Unicode Version
စောင့်ဆိုင်းခြင်းသည်
ယုံကြည်ခြင်း၏သက်သေ
သာဓကဖြစ်ပါတယ်။
ဆာလံ ၄၀:၁ “ငါသည် ထာဝရဘုရားကို စေ့စေ့မြော်လင့်သည် ကာလ၊ ငါ့ကို မျက်နှာပြု၍ ငါအော်ဟစ်သောအသံကို ကြားတော်မူ၏။”
ယုံကြည်ခြင်း၏
အထင်းရှားဆုံးသော သာဓကတစ်ခုမှာ သင်စောင့်ဆိုင်းနေသော အသက်တာအချိန်အခါကို မည်ကဲ့သို့တုံ့ပြန်ခြင်းပင်ဖြစ်တယ်။
သင်ဘယ်လောက်ကြာကြာ
စောင့်ဆိုင်းနိုင်မည်နည်း။ ဒါသည် ရင့်ကျက်ခြင်း၏အမှတ်အသားဖြစ်တယ်။ ကလေးတွေအတွက်ကတော့
စောင့်ဆိုင်းခြင်းက ခက်ခဲကြတယ်။ သူတို့လေးတွေ “No” and “Not yet.” ကြားက ခြားနားခြင်းကို မလေ့လာရသေးပါ။ သင်က “Not yet.” လို့သူတို့တွေကိုပြောရင်
သူတို့တွေက ဖြစ်လာမှာမဟုတ်ဘူးဆိုတဲ့သဘောကို တွေးထင်ကြပါတယ်။ သို့ပေမဲ့ ကျွန်ုပ်တို့တွေ
အရွယ်ရောက်လာသည်နှင့် အမျှ ၄င်းသည် ထိုသို့မဟုတ်ကြောင်းကို လေ့လာသိရှိရပါတယ်။
ဝိညာဉ်ရေးရင့်ကျက်ခြင်းသည်
စောင့်ဆိုင်းဖို့ရန် တတ်နိုင်စွမ်းဖြစ်တယ်။ ယုံကြည်ခြင်းက အဖြေကိုစောင့်ဆိုင်း ခြင်းဖြစ်ပြီး
၊ တစ်ခါတစ်လေ အဖြေကနောက်ကျတယ်ဆိုတာကို နားလည်ထား ခြင်းဖြစ်တယ်။
ဘုရားသခင်၏
အစီအစဉ်တွေမှာ အချိန်ကိုက်ညီခြင်းက အလွန်အရေးပါ ပါတယ်။ အကြိမ်ပေါင်းများစွာ မှန်ကန်သောအရာ
ဖြစ်နိုင်တယ်။ သို့ပေမဲ့ အချိန်မှားနေတတ်တယ်။ ဘုရားသခင်၏ အနောက်တွင် သင်မရှိချင်သလို့
ဘုရားသခင်၏ရှေ့တွင်လည်း သင်ရှိမနေချင်ပါ။ ဘုရား၏အချိန်အတိုင်း သင်ရှိချင်တယ်။ ဘာကြောင့်လဲဆိုတော့
ဘုရား၏အချိန်ကိုက်ညီခြင်းက သင့်အလုပ်အတွက် ၊ သင်၏ အိမ်ထောင်ရေး ၊ ပညာရေး နှင့် ပင်စင်ယူခြင်း
၊ ဆုတောင်းချက်အတွက်အဖြေရခြင်း တွေမှာ ပြီးပြည့်စုံလို့ဖြစ်တယ်။
က္ကုသရေလလူမျိုးတော်တို့
ဘုရားကို ဘယ်နှစ်ကြိမ်တိုင် စောင့်ဆိုင်းရသလဲဆိုတာကို ကျမ်းစာမှာ ကြည့်ပါ။ သူတို့ စောင့်ဆိုင်းနေချိန်တွင်
သူတို့ကို ဘုရားသခင် ပြုပြင်ပေးပါတယ်။ က္ကုသရေလ၏ သားသမီးတို့ နှစ်ပေါင်း ၄၀၀ အဲကုတ္ထုပြည်
ကျွန်ဘဝကနေ လွှတ်မြောက်စေဖို့ စောင့်ဆိုင်းခဲ့ကြပါတယ်။ လူတိုင်း၏ ဘဝစာမျက်နှာတွေမှာ
လည်း ကြာမြင့်ချိန်တွေ ရှိကြပါတယ်။ မောရှေဆီသို့ ဘုရားက အခြေအနေဖွင့်ပြခြင်းတွေ ရောက်လာခဲ့သည့်တိုင်
က္ကုသရေလလူတွေ နောက်ထပ် နှစ်ပေါင်း ၈၀ ထပ်ပြီးဆောင့်ဆိုင်းကြရတယ်။ နှစ်ပေါင်း ၄၀ ကတော့
ဖာရို ဘုရင်နန်းတော်မှာ ကြီးပြင်းလာဖို့နှင့် နောက်ထပ် ၄၀ နှစ်ကတော့ သဲကန္တာရ တွင်လေ့ကျင့်ပျိုး
ထောင်ပေးနိုင်ဖို့ ဖြစ်တယ်။ မောရှေ အသက် ၈၀ မှာ က္ကုသရေလ လူမျိုးတော်တွေကို အဲကုတ္ထုပြည်ကနေ
အပြီးထွက်ခွာစေနိုင်ခဲ့ပါ တယ်။ ဘုရားသခင်၏ အချိန်ကတော့ အံကိုက်ပြည့်စုံပါတယ်။
ဆာလံ ၄၀:၁ “ငါသည် ထာဝရဘုရားကို စေ့စေ့မြော်လင့်သည် ကာလ၊ ငါ့ကို မျက်နှာပြု၍ ငါအော်ဟစ်သောအသံကို ကြားတော်မူ၏။”
သင်၏ယုံကြည်ခြင်းသာဓကကို
သင်၏ စောင့်ဆိုင်းရခြင်းအသက်တာအားဖြင့် မည်သို့တုံ့ပြန်နိုင်မည်နည်း။
ဆင်ခြင်ရန်
-
ဘယ်အချိန်မှာ
သင်၏သည်းခံနိုင်ခြင်းကို အမြင့်ဆုံးထားနိုင်သနည်း။ သည်းခံမှု နည်းတဲ့အချိန်ကရော မည်သို့နည်း။
-
သင်၏
ယုံကြည်ရတဲ့အရာကား မည်သို့နည်းဆိုတဲ့ မေးခွန်းပေါ် သင်မည်သို့ ဖြေမည်နည်း။
-
ဘုရားသခင်၏
အချိန်ကို စောင့်ဆိုင်းစဉ် ဘုရားသခင်က သင့်၏ ယုံကြည်ခြင်း နှင့် သင်၏လက္ခဏာတို့၌ မည်သို့
ကြီးထွားပြုပြုသည်ကို သင်မြင်ပါသနည်း။
---------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်