Don’t Just Read God’s Word. Study It!
Unicode Version
ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို ဖတ်ရုံလေး မလုပ်ပါနှင့်။ လေ့လာပါ။
ရှင်ယာကုပ်ဩဝါဒစာ ၁:၂၅ “လွှတ်ခြင်းနှင့် စပ်ဆိုင်၍စုံလင်သောတရား၌ စေ့စေ့ကြည့်ရှု၍ တည်ကြည်သောသူမူကား၊ တရားနာ၍ မေ့လျော့သောသူမဟုတ်၊ အကျင့်ကျင့်သောသူဖြစ်သဖြင့်၊ မိမိကျင့်သောအကျင့်၌ မင်္ဂလာရှိသော သူဖြစ်၏။
ဘုရားသခင် သင့်အိမ်မက်ကို ဖြည့်ဆည်းပေးဖို့ (သို့) သင့်ဆုတောင်းကို အဖြေပေးဖို့အတွက် သင်စောင့်ဆိုင်းနေချိန်မှာ နှုတ်ကပတ်တော်အားဖြင့် သင့်အားပြောသောအရာကို သင်အာရုံစိုက်နိုင်ဖို့ ဘုရားရှင်အလိုတော်ရှိပါတယ်။
သမ္မာကျမ်းစာသည် သင့်အတွက် ဘုရား၏နှုတ်ကပတ်တော်ဖြစ်တယ်။ ထောင်ပေါင်းများစွာသော ကတိတော်တွေ ပါဝင်တယ်ဆိုတာကို သင်သိပါသလား။ အဲဒီထဲက တစ်ခုကို သင်ပြောနိုင်ပါသလား။ သင်မပြောနိုင်လျှင် ဤကမ္ဘာလောကရှိ ကတိတွေကို သင်မည်သို့ တောင်းခံနိုင်မည်နည်း။ သင်၌ အာမခံထားရှိတဲ့ ဉပဒေရှိမယ်ဆို လျှင်တောင် မည်သို့သောအရာနှင့် ကာကွယ်သလဲဆိုတာကို သင်မသိနိုင်ပါ။ ဒီအတွက်ကြောင့် သင်မတော်တဆ ထိခိုက်မှုရှိခဲ့ပါလျှင် ဘာကို တောင်းဆိုရမည်ကိုလည်း သင်မသိနိုင်ပါ။
ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သင့်အသက်တာအတွက် ဉပဒေဖြစ်တယ်။ သင်မဖတ်ထားဘူးဆိုလျှင် ဘုရားသခင် မည်သို့သောကတိတော်တွေကို သင့်အသက်တာတွင် လုပ်ဆောင်ရန်ပေးထားသည်ကို သင်မသိနိုင်ပါ။ ဘုရားသခင်အားယုံကြည်ပါလျှင် သူလုပ်ဆောင်စေလိုသည်များကို သင်မသိတဲ့အခါ သင်၌စိတ်ဖိစီးမှုနှင့် စိုးရိမ်မှုတွေကို မလွှဲရှောင်နိုင်ဖြစ်နေပါလိမ့်မည်။
သမ္မာကျမ်းစာက ဖော်ပြထားသည်မှာ ရှင်ယာကုပ်ဩဝါဒစာ ၁:၂၅ “လွှတ်ခြင်းနှင့် စပ်ဆိုင်၍စုံလင်သောတရား၌ စေ့စေ့ကြည့်ရှု၍ တည်ကြည်သောသူမူကား၊ တရားနာ၍ မေ့လျော့သောသူမဟုတ်၊ အကျင့်ကျင့်သောသူဖြစ်သဖြင့်၊ မိမိကျင့်သောအကျင့်၌ မင်္ဂလာရှိသော သူဖြစ်၏။
သင်စိတ်ဖိစီးမှုဖြစ်ခြင်းကို အလိုရှိသလား (သို့) ကောင်းချီးဖြစ်ခြင်းကို အလိုရှိသလား။
ကောင်းချီးဖြစ်ခြင်း၏ သော့ချက်ကား ဘုရားသခင်၏နှုတ်ကပတ်တော်ကို မှတ်သားခြင်း ၊ ဖတ်ရှုခြင်းနှင့် လေ့လာခြင်း ပင်ဖြစ်ပြီး ပြောထားသောအရာကို လုပ်ဆောင်ခြင်းဖြစ်ပါတယ်။ ပိုပြီးနာခံလေလေ ကောင်းချီးပို ရလေဖြစ်တယ်။
ဆာလံ ