Unicode Version
Zawgyi Version
ဘုရားသခင်သည်
အမြဲတမ်းအချိန်တိကျသည်
ဟဗက္ကုတ်အနာဂတ္တိကျမ်း ၂:၃ “ထိုရူပါရုံသည် ချိန်းချက်သော အချိန်နှင့်ဆိုင်၍
အမှုကုန်ရသော ကာလကို ဆိုလို၏။ မုသာနှင့် ကင်းလွတ် ၏။ ဆိုင်းသော်လည်း မြော်လင့်လော့။
နောက်မကျဘဲ ဧကန်အမှန် ရောက်လိမ့်မည်။”
ဘုရားသခင်သည်
ဘယ်တော့မှ နောက်မကျပါ။ ဘယ်တော့မှလည်း အလျင်မလိုပါ။
အမြဲတမ်း
အချိန်တိကျပါသည်။
ဘုရားသခင်၏
အချိန်သည် သင်နားမလည်နိုင်သည့်တိုင် အတိအကျဖြစ်ပြီး ပြီးပြည့်စုံပါတယ်။ ကျွန်ုပ်တို့
တကယ့်ကို နားမလည်နိုင်ခြင်းက ဘုရားသခင်သည် ခြားနားပြီး မတူညီသော လှိုင်းအလျားပေါ်တွင်
တည်နေပါသည်။ ဘုရားသခင် ၌ ကွဲပြားခြားနားသောအမြင်ရှိပါတယ်။ ဘာကြောင်းလဲဆိုတော့ သူ့မှာအချိန်ဆိုတဲ့အရာ
မရှိလို့ပါ။
ရှင်ပေတရုဩဝါဒစာ ဒုတိယစောင် ၃:၈ တွင် ဘုရားသခင်၏ အချိန်အပေါ်နားလည်မှုရှိခြင်းကို သမ္မာကျမ်းစာက
ဆိုထားပါတယ်။ “ချစ်သူတို့၊ ထာဝရဘုရားမှာ ကာလတရက် သည်၊
အနှစ် တထောင်ကဲ့သို့၎င်း၊ အနှစ်တထောင်သည် တရက်ကဲ့သို့၎င်းဖြစ်သည် အရာတခုကို မမေ့လျော့ကြ
နှင့်။”
အဒီအရာက
သင်၏အချိန်အတိုင်းလုပ်ဆောင်နေရခြင်းနှင့် တူပါသလား။ တစ်ခါတစ်ရံ မှာထားသော အစားအစာအတွက်
စောင့်နေရတာ နှစ်တစ်ထောင်ကဲ့သို့ ခံစားရနိုင်ပါတယ်။ သို့ပေမဲ့ လူတွေက အဲဒီဝေါဟာရလိုမျိုး
မတွေးမြင်တတ် ကြပါဘူး။
ဘုရားသခင်၌အချိန်
မလို/မရှိခြင်းက သင့်အသက်တာအတွက် ကြီးမားတဲ့သက်ရောက်မှုဖြစ်ပါတယ်။ ဘုရားသခင် သည် သင့်ကို
ဖန်ဆင်းတော်မူပြီး သင်၏နှလုံးသားထဲသို့ အိမ်မက်တစ်ခုထည့်သွင်းထားတယ်။ လူတော်တော် များများ
ကတော့ ရူပါရုံကြီးတစ်ခုနှင့် ကြီးမားတဲ့ ပန်းတိုင်ဖြင့် စတင်ကြပါတယ်။ သူတို့မှာ ဘဝအတွက်
အိမ်မက် (သို့) အစီ အစဉ်တွေ (သို့) လုပ်ဆောင်စရာတွေဖြင့် ရှိနေကြပါတယ်။
ဘုရားသခင်
သင့်ကို မည်သို့သော အမြင်ပေးခဲ့သနည်း။ နှစ်အတော်အတန်က ကျွန်ုပ်ရှာတွေ့ထားတာက လူတိုင်း
သူတို့၏ ဗျာဒိတ်ရူပါရုံ နှင့် ကြီးမားတဲ့ ပန်းတိုင် တွေကနေ ဘဝကို စတင်ကြသော်လည်း အချိန်ကြာလာသည်နှင့်
အမျှ လူတော်တော်များများ သူတို့၏ အိမ်မက်တွေကို အကောင်အထည်မဖော်နိုင်မှီတွင် သူတို့၏အိမ်မက်ကို
