There’s No Faith Without Risk
Unicode Version
အရဲစွန့်ခြင်း ၊ စွန့်စားခြင်းမပါဘဲ ယုံကြည်ခြင်းမဖြစ်ပါ။
ကောရိန္သု ဒုတိယစောင် ၅:၇ “အစဉ် ရဲရင့်သောစိတ်ရှိကြ၏။ မျက်မှောက်မမြင်ဘဲ ယုံကြည်မျှော်လင့်ခြင်းရှိသည်အတိုင်း၊ ငါတို့သည် ကျင့်ဆောင်ပြုမှုသည်ဖြစ်၍…”
အရဲစွန့်ခြင်းမရှိလျှင် စစ်မှန်တဲ့ယုံကြည်ခြင်းမဟုတ်ပါ။
ယုံကြည်ခြင်း၏ အဓိပ္ပါယ်ကား မထင်ရှား၊ မသိရတဲ့အရာကို မသိမမြင်သည့်တိုင် ခြေလှမ်းရွေ့ခြင်းကို ဆိုလိုတာဖြစ်တယ်။ သမ္မာကျမ်းစာတွင်ဖော်ပြထားသည်မှာ ကောရိန္သု ဒုတိယစောင် ၅:၇ “အစဉ် ရဲရင့်သောစိတ်ရှိကြ၏။ မျက်မှောက်မမြင်ဘဲ ယုံကြည်မျှော်လင့်ခြင်းရှိသည်အတိုင်း၊ ငါတို့သည် ကျင့်ဆောင်ပြု မှုသည်ဖြစ်၍…”။ အဓိပ္ပါယ်ကား လမ်းလျှောက်စဉ်မှာ ပကတိ မျက်စိအမြင် မဟုတ်ဘဲ ဝိညာဉ်မျက်စိဖြင့် ကြည့်ခြင်းကို ဆိုလိုသည်။ လူ၏အမြင်ကနေမဟုတ်ဘဲ ဘုရားသခင်၏ ရှုထောင့်အမြင်ဖြင့် ကျွန်ုပ်တို့ကြည့်ခြင်းကို ဆိုလိုပါတယ်။
ယုံကြည်ခြင်းက သင်၏လုံခြုံမှုကို လက်လွှတ်လိုက်ခြင်းဖြစ်ပါတယ်။ “ငါ၏ကြောက်စိတ်တွေကို ရင်ဆိုင်ရတော့ မည် ၊ ကျရှုံးခြင်းကို အရဲစွန့်ရတော့မည်။ ရှေ့ဆက်လျှောက်ဖို့ရာ စိန်ခေါ်မည်” လို့ယုံကြည်ခြင်းက ဆိုပါတယ်။
ကျွန်ုပ်၏သားသမီးတွေ ငယ်စဉ်အချိန်တုန်းက သူတို့ကို ဆပ်ကပ်အဖွဲ့ဆီ ခေါ်သွားခဲ့တယ်။ ကျွန်ုပ်၏ အကြိုက်ဆုံးအပိုင်းကတော့ ကောင်းကင်ဘားက အနုပညာရှင်ကို စောင့်ကြည့်ရခြင်းဖြစ်တယ်။ အနုပညာရှင် တွေထဲက တစ်ယောက်သည် တစ်ဖက်သို့ လွှဲယမ်းရပြီး နောက်တစ်ယောက်ကကလည်း သူ၏ စင်မြင့်ကနေ ခွါရပါတယ်။ ပြီးနောက် အမှန်တရားတစ်ခု၏ အခိုက်အတန့်တစ်ခုက… ပညာရှင်တစ်ယောက်က “ငါ ..ဟိုဘက်က တစ်ယောက်ကို ဖမ်းဆွဲထားလျှင် ဒီဘက်ကကောင်းကင်ဘားကို ခွါရမည်။ တစ်ယောက်ကို လုံခြုံစွာ ဖမ်းကိုင်ဖို့အတွက် တစ်ခုကို စွန့်ပြီး တခြားတစ်ခုကို ဖမ်းကိုင်ရမည်လား” လို့ဆုံးဖြတ်ရပါမည်။
