Unicode Version
------------------------------------------------------------------------------------
Zawgyi Version
သင့်အတွက်နိစ္စထာဝရကို ပြသနာများအားဖြင့် ပြင်ဆင်ပေးပါတယ်။
ရှင်ပေတရုဩဝါဒစာ ပဌမစောင် ၁:၁-၇ “အရည်ကျို၍စုံစမ်းခြင်းကိုခံနိုင်သော်လည်း၊
ပျက်စီးတတ်သော ရွှေကိုစစ် ကြောစုံစမ်းခြင်းထက်၊ သင်တို့ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်းအရာသည်သာ၍
မြတ်သည်နှင့်၊ ယေရှုခရစ် ပေါ်ထွန်းတော် မူသောအခါ အချီးအမွမ်း၊ ဂုဏ်သရေ၊ ဘုန်းအာနုဘော်
အလိုငှါဖြစ်မည်အကြောင်း၊ အထူးထူး အပြား ပြားသော စုံစမ်းနှောင့်ရှက်ခြင်းကို ခံရသောအကြောင်းရှိလျှင်၊ သင်တို့သည် ယခုခဏခံရ၍ ဝမ်းနည်းသော် လည်း၊ အထက်ဆိုခဲ့ပြီးသော ကျေးဇူးတော်ကိုထောက်၍
ရွှင်လန်းသောစိတ်ရှိကြ၏။”
ဤလောက၌ရှင်သန်ဖို့ရန်
အပြုသဘောဆောင်သည့်အတွေးများကို သည်ထက်မက သင်လိုအပ်ပြီး မျှော်လင့်ခြင်းကို ပါလိုအပ်ပါတယ်။
ထာဝရတည်မြဲသော
မျှော်လင့်ခြင်းသည်လည်း
ဖြစ်နိုင်ခြင်းက ဘုရားသခင်သည် သင့်အတွက် နိစ္စထာဝရကို ပြင်ဆင် ပေးနေသည်။
အကောင်းအားဖြင့်သော်လည်းကောင်း
၊ အဆိုးအားဖြင့်သော်လည်းကောင်း ၊ အကြောက်တရားအားဖြင့်သော်လည်း ကောင်း သင့်အား အဆင်သင့်ဖြစ်အောင်
သင့်အသက်တာမှာရှိသောအရာအားလုံးတို့ကို ဘုရားသခင် အသုံးပြုနေပါ တယ်။ ဒါတွေကို သင်နားလည်တဲ့အခါ
အသက်တာ အဓိပ္ပါယ်တွေ စတင်ဖို့ဖြစ်လာပါတယ်။ “အဖဘုရား ဤအရာဘာကြောင့်ဖြစ်ရသနည်း” လို့သင်မေးခွန်းထုတ်ခြင်းကို
ရပ်တန့်လိုက်ခြင်းသည် အကြောင်းရင်းကို သင်သိနား လည် သောကြောင့် ဖြစ်ပါတယ်။
သမ္မာကျမ်းစာက
ဖော်ပြထားသည်မှာ - ရှင်ပေတရုဩဝါဒစာ ပဌမစောင် ၁:၁-၇ “အရည်ကျို၍စုံစမ်း
ခြင်းကိုခံနိုင်သော်လည်း၊ ပျက်စီးတတ်သော ရွှေကိုစစ် ကြောစုံစမ်းခြင်းထက်၊ သင်တို့ယုံကြည်ခြင်းကို
စစ်ကြောစုံစမ်း ခြင်းအရာသည်သာ၍ မြတ်သည်နှင့်၊ ယေရှုခရစ် ပေါ်ထွန်းတော် မူသောအခါ အချီးအမွမ်း၊
ဂုဏ်သရေ၊ ဘုန်းအာနု ဘော် အလိုငှါဖြစ်မည်အကြောင်း၊ အထူးထူး အပြား ပြားသော စုံစမ်းနှောင့်ရှက်ခြင်းကို
ခံရသောအကြောင်း ရှိလျှင်၊ သင် တို့သည် ယခုခဏခံရ၍
ဝမ်းနည်းသော် လည်း၊ အထက်ဆိုခဲ့ပြီးသော ကျေးဇူးတော်ကိုထောက်၍ ရွှင်လန်းသော စိတ်ရှိ ကြ၏။”
အထက်ပါကျမ်းပိုဒ်ကနေ
