Knowing God helps you know yourself

Unicode Version


ဘုရားသခင်ကို သိခြင်းအရာသည် သင့်ကိုယ်သင်ပြန်သိဖို့ အကူအညီဖြစ်စေသည်
ဟေဗြဲ ၁၁:၂၄မောရှေသည် အသက်အရွယ်ကြီးသောအခါ အပြစ်ရှိသော ကာမဂုဏ်ကို ခဏခံစားခြင်းထက်၊ ဘုရားသခင်၏လူတို့နှင့် အတူညှဉ်းဆဲခံရခြင်းကိုသာ၍ အလိုရှိသဖြင့်၎င်း

အသင်းတော်က လူတစ်ယောက်သည် ကျွန်ုပ်ကို အသိပေးစာပို့ခဲ့ပါတယ် … “ဆရာခင်ဗျာ ... ကျွန်ုပ်သည် မည်သို့အတွက်ဖြစ်တယ် (သို့) မည်သူဖြစ်တယ်ဆိုတာကို တကယ်ပင် မသိတဲ့အတွက်ကြောင့် တခြားသူတွေ မျော်လင့်တဲ့အတိုင်း ကိုယ့်ကိုယ်ကို တည်ဆောက်နေခဲ့တယ်။ ကျွန်ုပ်၏ ကိုယ်ပိုင်အထောက်အထား ၊ ဖြစ်တည်မှုကို ရှာဖွေခြင်းအတွက် ဆရာ သွန်းသင်ပေးနိုင်ပါမည်လား။”

သူတစ်ပါး၏ ထောက်ခံမှုအတွက် သင်အသက်ရှင်ခြင်းသည် သင့်ကိုယ်သင်မသိရှိခြင်းဖြစ်တယ် ဆိုတာသည် မှန်ကန်သောအရာ ဖြစ်ပါတယ်။ သင့်ကိုဖန်ဆင်းသည့်အတိုင်း မိမိကိုယ်ကို စစ်မှန်စွာ နေထိုင်နိုင်ဖို့အတွက် ဘုရားသခင် အလိုတော်ရှိပါတယ်။

သမ္မာကျမ်းစာတွင် ဘုရားသခင်၏ပေးထားသော ကိုယ်ပိုင်အထောက်အထား ၊ ဖြစ်တည်မှုအတိုင်း ရွေးချယ် အသက်ရှင်တဲ့ ကျော်ဇောတဲ့ သူတစ်ယောက်အကြောင်းကို ဖော်ပြထားခဲ့ပါတယ်။ အဲဒီသူက မောရှေဖြစ် ပါတယ်။
မောရှေသည် ဓမ္မဟောင်းတစ်ခုလုံး၏ ကြီးမြတ်တဲ့ ဉီးဆောင်သူတစ်ဉီးဖြစ်ခဲ့ပါတယ်။ နှစ်ပေါင်း ၄၀၀ အဲဂုတ္တု ပြည်တွင် ကျွန်ခံခဲ့သော က္ကုသရေလူမျိုးတို့ကို လွှတ်မြောက်ခြင်းရဖို့ရန် သူဉီးဆောင်ခဲ့ပါတယ်။ ဘုရားသခင်ထံမှ ပညတ်တော် ၁၀ ပါးကိုလည်း ရယူခဲ့တယ်။ သမ္မာကျမ်းစာရှိ ပထမဆုံးသော ကျမ်း ၅ကျမ်းကို ပြုစုရေးသားခဲ့ပါတယ်။
သို့ပေမဲ့ မောရှေသည် သူ့ကိုယ်သူ ကျွန်ဘဝကနေ စတင်ခဲ့ပါတယ်။ သူနို့စို့ကလေးအရွယ်မှာ သူ၏မိခင်ကသူ့ကို ခြင်းထဲထည့်ပြီး မြစ်ထဲမျောစေခြင်းသည် သူ့ကို လူမျိုးတုံးအောင်သတ်ဖြတ်ခြင်းရန်ကနေ ကယ်တင်ဖို့အတွက် ဖြစ်တယ်။ မောရှေလေးကို ဖာရောဘုရင်၏ သမီးတော်မှ တွေ့ရှိပြီး မင်းသားတစ်ပါးကဲ့သို့ ပြုစုပျိုးထောင်ခဲ့ပါတယ်။