စွန့်လွှတ် လိုက်သည်ကို တွေ့ရှိရပါတယ်။ ဘာကြောင့်လဲဆိုတော့ အိမ်မက်တွေက အလျင်အမြန်ဖြစ်မလာကြလို့ပါဘဲ။
သင်၌
ချိုးဖဲ့ခံရတဲ့အိမ်မက်တွေ ရှိကောင်းရှိမယ် ။ ကျိုးပဲ့သွားတဲ့အိမ်မက်တွေ ရှိကောင်းရှိမယ်။
အားပေးမှုကင်းမဲ့ပြီး စိတ်ပျက်စရာအခြေအနေတွေဖြင့် ရှိကောင်းရှိနေမယ်။ အဲဒါတွေကို သင်အရှုံးပေးခဲရတာပေါ့။
အဲဒီလိုအရှုံးလုပ်ဖို့
ဘုရားသခင် အလိုတော်မရှိပါ။ သင့်အသက်တာအတွက် ဘုရားသခင် အိမ်မက်ပေးခဲ့ပါလျှင် အဲဒီအရာ
ဖြစ်လာပါလိမ့်မည်။ သူ့အချိန်ကာလ၌ဖြစ်လာမည်။ သင့်အချိန်အတိုင်းမဟုတ်ပါ။
သင်၏အိမ်မက်အကြောင်းကို
ဘုရားသခင်ပြောထားပါတယ် ဟဗက္ကုတ်အနာဂတ္တိကျမ်း ၂:၃ “ထိုရူပါရုံသည်
ချိန်းချက် သော အချိန်နှင့်ဆိုင်၍ အမှုကုန်ရသော ကာလကို ဆိုလို၏။ မုသာနှင့် ကင်းလွတ်
၏။ ဆိုင်းသော်လည်း မြော်လင့် လော့။ နောက်မကျဘဲ ဧကန်အမှန် ရောက်လိမ့်မည်။”
လွန်ခဲ့တဲ့နှစ်ပေါင်း
၄၀ တုန်းက Saddleback Church ကို စတင်တည်ထောင်စဉ်ကာလတွေမှာ ကျွန်ုပ်၏အသက်
၂၅ နှစ်ပဲရှိပါတယ်။ အဲဒီတုန်းက အရာရာကို အလျင်အမြန်ဖြစ်လာဖို့ ကျွန်ုပ်အလျင်လိုနေခဲ့ပါတယ်။
ဒါပေမဲ့ ဘုရားသခင်က ကျွန်ုပ်ကို သင့်အားအိမ်မက်ကို ပြောထားသကဲ့သို့ ကျွန်ုပ်ကိုဘဲ ပြောခဲ့ပါတယ်။
“ယခုအချိန်မှာ အရာအားလုံး ဖြစ်လာမှာ မဟုတ်သေးပါဘူး။ သို့ပေမဲ့ ဖြေးညှင်းစွာ ၊မရပ်မနားဘဲ
သင်၏ရူပါရုံပြည့်ဝလာပါလိမ့်မည်။”
ဤခရစ္စမတ်ရာသီမှာ
သင့်ကို အားကြီးတဲ့အမှန်တရားတစ်ခုကို သတိရစေချင်ပါတယ်။ သင့်အသက်တာအတွက် ဘုရားသခင်သည်
ဘယ်တော့မှ မစောသလို ဘယ်တော့မှလည်း နောက်မကျပါ။
အမြဲတမ်းအချိန်တိကျပါတယ်။
ဆင်ခြင်ရန်
-သင်၏အချိန်ဇယားအတိုင်းမဟုတ်ဘဲ
ဘုရား၏အချိန်အတိုင်း ဖြစ်ပျက်ဖို့ရန် ဘုရားသခင်သည် ဘာကြောင့် အလိုရှိပါသနည်း။
-နောက်ကျနေတဲ့
သင့်အိမ်မက်ကြီးကို အရှုံးပေးခဲ့ဖူးပါသလား။ ထိုအိမ်မက်သည် ဘုရားသခင်ထံမှ လာသည်ဟု သင်ယုံကြည်ပါသလား။
-သင်၏အိမ်မက်နှင့်
ရည်မှန်းချက်ပန်းတိုင်တို့နှင့်ပတ်သက်လာလျှင် စည်းကမ်းထိန်းသိမ်းရန် ဘာကြောင့်အလွန်
ခက်ခဲ့ပါသနည်း။
