God’s Plan Is Good, but Not Always Convenient
Unicode Version
ဘုရားသခင်၏အကြံအစည်သည်ကောင်း၏။ သိုပေမဲ့ အမြဲတမ်းတော့ အဆင်ချောမွေ့မည်မဟုတ်ပါ။
လုကာ၂:-၄-၆ “ယောသပ်သည်လည်း ဒါဝိဒ်အမျိုးအနွယ်ဖြစ်၍၊ ထိမ်းမြားဆောင်နှင်းသောမယားမာရိနှင့်အတူ စာရင်း ဝင်ခြင်းငှါ၊ ဂါလိလဲပြည် နာဇရက်မြို့မှ ယုဒပြည်တွင် ဗက်လင်အမည်ရှိသော ဒါဝိဒ်၏မြို့သို့သွား၏။ ထိုအခါ မာရိသည် ပဋိသန္ဓေအရင့်အမာရှိ၏။ ဗက်လင်မြို့၌ရှိနေစဉ်၊ ဘွားအံ့သော နေ့လစေ့လျှင်၊ သားဦးကိုဘွားမြင်၍ အဝတ်နှင့် ပတ်ရစ် ပြီးမှ၊ ဧည့်သည်တည်းရာစရပ်၌သူတို့နေစရာမရှိသောကြောင့်၊ သူငယ်ကို နွားစာခွက်၌သိပ်ထားလေ၏။”
သင့်အသက်တာအတွက် ဘုရာ:၏အကြံအစည်က ကောင်းပါတယ်။ ဒါသည် သင့်အကျိုးအတွက်ဖြစ်ပါတယ်။ ချစ်ခြင်းမေတ္တာအားဖြင့် ပြုသောအကြံအစည်တွေဖြစ်တယ်။ သို့ပေမဲ့ နာကျင်မှုကင်းမဲ့တယ်လို့တော့ မဆိုထားပါ။ အမြဲတမ်း အဆင်ပြေမယ့် အဓိပ္ပါယ်လည်း မဟုတ်ပါ။
ဤအရာသည် သခင်ယေရှုမွေးဖွားလာခြင်းနှင့်အတူ မှန်ကန်ခဲ့ပါတယ်။ အခြေအနေတွေက ယောသပ်နှင့် မာရိအတွက် အဆင်ပြေဖို့ ခက်ခဲခဲ့ပါတယ်။ သမ္မာကျမ်းစာက ဆိုထားသည်မှာ - လုကာ ၂:၁ “ထိုအခါ တနိုင်ငံလုံးကို စာရင်းယူစေခြင်းငှါ ကဲသာဘုရင်ဩဂုတ္တုသည် အမိန့်တော်ရှိ၏ ယောသပ်သည်လည်း ဒါဝိဒ်အမျိုးအနွယ်ဖြစ်၍၊ ထိမ်းမြားဆောင်နှင်းသောမယားမာရိနှင့်အတူ စာရင်း ဝင်ခြင်းငှါ၊ ဂါလိလဲပြည် နာဇရက်မြို့မှ ယုဒပြည်တွင် ဗက်လင်အမည် ရှိသော ဒါဝိဒ်၏မြို့သို့သွား၏။ ထိုအခါ မာရိသည် ပဋိသန္ဓေအရင့်အမာရှိ၏။ ၆ဗက်လင်မြို့၌ရှိနေစဉ်၊ ဘွားအံ့သော နေ့လစေ့လျှင်၊ ၇သားဦးကိုဘွားမြင်၍ အဝတ်နှင့်ပတ်ရစ်ပြီးမှ၊ ဧည့်သည်တည်း ရာစရပ်၌သူတို့နေစရာမရှိသောကြောင့်၊ သူငယ်ကို နွားစာခွက်၌သိပ်ထားလေ၏။”
ဘုရားသားတော်၏ အနာဂတ် မိဘတွေဖြစ်ခြင်းအရာကို ကိုင်တွယ်ရန် ကြိုးစားနေစဉ်တွင် မာရိနှင့်ယောသပ်တို့သည် ကဲသာဘုရင်၏ သန်းခေါင်းစာရင်းကောက်ယူမည်ဖြစ်ကြောင်းနှင့် လူတိုင်း ဘိုးဘေးတို့၏ မြို့တော်သို့ ပြန်သွားရမည်ကို ကြားခဲ့ရပါတယ်။ ထိုအခြင်းအရာကို ရှုဒေါင့်အမြင်ဖြင့်ကြည့်ရအောင်..အကယ်၍ မနက်ဖြန်တွင် အစိုးရသည် ထိုကဲ့သို့သောစည်းမျဉ်းကို ချမှတ်ပြီး လူတိုင်းသည် တစ်ချိန်တည်းမှာ ဘိုးဘေးတို့၏မြို့တော်သို့ ပြန်သွားကြရမည်ဆိုလျှင် ပရမ်းပတာဖြစ်ကြလိမ့်မည်။ လေယာဉ် ၊ ရထားနှင့် မော်တော်ယာဉ်တိုင်းကို ကြိုတင်မှာကြားထားမည်ဖြစ်သည်။ အဝေးပြေးလမ်းမတိုင်း ပြည့်နေလိမ့်မည်။ ဒါသည် မယုံကြည်နိုင်လောက်အောင် စိတ်ပျက်စရာကောင်းပြီး သိသိသာသာ အဆင်မပြေဖြစ်လိမ့်မည်။
