှေ့မှာ ငြိမ်ဝပ်စွာနေ၍၊ ကိုယ် တော်ကိုငံ့လင့်လော့။
မိမိအမှု၌ အောင်တတ်သောသူ၊ မကောင်းသောအကြံအစည်တို့ကို ပြီးစေသောသူ၏ အကြောင်းကြောင့်
စိတ်မပူနှင့်။”
စိုးရိမ်စရာအကြောင်းတွေကို
လုံးဝကြားချင်ကြမှာ မဟုတ်ပါ။ အဲလိုစိုးရိမ်ရတဲ့အခါမှာ စိတ်ဖိစီးမှုတွေထွက်လာတယ် ၊ သောကတွေရောက်လာပြီး
စိတ်မရှည်နိုင်တော့ပေ။ စိုးရိမ်နေရခြင်းအကြောင်းရင်းက အရာရာ အရမ်းကိုလျင်မြန်စွာ ဖြစ်ပျက်ခြင်း
(သို့) ပြောင်းလဲမှုတွေကို မကိုင်တွယ်နိုင်ခြင်း (သို့) အရာရာ အလွန်နှေးကွေးစွာ သွားနေပြီး
သင်က အမြန်နှုန်းဖြင့် အလိုရှိနေတယ်။
အဲဒီအရာနှင့်ပတ်သက်ပြီး
ကျွန်ုပ်တို့ ချုပ်ကိုင်နိုင်မယ်ဆိုလျှင် စောင့်ဆိုင်းရခြင်းတွေကို စဉ်းစားဖို့မရှိပါ။
သို့ပေမဲ့ သောကရောက်နေမည့်အစား ဘုရားသခင်ကို စိတ်ရှည်စွာစောင့်ဆိုင်းဖို့ ရွေးချယ်တဲ့အခါ
စစ်မှန်တဲ့ ယုံကြည်ခြင်းပင် ဖြစ်ပါတယ်။ စိတ်ရှည်စွာ စောင့်ဆိုင်းပါလျှင် ဘုရားသခင်ကို
ယုံကြည်ပြီး သစ္စာရှိခြင်းကို ပုံဆောင်ပြီး ဘုရားသခင်၌သာ သင်၏တည်ခြင်းကို စစ်မှန်စွာ
ဝန်ခံခြင်းဖြစ်ပါတယ်။
ဆာလံ ၃၇:၇ “ထာဝရဘုရားရှေ့မှာ ငြိမ်ဝပ်စွာနေ၍၊ ကိုယ် တော်ကိုငံ့လင့်လော့။
မိမိအမှု၌ အောင်တတ်သောသူ၊ မကောင်းသောအကြံအစည်တို့ကို ပြီးစေသောသူ၏ အကြောင်းကြောင့်
စိတ်မပူနှင့်။”
စိတ်ဖိစီးမှုတွေ
ထွက်လာရခြင်း၏ အကြီးမားဆုံးသော အကြောင်းရင်းက မိမိကိုယ်ကို သူတစ်ပါးနှင့် အမြဲနှိုင်းယှဉ်လို့
ဖြစ်ပါတယ်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် ကျွန်ုပ်တို့အတွက် လုပ်ဆောင်ခဲ့သမျှတွေကို
အာရုံမထားဘဲ ကျွန်ုပ်တို့က တခြားသူတွေကိုဘဲ အာရုံစိုက်နေတယ်။ ကျွန်ုပ်တို့၌ မရှိတဲ့အရာတွေ
၊ တခြားသူတွေ ဘာတွေပိုင်ဆိုင်နေသလဲ ဆိုတဲ့အရာပေါ်မှာ အာရုံစိုက်နေကြပါတယ်။
မိမိကိုယ်ကို
သူတစ်ပါးနှင့် နှိုင်းယှဉ်ခြင်းက ကောင်းသော ရွေးချယ်မှုမဟုတ်ပါ။ ဘာကြောင့်လဲဆိုတော့
