No Matter What You’ve Done, God Will Take You Back
Unicode Version
သင် ဘာကိုဘဲ လုပ်ဆောင်ခဲ့ပါစေ ၊ ဘုရားသခင်သည် သင့်ကို နဂိုအတိုင်းပြန်လည်ဖြစ်တည်စေမည်။
ယေရှာယ အနာဂတ္တိကျမ်း ၅၄:သင့်ကို ခဏသာ ငါစွန့်သည် ဖြစ်၍၊ များစွာသော ကရုဏာနှင့် တဖန်သိမ်း ဆည်းဦးမည်။
ဤခရစ္စမတ်အချိန်ကာလတွေမှာ သင့်အသက်တာအတွက် အနည်းငယ်သော လန်းဆန်းတက်ကြွမှု လိုအပ်နေပါ သလား။ သင်အနည်းအကျဉ်းခြောက်သွေ့နေတယ်လို့ ခံစားရပါသလား။ နိုးကြားမှုတစ်ချို့လိုအပ်နေ သလား။
ဘုရားသခင်ထံ ပြန်လာပါ။
သင်ပြောကောင်းပြောမည် “ Rev. Rick ….. ကျွန်ုပ်ဘာကို လုပ်ခဲ့သလဲဆိုတာ သင်မသိပါ”။  သိစရာမလိုအပ်ပါ၊ ဘာကြောင့်လဲဆိုတော့ သင်ဘယ်လိုလူလဲ  (သို့) ဘာကိုလုပ်ဆောင်ခဲ့သလဲဆိုတာ အရေးမကြီးပါ။ ဘုရားသခင်က သင် သူ့ထံပြန်လာဖို့ရန် စောင့်ဆိုင်းနေပါတယ်။
သင်ပြောကောင်းပြောမည် “ဘုရားကျွန်ုပ်ကို ဆူမှာလား … ကျွန်ုပ်ဘုရားနှင့် ဝေးကွာနေတာ လပေါင်းများစွာ ၊ နှစ်ပေါင်းများစွာ ၊ ဆယ်စုနှစ်မက ရှိနေပါပြီ”။ သင်ကသာ ဘုရားထံပြန်လာမယ်ဆိုလျှင် သင့်အား သမ္မာကျမ်းစာက ဆိုထားသည်မှာ ယေရှာယ အနာဂတ္တိကျမ်း ၅၄:သင့်ကို ခဏသာ ငါစွန့်သည် ဖြစ်၍၊ များစွာသော ကရုဏာနှင့် တဖန်သိမ်း ဆည်းဦးမည်။
ဘုရားသခင် သင့်ကို အရူးမလုပ်ပါ။ သင့်အားဖြင့် ဘုရားရူးသွပ်ရပါတယ်။ သင့်ကို ဖန်ဆင်းတော်မူသော ဖန်ဆင်းရှင် ထက် မည်သူကမှ သင့်ကို ပိုပြီးချစ်လိမ့်မည်မဟုတ်။ ဘုရားသခင်သည် သင့်ကို ဖန်ဆင်းခဲ့သော အဖဖြစ်ပြီး ၊ သခင်ခရစ်တော်သည် သင့်အတွက် အသေခံသော သားတော်ဖြစ်တယ်။ ဘုရား၏ သန့်ရှင်းသော ဝိညာဉ်က သင့်စိတ်နှလုံးထဲတွင် နေဖို့ရန် အလိုတော်ရှိသည်။ ခရစ္စမတ်သည် သင့်အတွက် ဘုရားရှင်၏ ချစ်ခြင်းမေတ္တာကဖြစ် ကြောင်းကို သက်သေဖြစ်ပါတယ်။
တစ်ချို့သောလူတွေက ဘုရားသခင်၏ချစ်ခြင်းမေတ္တာကို မခံစားရခြင်းက လမ်းလွဲနေတဲ့ အသံတွေကို နားထောင်နေ ခြင်း ကြောင့်ဖြစ်ပါတယ်။ တခြားသူတွေ သင့်အပေါ်ပြောဆိုနေခြင်းတွေကို သင်က နားထောင်အာရုံစိုက်နေပါလျှင် သင် စိတ်ဓါတ်ကျသွားပါလိမ့်မည်။ သင့်ကိုယ်သင်ပြောနေသောအရာကိုသာ သင်နားထောင်မယ်ဆိုလျှင် လည်း စိတ်ဆင်းရဲရပါလိမ့်မည်။ ဒါကြောင့် သင့်ကိုသင် ပြောနေသောအရာအားလုံးပေါ် ယုံကြည်နေခြင်းကနေ ရပ်တန့်လိုက် ပါ။ ဘာကြောင့်လဲဆိုတော့ အရာအားလုံးမမှန်လို့ပေါ့။ တစ်ပါးသူတွေကို သင်လိမ်ညှာနေတာတွေထက်ကို သင့်ကိုသင် ပိုပြီး လိမ်ညာပါတယ်။ သင့်အတွက် သင်သည် အကောင်းဆုံးသော တရားသူကြီးမဟုတ်ပါ။ ဘာကြောင့်လဲ ဆိုတော့ သင်၏စိတ်ခံစားမှုတွေကို အချိန်တိုင်းမှာ လိမ်နေတတ်လို့ဖြစ်တယ်။ ဒါသည် ကျွန်ုပ်တို့အား လုံးအတွက် အမှန်တရား ဖြစ်တယ်။
သင်မည်သူ့ကို ယုံကြည်ရမလဲဆိုတာကို သင်ဆုံးဖြတ်ရပါလိမ့်မည်။ တခြားသူတွေ သင့်အပေါ်ထင်မြင်တဲ့အတိုင်း သင့်အသက်တာကို တည်ဆောက်မည်လား။ ဆိုရှယ်မီဒီယာတွေကနေ သင့်အား ဝေဖန်ပြောဆိုတာတွေကို သင်နားထောင်နေ မည်လား။ သင်၏စိတ်ခံစားချက်တွေကိုသာ နားထောင်နေမည်လား။
ဘုရားသခင်၏ နှုတ်ကပတ်တော်တွေကနေ သင့်အကြောင်းကို ဘုရားရှင်ဆိုထားသည်များကို နားထောင်မည်လား။ ဘယ်အရာက အမှန်တရားလဲ။ တမန်တော်ဝတ္တု ၃:၁၉ “ထိုကြောင့်ထာဝရဘုရားထံတော်မှ ချမ်းဧသောအချိန် ကာလသည် ရောက်လာ၍”။
သင်မှာ အနာအဆာ နက်ရှိုင်းနေပါတယ်။ ဒါပေမဲ့ သင်သည် နက်ရှိုင်းစွာချစ်ခြင်းခံပါတယ် ၊ အလွန်ပင် တန်ဖိုးရှိသော သူဖြစ်ပါတယ်။ သင့်ကိုယ်သင် ပြန်လှည့်လို့မရတော့ဘဲ အဆုံးသတ်သွားပြီလို့ ထင်ကောင်းထင်နေမည်။ သို့ပေမဲ့ သင် ပြန်လှည့်လာဖို့အမြဲတမ်း စောင့်မျှော်နေတဲ့သူရှိပါတယ်။
နက်ရှိုင်းသောချစ်ခြင်းမေတ္တာဖြင့် ဘုရားသခင်သည် သင့်အားနဂိုနေရာသို့ ပြန်လည်ပို့ဆောင်ပေးပါမည်။
ဆင်ခြင်ရန်
-သင်ပြုသော အဆိုးဆုံးအရာများကြားမှာ ဘုရားသခင်သည် သင့်ကို ချစ်သည်ဟု သင်ယုံကြည်ပါသလား။ ဘာကြောင့်လဲ။
-မည်သူ့အသက်ကို သင်နားထောင်လေ့ရှိပါသလဲ။ မည်သူ၏အမြင်က မင်းရဲ့ဘဝမှာအများဆုံး ရှိနေပါသနည်း။
-နှုတ်ကပတ်တော်တွေထဲ၌ သင့်အကြောင်းဖော်ပြထားသောအရာကား မည်သို့နည်း။ ထိုအရာ မှန်ကန်ကြောင်းကို သင်ယုံကြည်ပါသလား။
---------------------------------------------------------------------------------
Zawgyi Version
ယေရှာယ အနာဂတ္တိကျမ်း ၅၄:၇ “သင့်ကို ခဏသာ ငါစွန့်သည် ဖြစ်၍၊ များစွာသော ကရုဏာနှင့် တဖန်သိမ်း ဆည်းဦးမည်။”
ဘုရားသခင်ထံ ပြန်လာပါ။
ဆင်ခြင်ရန်