God Has Already Written the Final Chapter of Your Life
Unicode Version
သင့်အသက်တာ၏ နောက်ဆုံးအခန်းကို ဘုရားသခင် ရေးထားပြီးသားဖြစ်တယ်။
ရှင်ပေတရုဩဝါဒစာ ပဌမစောင် ၁:၃-၄ “အသက်ရှင်ခြင်းနှင့်စပ်ဆိုင်သော မြော်လင့်ခြင်းအကြောင်း ရှိစေခြင်းငှါ၊ ဖောက်ပြန်ခြင်း၊ ညစ်စွန်းခြင်း၊ ညှိုးနွမ်းခြင်းနှင့်ကင်းစင်သောအမွေတော်ကို ငါတို့သည် ခံရစေမည်အကြောင်း၊ ယေရှုခရစ်ကို သေခြင်းမှ ထမြောက်စေတော်မူသောအားဖြင့်၊ ကြီးစွာသောကရုဏာတော်နှင့်အညီ ငါတို့ကို တဖန်ဖြစ်ဘွားစေတော် မူသော၊ ငါတို့သခင်ယေရှုခရစ်၏ ခမည်းတော် ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေ သတည်း။ ၄ထိုအမွေတော်သည်ကား၊ နောက်ဆုံးသောကာလ၌ ထင်ရှားစေခြင်းငှါ ပြင်ဆင်သော ကယ်တင်ခြင်းသို့ ရောက်စေမည်အကြောင်:”
သခင်ခရစ်တော်နှင့် သင် ဆက်ဆံရေးရှိပါလျှင် အသက်တာမည်သို့သောအခြေအနေရောက်နေပါစေ ဘုရားသခင်သည် သင့်အနာဂတ်အတွက် အာမခံပေးထားသည်။ သင်၏ကယ်တင်ခြင်းကို ဘယ်တော့မှ ဆုံးရှုံးရမည်မဟုတ်ပါ။
သင်သည် ဘုရား၏ မိသားစုဝင်မှ ဆင်းသက်လာခြင်းဖြစ်သည့်အတွက် အမွေခံထိုက်ခြင်းဖြစ်ပါတယ်။ အမွေခံဆိုတာ အများအားဖြင့် တစ်စုံတစ်ဉီးသေဆုံးပြီးမှ သင့်ကိုပေးခြင်းဖြစ်တယ်။
ရှင်ပေတရုက ကောင်းကင်ဘုံနှင့်ဆိုင်သော အမွေခံ ငါးမျိုးကို ဖော်ပြပေးထားပါတယ်။
စာရင်းသွင်းပါ ။ ။ ကောင်းကင်ဘုံဝင်ရဖို့အတွက် စာရင်းသွင်းဖို့လိုအပ်ပါတယ်။ အဲဒီအမည်စာရင်းသွင်းနိုင်ဖို့ရန်က သခင်ခရစ်တော်မှတစ်ဆင့် သွားရပါတယ်။ သင်စာရင်းသွင်းခံရသည်နှင့် ဘယ်တော့မှာ ပယ်ဖျက်လို့မရနိုင်ပါ။
စင်ကြယ်ပါ။       ။ သင်၏အမွေသည် အတုမဟုတ်ပါ။ စစ်မှန်မှုဖြစ်ပါတယ်။
မညစ်ညမ်းနှင့်။               ။ သင်၏အမွေခံသည် နှောက်ယှက်ခြင်းမခံရနိင်ပါ။ ဘယ်တော့မှ အဆုံးရှုံးမခံရပါ။
ပြောင်းလဲမှုလက်လှမ်းမမှီနိုင်ခြင်းနှင့် ပျက်စီးယိုယွင်းခြင်း ။   ။ သင်၏အမွေသည် ညှိုးနွမ်းပျက်စီးခြင်းမရှိပါ။
အဖိုးမဖြတ်နိုင်ပါ။           ။ သင်၏အမွေဉစ္စာ၏တန်ဖိုးကို တိုင်းတာ၍မရပါ။
တကယ်တော့ ဘုရားသခင်သည် သင့်အသက်တာ၏ နောက်ဆုံးအပိုင်းကို ရေးသားထားပြီးဖြစ်ပါတယ်။ သင်က ယုံကြည်သူတစ်ဉီးဖြစ်ပါက သင်၏ကယ်တင်ခြင်းကို သင်မဆုံးရှုံးနိုင်ပါ။ အဲဒါကို ယုံကြည်လို့ရပါတယ်။ စိတ်ချနိုင်ပါတယ်။ မျှော်လင့်ချက်ထားနိုင်ပါတယ်။
ဆင်ခြင်ရန်
-ကျွနုပ်တို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းဆုလဒ်က လုံခြုံသည်ဟု ယုံကြည်နိုင်အောင် ဘာကြောင့် အလွန်အရေးကြီးပါသနည်း။
-ကယ်တင်ခြင်း၏ လုံခြုံမှုကို ယုံကြည်ရန်သင်ကြိုးစားဖူးပါသလား။ ဤစိုးရိမ်ပူပန်မှုတွေကို ကျော်လွှားနိုင်ဖို့ သင်ဘာကို ကူညီပေးခဲ့ပါသလဲ။
-------------------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်