God Tests Your Faith through Difficulties

Unicode Version


ဘုရားသခင်သည် သင်၏ယုံကြည်ခြင်းကို အခက်အခဲများအားဖြင့် စမ်းသပ်ပါတယ်။

ရှင်ပေတရုဩဝါဒစာ ပဌမစောင် ၁:၆-၇ “အရည်ကျို၍စုံစမ်းခြင်းကိုခံနိုင်သော်လည်း၊ ပျက်စီးတတ်သော ရွှေကိုစစ်ကြောစုံစမ်းခြင်းထက်၊ သင်တို့ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်းအရာသည်သာ၍ မြတ်သည်နှင့်၊ ယေရှုခရစ်ပေါ်ထွန်းတော် မူသောအခါ အချီးအမွမ်း၊ ဂုဏ်သရေ၊ ဘုန်းအာနုဘော် အလိုငှါဖြစ်မည်အကြောင်း၊ အထူးထူးအပြားပြားသော စုံစမ်းနှောင့်ရှက်ခြင်းကို ခံရသောအကြောင်းရှိလျှင်၊  သင်တို့သည် ယခုခဏခံရ၍ ဝမ်းနည်းသော်လည်း၊ အထက်ဆိုခဲ့ပြီးသော ကျေးဇူးတော်ကိုထောက်၍ ရွှင်လန်းသောစိတ်ရှိကြ၏။ ”

ဘယ်အရာကမျှ အစဉ်အတိုင်းသွားဖို့ မဖြစ်နိုင်တဲ့ နေ့တွေ သင်၌ရှိခဲ့ပါသလား။
တိုက်ခန်းအိမ်ရာ အပေါ်ထပ်မှ ရေပိုက်လိုင်း ပေါက်ပြီး အောက်ထပ်ရှိ အမျိုးသားတစ်ဉီး၏ အခန်းသို့ ရေလွှမ်းမိုးသွားခဲ့တာကို ကျွန်ုပ်ကြားခဲ့ဖူးပါတယ်။ သူ၏ မန်နေဂျာက သူ့ကို ရေစုပ်စက်တစ်ခု ဝယ်ဖို့ပြောခဲ့ပေမဲ့ သူမလုပ်နိုင်ခဲ့ပါဘူး - သူ၏ကားက ဘီးပေါက်နေလို့ပါ။ ဘီးကို အရင်ပြောင်းလဲပြီး သူငယ်ချင်းဆီ ဖုန်းဆက်ဖို့ အခန်းထဲကို ထပ်ဝင်သွားပေမဲ့ ဖုန်းက ဓါတ်လိုက်နေခဲ့ပါတယ်။ ဤအရာက သူ့ကို တုန်လှုပ်သွားစေခဲ့ပြီး သူဖုန်းကို နံရံကနေဆွဲထုတ်လိုက်ပါတယ်။ အဲဒီအချိန်မှာ ရေကြောင့်ပျက်စီးမှုသည် သူ၏တိုက်ခန်းတံခါးကို ပိတ်မိသွားသဖြင့် အိမ်နီးချင်းတစ်ဉီးက တံခါးကို ကန်ချလိုက်ရပါတယ်။ ဤအဖြစ်အပျက်ကြားမှာပင် တစ်စုံတစ် ယောက်က သူ့ကားကို ခိုးသွားခဲ့ပါတယ်။ သို့ပေမဲ့ ကားက ဆီကုန်ခါနီးဖြစ်နေပါပြီ။ သူ၏ကားကို မှတ်တိုင် အနည်းငယ် အကွာအဝေးမှာတွေ့ရှိခဲ့ပြီး ဓါတ်ဆီဆိုင်သို့ ဆီဖြည့်ဖို့ရန် တွန်းသွားခဲ့ရပါတယ်။ တိုက်ခန်းပြန် ရောက်တဲ့အခါမှာ အင်္ဂတေဖြုတ်ကျခြင်းကြောင့် သူ၏ ငါးဖမ်းသ‌ေင်္ဘာ လေးစင်းပျက်စီးသွားခဲ့ရပါတယ်။ စိုစွတ်တဲ့ ကော်ဇောပေါ်သို့ ချော်လဲသွားခဲ့ရာက သူ၏မြီးညှောင့်ရိုးကို ဆိုးဆိုးဝါးဝါး ဒဏ်ရာ ရခဲ့ပါတယ်။ သူစတင်သိချင် တာက “ဘုရားငါ့ကို သေစေချင်နေပေမဲ့ လွတ်မြောက်နေခဲ့ပါလား”။