များစွာသောအမှန်တရားတွေကို ရှင်ပေတရုဖော်ပြခဲတဲ့အတိုင်း ယနေ့ခေတ်မှာလည်း ထိုနည်း၄င်းပင်
ဖော်ပြနေပါတယ်။
·
ပြသနာတွေသည်
တဒင်္ဂဖြစ်တယ် - ပြသနာတွေသည်
အစဉ်အမြဲမတည်မြဲပါ။ သို့ပေမဲ့ အဲဒီစမ်းသပ်ခြင်းတွေကို ဘုရားသခင်သည် သူ၏ရည်ရွယ်ချက်အတွက်
အသုံးပြုနေပါတယ်။
·
ပြသနာတွေသည်
လိုအပ်မှုတွေဖြစ်တယ် - ပြသနာတွေသည် သင့်အား ကောင်းကင်ဘုံ ပြင်ဆင်ခြင်းအတွက်
မရှိမဖြစ်အစိတ်အပိုင်းဖြစ်တယ်။
·
ပြသနာတွေသည်
စုံလင်ကွဲပြားခြားနားပါတယ်
- သင်သည် ကွဲပြားခြားနားသော ပုံစံတွေ၊ အရွယ်အစားတွေ နှင့် ပြင်းထန်မှုအဆင့်ဆင့်တို့၏
စမ်းသပ်မှုတွေကို တွေ့ကြုံရပါလိမ့်မည်။
·
ပြသနာတွေအားဖြင့်
သင်၏ယုံကြည်ခြင်းကို စမ်းသပ်တယ်
- ပြသနာတွေ၏ စမ်းသပ်မှုအားဖြင့် သင်၏ ကြွက်သားတွေကို တည်ဆောက်ပါတယ်။ ယုံကြည်ခြင်းအရာမှာလည်း
ထိုနည်း၄င်းပင်ဖြစ်ပါတယ်။
·
ပြသနာတွေက
သင်၏စိတ်ရင်းကို သန့်စင်စေတယ်
- ဘုရားသခင်သည် သင်၏သက်တောင့် သက်သာဖြစ် နေမှုထက် သင်၏စရိုက်လက္ခဏာကို ပိုပြီးစိတ်ဝင်စားပါတယ်။
သင်၏စရိုက် တွေကို ပြုပြင် မွမ်းမံဖို့ရန် ဘုရားသခင်သည် စမ်းသပ်မှုတွေကိုသုံးပါလိမ့်မည်။
·
ပြသနာတွေက
သင်၏ဆုလဒ်တွေကို ပြင်ဆင်ပေးတယ်
- ယခုကာလမှာ သင်ရင်ဆိုင်နေရတဲ့ စမ်းသပ်မှု တွေကို ကောင်းကင်ဆုလဒ်နှင့် မနှိုင်းယှဉ်ပါနှင့်။
သံသယမရှိပါနှင့်။ ယခုသင်ရင်ဆိုင်နေရတဲ့ ပြသနာတွေက ကျီစယ်ခြင်းသဘောမဟုတ်ပါ။
သို့ပေမဲ့ သမ္မာကျမ်းစာက ဤအရာကို တစ်စုံတစ်ရာ အကျိုးဖြစ်ဖို့ရာ အကျိုးရလဒ်ကို ရှင်းလင်းစွာပြုပေးပါပြီး
သင်၏ယုံကြည်မှုကို ပိုမို ခိုင်မာလာစေပါလိမ့်မည်။
ဒါကြောင့် ယခုလက်ရှိ အသက်တာမှာရင်ဆိုင်နေရတဲ့ မည်သို့သောအရာဖြစ်ပါစေ
သင်၌မျှော်လင့်ခြင်းတွေ ရှိနေနိုင် ခြင်းဖြစ်ပါတယ်။
ဆင်ခြင်ရန်
-ပြသနာတွေကို
အသုံးပြုပြီး ဘုရားသခင်သည် သင်၏ယုံကြည်ခြင်းကို မည်သို့ခိုင်မာစေပါသနည်း။
-ပိုမိုကြီးမားတဲ့
မျှော်လင့်ချက်ကို ရရှိခံစားနိုင်အောင် ယနေ့ဖော်ပြသောနှုတ်ကပတ်တော်မှ အမှန်တရားကို
မည်ကဲ့သို့ နားလည်ဖို့ရန် အကူအညီဖြစ်စေပါသနည်း။
------------------------------------------------------------------------------------
Zawgyi Version
အထက်ပါကျမ်းပိုဒ်ကနေ များစွာသောအမှန်တရားတွေကို ရှင်ပေတရုဖော်ပြခဲတဲ့အတိုင်း ယနေ့ခေတ်မှာလည်း ထိုနည်း၎င်းပင် ဖော်ပြနေပါတယ်။
ဆင်ခြင်ရန်