ဟေဗြဲ ၁၁:၂၄-၂၇ “မောရှေသည် အသက်အရွယ်ကြီးသောအခါ အပြစ်ရှိသော ကာမဂုဏ်ကို ခဏခံစားခြင်းထက်၊ ဘုရားသခင်၏လူတို့နှင့် အတူညှဉ်းဆဲခံရခြင်းကိုသာ၍ အလိုရှိသဖြင့်၎င်း၊ အဲဂုတ္တုပြည်၏ စည်းစိမ်ထက် ခရစ်တော် ကြောင့် ကဲ့ရဲ့ခြင်းဒုက္ခသည် သာ၍မြတ်သော စည်းစိမ်ဖြစ်သည်ကို စိတ်ထင်သဖြင့်၎င်း၊ ယုံကြည်ခြင်းစိတ် ရှိ၍ ဖါရောဘုရင်သမီး၏သားဟူ၍ ခေါ်ဝေါ်ခြင်းအခွင့်ကိုပယ်၏။ အကြောင်းမူကား၊ နောက် ရလတံ့သောအကျိုးကို ထောက်စာမြော်လင့်လျက်နေ၏။ ယုံကြည်ခြင်းအားဖြင့် ရှင်ဘုရင်အမျက်ကို မကြောက်ဘဲ၊ အဲဂုတ္တုပြည်ကိုစွန့်သွား၏။ အကြောင်းမူ ကား၊ မျက်မြင်မရသော ဘုရားသခင်ကို မြင်ရဘိသကဲ့သို့ တည်ကြည်ခြင်းရှိ၏။”

ဒါကြောင့် အဲဒီနှစ်ပေါင်းများစွာ တွေကြားမှာ မောရှေမှာ ဘာတွေဖြစ်ပျက်ခဲ့ပါသလဲ။ ကျွန်အဖြစ်ကနေ မင်းသားအဖြစ်သို့ မည်ကဲ့သို့ ပြောင်းလဲစေခဲ့သနည်း။ ဘုရားသခင်၏လူမျိုးတော်တို့ကို ဉီဆောင်ဖို့ရန် အဲဒီ မင်းသားအရာကို စွန့်လွှတ်ဖို့ စိတ်ခွန်အားကို မည်ကဲ့သို့ဖြစ်လာစေခဲ့သနည်း။ အတိုချုံးအားဖြင့် သူကြီးပြင်းလာတယ် ခန္ဓာအားဖြင့် သော်လည်း ကောင်း ၊ ဝိညာဉ်ရေးရာအားဖြင့်လည်း ကြီးပြင်းလာခဲ့ပါတယ်။

သူကြီးပြင်းလာသည်အတိုင်း လူတိုင်းမေးတတ်တဲ့မေးခွန်းတွေအတိုင်း သူသည်လည်း မေးခဲ့ပါတယ် “ ငါမည်သူလဲ။ ဘယ်ကလာသလဲ ၊ ငါ့ဘဝရဲ့အရာအားလုံးနှင့်ပတ်သက်တာ ဘာအကြောင်းလဲ။”
နောက်ဆုံးမှာ သူ၏အဖြေအပေါ် အခြေချခဲ့ပါတယ်။ သူက ဖာရောဘုရင့်သမီးတော်၏ သားတော်အဖြစ် လူသိများခံရဖို့ ငြင်းဆန်ခဲ့တယ်။ လိမ်လှည်မှုကြီးကနေ ကြီးပြင်းရဖို့ သူငြင်းဆန်ခဲ့တယ်။ မိမိ၏ဖြစ်တည်မှုကို သိခဲ့ပြီး ဘုရားသခင် သူကို ဖြစ်စေလို့သည့်အတိုင်းဖန်ဆင်းခဲ့ခြင်းအရာကို သူရွေးချယ်ခဲ့တယ်။ ဒါသည် ဝိညာဉ်ရေးရာ ရင့်ကျက်မှုကို ဖော်ပြသည်။