သင်၌ ဤကဲ့သို့ အဆိုးတွေဆုံရာနေ့ မရှိသည့်တိုင် အသက်တာမှာ ပြသနာပေါင်းများစွာ ၊ ဖိအားများစွာ။ စိတ်ဖိစီးမှုများစွာ ရှိတယ်ဆိုတာကို သင်တွေ့ရှိပါလိမ့်မည်။

အသက်တာမှာ ပြသာနာတွေကို ကျွန်ုပ်တို့ မအံ့ဩသင့်ကြောင်းကို သမ္မာကျမ်းစာက ဆိုထားတာကို သင်သိခဲ့ ပါသလား။ ရှင်ပေတရုဩဝါဒစာ ပဌမစောင် ၁:၆-၇ “အရည်ကျို၍စုံစမ်းခြင်းကိုခံနိုင်သော်လည်း၊ ပျက်စီးတတ် သော ရွှေကိုစစ်ကြောစုံစမ်းခြင်းထက်၊ သင်တို့ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်းအရာသည်သာ၍ မြတ်သည် နှင့်၊ ယေရှုခရစ်ပေါ်ထွန်းတော် မူသောအခါ အချီးအမွမ်း၊ ဂုဏ်သရေ၊ ဘုန်းအာနုဘော် အလိုငှါဖြစ်မည်အကြောင်း၊ အထူးထူးအပြားပြားသော စုံစမ်းနှောင့်ရှက်ခြင်းကို ခံရသောအကြောင်းရှိလျှင်၊  သင်တို့သည် ယခုခဏခံရ၍ ဝမ်းနည်းသော်လည်း၊ အထက်ဆိုခဲ့ပြီးသော ကျေးဇူးတော်ကိုထောက်၍ ရွှင်လန်းသောစိတ်ရှိကြ၏။ ”

သင်က ယုံကြည်သူတစ်ဉီးဖြစ်ပါလျှင် ဘယ်အရာကမှ မတော်တဆဖြစ်လာတာ မဟုတ်ပါ။ အရာအရာတိုင်းကို ခမည်းတော် စစ်ဆေးပါတယ်။ အရာရာ အားလုံးအကောင်းချည်းပဲလို့ သမ္မာကျမ်းစာက မဆိုထားပါ။ သို့ပေမဲ့ ရောမ ၈:၂၈ တွင် “ဘုရားသခင်ကို ချစ်သောသူတည်းဟူသော ကြံစည်တော်မူခြင်းအတိုင်း ခေါ်တော်မူ သောသူတို့၏ အကျိုးကို ခပ်သိမ်းသောအရာတို့သည် တညီတညွတ်တည်း ပြုစုကြသည်ကို ငါတို့သိကြ၏။  အခက်အခဲတွေ ၊ ဒေါသထွက်စရာတွေ ၊ အနှောက်အယှက်တွေသည်လည်း ရည်ရွယ်ချက်တွေဖြင့် ထွက်ပေါ်လာ ကြပါတယ်။

ဤကဲ့သို့သောအခြေအနေတွေမှာ သင်ရောက်ရှိနေတဲ့အခါ အများအားဖြင့် သင်နားလည်မည်မဟုတ်ပါ။ ဖြစ်ပျက်သွားတာတွေကို ဝန်ခံချင်စိတ်မရှိ၊ သို့ပေမဲ့ ပြသနာတိုင်းသည် ကြီးမားတဲ့ ရည်ရွယ်ချက်တွေရှိတယ်။ ဘုရားသခင်က ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို သက်သေပြုဖို့ရန် လုပ်ဆောင်ခြင်းဖြစ်ပါတယ်။

