Unicode Version
---------------------------------------------------------------------------------
Zawgyi Version
ကျေးဇူးတော်ကို ချီးမွမ်းဖို့ရန် ယောသပ် ရွေးချယ်ခဲ့သည်။
မဿဲ ၁:၁၈-၁၉ “ယေရှုခရစ်သည်ဘွားမြင်ခြင်းကို ခံတော်မူသောအကြောင်းအရာဟူမူကား၊
မယ်တော်မာရိသည် ယောသပ်နှင့် ထိမ်းမြားဆောင်နှင်း၍ မရှက်တင်မှီတွင် သန့်ရှင်းသောဝိညာဉ်တော်ကြောင့်
ပဋိသန္ဓေစွဲနေ၏။ သူ၏ ခင်ပွန်းယောသပ်သည် သူတော်ကောင်းဖြစ်၍၊
မာရိအသရေကို မပျက်စေချင်သောကြောင့် တိတ်ဆိတ်စွာစွန့်ပယ် မည်ဟု အကြံရှိ၏။”
ယောသပ်အတွက်
ခရစ္စမတ်ပုံပြင်သည် ထူးခြားစွာ ပျောက်ကွယ်သွားနိုင်ပါတယ်။ စဉ်းစားကြည့်ပါ။ သခင်ယေရှု
အကြောင်းနှင့်ပတ်သက်ပြီး များစွာသောရှုပ်ထွေးခြင်းနှင့် နာကျင်ခြင်းကနေ ကယ်တင်ဖို့ရန်
ဘုရားသခင် ယောသပ်အား တိုက်ရိုက်ပြောဆိုခြင်းဖြင့် ရွေးချယ်နိုင်တယ်။ အဲဒီအစား သတင်းစကားကို
မေရီမှတစ်ဆင့် ယောသပ်ကိုသိစေပြီး သူ၏ချစ်သူသည် သူ့အားသစ္စာမရှိသူအဖြစ် တွေးမြင်ဖွယ်ရှိနိုင်ပါတယ်။
ဒီမှာ
ဘုရားသခင် ဘာကိုပြုသနည်း။ ယောသပ်၏ လက္ခဏာကို ဘုရားရှင် စမ်းသပ်နေတယ်။ ယောသပ်က စာနာရိုင်းပင်မှုရှိလား။
ခွင့်လွှတ်မည်လား ။ မေတ္တာရှိမည်လားဆိုတာကို ဘုရားရှင် သိချင်နေသည်။ စိတ်ဆိုးဖို့
(သို့) စိတ်ပြေအောင်ကြိုးစားမည့်အစား ယောသပ်သည် ကျေးဇူးတော်ကိုချီးမွမ်းဖို့ရန် ရွေးချယ်ပြီး
သူ၏နာကျင်မှုတွေကို စွန့်လွှတ်လိုက်ပါတယ်။
မာရိမှာတော့ ပထမဉီးဆုံး ခရစ္စမတ်ကာလကို အကြောက်တရားဖြင့် ရင်ဆိုင်ခဲ့ရတယ်၊
ယောသပ်သည်လည်း ဒေါသဖြင့် ရင်ဆိုင်ခဲ့ရပါတယ်။ ယနေ့တွင်လည်း လက်ထပ်ပြီးအိမ်ထောင်သည်တွေမှာ
ဖြစ်ပျက်ပါတယ်။ မကြာခဏဆိုသလို ဇနီးသည်က အကြောက်တရားဖြင့် ရုန်းကန်နေရပြီး အခြားတစ်ယောက်က
ဒေါသဖြင့် တစ်ချိန်တည်းမှာ ရင်ဆိုင်ရပါတယ်။ ယောသပ်မှာ ထိခိုက်မှုတွေနှင့် နာကျင်မှုတွေ
ခံစားရတဲ့ အကြောင်းရင်း တွေရှိနေခဲ့ပါတယ်။ သို့ပေမဲ့ ယောသပ်သည် မာရိကို နာကျင်အောင်
မတိုက်ခိုက်ပါဘူး။ သူမကို ကျေးဇူးတော်ဖြင့် ရစ်ပတ်ထားပါတယ်။
သမ္မာကျမ်းစာက
ဖော်ပြထားသည်မှာ မဿဲ ၁:၁၈-၁၉ “ယေရှုခရစ်သည်ဘွားမြင်ခြင်းကို
ခံတော်မူသောအကြောင်း အရာဟူမူကား၊ မယ်တော်မာရိသည် ယောသပ်နှင့် ထိမ်းမြားဆောင်နှင်း၍