ဒါကြောင့် ဘုရားသခင်ပေးထားသော သင်၏ဖြစ်တည်မှုအရာကို မည်ကဲ့သို့ သင်သိနိုင်မည်နည်း။ ဘုရားကို ပိုမိုသိခြင်းအားဖြင့် သိမြင်လာစေမှာဖြစ်တယ်။
ဘုရားသခင်နှင့်အတူ နီးကပ်လေလေ သင့်ကိုယ်သင်ပိုမို သိမြင်လာမည် ဖြစ်သည်။ ဘာကြောင့်လဲဆိုတော့ သင်သည် ဘုရားသခင်၏ ဖန်ဆင်းထားသောသူ ဖြစ်လို့ပါဘဲ။
မောရှေလိုပင် သင်၌လည်း ရွေးချယ်စရာ တွေရှိပါတယ်။ မိမိကိုယ်ကို တစ်စုံတစ်ပါးဖြစ်တယ်ဆိုပြီး အသက်တာ ကျန်သောခရီးမှာ ဟန်ဆောင်သွားမည်လား (သို့) ဘုရားသခင်ဖန်ဆင်းပြီး ရည်ရွယ်ထားတဲ့သူအဖြစ် အသက်ရှင်ဖို့ ရွေးချယ်မည်လား။

ဘုရားသခင်အလိုတော်ရှိရာအတိုင်း အသက်ရှင်ဖို့ရွေးချယ်ပါလျှင် တစ်ချို့သူတွေသင့်ကို ထောက်ခံလိမ့်မှာ မဟုတ်ပေ။ သို့ပေမဲ့ အဲဒီအရာသည် အမှန်တကယ် အရေးမကြီးပါ။ ဘယ်ကိုသွားရမည်ကို သင့်ကိုယ်သင်သိမြင်ပြီးဖြစ်တယ်။ ပြီးတော့ ဘုရားသခင်၏ ထောက်ခံမှုတွေကို သင်ရရှိပါလိမ့်မည်။
အဲဒါကို သင်မည်ကဲ့သို့ တို့ထိမည်လဲ။

ဆင်ခြင်ရန်
-ဘုရားကို သိခြင်းက သင့်ကိုယ်သင် ပိုမိုသိလာအောင် မည်ကဲ့သို့ ကူညီပေးပါသနည်း။
-မောရှေသည် ဖာရောဘုရင့်သမီးတော်အဖြစ် အသိအမှတ်ပြုရန် ငြင်းဆန်ပြီးနောက် အသက်တာပြောင်းလဲသွားပြီးဟု မည်သို့သော ကောင်းသော (သို့) ဆိုးသောနည်းဖြင့် သင်ထင်မြင်ပါမည်နည်း။

-ဘုရားပေးထားသော မိမိ၏ဖြစ်တည်ခြင်းနှင့်အညီ နေထိုင်ရန်ရွေးချယ်သူများအကြောင်းကို စဉ်းစားသောအခါ သူတို့နှင့်မတူညီသော သူများနှင့် မည်ကဲ့သို့ကွာခြားပါသနည်း။
-------------------------------------------------



Zawgyi Version

ဘုရားသခင္ကို သိျခင္းအရာသည္ သင့္ကိုယ္သင္ျပန္သိဖို႔ အကူအညီျဖစ္ေစသည္
ေဟၿဗဲ ၁၁:၂၄ “ေမာေရွသည္ အသက္အ႐ြယ္ႀကီးေသာအခါ အျပစ္ရွိေသာ ကာမဂုဏ္ကို ခဏခံစားျခင္းထက္၊ ဘုရားသခင္၏လူတို႔ႏွင့္ အတူညႇဥ္းဆဲခံရျခင္းကိုသာ၍ အလိုရွိသျဖင့္၎ …”