ဒါကြောင့် အခက်အခဲတွေကို မည်သို့တုံ့ပြန်ဖို့ရန် ဘုရားသခင်အလိုတော်ရှိပါသနည်း။ ရှင်ယာကုပ် ၁:၂-၃ “ငါ့ညီအစ်ကိုတို့၊ သင်တို့၏ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်းအရာသည် သည်းခံခြင်းကို ပွားစေ တတ်သည်ဟု သိမှတ်လျက်၊ အထူးထူးအပြားပြားစုံစမ်းနှောင့်ရှက်ခြင်းနှင့် တွေ့ကြုံသောအခါ၊ ဝမ်းမြောက်စရာ အကြောင်း သက်သက်ဖြစ်သည်ဟု မှတ်ကြလော့။ သင်တို့သည်အလျှင်းမချို့တဲ့ဘဲ စေ့စပ်စုံလင်မည်အကြောင်း၊ သည်းခံခြင်း စိတ်သည် အကုန်အစင်ပြု ပြင်ပါစေ။”

ဘုရားသခင်သည် သင်၏ယုံကြည်ခြင်းကို စမ်းသပ်ဖို့ရန် အခက်အခဲတွေကို အသုံးပြုပါတယ်။ သင်၌ အရာရာ အစဉ်အတိုင်း မဖြစ်ပျက်သော်ငြားလည်း အစဉ်ဝမ်းမြောက်ခြင်းနှင့် အပြုသဘောဆောင်ခြင်းအရာအားဖြင့် သင်၏ယုံကြည်ခြင်းကို တိုးပွားစေပါသည်။

အခက်အခဲတွေကြားမှာပင် ကျေးဇူးတော်ကို ချီးမွမ်းလျက် အပြုသဘောဆောင်တဲ့ ယုံကြည်ခြင်းကို ဆက်၍ဘုရားသခင်အား ကိုးစားပါလျှင် သင်၏ယုံကြည်ခြင်းကို ဆွဲဆန့်စေပါတယ်။

ဆင်ခြင်ရန်
-      အခုအချိန်မှာ သင့်ဘဝရဲ့ အခြေအနေတွေက သိပ်မကောင်းဘူးဖြစ်ကောင်းဖြစ်မည်။ သို့သော် ဘုရားသခင်သည် ကောင်းသောအရာများကို အတူတကွလုပ်ဆောင်နေကြောင်းကို သိရခြင်းသည် မည်သို့နှစ်သိမ့်မှု ဖြစ်စေသနည်း။
-      ယုံကြည်ခြင်းအရာမှာ တိုးပွားစေချင်ပါသလား။ ဘာကြောင့်နည်း (သို့) ဘာကြောင့်မဟုတ်သနည်း။

-      စမ်းသပ်မှုတွေကြားမှာ ခရစ်ယာန်ဝမ်းမြောက်ကြရခြင်းက ကမ္ဘာကြီးကို မည်သို့ သက်သေထူပါသနည်း။


---------------------------------------------------------------------------------

