Unicode Version
---------------------------------------------------------------------------------
Zawgyi Version
သစ္စာရှိသောသူတို့သည် မြဲမြံတည်ကြည်သော ပုဂိ္ဂုလ်တွေဖြစ်ကြတယ်။
ကလာတိ ၆:၉ “ငါတို့သည်အားမလျော့၊ စိတ်မပျက်ဘဲ ကောင်းသောအကျင့်ကို ကျင့်ကြကုန်အံ့။
ထိုသို့တည်ကြည် ၍ ကျင့်လျှင် အချိန်တန်သောကာလ၌ အသီးအနှံကို ရိတ်ရကြလိမ့်မည်။”
ယုံကြည်ရတဲ့သူတွေသည်
မည်ကဲ့သို့ နုတ်ထွက်ခြင်း ၊ လက်လွှတ်ခြင်းသဘောတို့ကို ရိုးစင်းစွာ မသိနားလည် ကြပါဘူး။
သူတို့ ဘယ်တော့မှလည်း အရှုံးမပေးတတ်ပါ။ ဆက်လက်ပြီးတည်တံ့နေတတ်ကြတယ်။ ယုံကြည်ခြင်း ၏
အဓိပ္ပါယ်ဆိုတာ မဆုတ်မနစ်မြဲမြံနေခြင်းဖြစ်တယ်ဆိုတာကို နားလည်ထားကြပါတယ်။
ယုံကြည်ရသောသူတစ်ဉီးဖြစ်ချင်ပါလျှင်
သင်မှာ ရွေးချယ်စရာရှိပါတယ်။ သင်၏ဆုတောင်းတွင် ဘုရားဆီက အဖြေကို မမြင်ရတဲ့အခါမှာ သင်စောင့်နေနိုင်တယ်
(သို့) မဆုတ်မနစ်ကြိုးပမ်းနေနိုင်တယ်။ ရွေးချယ်စရာတစ်ခုက မလှုပ်မယှက်နေခြင်း ဖြစ်ပြီး
တခြားတစ်ခုက နိုးကြားတက်ကြွရှိနေခြင်းတွေပေါ့။ သင်စောင့်ဆိုင်းနေစဉ်ကာလမှာ ဆက်လက်လုပ်ဆောင်နေသည်။
အဖြေကို မမြင်သည့်တိုင် အရှုံးမပေးဘူး။ လုပ်ငန်းတာဝန်မှာလည်းကောင်း ၊ အိမ်ထောင်ရေးမှာလည်း
ဆက်လက် လုပ်ဆောင်နေတယ်။ အခက်အခဲပြသနာတွေကို ထိုးဖောက်ကျော်လွှား နိုင်တယ်ဆိုတာကို ဆက်လက်ယုံကြည်ခြင်းဖြစ်တယ်။
ယုံကြည်ခြင်းအရာမှာ နိုးအာသည် အံ့ဩဖွယ်လူသားဖြစ်ပါတယ်။ ဘုရားသခင်က သူ့ကို
လှေတစ်စီးဆောက် စေခြင်းက ရေလွှမ်းမိုးမှုကြီး ရှိလာမည့်အရေးအတွက်ဖြစ်တယ်။ သဲကန္တာရအလယ်မှာ
လှေတစ်စင်း တည်ဆောက် ခြင်းက လှောင်ပြောင်သရော်မှုတွေကို ရင်ဆိုင်ရဖို့ရန် ခက်ခဲမှုတွေ
ရှိနေခဲ့မည်ဖြစ်သည်။ ဘုရားသခင်က ရေတွေကို မည်သို့ရောက်လာစေမလဲဆိုတာ တွေးလို့မရနိုင်ပါ။
လှေကြီးကို တည်ဆောက်ခြင်း ကာလသည် နှစ်ပေါင်း ၁၂၀ တိုင် ကြာမြင့်ခဲ့ပါတယ်။ အချိန်အကြာကြီးစောင့်ခဲ့ရတယ်။
ယုံကြည်ရဖို့အတွက် အချိန်အကြာကြီးပေါ့။ အထူးသ ဖြင့် သင်ရူးမိုက်နေတယ်လို့ လူတိုင်တွေးနေတဲ့အချိန်ကာလကြီးပေါ့။