အသင္းေတာ္က လူတစ္ေယာက္သည္ ကြၽႏ္ုပ္ကို အသိေပးစာပို႔ခဲ့ပါတယ္ … “ဆရာခင္ဗ်ာ ... ကြၽႏ္ုပ္သည္ မည္သို႔အတြက္ျဖစ္တယ္ (သို႔) မည္သူျဖစ္တယ္ဆိုတာကို တကယ္ပင္ မသိတဲ့အတြက္ေၾကာင့္ တျခားသူေတြ ေမ်ာ္လင့္တဲ့အတိုင္း ကိုယ့္ကိုယ္ကို တည္ေဆာက္ေနခဲ့တယ္။ ကြၽႏ္ုပ္၏ ကိုယ္ပိုင္အေထာက္အထား ၊ ျဖစ္တည္မႈကို ရွာေဖြျခင္းအတြက္ ဆရာ သြန္းသင္ေပးႏိုင္ပါမည္လား။”

သူတစ္ပါး၏ ေထာက္ခံမႈအတြက္ သင္အသက္ရွင္ျခင္းသည္ သင့္ကိုယ္သင္မသိရွိျခင္းျဖစ္တယ္ ဆိုတာသည္ မွန္ကန္ေသာအရာ ျဖစ္ပါတယ္။ သင့္ကိုဖန္ဆင္းသည့္အတိုင္း မိမိကိုယ္ကို စစ္မွန္စြာ ေနထိုင္ႏိုင္ဖို႔အတြက္ ဘုရားသခင္ အလိုေတာ္ရွိပါတယ္။

သမၼာက်မ္းစာတြင္ ဘုရားသခင္၏ေပးထားေသာ ကိုယ္ပိုင္အေထာက္အထား ၊ ျဖစ္တည္မႈအတိုင္း ေ႐ြးခ်ယ္ အသက္ရွင္တဲ့ ေက်ာ္ေဇာတဲ့ သူတစ္ေယာက္အေၾကာင္းကို ေဖာ္ျပထားခဲ့ပါတယ္။ အဲဒီသူက ေမာေရွျဖစ္ ပါတယ္။
ေမာေရွသည္ ဓမၼေဟာင္းတစ္ခုလုံး၏ ႀကီးျမတ္တဲ့ ဉီးေဆာင္သူတစ္ဉီးျဖစ္ခဲ့ပါတယ္။ ႏွစ္ေပါင္း ၄၀၀ အဲဂုတၱဳ ျပည္တြင္ ကြၽန္ခံခဲ့ေသာ ကၠဳသေရလူမ်ိဳးတို႔ကို လႊတ္ေျမာက္ျခင္းရဖို႔ရန္ သူဉီးေဆာင္ခဲ့ပါတယ္။ ဘုရားသခင္ထံမွ ပညတ္ေတာ္ ၁၀ ပါးကိုလည္း ရယူခဲ့တယ္။ သမၼာက်မ္းစာရွိ ပထမဆုံးေသာ က်မ္း ၅က်မ္းကို ျပဳစုေရးသားခဲ့ပါတယ္။
သို႔ေပမဲ့ ေမာေရွသည္ သူ႔ကိုယ္သူ ကြၽန္ဘဝကေန စတင္ခဲ့ပါတယ္။ သူႏို႔စို႔ကေလးအ႐ြယ္မွာ သူ၏မိခင္ကသူ႔ကို ျခင္းထဲထည့္ၿပီး ျမစ္ထဲေမ်ာေစျခင္းသည္ သူ႔ကို လူမ်ိဳးတုံးေအာင္သတ္ျဖတ္ျခင္းရန္ကေန ကယ္တင္ဖို႔အတြက္ ျဖစ္တယ္။ ေမာေရွေလးကို ဖာေရာဘုရင္၏ သမီးေတာ္မွ ေတြ႕ရွိၿပီး မင္းသားတစ္ပါးကဲ့သို႔ ျပဳစုပ်ိဳးေထာင္ခဲ့ပါတယ္။