မရှက်တင်မှီတွင် သန့်ရှင်းသောဝိညာဉ် တော်ကြောင့် ပဋိသန္ဓေစွဲနေ၏။ သူ၏ ခင်ပွန်းယောသပ်သည် သူတော်ကောင်းဖြစ်၍၊ မာရိအသရေကို မပျက်စေချင်
သောကြောင့် တိတ်ဆိတ်စွာစွန့်ပယ် မည်ဟု အကြံရှိ၏။”
ကျေးဇူးတရားနှင့်ဆိုင်သော လှပတဲ့သာဓကပင်ဖြစ်ပါတယ်။ ယောသပ်သည် မာရိကို
လူသိရှင်ကြား အရှက်ရဖို့ မပြုပါဘူး။ သူမကို အရှက်ရဖို့လည်း မကြိုးစားပါဘူး။ ယောသပ်က
မာရိကို “အဆင်ပြေပါတယ်။ လက်ထပ်ဖို့လုပ်ဆောင် ရအောင်”ဆိုလိုက်ပါတယ်။ သခင်ယေရှု၏ ဖခင်တစ်ဉီးအဖြစ်
ဘုရားသခင်၏အကြံအစည်ကို နားမလည်သည့်တိုင် ယောသပ်သည် ထူးခြားတဲ့ အခြေအနေကို လုပ်ဆောင်တဲ့အခါမှာ
ဘုရားသခင်ကို ဂုဏ်တင်စေမည့်အရာကို ရွေးချယ်လုပ်ဆောင်ပါတယ်။
သင့်ကို
နာကျင်စွာ မည်သူပြုခဲ့ပါသနည်း။ အဲဒီနာကျင်မှုကို သင်ဆုပ်ကိုင်ထားစဲလား။ အဲဒီလိုဆိုလျှင်
သင်ဝမ်းမြောက်ခြင်းမရှိတာ အဲဒီအရာကြောင့်ဖြစ်ပါတယ်။ ဝမ်းမြောက်ခြင်းနှင့် မကျေမနပ်ဖြစ်ခြင်းကို
တစ်ချိန်တည်း မှာ သင်မလုပ်ဆောင်နိုင်ပါ။ သင်၏စိတ်မကျေမနပ်မှုတွေကို ထိန်းသိမ်းနေသရွေ့တော့
သင်၏ပျော်ရွှင်မှုတွေကို ပျောက်ဆုံးသွားရပါမည်။
သင်၏နာကျင်မှုတွေကို
ဆုပ်ကိုင်ထားခြင်းသည် အရာရာကို ပြောင်းလဲမှု ပြုနိုင်မည်မဟုတ်ပါ။ ခွင့်မလွှတ်နဲ့ …ဘာကြောင့်လဲဆိုတော့ အဲဒီလူနှင့်ထိုက်တန်နေလို့ပါ။
ခွင့်လွှတ်လိုက်ပါ … ဘာကြောင့်လဲဆိုတော့ ဤအရာကို ဘုရားသခင်သင့် အပေါ်ပြုခဲ့ပြီး ဖြစ်တယ်။
ကျေးဇူးတော်ချီးမွမ်းပြီး နာကျင်မှုကို စွန့်လွှတ်လိုက်ပါ။
ခါးသီးမှုကို
အလိုရှိပါသလား (သို့) ကောင်းချီးကို အလိုရှိပါသလား။ လူတွေ၏ သင့်အပေါ်နာကျင်စေမှုတွေကို
လက်လွှတ်ပြီး ကျေးဇူးတရား ဖော်ပြတဲ့အရာကို ရွေးချယ်ပါလျှင် သင့်အသက်တာတွင် ဘုရားကောင်းချီးခံစားရမည်။
ဆင်ခြင်ရန်
-မည်သို့သော
နာကျင်မှုကို လက်လွှတ်ဖို့ခက်ခဲနေရပါသနည်း။ အဲဒီအရာက သင်၏ပျော်ရွှင်မှုကို မည်ကဲ့သို့
သက်ရောက်မှု ဖြစ်စေပါသနည်း။
-မကျေမချမ်းဖြစ်မှုတွေက
သင့်ကျန်းမာရေးကို မည်သို့သက်ရောက်မှုဖြစ်သနည်း။ (သို့) သင်သိသော တစ်စုံတစ်ယောက်၏ ကျန်းမာရေးကို
မည်သို့ သက်ရောက်မှု ရှိပါသနည်း။
-ဘုရားသခင်၏
ခွင့်လွှတ်မှုက သင့်ကို မည်ကဲ့သို့ အဓိပ္ပါယ်ရှိစေ ပါသနည်း။ ဘုရားသခင် သင့်အပေါ်လုပ်ဆောင်ခဲ့
သမျှကို သင်နားမလည်သရွေ့ ပြည့်ဝစွာ သင်ဘယ်တော့မှ ခွင့်လွှတ်နိုင်စွမ်းရှိမည် မဟုတ်ပါ။
Zawgyi Version
ဆင်ခြင်ရန်