ကိုယ်ဝန် ကိုးလ၏ ဖရိုးဖရဲဖြစ်နေသည့်အခြေအနေကို ကြိုးစားသွားနေသည်ကို ကြည့်ပါ။ မည်သည့်အချိန်မဆို ဖွားမြင်ရန် အဆင်သင့်ဖြစ်နေသည့်အချိန်တွင် မြည်းဖြင့်တခြားမြို့သို့ သွားခြင်းသည် မည်မျှ အဆင်မပြေကြောင်းကို မြင်ယောင်ကြည့်ပါ။
ထို့နောက်မာရိသည် ဗက်လင်မြို့သို့ရောက်သောအခါ ကျွဲ၊နွားတို့နှင့် ဝန်းရံကာ သားဖွားဆရာမအကူအညီမရှိဘဲ မိမိကလေးကို မွေးဖွားရခဲ့ရပါတယ်။ သခင်ယေရှုမွေးဖွားခြင်းနှင့် ပတ်သက်ပြီး မည်သည့် အခြေအနေကမှ အဆင်မပြေနေပါ။ ဒါပေမဲ့ ဤအရာတွေသည် ဘုရားသခင်အကြံအစည်၏ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ ဗက်လင်မြို့မှာ သခင်ယေရှုမွေးဖွားမယ်ဆိုတာ လွန်လေပြီးသောအချိန်တည်းက ဟောကိန်းထုတ်ထားပြီးသား ဖြစ်တယ်။ အဆင်မပြေမှုများသည် ယောသပ်နှင့် မာရိတို့အတွက် ပိုမိုကြီးမားတဲ့အစီအစဉ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ သူတို့အိမ်မက် မက်ခဲ့ဖူးသည်ထက် ပိုမိုကောင်းပါတယ်။
ယောသပ်နှင့်မာရိတို့သည် သူတို့၏အဆင်မပြေမှုနှင့် ကြောက်ရွံ့မှုတွေကြောင့် ဘုရားသခင်ကို ယုံကြည်ကိုးစား ကြပါတယ်။ သင်၏အသက်တာ၌ ဘုရားသခင် ပြုလုပ်သောအရာများသည် အကောင်းဆုံးဖြစ် ကြောင်းကို သင်သည် ယုံကြည်စိတ်ချနိုင်ပါတယ်။ သင်၏အဆင်မပြေမှု တစ်ချို့ကို ဘုရားသခင်သည် အသုံးပြုပြီး သင်ဖြစ်နေသင့် သောသူအဖြစ် ရောက်စေနိုင်ပါတယ်။ သို့သော်သူသည် သင်၏ကောင်းကျိုးအတွက် အမြဲတမ်း လုပ်ဆောင်နေပြီး သင့်အသက်တာတွင် သူ၏ရည်ရွယ်ချက်များကို အကောင်အထည်ဖော်မည်ဖြစ်သည်။
ဆင်ခြင်ရန်
-သင်၏ဖြစ်တည်ရာသို့ရောက်ဖို့ရန် ဘုရားသခင်သည် မည်သို့သော အဆင်မပြေမှုများကို အသုံးပြုခဲ့ပါသနည်း။
-အတားအဆီးနှင့် အဆင်မပြေမှုများ ကြုံတွေ့ရတဲ့အခါ ဘုရားသခင်သည် သင့်အား မည်သို့သော လက္ခဏာတွေဖြင့် ကြီးထွားတိုးတက်စေရန် ပြုပါသနည်း။
-ဘုရားသခင်၏ ဤလောကသို့သင့်ကို ပို့ဆောင်ရခြင်း ရည်ရွယ်ချက်ကို သင်သိပါသလား။ အဲဒီရည်ရွယ်ချက်တွေကို ပြီးမြောက်အောင် ဘုရားသခင် မည်ကဲ့သို့ ကူညီပါသနည်း။
---------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်