What Difference Does Faith Make?
Unicode Version
ယုံကြည်ခြင်းက မည်သို့သောအရာကို ထူးခြားစေသနည်း။
ရောမ ၁၀:၁၇ “သို့ဖြစ်၍၊ ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့်ဖြစ်၏။ ကြားနာခြင်းသည်လည်း၊ ဘုရားသခင် ၏ စကားတော်အားဖြင့် ဖြစ်၏။
သင်၏အသက်တာ၌ ဘုရားသခင်လုပ်စေလိုသောအရာ အားလုံးသည် ယုံကြည်ခြင်းအပေါ် အခြေခံ၍ ဘုရားရှင် လုပ်ဆောင်ပါတယ်။
လူတိုင်းမှာ ယုံကြည်ခြင်းရှိပါတယ်။ ဘုရားမဲ့ဝါဒီတစ်ဉီးပင်လျှင် ယုံကြည်ခြင်းရှိပါတယ်။ ဒါသည် သင်၏ယုံကြည်မှု ကို ထည့်သွင်းထားမှုနှင့် သင်၌ရှိသော ယုံကြည်ခြင်းအတိုင်း အတာပေါ်ဖြစ်တည် ခြင်းပင် ဖြစ်သည်။  
သင့်အသက်တာတွင် ယုံကြည်ခြင်းပိုမိုရှိချင်ပါသလား။ ရောမ ၁၀:၁၇ “သို့ဖြစ်၍၊ ယုံကြည်ခြင်းသည် ကြားနာခြင်း အားဖြင့်ဖြစ်၏။ ကြားနာခြင်းသည်လည်း၊ ဘုရားသခင် ၏ စကားတော်အားဖြင့် ဖြစ်၏။
သမ္မာကျမ်းစာက ဆိုထားသည်မှာ နှုတ်ကပတ်တော်ကြားနာခြင်းအားဖြင့် ယုံကြည်ခြင်းကို ရရှိပါသည်။ နောက်ရက်အနည်းငယ်အကြာမှာ အပြုသဘောဆောင်တဲ့ ယုံကြည်ခြင်းက သင့်ဘဝကို ပြောင်းလဲစေနိုင်တယ် ဆိုတာကို ဖော်ပြရှင်းပြတဲ့ကျမ်းချက်တွေကို လေ့လာကြည့်တဲ့အခါ သင်၏ယုံကြည်ခြင်း တိုးပွားလာပါလိမ့်မည်။
ဒါကြောင့် ယုံကြည်ခြင်းက သင့်အသက်တာကို မည်သို့သောအရာကို ထူးခြားစေသနည်း။
သင်၏အသက်တာအားဖြင့် ဘုရားသခင်လုပ်ဆောင်နိုင်သောအရာတွေသည် သင်၏ယုံကြည်က အဆုံးအဖြတ်ပေး ပါတယ်။ သမ္မာကျမ်းစာက ဆိုထားသည်မှာ မဿဲ ၉:၂၉ “သင်တို့ ယုံခြင်းရှိသည်အတိုင်း သင်တို့၌ဖြစ်စေ ….” ။ ဘုရားသခင်က သင့်အသက်တာတွင် မည်မျှသောကောင်းချီးများကို ရွေးချယ်ရမည်ဟု ပြောခဲ့ပါတယ်။ မည်မျှသော အဖြေရဆုတောင်းမှုတွေကို ရွေးချယ်ရပါလိမ့်မည်။ မည်မျှလောက်အလုပ်လုပ်နိုင်မည်ကို ရွေးချယ်ရ ပါမည်။ ဒါတွေသည် သင်၏ယုံကြည်ခြင်းအရဖြစ်တယ်။ သမ္မာကျမ်းစာတွင် ထောင်ပေါင်းများစွာသော ကတိတော်များရှိပြီး ယုံကြည်ခြင်းသည် ထိုကတိတော်တွေကို ဖွင့်သောသော့ချက်ဖြစ်ပါတယ်။
“သခင်ဘုရား ၊ အဆင်ပြေတဲ့အချိန်တွေမှာ လုပ်ဆောင်နိုင်တယ်ဆိုလျှင် ကျွန်ုပ်၏တောင်းဆိုမှုလေးတွေကို ကြည့်ပေးပါ” လို့ကျွန်ုပ်တို့ တောင်းလျှောက်စရာ မလိုပါဘူး။ မဿဲ ၂၁:၂၂ “ယုံကြည်ခြင်းပါလျက် ပဌနာပြု၍ ဆုတောင်းသမျှတို့ကို သင်တို့သည်ရကြလိမ့်မည်ဟု မိန့်တော်မူ၏။
