God Uses Time to Help You Grow
Unicode Version
သင့်၏ ကြီးထွားမှုကို အကူအညီဖြစ်စေဖို့ရန် ဘုရားသခင်သည် အချိန်ကို အသုံးချသည်။
ဟေရှာယအနာဂတ္တိကျမ်း ၄၉:၈ ‘ထာဝရဘုရား မိန့်တော်မူသည်ကား၊ နှစ်သက် ဘွယ်သော အချိန်၌ သင်၏စကားကို ငါနားထောင်ပြီ။ ကယ်တင်ရာကာလ၌ သင့်ကို မစပြီ။ သင့်ကိုလည်း ငါ စောင့်ရှောက်၍၊ သင်သည် ပြည်တော်ကို ပြုပြင်လျက်၊ ဆိတ်ညံသော အမွေခံရာအရပ်တို့ကို အမွေပေးစေမည် အကြောင်း၊
တစ်ခါတစ်ရံ ဘုရား၏အချိန်ဇယားအတိုင်း အသက်တာမှာ စောင့်ဆိုင်းရခြင်းသည် ကျွန်ုပ်တို့အတွက် လက်ခံဖို့ရန် အလွန်ခက်ခဲပါတယ်။ တစ်စုံတစ်ရာဖြစ်လာဖို့ရန် အလျင်လိုနေတဲ့အခါ ဘုရားသခင်အား စောင့်ဆိုင်းရခြင်းတွေရှိပေမဲ့ ဘုရားကတော့ ထိုသို့မဟုတ်ပါ။ ဘွဲ့ရဖို့ရန် (သို့) အိမ်ထောင်ပြုရန် (သို့) အောင်မြင်မှုတစ်ခုဆီ ရောက်ဖို့ရန် သင်အလျင်လိုကောင်းလိုနေမည်။ အချိန်တွေတိုတောင်းသွားတာတွေကို ကြည့်နေပြီး သင်က “အဖဘုရား.. ကျွန်ုပ်အသက်တာမှာ အချိန်သိပ်မကျန်တော့ပါ။ ဤအရာက ယခုပင်ဖြစ်လာဖို့ရှိပါသလား (သို့) လုံးဝမဖြစ်လာဘူး လား” လို့ သင်ဆိုနေပါမည်။
ဒါပေမဲ့ ဘုရားအတွက် အချိန်က အဓိကမကျပါ။ ဘာကြောင့်လဲဆိုတော့ သူဖန်ဆင်းထားတယ် ၊  အချိန်မပါဘဲ သူလုပ် ဆောင်နေတယ်။ ဒါကြောင့် ဆာလံ ၉၀:၄တွင်ဖော်ပြထားသည်မှာ နှစ်တစ်ထောင်ကြာချိန်သည် ဘုရားအတွက် နာရီပိုင်းမျှသာဖြစ်တယ်”။
ဘုရားသခင်သည် အဲဒီအချိန်ကို အသုံးချပြီး ကျွန်ုပ်တို့ကို စမ်းသပ်ပါတယ်။ သင်၏ ပန်းတိုင်ကို သင်လုပ်ဆောင် နေတဲ့အခါမှာ ဘုရားသခင်သည်လည်း သင်၌ လုပ်ဆောင်မှုတွေ ပြုနေပါတယ်။ သင်ပြီးမြောက်အောင် လုပ်ဆောင်နေတာထက်ကို ဘုရားသခင်သည် သင့်ကို ပိုပြီး စိတ်ဝင်စားပါတယ်။ ဘာကြောင့်လဲဆိုတော့ သင်၏ပြီးမြောက်အောင်လုပ်ဆောင်မည့်အရာတွေကို ကောင်းကင်ဘုံသို့ ယူဆောင်လို့မရပါ။ သင်၏စရိုက်လက္ခဏာ ကိုသာ ယူဆောင်သွားလို့ရမည်။
တစ်စုံတစ်ခုဖြစ်လာဖို့ရန်အတွက် ဘုရားသခင်ကို အချိန်တော်တော်များများ စောင့်ဆိုင်းရတယ်ဆိုပြီး ကျွန်ုပ်တို့တွေး ထင်ကြပါတယ်။ ဆုတောင်းခြင်းအဖြေ စောင့်ဆိုင်းရသလိုပေါ့။ ဘုရားသခင်ဆိုထားတာက “ သင်ငါ့ကို မစောင့်ပါ။ သင့်ကို ငါစောင့်နေသည်။ သင့်ကို ငါပြင်ဆင်နေသည်။ သင်၏ယုံကြည်ခြင်းကို စမ်းသပ်ရခြင်းသည် သင့်ကို ရင့်ကျက်လာစေဖို့ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ငါပေးမည့် အရာက သင်ယခုကိုင်တွယ်နေရတဲ့အရာထက် ပိုပြီး ကြီးနေလို့ဖြစ်ပါတယ်။ ငါ့ကိုယုံကြည်နိုင်ပါမည်လား။
ကြန့်ကြာခြင်းက ဘုရားသခင်၏ အစီအစဉ်ဖြစ်နိုင်ပါတယ်။ သင့်၏လက္ခဏာအားဖြင့် ကြီးထွားဖို့နှင့်ဘုရားကို ယုံကြည်ဖို့ရန် သွန်သင်ဖို့ဖြစ်တယ်။ ဟေရှာယအနာဂတ္တိကျမ်း ၄၉:၈ ‘ထာဝရဘုရား မိန့်တော်မူသည်ကား၊ နှစ်သက် ဘွယ်သော အချိန်၌ သင်၏စကားကို ငါနားထောင်ပြီ။ ကယ်တင်ရာကာလ၌ သင့်ကို မစပြီ။ သင့်ကိုလည်း ငါ စောင့်ရှောက်၍၊ သင်သည် ပြည်တော်ကို ပြုပြင်လျက်၊ ဆိတ်ညံသော အမွေခံရာအရပ်တို့ကို အမွေပေးစေမည် အကြောင်း၊အချိန်တန်တဲ့အခါ ဘုရားသခင် ၏ကူညီမှုနှင့် အဖြေပေးမှုကို ရရှိပါလိမ့်မည်။
ဆင်ခြင်ရန်
-သင့်အသက်တာအတွက် ဘုရားလုပ်ဆောင်ဖို့ရန် မည်သို့သောအရာကို သင်စောင့်ဆိုင်းနေပါသနည်း။
-သင်စောင့်ဆိုင်းနေချိန်မှာ မည်သို့သောနည်းလမ်းဖြင့် သင်ကြီးထွားဖို့ရန် ဘုရားသခင်အလိုတော်ရှိသည်ဟု မြင်ပါသနည်း။
---------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်