-------------------------------------------------------------------------------------------------Zawgyi Version
ဘုရားသခင္သည္ အၿမဲတမ္းအခ်ိန္တိက်သည္
ဟဗကၠဳတ္အနာဂတၱိက်မ္း ၂:၃ “ထို႐ူပါ႐ုံသည္ ခ်ိန္းခ်က္ေသာ အခ်ိန္ႏွင့္ဆိုင္၍ အမႈကုန္ရေသာ ကာလကို ဆိုလို၏။ မုသာႏွင့္ ကင္းလြတ္ ၏။ ဆိုင္းေသာ္လည္း ေျမာ္လင့္ေလာ့။ ေနာက္မက်ဘဲ ဧကန္အမွန္ ေရာက္လိမ့္မည္။”
ဘုရားသခင္သည္ ဘယ္ေတာ့မွ ေနာက္မက်ပါ။ ဘယ္ေတာ့မွလည္း အလ်င္မလိုပါ။
အၿမဲတမ္း အခ်ိန္တိက်ပါသည္။
ဘုရားသခင္၏ အခ်ိန္သည္ သင္နားမလည္ႏိုင္သည့္တိုင္ အတိအက်ျဖစ္ၿပီး ၿပီးျပည့္စုံပါတယ္။ ကြၽႏ္ုပ္တို႔ တကယ့္ကို နားမလည္ႏိုင္ျခင္းက ဘုရားသခင္သည္ ျခားနားၿပီး မတူညီေသာ လႈိင္းအလ်ားေပၚတြင္ တည္ေနပါသည္။ ဘုရားသခင္ ၌ ကြဲျပားျခားနားေသာအျမင္ရွိပါတယ္။ ဘာေၾကာင္းလဲဆိုေတာ့ သူ႔မွာအခ်ိန္ဆိုတဲ့အရာ မရွိလို႔ပါ။
ရွင္ေပတ႐ုဩဝါဒစာ ဒုတိယေစာင္ ၃:၈ တြင္ ဘုရားသခင္၏ အခ်ိန္အေပၚနားလည္မႈရွိျခင္းကို သမၼာက်မ္းစာက ဆိုထားပါတယ္။ “ခ်စ္သူတို႔၊ ထာဝရဘုရားမွာ ကာလတရက္ သည္၊ အႏွစ္ တေထာင္ကဲ့သို႔၎၊ အႏွစ္တေထာင္သည္ တရက္ကဲ့သို႔၎ျဖစ္သည္ အရာတခုကို မေမ့ေလ်ာ့ၾက ႏွင့္။”
အဒီအရာက သင္၏အခ်ိန္အတိုင္းလုပ္ေဆာင္ေနရျခင္းႏွင့္ တူပါသလား။ တစ္ခါတစ္ရံ မွာထားေသာ အစားအစာအတြက္ ေစာင့္ေနရတာ ႏွစ္တစ္ေထာင္ကဲ့သို႔ ခံစားရႏိုင္ပါတယ္။ သို႔ေပမဲ့ လူေတြက အဲဒီေဝါဟာရလိုမ်ိဳး မေတြးျမင္တတ္ ၾကပါဘူး။
ဘုရားသခင္၌အခ်ိန္ မလို/မရွိျခင္းက သင့္အသက္တာအတြက္ ႀကီးမားတဲ့သက္ေရာက္မႈျဖစ္ပါတယ္။ ဘုရားသခင္ သည္ သင့္ကို ဖန္ဆင္းေတာ္မူၿပီး သင္၏ႏွလုံးသားထဲသို႔ အိမ္မက္တစ္ခုထည့္သြင္းထားတယ္။ လူေတာ္ေတာ္ မ်ားမ်ား ကေတာ့ ႐ူပါ႐ုံႀကီးတစ္ခုႏွင့္ ႀကီးမားတဲ့ ပန္းတိုင္ျဖင့္ စတင္ၾကပါတယ္။ သူတို႔မွာ ဘဝအတြက္ အိမ္မက္ (သို႔) အစီ အစဥ္ေတြ (သို႔) လုပ္ေဆာင္စရာေတြျဖင့္ ရွိေနၾကပါတယ္။
ဘုရားသခင္ သင့္ကို မည္သို႔ေသာ အျမင္ေပးခဲ့သနည္း။ ႏွစ္အေတာ္အတန္က ကြၽႏ္ုပ္ရွာေတြ႕ထားတာက လူတိုင္း သူတို႔၏ ဗ်ာဒိတ္႐ူပါ႐ုံ ႏွင့္ ႀကီးမားတဲ့ ပန္းတိုင္ ေတြကေန ဘဝကို စတင္ၾကေသာ္လည္း အခ်ိန္ၾကာလာသည္ႏွင့္ အမွ် လူေတာ္ေတာ္မ်ားမ်ား သူတို႔၏ အိမ္မက္ေတြကို အေကာင္အထည္မေဖာ္ႏိုင္မွီတြင္ သူတို႔၏အိမ္မက္ကို စြန႔္လႊတ္ လိုက္သည္ကို ေတြ႕ရွိရပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အိမ္မက္ေတြက အလ်င္အျမန္ျဖစ္မလာၾကလို႔ပါဘဲ။