ယုံကြည်ခြင်းသည် အလွန်အစွမ်းထက်သောကြောင့် ၄င်းကို သင်အနည်းငယ်သောအရာကို ကြီးမြတ်တဲ့ဘုရားရှင် ဆီတည်ထားတဲ့အခါ ကြီးသောအကျိုးရလဒ်ကောင်းများကို ရရှိပါမည်။ ယုံကြည်ခြင်းက အိမ်မက်တွေကို လက်တွေ့အဖြစ် ပြောင်းလဲစေပါတယ်။ သင်၏အသက်တာသည် မည်သည့်အံ့ဩဖွယ်အမှုကို မဆိုအတွက် အခြေခံထားပါတယ်။ ယနေ့တွင် သင်၌အံ့ဩဖွယ်အမှုတွေကို ဘုရားသခင်လုပ်ဆောင်ပါသလား။ အမှန်ပင် လုပ်ဆောင်ပါတယ်။ တခြားသူတွေနှင့် ဆုတောင်းခြင်းအားဖြင့် လုပ်ဆောင် နေပါတယ်။
ကျမ်းစာကဖော်ပြထားသည်မှာ ရှင်ယောဟန်ပဌမစောင် ၅:၄ “ဘုရားသခင်၏သားဖြစ်သောသူ မည်သည်ကား၊ လောကကို အောင်တတ်၏။ လောကကို အောင်ခြင်း အကြောင်းမူကား၊ ငါတို့၏ ယုံကြည်ခြင်းပေတည်း။
ယုံကြည်ခြင်းက သင့်ကိုယုံကြည်စိတ်ချစေသည်။ ကြောက်ရွံ့မှုကိုလျော့ပါးစေသည်။ ၎င်းသည် သင့်အား စွမ်းဆောင်နိုင်စွမ်းကို ပေးသည်။ ပင်လယ်နီအနား၌ရပ်နေသော မောရှေနှင့် အာရုန်ကို မြင်ယောင်ကြည့်ပါ၊ မောရှေက အာရုန်ထံသို့ချဉ်းကပ်၍၊ “You first!” လို့ပြောလိုက်ပါတယ်။
ယုံကြည်ခြင်းက သင့်ဘဝကိုအောင်မြင်မှုရစေသော ရှေ့သို့သွားရန်ယုံကြည်စိတ်ချစေသည်။ယုံကြည်ခြင်းက အသက်တာအတွက် အောင်မြင်မှုရစေကာ ယုံကြည်မှုအပြည့်ဖြင့် ရှေ့ဆက်သွားရန် ဖြစ်စေပါ တယ်။
ဆင်ခြင်ရန်
- သင်၏အသက်တာတွင် ယုံကြည်ခြင်းပိုမို ရချင်ပါသလား။ ဘုရားသခင်၏နှုတ်ကပတ်တော်ကိုလေ့လာရန် အချိန်နှင့်ခွန်အားကို ရင်းနှီးမြှုပ်နှံလိုစိတ်အပေါ် သင့်အား မည်သည့်အထောက်အထားကညွှန်ပြနေသနည်း။
- ဘုရားသခင်သည်၏ အံ့ဩဖွယ်အမှုကို သင်၏အသက်တာ၌သော်လည်းကောင်း (သို့) တစ်စုံတစ်ယောက် ၏အသက်တာ၌ သော်လည်ကောင်း တွေ့မြင်ပါသလား။ ယုံကြည်ခြင်းသည် အဘယ်မည်သို့ သော အခန်းကဏ္ဍ တွင် ပါဝင်ခဲ့သနည်း။
- ဘုရားသခင်သည် ကျွန်ုပ်တို့၏ ယုံကြည်ခြင်းအပေါ် အခြေခံ၍ အဘယ်ကြောင့် လုပ်ဆောင်မှုပြုသည်ဟု သင်ထင်မြင်သနည်း။ သင်အားဖြင့် အဘယ်အရာကိုပြီးမြောက်စေချင်ပါသနည်း။
-----------------------------------------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်