How to Become a Godly Optimist

Unicode Version


အကောင်းမြင်ဘာသာရေးသမား တစ်ဉီးမည်သို့ဖြစ်လာခြင်းပုံစံ
မဿဲ ၉:၂၉ “ထိုအခါ သူတို့၏ မျက်စိကို တို့တော်မူ၍၊ သင်တို့ ယုံခြင်းရှိသည်အတိုင်း သင်တို့၌ဖြစ်စေ”
လူနှစ်မျိုး နှစ်စားရှိပါတယ်။ “ကောင်းသော နံနက်ခင်းပါ အဖဘုရား” လို့နိုးထတဲ့အခါ ပြောတဲ့သူနှင့် ၊ “ကောင်းသော အဖဘုရား …မနက်ရောက်ပါပြီ”လို့နိုးထပြီး ပြောတဲ့သူတွေပေါ့။

ကျွန်ုပ်တို့ မျှော်လင့်ထားသော ခံစားချက်တွေအတိုင်း ခံစာရဖို့ရည်ရွယ်ကြပါတယ်။ ဘာကို မြင်ရဖို့မျှော် လင့်သည်အတိုင်း ကျွန်ုပ်တို့ ရှုမြင်ကြပါတယ်။ ကြားဖို့မျှော်လင့်တဲ့အရာကို ကျွန်ုပ်တို့ ကြားရပါတယ်။ လုပ်ချင်တဲ့ ဆန္ဒတွေအတိုင်း လုပ်ကြပါတယ်။ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းအတိုင်းအတာပေါ်မူတည်ပြီး ကျွန်ုပ်တို့သည် ကျရှုံးခြင်းအတွက်(သို့) အောင်မြင်ခြင်းအတွက် - ပြည့်စုံဖို့အတွက် (သို့)စိတ်မကျေနပ်မှုတွေ အတွက်  မိမိကိုယ် ကိုဆောက်တည်ကြတယ်။

ယုံကြည်ခြင်းဖြင့် အသက်ရှင်ခြင်းအဓိပ္ပါယ်သည် အကောင်းဆုံးကို မျှော်လင့်ခြင်းပင်ဖြစ်ပါတယ်။
 မဿဲ ၉:၂၉ “ထိုအခါ သူတို့၏ မျက်စိကို တို့တော်မူ၍၊ သင်တို့ ယုံခြင်းရှိသည်အတိုင်း သင်တို့၌ဖြစ်စေ”

ယုံကြည်ခြင်းသည် (+) အပေါင်းလက္ခဏာဖြင့် မျှော်လင့်ခြင်းဖြစ်ပါတယ်။ ဘုရားသခင်၏ အဖြေကို သင်မျှော်လင့် နေတယ်။ အကောင်းဆုံးသော အဖြေကို ပေါ်လာဖို့ စောင့်တယ်။ အဆင်ပြေစေဖို့ မျှော်လင့်ကြတယ်။ အောင်မြင်ဖို့ ၊ အရာရာ အစီအစဉ်အတိုင်းဖြစ်ဖို့ မျှော်လင့်ကြပါတယ်။ မျှော်လင့်ခြင်းတွေသည် ယုံကြည်ခြင်း ပင်ဖြစ်ပါတယ်။

မည်လောက်ပင် ယုံကြည်ခြင်းရှိရှိ ယုံကြည်သူခရစ်ယာန်ဖြစ်သည်အတိုင်း အရာရာအားလုံး အဆင်ပြေပြေဖြစ် မည်လို့ ယုံကြည်ထားတာမရှိပါဘူး။ ကမ္ဘာကြီးက အပြစ်တရားများဖြင့် ရှိနေတယ်ဆိုပေမဲ့ ကျွန်ုပ်တို့အတွက် အကောင်းဆုံးဖြစ်ဖို့ရာ ဘုရားသခင်သည် လုပ်ဆောင်နေတယ်ဆိုတာကို ယုံကြည်ချက်ပြည့်ပြည့်ရှိနေနိုင်ပါတယ်။ ကျွန်ုပ်တို့အနာဂတ်အတွက် ဘုရားရှင်အားယုံကြည်နိုင်ခြင်းက ကျွန်ုပ်တို့ကောင်းတယ်လို့ထင်မြင်ပြီး လုပ်ဆောင် နေတာတွေထက် ဘုရားက ပိုမိုကောင်းတာကို သိနေလို့ဖြစ်ပြီး သူနှင့်တူလာစေဖို့လည်း ကူညီမစမှုတွေ ပေးပါ လိမ့်မည်။