သို့ပေမဲ့ နိုးအားသည် တည်ကြည် နေခဲ့ တယ်။ ဇွဲရှိရှိဖြင့် ဘုရားသခင်ပေးအပ်ထားတဲ့ တာဝန်ကို
သစ္စာစောင့် သိခဲ့တယ်။
ကလာတိ ၆:၉ “ငါတို့သည်အားမလျော့၊ စိတ်မပျက်ဘဲ ကောင်းသောအကျင့်ကို ကျင့်ကြကုန်အံ့။
ထိုသို့တည်ကြည်၍ ကျင့်လျှင် အချိန်တန်သောကာလ၌ အသီးအနှံကို ရိတ်ရကြလိမ့်မည်။”
အရှုံးမပေးပါနဲ့။ သင်၏ရည်ရွယ်ချက်ကို မဆုတ်မနစ်တည်မြဲစေပါ။ တခြားလူတွေအတွက်
မဖြစ်နိုင်တာတွေကို လုပ်ဆောင်ဖို့ရန် ဘုရားသခင်သည် သင့်ကိုအသုံးပြုနိုင်ဖို့ရန် သင့်ကိုယ်သင်
သစ္စာရှိသောသူဖြစ်စေပါ။
ဆင်ခြင်ရန်
-
ဘုရားသခင်ကို
စောင့်မျှော်စဉ်ကာလမှာ တည်ကြည်မြဲမြံနေခြင်းက သင့်ကိုမှန်ကန်သော အာရုံစူးစိုက်မှု ဖြစ်ဖို့ရန်
မည်ကဲ့သို့ အထောက်အကူပြုပါသနည်း။
-
မည်သို့သော
သစ္စာရှိသောသူတို့သည် သင့်အတွက် မြဲမြံတည်ကြည်မှုစံနမူနာဖြစ်စေပါသနည်း။
-
ဘုရားသခင်
မည်သို့ အလုပ်လုပ်မလဲ ဆိုတာကို စောင့်ဆိုင်းရင်း သင်မည်သို့ဆက်လက်ပြီး ကြီးထွား နိုင်ပါမည်နည်း။
---------------------------------------------------------------------------------
Zawgyi Version
သစၥာရွိေသာသူတို႔သည္ ၿမဲၿမံတည္ၾကည္ေသာ ပုဂိၢဳလ္ေတြျဖစ္ၾကတယ္။
ကလာတိ ၆:၉ “ငါတို႔သည္အားမေလ်ာ့၊ စိတ္မပ်က္ဘဲ ေကာင္းေသာအက်င့္ကို က်င့္ၾကကုန္အံ့။ ထိုသို႔တည္ၾကည္ ၍ က်င့္လွ်င္ အခ်ိန္တန္ေသာကာလ၌ အသီးအႏွံကို ရိတ္ရၾကလိမ့္မည္။”
ယုံၾကည္ရတဲ့သူေတြသည္ မည္ကဲ့သို႔ ႏုတ္ထြက္ျခင္း ၊ လက္လႊတ္ျခင္းသေဘာတို႔ကို ႐ိုးစင္းစြာ မသိနားလည္ ၾကပါဘူး။ သူတို႔ ဘယ္ေတာ့မွလည္း အရႈံးမေပးတတ္ပါ။ ဆက္လက္ၿပီးတည္တံ့ေနတတ္ၾကတယ္။ ယုံၾကည္ျခင္း ၏ အဓိပၸါယ္ဆိုတာ မဆုတ္မနစ္ၿမဲၿမံေနျခင္းျဖစ္တယ္ဆိုတာကို နားလည္ထားၾကပါတယ္။