သင်သည် သင်ဖြစ်တဲ့အတွက်ကြောင့်ဖြစ်တယ်။ တခြားသူတွေနှင့် ကွဲပြားစွာ သင့်အသက်တာပေါ်ထားရှိတဲ့
ဘုရားရဲ့ အကြံအစည် ရှိပါတယ်။ သင်ကသာ သူတစ်ပါး၏အကြံအစည်အတိုင်း အလိုရှိနေပါလျှင် သင့်အသက်တာအတွက်
အကြံအစည်ကို သင်လက်လွှတ်သွားရပါလိမ့်မည်။ နှိုင်းယှဉ်ခြင်းက စိုးရိမ်ခြင်းတွေကို ဉီးတည်စေပါတယ်။
သင်နှိုင်းယှဉ်လျှင် သင်စတင် ပူပန်ရတော့မှာဖြစ်တယ်။
ဒါပေမဲ့
စိုးရိမ်သောကဖြစ်ခြင်းက လုံးဝ အဓိပ္ပါယ်မဲ့ပါတယ်။ အချိန်တိုင်း စိုးရိမ်ခြင်းက ဗြန်းတီးခြင်းဖြစ်တယ်။
ဘာကြောင့်လဲဆိုတော့ စိုးရိမ်ခြင်းက ဘယ်အရာကိုမှ ပြီးမြောက်အောင် မလုပ်ဆောင်နိုင်ပါ။
အတိတ်ကိုလည်း မပြင်နိုင်၊ အနာဂတ်ကိုလည်း မထိန်းချုပ်နိုင်သလို ယနေ့ပင် ဆိုးဝါးတဲ့နေ့အဖြစ်
ကျရောက်သွားစေပါတယ်။ ယမ်းနေ့တဲ့ ထိုင်ခုံမှာ ထိုင်နေရသလိုပေါ့။ ရှေ့သွားပြီးရင်နောက်ဆုတ်
တယ် ။ နောက်ဆုတ်လိုက် ၊ ရှေ့တိုးလိုက်ပေါ့။ ဘာကိုမှ အရာမရောက်စေပါဘူး။ သင်၌လည်း စွမ်းအင်ဆုံးရှုံးရပါတယ်။
ဖိလိပ္ပိ ၄:၆ “အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာ၌ ကျေးဇူးတော်ကို
ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းပဌနာ ပြုသောအားဖြင့်၊ သင်တို့တောင်း ပန်လိုသောအရာများတို့ကို
ဘုရားသခင်အား ကြားလျှောက်ကြလော့။”
စိုးရိမ်ခြင်းက ဘယ်အရာကိုမှ ဘယ်တော့မှ မပြောင်းလဲနိုင်ပါ။ သို့ပေမဲ့
ဆုတောင်းခြင်းက အရာရာကို ပြောင်းလဲစေ နိုင်ပါတယ်။ ဒါကြောင့် ဤခရစ္စမတ်ကာလမှာ မစိုးရိမ်ပါနှင့်။
ဆုတောင်းပါ။
ဆင်ခြင်ရန်
-စိုးရိမ်ပူပန်ခြင်းက
ဘာကြောင့်များ အဖျက်သဘောဆောင်တဲ့ စိတ်ခံစားမှုကို ဖြစ်ပေါ်စေပါသနည်း။
-
ဆုတောင်းခြင်းက အရာရာကို ပြောင်းလဲစေနိုင်တယ်ဆိုတာကို စစ်မှန်စွာ သင်ယုံကြည်ပါသလား။
ဘာကြောင့်နည်း (သို့) ဘာကြောင့်မဟုတ်သနည်း။
---------------------------------------------------------------------------------