ယုံကြည်ခြင်းဖြင့် အသက်ရှင်ခြင်းသည် နှင်းဆီပန်းရောင်စုံရှိတဲ့ ဖန်ဖိနပ်ကလေးကို ဝတ်ဆင်ခြင်းအဓိပ္ပါယ်ကို မဆိုလိုပါ။ ဆိုလိုတာက လုပ်ဆောင်သမျှတိုင်းမှာ ဘုရားသခင်ကို ယုံကြည်ခြင်းဖြစ်ပါတယ်၊ ဒါမှ ဘုရားအလိုတော် ရှိရာအတိုင်း ဖြစ်လာမည်အရာရာတိုင်းကို သင်မျှော်လင့်နိုင်ပါမည်။ ဒါသည် သင့်အား ကြီးမားတဲ့ ယုံကြည်မှုကို ဖြစ်ပေါ်စေပါတယ်။ အဲဒီအမှန်တရားက သင်၏ယုံကြည်ခြင်းကို တည်ဆောက်နိုင်ပါတယ်။

အကောင်းမြင်သော ယုံကြည်ကိုးကွယ်သူတစ်ဉီးဖြစ်လာဖို့ရန် ဤကမ္ဘာလောကတွင် သင်၏အသက်တာအားဖြင့် ဘုရားရှင်လုပ်ဆောင်မှုပြုမည်ကို မျှော်လင့်ပါ။ သူ၏ကတိတော်တွေကို တည်စေဖို့ရန် မျှော်လင့်နေပါ။ ဘုရားရှင်၏ အလိုတော်တွေသည် သင့်အားဖြင့် ပြီးမြောက်စေဖို့ရန် ဘုရားအလိုရှိသည့်အတိုင်း မျှော်လင့်ပါ။ အဲဒါတွေကို လုပ်ဆောင်ဖို့ရန် လိုအပ်သမျှကို ပေးဖို့ရန် ဘုရားရှင်အား မျှော်လင့်ပါ။


ဆင်ခြင်ရန်
- သင်၏ မနက်ပိုင်း လုပ်ရိုးလုပ်စဉ်တွေကို စဉ်းစားပါ။ အဲဒီအရာတွေက သင်၏တစ်နေ့တာ ကျန်သွားတဲ့လမ်းကို မည်သို့ အကျိုးသက်ရောက်စေသလဲ။
-သင်မနက် နိုးထတဲ့အခါမှာ ပထမဉီးဆုံးသော သင်၏တွေးခေါ်မှုက မည်သို့နည်း။ သင်ဘယ်အချိန်မှာ ညအိပ်ရာဝင်သနည်း။ ဤအရာတွေက် ဘုရားဆီက သင်မျှော်လင့်ထားတဲ့အရာတွေကို မည်သို့ သက်ရောက်စေ ပါသနည်း။

           -သင်လုပ်ဆောင်တာတွေထက်ကို ဘုရားကပိုသိတယ် ၊ သင့်ကိုယ်သင် သိတာထက်ကို ပို၍ ဘုရားကသိ တယ်ဆိုတာကို သိရှိဖို့ရန် သင့်ကို ဘာကြောင့် နှစ်သိမ့်မှုပေးပြီး သင်၏ယုံကြည်ခြင်းကို တည်ဆောက် သင့်သ နည်း။

---------------------------------------------------------------------------------


Zawgyi Version











ဆင်ခြင်ရန်