Zawgyi Version


ဘုရားသခင္သည္ သင္၏ယုံၾကည္ျခင္းကို အခက္အခဲမ်ားအားျဖင့္ စမ္းသပ္ပါတယ္။

ရွင္ေပတ႐ုဩဝါဒစာ ပဌမေစာင္ ၁:၆-၇ “အရည္က်ိဳ၍စုံစမ္းျခင္းကိုခံႏိုင္ေသာ္လည္း၊ ပ်က္စီးတတ္ေသာ ေ႐ႊကိုစစ္ေၾကာစုံစမ္းျခင္းထက္၊ သင္တို႔ယုံၾကည္ျခင္းကို စစ္ေၾကာစုံစမ္းျခင္းအရာသည္သာ၍ ျမတ္သည္ႏွင့္၊ ေယရႈခရစ္ေပၚထြန္းေတာ္ မူေသာအခါ အခ်ီးအမြမ္း၊ ဂုဏ္သေရ၊ ဘုန္းအာႏုေဘာ္ အလိုငွါျဖစ္မည္အေၾကာင္း၊ အထူးထူးအျပားျပားေသာ စုံစမ္းေႏွာင့္ရွက္ျခင္းကို ခံရေသာအေၾကာင္းရွိလွ်င္၊  သင္တို႔သည္ ယခုခဏခံရ၍ ဝမ္းနည္းေသာ္လည္း၊ အထက္ဆိုခဲ့ၿပီးေသာ ေက်းဇူးေတာ္ကိုေထာက္၍ ႐ႊင္လန္းေသာစိတ္ရွိၾက၏။ ”

ဘယ္အရာကမွ် အစဥ္အတိုင္းသြားဖို႔ မျဖစ္ႏိုင္တဲ့ ေန႔ေတြ သင္၌ရွိခဲ့ပါသလား။
တိုက္ခန္းအိမ္ရာ အေပၚထပ္မွ ေရပိုက္လိုင္း ေပါက္ၿပီး ေအာက္ထပ္ရွိ အမ်ိဳးသားတစ္ဉီး၏ အခန္းသို႔ ေရလႊမ္းမိုးသြားခဲ့တာကို ကြၽႏ္ုပ္ၾကားခဲ့ဖူးပါတယ္။ သူ၏ မန္ေနဂ်ာက သူ႔ကို ေရစုပ္စက္တစ္ခု ဝယ္ဖို႔ေျပာခဲ့ေပမဲ့ သူမလုပ္ႏိုင္ခဲ့ပါဘူး - သူ၏ကားက ဘီးေပါက္ေနလို႔ပါ။ ဘီးကို အရင္ေျပာင္းလဲၿပီး သူငယ္ခ်င္းဆီ ဖုန္းဆက္ဖို႔ အခန္းထဲကို ထပ္ဝင္သြားေပမဲ့ ဖုန္းက ဓါတ္လိုက္ေနခဲ့ပါတယ္။ ဤအရာက သူ႔ကို တုန္လႈပ္သြားေစခဲ့ၿပီး သူဖုန္းကို နံရံကေနဆြဲထုတ္လိုက္ပါတယ္။ အဲဒီအခ်ိန္မွာ ေရေၾကာင့္ပ်က္စီးမႈသည္ သူ၏တိုက္ခန္းတံခါးကို ပိတ္မိသြားသျဖင့္ အိမ္နီးခ်င္းတစ္ဉီးက တံခါးကို ကန္ခ်လိုက္ရပါတယ္။ ဤအျဖစ္အပ်က္ၾကားမွာပင္ တစ္စုံတစ္ ေယာက္က သူ႔ကားကို ခိုးသြားခဲ့ပါတယ္။ သို႔ေပမဲ့ ကားက ဆီကုန္ခါနီးျဖစ္ေနပါၿပီ။ သူ၏ကားကို မွတ္တိုင္ အနည္းငယ္ အကြာအေဝးမွာေတြ႕ရွိခဲ့ၿပီး ဓါတ္ဆီဆိုင္သို႔ ဆီျဖည့္ဖို႔ရန္ တြန္းသြားခဲ့ရပါတယ္။ တိုက္ခန္းျပန္ ေရာက္တဲ့အခါမွာ အဂၤေတျဖဳတ္က်ျခင္းေၾကာင့္ သူ၏ ငါးဖမ္းသ‌ေဘၤာ ေလးစင္းပ်က္စီးသြားခဲ့ရပါတယ္။ စိုစြတ္တဲ့ ေကာ္ေဇာေပၚသို႔ ေခ်ာ္လဲသြားခဲ့ရာက သူ၏ၿမီးေညႇာင့္႐ိုးကို ဆိုးဆိုးဝါးဝါး ဒဏ္ရာ ရခဲ့ပါတယ္။ သူစတင္သိခ်င္ တာက “ဘုရားငါ့ကို ေသေစခ်င္ေနေပမဲ့ လြတ္ေျမာက္ေနခဲ့ပါလား”။