ယုံၾကည္ရေသာသူတစ္ဉီးျဖစ္ခ်င္ပါလွ်င္ သင္မွာ ေ႐ြးခ်ယ္စရာရွိပါတယ္။ သင္၏ဆုေတာင္းတြင္ ဘုရားဆီက အေျဖကို မျမင္ရတဲ့အခါမွာ သင္ေစာင့္ေနႏိုင္တယ္ (သို႔) မဆုတ္မနစ္ႀကိဳးပမ္းေနႏိုင္တယ္။ ေ႐ြးခ်ယ္စရာတစ္ခုက မလႈပ္မယွက္ေနျခင္း ျဖစ္ၿပီး တျခားတစ္ခုက ႏိုးၾကားတက္ႂကြရွိေနျခင္းေတြေပါ့။ သင္ေစာင့္ဆိုင္းေနစဥ္ကာလမွာ ဆက္လက္လုပ္ေဆာင္ေနသည္။ အေျဖကို မျမင္သည့္တိုင္ အရႈံးမေပးဘူး။ လုပ္ငန္းတာဝန္မွာလည္းေကာင္း ၊ အိမ္ေထာင္ေရးမွာလည္း ဆက္လက္ လုပ္ေဆာင္ေနတယ္။ အခက္အခဲျပသနာေတြကို ထိုးေဖာက္ေက်ာ္လႊား ႏိုင္တယ္ဆိုတာကို ဆက္လက္ယုံၾကည္ျခင္းျဖစ္တယ္။
ယုံၾကည္ျခင္းအရာမွာ ႏိုးအာသည္ အံ့ဩဖြယ္လူသားျဖစ္ပါတယ္။ ဘုရားသခင္က သူ႔ကို ေလွတစ္စီးေဆာက္ ေစျခင္းက ေရလႊမ္းမိုးမႈႀကီး ရွိလာမည့္အေရးအတြက္ျဖစ္တယ္။ သဲကႏၲာရအလယ္မွာ ေလွတစ္စင္း တည္ေဆာက္ ျခင္းက ေလွာင္ေျပာင္သေရာ္မႈေတြကို ရင္ဆိုင္ရဖို႔ရန္ ခက္ခဲမႈေတြ ရွိေနခဲ့မည္ျဖစ္သည္။ ဘုရားသခင္က ေရေတြကို မည္သို႔ေရာက္လာေစမလဲဆိုတာ ေတြးလို႔မရႏိုင္ပါ။ ေလွႀကီးကို တည္ေဆာက္ျခင္း ကာလသည္ ႏွစ္ေပါင္း ၁၂၀ တိုင္ ၾကာျမင့္ခဲ့ပါတယ္။ အခ်ိန္အၾကာႀကီးေစာင့္ခဲ့ရတယ္။ ယုံၾကည္ရဖို႔အတြက္ အခ်ိန္အၾကာႀကီးေပါ့။ အထူးသ ျဖင့္ သင္႐ူးမိုက္ေနတယ္လို႔ လူတိုင္ေတြးေနတဲ့အခ်ိန္ကာလႀကီးေပါ့။ သို႔ေပမဲ့ ႏိုးအားသည္ တည္ၾကည္ ေနခဲ့ တယ္။ ဇြဲရွိရွိျဖင့္ ဘုရားသခင္ေပးအပ္ထားတဲ့ တာဝန္ကို သစၥာေစာင့္ သိခဲ့တယ္။
ကလာတိ ၆:၉ “ငါတို႔သည္အားမေလ်ာ့၊ စိတ္မပ်က္ဘဲ ေကာင္းေသာအက်င့္ကို က်င့္ၾကကုန္အံ့။ ထိုသို႔တည္ၾကည္၍ က်င့္လွ်င္ အခ်ိန္တန္ေသာကာလ၌ အသီးအႏွံကို ရိတ္ရၾကလိမ့္မည္။”
အရႈံးမေပးပါနဲ႔။ သင္၏ရည္႐ြယ္ခ်က္ကို မဆုတ္မနစ္တည္ၿမဲေစပါ။ တျခားလူေတြအတြက္ မျဖစ္ႏိုင္တာေတြကို လုပ္ေဆာင္ဖို႔ရန္ ဘုရားသခင္သည္ သင့္ကိုအသုံးျပဳႏိုင္ဖို႔ရန္ သင့္ကိုယ္သင္ သစၥာရွိေသာသူျဖစ္ေစပါ။
ဆင္ျခင္ရန္
- ဘုရားသခင္ကို ေစာင့္ေမွ်ာ္စဥ္ကာလမွာ တည္ၾကည္ၿမဲၿမံေနျခင္းက သင့္ကိုမွန္ကန္ေသာ အာ႐ုံစူးစိုက္မႈ ျဖစ္ဖို႔ရန္ မည္ကဲ့သို႔ အေထာက္အကူျပဳပါသနည္း။
- မည္သို႔ေသာ သစၥာရွိေသာသူတို႔သည္ သင့္အတြက္ ၿမဲၿမံတည္ၾကည္မႈစံနမူနာျဖစ္ေစပါသနည္း။
- ဘုရားသခင္ မည္သို႔ အလုပ္လုပ္မလဲ ဆိုတာကို ေစာင့္ဆိုင္းရင္း သင္မည္သို႔ဆက္လက္ၿပီး ႀကီးထြား ႏိုင္ပါမည္နည္း။