Unicode Version
---------------------------------------------------------------------------------
Zawgyi Version
ယုံကြည်ခြင်းသည် သင်၏စိတ်ကူးမျှော်မှန်းမှုတွေကို
ပေါင်းကူးတံတားခင်းပေးပါတယ်။
ဧဖက်ဩဝါဒစာ ၃:၂၀ “ငါတို့၌ ပြုပြင်သောတန်ခိုးတော်အတိုင်း၊ ငါတို့ တောင်းပန်ကြံစည်သမျှထက်
အလွန်ထူးခြားစွာ ပြုခြင်း ငှါ တတ်နိုင်တော်မူသော ဘုရားသခင်သည်၊ ယေရှုခရစ်အားဖြင့် အသင်းတော်၌ ကမ္ဘာအဆက်ဆက်ဘုန်းကြီးတော်မူစေသတည်း။
အာမင်။”
သင့်အသက်တာ၌
ဖြစ်ပျက်နိုင်သော အကြီးမြတ်ဆုံးသောအရာကို မြင်ယောင်ကြည့်လိုက်ပါ။ သင်၏မည်သည့် စိတ်ကူးကိုမဆို
ဘုရားသခင် ကျော်လွန်ပြီး လုပ်ဆောင်နိုင်တယ်။
သမ္မာကျမ်းစာက ဧဖက် ၃:၂၀တွင်
ပြောထားသည်မှာ ယုံကြည်ခြင်းသည် စိတ်ကူးစိတ်သန်းများကို ဖြန့်ဝေခြင်းဖြင့် စတင်ပါတယ်။
၄င်းသည် အယူအဆ တစ်ခု၊ ရူပါရုံတစ်ခု ၊ အိမ်မက်တစ်ခု ၊ စိတ်ကူးပုံရိပ်တစ်ခုဖြစ်ပြီး အမြဲတမ်း
စိတ်ကူးယဉ်ခြင်းဖြင့် စတင်ပါတယ်။
တစ်နေ့မှာ
ဘုရားသခင်က အာဗြံဟံဆီလာပြီး “အာဗြံဟံ ကြီးမားတဲ့ပြည်နယ်၏ဖခင်အဖြစ်
သင်ကိုငါပြုပေးမည်။ သင်၌ ဆင်းသက်လာသူများစွာရှိလိမ့်မည်” ဟုပြောခဲ့ပါတယ်။ အာဗြံဟံအတွကကတော့
ယုံကြည်ဖို့ ခက်ခဲနေခဲ့တယ်။ သူ့မှာ သားသမီးမရှိ အသက် ၉၀ ပင်ရောက်နေပါပြီ။ “သေချာပါတယ်
ဘုရား” လို့သူထင်နေခဲ့ပါမည်။ “သင်ပြောသည့်အတိုင်းပါ”။
ဒါကြောင့်
ဘုရားသခင်က အာဗြံဟံကို အခြေအနေတစ်ခုကို ပေးခဲ့တယ်။ ကမ္ဘာဉီးကျမ်း
၁၅:၁ ၊ ၄-၆ “ထိုနောက်မှ ဗျာဒိတ်တော်အားဖြင့်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် အာဗြံသို့ရောက်၍၊
အချင်းအာဗြံ၊ မစိုးရိမ်နှင့်။ ငါသည် သင်၏ အကွယ်အကာဖြစ်၏။ သင်၏အကျိုးသည် အလွန်ကြီးလှ၏ဟု
မိန့်တော်မူ”
“တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်
ရောက်လာသည်ကား၊ ဤသူသည် သင်၏အမွေခံ မဖြစ်ရ။ သင်၏ ကိုယ်ထဲက ထွက်သောသူသည် သင်၏ အမွေခံဖြစ်လိမ့်မည်ဟု
မိန့်တော်မူပြီးလျှင်၊ အာဗြံကိုပြင်သို့ ထုတ်ဆောင်တော်မူ၍၊
မိုဃ်းကောင်းကင်ကို မြော်ကြည့်လော့။ ကြယ်များကို ရေတွက် နိုင်လျှင် ရေတွက်လော့။ သင်၏အမျိုးအနွယ်သည်ထိုသို့
ဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။ အာဗြံသည် ထာဝရဘုရားကို
ယုံကြည်သည် ဖြစ်၍၊ သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်တော်မူ၏။”
ဘုရားသခင်က
ကြယ်တွေကို မျှော်ကြည့်ပြီးရေတွက်ဖို့ ကြိုးစားပါလို့ ပြောခြင်းအားဖြင့် အာဗြံဟံ၏ စိတ်ကူး
စိတ်သန်းတွေကို တံတားခင်းပေးပါတယ်။ ဒါသည် အာဗြံဟံမှ ဆင်းသက်လာမည့် သားစဉ်မြေဆက်တွေကို
ရရှိမည်ဟု ကတိတော်ပေးခဲ့ခြင်းဖြစ်ပါတယ်။ အားလုံးသော ဂျုးလူမျိုးတွေက အာဗြံဟံကနေ ဆင်းသက်လာ
တာပါ။
အာဗြံဟံမှာ
တစ်စုံတစရာ တွေးမြင်းထားနိုင်တဲ့အရာ ရှိခဲ့ပါတယ်။ ညဘက်တိုင်း အပြင်ထွက်လျှောက်တဲ့အခါ
အပေါ်ကိုမျှော်ကြည့်ပြီး “အဲဒါတွေက ဖြစ်လာမဲ့ငါ၏ မိသားစုတွေ့ပေါ့” လို့ပြောနိုင်ပါမည်။
ကျွန်ုပ်တို့၏စိတ်ကူးစိတ်သန်းတွေကို
တံတားခင်းပေးခြင်း ၊ အိမ်မက်ပေးခြင်းဖြင့် ဘုရားသခင်က ကျွန်ုပ်တို့၏ ယုံကြည်ခြင်းတွေကို
ကြီးထွားစေပါတယ်။ ယုံကြည်ခြင်း၌ မည်သို့သော အိမ်မက်တွေ ၊ ယုံကြည်မှုတွေ ၊ လုပ်ဆောင်မှုတွေကို
သင်ပြုနိုင်ပါသနည်း။
ဆင်ခြင်ရန်
-
ပြီးမြောက်နိုင်မယ်လို့
သင်မယုံကြည်ထားတဲ့ မည်သို့သောကြီးမားတဲ့အိမ်မက်က သင့်အသက်တာ၌ ရှိနေပါသနည်း။
-
ကျွန်ုပ်တို့၏
ယုံကြည်ခြင်အားဖြင့် ကြီးမားတဲ့အရာတွေကို ပြုနိုင်အောင် ဘုရားသခင် ဘာကြောင့် အလိုတော်ရှိပါသနည်း။
-
သင့်အသက်တာအတွက်
ကြီးမားတဲ့ရူပါရုံရောက်လာတဲ့အခါ မည်သို့သော စိုးရိမ်စရာတွေကို ရင်ဆိုင်ရပါ သနည်း။
Zawgyi Version
ဆင်ခြင်ရန်