ေဟၿဗဲ ၁၁:၂၄-၂၇ “ေမာေရွသည္ အသက္အ႐ြယ္ႀကီးေသာအခါ အျပစ္ရွိေသာ ကာမဂုဏ္ကို ခဏခံစားျခင္းထက္၊ ဘုရားသခင္၏လူတို႔ႏွင့္ အတူညႇဥ္းဆဲခံရျခင္းကိုသာ၍ အလိုရွိသျဖင့္၎၊ အဲဂုတၱဳျပည္၏ စည္းစိမ္ထက္ ခရစ္ေတာ္ ေၾကာင့္ ကဲ့ရဲ႕ျခင္းဒုကၡသည္ သာ၍ျမတ္ေသာ စည္းစိမ္ျဖစ္သည္ကို စိတ္ထင္သျဖင့္၎၊ ယုံၾကည္ျခင္းစိတ္ ရွိ၍ ဖါေရာဘုရင္သမီး၏သားဟူ၍ ေခၚေဝၚျခင္းအခြင့္ကိုပယ္၏။ အေၾကာင္းမူကား၊ ေနာက္ ရလတံ့ေသာအက်ိဳးကို ေထာက္စာေျမာ္လင့္လ်က္ေန၏။ ယုံၾကည္ျခင္းအားျဖင့္ ရွင္ဘုရင္အမ်က္ကို မေၾကာက္ဘဲ၊ အဲဂုတၱဳျပည္ကိုစြန္႔သြား၏။ အေၾကာင္းမူ ကား၊ မ်က္ျမင္မရေသာ ဘုရားသခင္ကို ျမင္ရဘိသကဲ့သို႔ တည္ၾကည္ျခင္းရွိ၏။”

ဒါေၾကာင့္ အဲဒီႏွစ္ေပါင္းမ်ားစြာ ေတြၾကားမွာ ေမာေရွမွာ ဘာေတြျဖစ္ပ်က္ခဲ့ပါသလဲ။ ကြၽန္အျဖစ္ကေန မင္းသားအျဖစ္သို႔ မည္ကဲ့သို႔ ေျပာင္းလဲေစခဲ့သနည္း။ ဘုရားသခင္၏လူမ်ိဳးေတာ္တို႔ကို ဉီေဆာင္ဖို႔ရန္ အဲဒီ မင္းသားအရာကို စြန႔္လႊတ္ဖို႔ စိတ္ခြန္အားကို မည္ကဲ့သို႔ျဖစ္လာေစခဲ့သနည္း။ အတိုခ်ဳံးအားျဖင့္ သူႀကီးျပင္းလာတယ္ ခႏၶာအားျဖင့္ ေသာ္လည္း ေကာင္း ၊ ဝိညာဥ္ေရးရာအားျဖင့္လည္း ႀကီးျပင္းလာခဲ့ပါတယ္။

သူႀကီးျပင္းလာသည္အတိုင္း လူတိုင္းေမးတတ္တဲ့ေမးခြန္းေတြအတိုင္း သူသည္လည္း ေမးခဲ့ပါတယ္ “ ငါမည္သူလဲ။ ဘယ္ကလာသလဲ ၊ ငါ့ဘဝရဲ႕အရာအားလုံးႏွင့္ပတ္သက္တာ ဘာအေၾကာင္းလဲ။”
ေနာက္ဆုံးမွာ သူ၏အေျဖအေပၚ အေျခခ်ခဲ့ပါတယ္။ သူက ဖာေရာဘုရင့္သမီးေတာ္၏ သားေတာ္အျဖစ္ လူသိမ်ားခံရဖို႔ ျငင္းဆန္ခဲ့တယ္။ လိမ္လွည္မႈႀကီးကေန ႀကီးျပင္းရဖို႔ သူျငင္းဆန္ခဲ့တယ္။ မိမိ၏ျဖစ္တည္မႈကို သိခဲ့ၿပီး ဘုရားသခင္ သူကို ျဖစ္ေစလို႔သည့္အတိုင္းဖန္ဆင္းခဲ့ျခင္းအရာကို သူေ႐ြးခ်ယ္ခဲ့တယ္။ ဒါသည္ ဝိညာဥ္ေရးရာ ရင့္က်က္မႈကို ေဖာ္ျပသည္။