ဟုတ်တာပေါ့။ သူ့မှာ အဲဒီအရာနှင့်ပတ်သက်ပြီး တစ်နေ့လုံးတွေးမြင်ရဖို့မရှိပါ။ အကယ်၍ နောက်တကြိမ်တိုင် အောင် စောင့်ဆိုင်းပါလျှင် နောက်သို့သာ ပြန်သွားမည်ဖြစ်တယ်။ အဲဒီနောက်မှာ ဘားတန်းပေါ်က လွှဲယမ်းခြင်းတွေသည် ပန်းတိုင်ကနေ ဝေးကွာသွားကြရမည်ဖြစ်သည်။ မကြာမီအချိန်မှာ သခင်သည် လုံးဝဉဿုံ ရပ်တန့်သွားစေဖို့ရန် နှင့် ချိုးဖျက်ဖို့ရန် ပြန်လာပါမည်။ အဲဒီအခါ ချီတုံချတုံဖြစ်စရာ အချိန်မရှိတော့ပါ။
ယုံကြည်ခြင်းအရာမှာလည်း ထိုးနည်း၄င်းပင်ဖြစ်သည်။ သခင်ခရစ်တော်နောက်လိုက်သော သူအဖြစ် သင်ဖြစ် ချင်ပါလျှင် အရဲစွန့်ရမည်ဖြစ်သည်။ ရှင်ပေတရု ရေပေါ်မှာ လမ်းလျှောက်စဉ်တွင် ပထမဉီးစွာ လှေပေါ်ကနေ  ဆင်းရပါတယ်။ ဘုရားသခင်၏ရည်ရွယ်ထားသောအရာ၏ လုံခြုံမှုအတွက် သင်အမြဲတမ်းသိရှိခဲ့တဲ့ လုံခြုံခြင်း အရာကို ထားခဲ့ရပါမည်၊ စွန့်ခွာရပါမည်။ ဘုရားက သင့်အတွက်ပြုသောအကောင်းဆုံးအရာကို ဆုပ်ကိုင်ဖို့ရန် လက်လွှတ်မှုတော့ပြုဖို့လိုပါတယ်။
ယုံကြည်ခြင်းသည် ကျရှုံးခြင်း၌ အရဲစွန့်ခြင်းပင်ဖြစ်ပါတယ်။ ဒါသည် အချိန် ၊ ငွေ ၊ စွမ်းအင် (သို့) ဂုဏ်သတင်း တွေကို ရင်းနှီးမြှုပ်နှံခြင်းဖြစ်သည်။ မသိတဲ့အရာတွေကို ကြောက်နေဖို့မလိုအပ်သလို ၊ သင့်စိတ်ကူးအတိုင်း မလုပ်နိုင်ခြင်းတွေရှိလျှင်လည်း ဘာတွေဖြစ်မလဲဆိုပြီး မကြောက်ပါနှင့်။ ကြောက်စိတ်တွေထက် သင်၏ယုံကြည် ခြင်းအားဖြင့် စိတ်ကို လှုံ့ဆော်ပါလျှင် ဘုရားသခင်သည် တစ်စုံတစ်ခုသော အံ့ဖွယ်ရာကို သင့်အားဖြင့် လုပ်ဆောင် နိုင်သည်။
ဆင်ခြင်ရန်
-      ကျရှုံးမှာကို ကြောက်တဲ့အတွက်ကြောင့် မည်သို့သော စွန့်စားခြင်းမျိုးကို သင်မလုပ်နိုင်ခဲ့ပါသနည်း။
-      သင့်အသက်တာရှိ မည်သို့သော လုံခြုံမှုတွေက အကောင်းဆုံးသောအသက်တာရောက်စေဖို့ရန် အရဲစွန့်ခြင်းအရာကို  သင်နှင့်ကင်းဝေးစေပါသနည်း။
သင်၏ယုံကြည်ခြင်းအဆင့်တွေအားဖြင့် သခင်ခရစ်တော်နှင့် မည်ကဲ့သို့ နီးကပ်စွာကြီးထွား ရှင်သန်ပါသ နည်း။
----------------------------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်