သင္၌ ဤကဲ့သို႔ အဆိုးေတြဆုံရာေန႔ မရွိသည့္တိုင္ အသက္တာမွာ ျပသနာေပါင္းမ်ားစြာ ၊ ဖိအားမ်ားစြာ။ စိတ္ဖိစီးမႈမ်ားစြာ ရွိတယ္ဆိုတာကို သင္ေတြ႕ရွိပါလိမ့္မည္။

အသက္တာမွာ ျပသာနာေတြကို ကြၽႏ္ုပ္တို႔ မအံ့ဩသင့္ေၾကာင္းကို သမၼာက်မ္းစာက ဆိုထားတာကို သင္သိခဲ့ ပါသလား။ ရွင္ေပတ႐ုဩဝါဒစာ ပဌမေစာင္ ၁:၆-၇ “အရည္က်ိဳ၍စုံစမ္းျခင္းကိုခံႏိုင္ေသာ္လည္း၊ ပ်က္စီးတတ္ ေသာ ေ႐ႊကိုစစ္ေၾကာစုံစမ္းျခင္းထက္၊ သင္တို႔ယုံၾကည္ျခင္းကို စစ္ေၾကာစုံစမ္းျခင္းအရာသည္သာ၍ ျမတ္သည္ ႏွင့္၊ ေယရႈခရစ္ေပၚထြန္းေတာ္ မူေသာအခါ အခ်ီးအမြမ္း၊ ဂုဏ္သေရ၊ ဘုန္းအာႏုေဘာ္ အလိုငွါျဖစ္မည္အေၾကာင္း၊ အထူးထူးအျပားျပားေသာ စုံစမ္းေႏွာင့္ရွက္ျခင္းကို ခံရေသာအေၾကာင္းရွိလွ်င္၊  သင္တို႔သည္ ယခုခဏခံရ၍ ဝမ္းနည္းေသာ္လည္း၊ အထက္ဆိုခဲ့ၿပီးေသာ ေက်းဇူးေတာ္ကိုေထာက္၍ ႐ႊင္လန္းေသာစိတ္ရွိၾက၏။ ”

သင္က ယုံၾကည္သူတစ္ဉီးျဖစ္ပါလွ်င္ ဘယ္အရာကမွ မေတာ္တဆျဖစ္လာတာ မဟုတ္ပါ။ အရာအရာတိုင္းကို ခမည္းေတာ္ စစ္ေဆးပါတယ္။ အရာရာ အားလုံးအေကာင္းခ်ည္းပဲလို႔ သမၼာက်မ္းစာက မဆိုထားပါ။ သို႔ေပမဲ့ ေရာမ ၈:၂၈ တြင္ “ဘုရားသခင္ကို ခ်စ္ေသာသူတည္းဟူေသာ ႀကံစည္ေတာ္မူျခင္းအတိုင္း ေခၚေတာ္မူ ေသာသူတို႔၏ အက်ိဳးကို ခပ္သိမ္းေသာအရာတို႔သည္ တညီတၫြတ္တည္း ျပဳစုၾကသည္ကို ငါတို႔သိၾက၏။”  အခက္အခဲေတြ ၊ ေဒါသထြက္စရာေတြ ၊ အေႏွာက္အယွက္ေတြသည္လည္း ရည္႐ြယ္ခ်က္ေတြျဖင့္ ထြက္ေပၚလာ ၾကပါတယ္။