ဒါေၾကာင့္ ဘုရားသခင္ေပးထားေသာ သင္၏ျဖစ္တည္မႈအရာကို မည္ကဲ့သို႔ သင္သိႏိုင္မည္နည္း။ ဘုရားကို ပိုမိုသိျခင္းအားျဖင့္ သိျမင္လာေစမွာျဖစ္တယ္။
ဘုရားသခင္ႏွင့္အတူ နီးကပ္ေလေလ သင့္ကိုယ္သင္ပိုမို သိျမင္လာမည္ ျဖစ္သည္။ ဘာေၾကာင့္လဲဆိုေတာ့ သင္သည္ ဘုရားသခင္၏ ဖန္ဆင္းထားေသာသူ ျဖစ္လို႔ပါဘဲ။
ေမာေရွလိုပင္ သင္၌လည္း ေ႐ြးခ်ယ္စရာ ေတြရွိပါတယ္။ မိမိကိုယ္ကို တစ္စုံတစ္ပါးျဖစ္တယ္ဆိုၿပီး အသက္တာ က်န္ေသာခရီးမွာ ဟန္ေဆာင္သြားမည္လား (သို႔) ဘုရားသခင္ဖန္ဆင္းၿပီး ရည္႐ြယ္ထားတဲ့သူအျဖစ္ အသက္ရွင္ဖို႔ ေ႐ြးခ်ယ္မည္လား။

ဘုရားသခင္အလိုေတာ္ရွိရာအတိုင္း အသက္ရွင္ဖို႔ေ႐ြးခ်ယ္ပါလွ်င္ တစ္ခ်ိဳ႕သူေတြသင့္ကို ေထာက္ခံလိမ့္မွာ မဟုတ္ေပ။ သို႔ေပမဲ့ အဲဒီအရာသည္ အမွန္တကယ္ အေရးမႀကီးပါ။ ဘယ္ကိုသြားရမည္ကို သင့္ကိုယ္သင္သိျမင္ၿပီးျဖစ္တယ္။ ၿပီးေတာ့ ဘုရားသခင္၏ ေထာက္ခံမႈေတြကို သင္ရရွိပါလိမ့္မည္။
အဲဒါကို သင္မည္ကဲ့သို႔ တို႔ထိမည္လဲ။

ဆင္ျခင္ရန္
-ဘုရားကို သိျခင္းက သင့္ကိုယ္သင္ ပိုမိုသိလာေအာင္ မည္ကဲ့သို႔ ကူညီေပးပါသနည္း။
-ေမာေရွသည္ ဖာေရာဘုရင့္သမီးေတာ္အျဖစ္ အသိအမွတ္ျပဳရန္ ျငင္းဆန္ၿပီးေနာက္ အသက္တာေျပာင္းလဲသြားၿပီးဟု မည္သို႔ေသာ ေကာင္းေသာ (သို႔) ဆိုးေသာနည္းျဖင့္ သင္ထင္ျမင္ပါမည္နည္း။
-ဘုရားေပးထားေသာ မိမိ၏ျဖစ္တည္ျခင္းႏွင့္အညီ ေနထိုင္ရန္ေ႐ြးခ်ယ္သူမ်ားအေၾကာင္းကို စဥ္းစားေသာအခါ သူတို႔ႏွင့္မတူညီေသာ သူမ်ားႏွင့္ မည္ကဲ့သို႔ကြာျခားပါသနည္း။