Zawgyi Version
စိုးရိမ္ျခင္းစတင္ျဖစ္ေပၚျခင္း၌ လုပ္ေဆာင္သင့္ေသာအရာ
ဆာလံ ၃၇:၇ “ထာဝရဘုရားေရွ႕မွာ ၿငိမ္ဝပ္စြာေန၍၊ ကိုယ္ ေတာ္ကိုငံ့လင့္ေလာ့။ မိမိအမႈ၌ ေအာင္တတ္ေသာသူ၊ မေကာင္းေသာအႀကံအစည္တို႔ကို ၿပီးေစေသာသူ၏ အေၾကာင္းေၾကာင့္ စိတ္မပူႏွင့္။”
စိုးရိမ္စရာအေၾကာင္းေတြကို လုံးဝၾကားခ်င္ၾကမွာ မဟုတ္ပါ။ အဲလိုစိုးရိမ္ရတဲ့အခါမွာ စိတ္ဖိစီးမႈေတြထြက္လာတယ္ ၊ ေသာကေတြေရာက္လာၿပီး စိတ္မရွည္ႏိုင္ေတာ့ေပ။ စိုးရိမ္ေနရျခင္းအေၾကာင္းရင္းက အရာရာ အရမ္းကိုလ်င္ျမန္စြာ ျဖစ္ပ်က္ျခင္း (သို႔) ေျပာင္းလဲမႈေတြကို မကိုင္တြယ္ႏိုင္ျခင္း (သို႔) အရာရာ အလြန္ေႏွးေကြးစြာ သြားေနၿပီး သင္က အျမန္ႏႈန္းျဖင့္ အလိုရွိေနတယ္။
အဲဒီအရာႏွင့္ပတ္သက္ၿပီး ကြၽႏ္ုပ္တို႔ ခ်ဳပ္ကိုင္ႏိုင္မယ္ဆိုလွ်င္ ေစာင့္ဆိုင္းရျခင္းေတြကို စဥ္းစားဖို႔မရွိပါ။ သို႔ေပမဲ့ ေသာကေရာက္ေနမည့္အစား ဘုရားသခင္ကို စိတ္ရွည္စြာေစာင့္ဆိုင္းဖို႔ ေ႐ြးခ်ယ္တဲ့အခါ စစ္မွန္တဲ့ ယုံၾကည္ျခင္းပင္ ျဖစ္ပါတယ္။ စိတ္ရွည္စြာ ေစာင့္ဆိုင္းပါလွ်င္ ဘုရားသခင္ကို ယုံၾကည္ၿပီး သစၥာရွိျခင္းကို ပုံေဆာင္ၿပီး ဘုရားသခင္၌သာ သင္၏တည္ျခင္းကို စစ္မွန္စြာ ဝန္ခံျခင္းျဖစ္ပါတယ္။
ဆာလံ ၃၇:၇ “ထာဝရဘုရားေရွ႕မွာ ၿငိမ္ဝပ္စြာေန၍၊ ကိုယ္ ေတာ္ကိုငံ့လင့္ေလာ့။ မိမိအမႈ၌ ေအာင္တတ္ေသာသူ၊ မေကာင္းေသာအႀကံအစည္တို႔ကို ၿပီးေစေသာသူ၏ အေၾကာင္းေၾကာင့္ စိတ္မပူႏွင့္။”
စိတ္ဖိစီးမႈေတြ ထြက္လာရျခင္း၏ အႀကီးမားဆုံးေသာ အေၾကာင္းရင္းက မိမိကိုယ္ကို သူတစ္ပါးႏွင့္ အၿမဲႏႈိင္းယွဥ္လို႔ ျဖစ္ပါတယ္။ ဘုရားသခင္၏ ခ်စ္ျခင္းေမတၱာႏွင့္ ကြၽႏ္ုပ္တို႔အတြက္ လုပ္ေဆာင္ခဲ့သမွ်ေတြကို အာ႐ုံမထားဘဲ ကြၽႏ္ုပ္တို႔က တျခားသူေတြကိုဘဲ အာ႐ုံစိုက္ေနတယ္။ ကြၽႏ္ုပ္တို႔၌ မရွိတဲ့အရာေတြ ၊ တျခားသူေတြ ဘာေတြပိုင္ဆိုင္ေနသလဲ ဆိုတဲ့အရာေပၚမွာ အာ႐ုံစိုက္ေနၾကပါတယ္။
