Giving and Faith Go Together
Unicode Version
ပေးကမ်းခြင်း နှင့် ယုံကြည်ခြင်းသည် အတူတကွသွားကြပါတယ်။
ဟေဗြဲဩဝါဒစာ ၁၁:၄ “အာဇေလသည်၊ ကာဣနပူဇော်သော ယဇ်ထက်သာ၍ မြတ်သောယဇ်ကို၊ ယုံကြည်ခြင်း အားဖြင့် ဘုရားသခင်အားပူဇော်၏။ ထိုသို့သောယဇ်ကိုပူဇော်၍၊ မိမိဖြောင့်မတ်သည်ဟု သက်သေခံတော်မူခြင်းကို ရလေ၏။ အဘယ်သို့နည်းဟူမူကား၊ သူလှူသောအလှူကို ဘုရားသခင်သည် လက်ခံတော်မူ၏။ သို့ဖြစ်၍၊ အာဗေလ သည် သေလွန်သော်လည်း ယခုပင်တရားဟောသေး၏။
အာဒံနှင့် ဧဝတို့၏သား “အာဗေလ” သည် “Faith Hall of Fame” တွင်  ပထမဉီးဆုံးဖော်ပြခံရသော ပုဂိ္ဂုလ်ဖြစ်ခြင်းက စိတ်ဝင်စားစရာပါဘဲ။
ဟေဗြဲ ၁၁ မှာ မောရှေ၊ အာဗြံဟံ နှင့် တခြား ထင်ရှားသော အထင်ကရ သူရဲကောင်းတွေနှင့်အတူ “အာဗေလ” ကို ပါဝင်ဖော်ပြထားခံရခြင်း အကြောင်းရင်းကဘာဖြစ်မလဲ။ ကျွန်ုပ်တို့သိတဲ့အတိုင်းပင် အာဗေလသည် ကောင်းမြတ်တဲ့ အရာတွေကို လုပ်ဆောင်ခဲ့ခြင်းမရှိပါဘူး။ အရေးပါသောအရာတွေကိုလည်း ဘယ်မှာမှ မလုပ်ဆောင်ခဲ့ပါ။ သိုပေမဲ့ သူ၏ပေးကမ်းမှုတွေကို ယုံကြည်ခြင်းအားဖြင့် ပူဇော်ခဲ့တယ်။ ဒါသည် ဘုရားသခင်ကို ကျေနပ်စေခဲ့ပါတယ်။ အာဗေလပေးတဲ့ လက်ဆောင်ကြောင့်မဟုတ်။ သူပေးသော သူ၏လက္ခဏာကြောင့်ဖြစ်ပါတယ်။
ပေးကမ်းခြင်းနှင့် ယုံကြည်ခြင်းသည် အတူတကွဖြစ်ကြပါတယ်။ သင်ပေးသော အနည်းအများကို ဘုရားရှင် အာရုံမထားပါ။ ဘုရားရှင်သည် သင်၏ငွေတွေကို မလိုအပ်ပါ။ သင်၏နှလုံးသားကိုသာ အလိုရှိပါတယ်။
တကယ်တမ်းမှာ ယုံကြည်ခြင်းနှင့် သင်မပေးကမ်းဘူးဆိုလျှင် မပေးပါနှင့်။ ဘာကြောင့်လဲဆိုတော့ သင်၌ အကျိုးမဖြစ်ပါ။ သမ္မာကျမ်းစာကလည်း ပြောထားပါတယ်။ ဟေဗြဲ ၁၁:၆ “ယုံကြည်ခြင်းမရှိလျှင်၊ ဘုရားသခင်၏ စိတ်တော်နှင့်မတွေ့နိုင်။
ပေးကမ်းမှုပြုရန် နည်းလမ်း(၂) မျိုးရှိပါတယ်။ အကြောင်းပြချက်အားဖြင့် သင်ပေးကမ်းနိုင်တယ် (သို့) အသိပေးဖော်ပြတဲ့အတိုင်းပေးကမ်းနိုင်ပါတယ်။ အကြောင်းပြချက်နှင့် ပေးကမ်းခြင်းဆိုသည်မှာ ပေးကမ်းနိုင်ဖို့ အကျိုးသင့်အကြောင်းသင့်ဖြစ်တယ်လို့ တွက်ဆပေးခြင်းဖြစ်ပေမဲ့ ယုံကြည်ခြင်းလုံးဝ ပါဝင်ဖို့ မလိုအပ်ပါ။
အသိပေးဖော်ပြတဲ့အရာအားဖြင့် ပေးကမ်းခြင်းကတော့ ယုံကြည်ခြင်းအားဖြင့် ဘုရားပေးစေချင်နေသောအရာကို ဘုရားကိုယ်တိုင်ဖော်ပြဖို့ သင်ခွင့်ပြုခြင်းဖြစ်ပါတယ်။ အဓိပ္ပါယ်က သင်ဆုတောင်းပြီး တောင်းလျှောက်ခြင်းဖြစ်တယ် “အဖဘုရား ဒီတစ်ကြိမ်မှာ ကိုယ်တော့အား မည်မျှယုံကြည်စေချင်ပါသနည်း”။ ထို့နောက် သင့်အားပြောဆိုသည် အတိုင်း သင်လုပ်ဆောင်ခြင်းကို ဆိုလိုပါတယ်။
ယုံကြည်ခြင်းအားဖြင့် ပေးကမ်းခြင်းသည် သင့်အား ကြီးထွားဖို့ ၊ ရင့်ကျက်ဖို့ နှင့် သခင်ခရစ်တော်နှင့် တူလူစေဖို့ အကူအညီပေးပါတယ်။
ဆင်ခြင်ရန်
-      သင်၏အတိတ်က ပေးကမ်းခဲ့တာတွေက မည်သို့သောအရာများကို အများအားဖြင့် လှုံ့ဆော်ပေးပါသနည်း။ အကြောင်းပြချက် (သို့) ပေးကမ်းဖို့ ဘုရားက မည်သို့သောအရာကို ဖော်ပြပေးပါသနည်း။
-      ယုံကြည်ခြင်းအားဖြင့် ပေးကမ်းဖို့ရန် လူတွေ ဘာကြောင့် ကြောက်နေသနည်း။
-      သင်၏ပေးကမ်းမှုတွေကို ထူးခြားစွာမည်သို့ ကိုင်တွယ်ပါသနည်း။ သင်၏ငွေများကို မည်သို့သော နည်းလမ်း ဖြင့် ပြောင်းလဲကြည့်မြင်ပါသနည်း။
---------------------------------------------------------------------------------
Zawgyi Version
အာဒံနှင့် ဧဝတို့၏သား “အာဗေလ” သည် “Faith Hall of Fame” တွင်  ပထမဉီးဆုံးဖော်ပြခံရသော ပုဂ္ဂိုလ်ဖြစ်ခြင်းက စိတ်ဝင်စားစရာပါဘဲ။
ဆင်ခြင်ရန်