သင္၌ ခ်ိဳးဖဲ့ခံရတဲ့အိမ္မက္ေတြ ရွိေကာင္းရွိမယ္ ။ က်ိဳးပဲ့သြားတဲ့အိမ္မက္ေတြ ရွိေကာင္းရွိမယ္။ အားေပးမႈကင္းမဲ့ၿပီး စိတ္ပ်က္စရာအေျခအေနေတြျဖင့္ ရွိေကာင္းရွိေနမယ္။ အဲဒါေတြကို သင္အရႈံးေပးခဲရတာေပါ့။
အဲဒီလိုအရႈံးလုပ္ဖို႔ ဘုရားသခင္ အလိုေတာ္မရွိပါ။ သင့္အသက္တာအတြက္ ဘုရားသခင္ အိမ္မက္ေပးခဲ့ပါလွ်င္ အဲဒီအရာ ျဖစ္လာပါလိမ့္မည္။ သူ႔အခ်ိန္ကာလ၌ျဖစ္လာမည္။ သင့္အခ်ိန္အတိုင္းမဟုတ္ပါ။
သင္၏အိမ္မက္အေၾကာင္းကို ဘုရားသခင္ေျပာထားပါတယ္ ဟဗကၠဳတ္အနာဂတၱိက်မ္း ၂:၃ “ထို႐ူပါ႐ုံသည္ ခ်ိန္းခ်က္ ေသာ အခ်ိန္ႏွင့္ဆိုင္၍ အမႈကုန္ရေသာ ကာလကို ဆိုလို၏။ မုသာႏွင့္ ကင္းလြတ္ ၏။ ဆိုင္းေသာ္လည္း ေျမာ္လင့္ ေလာ့။ ေနာက္မက်ဘဲ ဧကန္အမွန္ ေရာက္လိမ့္မည္။”
လြန္ခဲ့တဲ့ႏွစ္ေပါင္း ၄၀ တုန္းက Saddleback Church ကို စတင္တည္ေထာင္စဥ္ကာလေတြမွာ ကြၽႏ္ုပ္၏အသက္ ၂၅ ႏွစ္ပဲရွိပါတယ္။ အဲဒီတုန္းက အရာရာကို အလ်င္အျမန္ျဖစ္လာဖို႔ ကြၽႏ္ုပ္အလ်င္လိုေနခဲ့ပါတယ္။ ဒါေပမဲ့ ဘုရားသခင္က ကြၽႏ္ုပ္ကို သင့္အားအိမ္မက္ကို ေျပာထားသကဲ့သို႔ ကြၽႏ္ုပ္ကိုဘဲ ေျပာခဲ့ပါတယ္။ “ယခုအခ်ိန္မွာ အရာအားလုံး ျဖစ္လာမွာ မဟုတ္ေသးပါဘူး။ သို႔ေပမဲ့ ေျဖးညႇင္းစြာ ၊မရပ္မနားဘဲ သင္၏႐ူပါ႐ုံျပည့္ဝလာပါလိမ့္မည္။”
ဤခရစၥမတ္ရာသီမွာ သင့္ကို အားႀကီးတဲ့အမွန္တရားတစ္ခုကို သတိရေစခ်င္ပါတယ္။ သင့္အသက္တာအတြက္ ဘုရားသခင္သည္ ဘယ္ေတာ့မွ မေစာသလို ဘယ္ေတာ့မွလည္း ေနာက္မက်ပါ။
အၿမဲတမ္းအခ်ိန္တိက်ပါတယ္။
ဆင္ျခင္ရန္
-သင္၏အခ်ိန္ဇယားအတိုင္းမဟုတ္ဘဲ ဘုရား၏အခ်ိန္အတိုင္း ျဖစ္ပ်က္ဖို႔ရန္ ဘုရားသခင္သည္ ဘာေၾကာင့္ အလိုရွိပါသနည္း။
-ေနာက္က်ေနတဲ့ သင့္အိမ္မက္ႀကီးကို အရႈံးေပးခဲ့ဖူးပါသလား။ ထိုအိမ္မက္သည္ ဘုရားသခင္ထံမွ လာသည္ဟု သင္ယုံၾကည္ပါသလား။
-သင္၏အိမ္မက္ႏွင့္ ရည္မွန္းခ်က္ပန္းတိုင္တို႔ႏွင့္ပတ္သက္လာလွ်င္ စည္းကမ္းထိန္းသိမ္းရန္ ဘာေၾကာင့္အလြန္ ခက္ခဲ့ပါသနည္း။