ဤကဲ့သို႔ေသာအေျခအေနေတြမွာ သင္ေရာက္ရွိေနတဲ့အခါ အမ်ားအားျဖင့္ သင္နားလည္မည္မဟုတ္ပါ။ ျဖစ္ပ်က္သြားတာေတြကို ဝန္ခံခ်င္စိတ္မရွိ၊ သို႔ေပမဲ့ ျပသနာတိုင္းသည္ ႀကီးမားတဲ့ ရည္႐ြယ္ခ်က္ေတြရွိတယ္။ ဘုရားသခင္က ကြၽႏ္ုပ္တို႔၏ ယုံၾကည္ျခင္းကို သက္ေသျပဳဖို႔ရန္ လုပ္ေဆာင္ျခင္းျဖစ္ပါတယ္။

ဒါေၾကာင့္ အခက္အခဲေတြကို မည္သို႔တုံ႔ျပန္ဖို႔ရန္ ဘုရားသခင္အလိုေတာ္ရွိပါသနည္း။ ရွင္ယာကုပ္ ၁:၂-၃ “ငါ့ညီအစ္ကိုတို႔၊ သင္တို႔၏ယုံၾကည္ျခင္းကို စစ္ေၾကာစုံစမ္းျခင္းအရာသည္ သည္းခံျခင္းကို ပြားေစ တတ္သည္ဟု သိမွတ္လ်က္၊ အထူးထူးအျပားျပားစုံစမ္းေႏွာင့္ရွက္ျခင္းႏွင့္ ေတြ႕ႀကဳံေသာအခါ၊ ဝမ္းေျမာက္စရာ အေၾကာင္း သက္သက္ျဖစ္သည္ဟု မွတ္ၾကေလာ့။ သင္တို႔သည္အလွ်င္းမခ်ိဳ႕တဲ့ဘဲ ေစ့စပ္စုံလင္မည္အေၾကာင္း၊ သည္းခံျခင္း စိတ္သည္ အကုန္အစင္ျပဳ ျပင္ပါေစ။”

ဘုရားသခင္သည္ သင္၏ယုံၾကည္ျခင္းကို စမ္းသပ္ဖို႔ရန္ အခက္အခဲေတြကို အသုံးျပဳပါတယ္။ သင္၌ အရာရာ အစဥ္အတိုင္း မျဖစ္ပ်က္ေသာ္ျငားလည္း အစဥ္ဝမ္းေျမာက္ျခင္းႏွင့္ အျပဳသေဘာေဆာင္ျခင္းအရာအားျဖင့္ သင္၏ယုံၾကည္ျခင္းကို တိုးပြားေစပါသည္။

အခက္အခဲေတြၾကားမွာပင္ ေက်းဇူးေတာ္ကို ခ်ီးမြမ္းလ်က္ အျပဳသေဘာေဆာင္တဲ့ ယုံၾကည္ျခင္းကို ဆက္၍ဘုရားသခင္အား ကိုးစားပါလွ်င္ သင္၏ယုံၾကည္ျခင္းကို ဆြဲဆန႔္ေစပါတယ္။ 

ဆင္ျခင္ရန္
- အခုအခ်ိန္မွာ သင့္ဘဝရဲ႕ အေျခအေနေတြက သိပ္မေကာင္းဘူးျဖစ္ေကာင္းျဖစ္မည္။ သို႔ေသာ္ ဘုရားသခင္သည္ ေကာင္းေသာအရာမ်ားကို အတူတကြလုပ္ေဆာင္ေနေၾကာင္းကို သိရျခင္းသည္ မည္သို႔ႏွစ္သိမ့္မႈ ျဖစ္ေစသနည္း။
- ယုံၾကည္ျခင္းအရာမွာ တိုးပြားေစခ်င္ပါသလား။ ဘာေၾကာင့္နည္း (သို႔) ဘာေၾကာင့္မဟုတ္သနည္း။
- စမ္းသပ္မႈေတြၾကားမွာ ခရစ္ယာန္ဝမ္းေျမာက္ၾကရျခင္းက ကမာၻႀကီးကို မည္သို႔ သက္ေသထူပါသနည္း။