မိမိကိုယ္ကို သူတစ္ပါးႏွင့္ ႏႈိင္းယွဥ္ျခင္းက ေကာင္းေသာ ေ႐ြးခ်ယ္မႈမဟုတ္ပါ။ ဘာေၾကာင့္လဲဆိုေတာ့ သင္သည္ သင္ျဖစ္တဲ့အတြက္ေၾကာင့္ျဖစ္တယ္။ တျခားသူေတြႏွင့္ ကြဲျပားစြာ သင့္အသက္တာေပၚထားရွိတဲ့ ဘုရားရဲ႕ အႀကံအစည္ ရွိပါတယ္။ သင္ကသာ သူတစ္ပါး၏အႀကံအစည္အတိုင္း အလိုရွိေနပါလွ်င္ သင့္အသက္တာအတြက္ အႀကံအစည္ကို သင္လက္လႊတ္သြားရပါလိမ့္မည္။ ႏႈိင္းယွဥ္ျခင္းက စိုးရိမ္ျခင္းေတြကို ဉီးတည္ေစပါတယ္။ သင္ႏႈိင္းယွဥ္လွ်င္ သင္စတင္ ပူပန္ရေတာ့မွာျဖစ္တယ္။
ဒါေပမဲ့ စိုးရိမ္ေသာကျဖစ္ျခင္းက လုံးဝ အဓိပၸါယ္မဲ့ပါတယ္။ အခ်ိန္တိုင္း စိုးရိမ္ျခင္းက ျဗန္းတီးျခင္းျဖစ္တယ္။ ဘာေၾကာင့္လဲဆိုေတာ့ စိုးရိမ္ျခင္းက ဘယ္အရာကိုမွ ၿပီးေျမာက္ေအာင္ မလုပ္ေဆာင္ႏိုင္ပါ။ အတိတ္ကိုလည္း မျပင္ႏိုင္၊ အနာဂတ္ကိုလည္း မထိန္းခ်ဳပ္ႏိုင္သလို ယေန႔ပင္ ဆိုးဝါးတဲ့ေန႔အျဖစ္ က်ေရာက္သြားေစပါတယ္။ ယမ္းေန႔တဲ့ ထိုင္ခုံမွာ ထိုင္ေနရသလိုေပါ့။ ေရွ႕သြားၿပီးရင္ေနာက္ဆုတ္ တယ္ ။ ေနာက္ဆုတ္လိုက္ ၊ ေရွ႕တိုးလိုက္ေပါ့။ ဘာကိုမွ အရာမေရာက္ေစပါဘူး။ သင္၌လည္း စြမ္းအင္ဆုံးရႈံးရပါတယ္။
ဖိလိပၸိ ၄:၆ “အဘယ္အမႈကိုမွ် စိုးရိမ္ျခင္းမရွိဘဲ အရာရာ၌ ေက်းဇူးေတာ္ကို ခ်ီးမြမ္းျခင္းႏွင့္တကြ ဆုေတာင္းပဌနာ ျပဳေသာအားျဖင့္၊ သင္တို႔ေတာင္း ပန္လိုေသာအရာမ်ားတို႔ကို ဘုရားသခင္အား ၾကားေလွ်ာက္ၾကေလာ့။”
စိုးရိမ္ျခင္းက ဘယ္အရာကိုမွ ဘယ္ေတာ့မွ မေျပာင္းလဲႏိုင္ပါ။ သို႔ေပမဲ့ ဆုေတာင္းျခင္းက အရာရာကို ေျပာင္းလဲေစ ႏိုင္ပါတယ္။ ဒါေၾကာင့္ ဤခရစၥမတ္ကာလမွာ မစိုးရိမ္ပါႏွင့္။ ဆုေတာင္းပါ။
ဆင္ျခင္ရန္
-စိုးရိမ္ပူပန္ျခင္းက ဘာေၾကာင့္မ်ား အဖ်က္သေဘာေဆာင္တဲ့ စိတ္ခံစားမႈကို ျဖစ္ေပၚေစပါသနည္း။
- ဆုေတာင္းျခင္းက အရာရာကို ေျပာင္းလဲေစႏိုင္တယ္ဆိုတာကို စစ္မွန္စြာ သင္ယုံၾကည္ပါသလား။ ဘာေၾကာင့္နည္း (သို႔) ဘာေၾကာင့္မဟုတ္သနည္း။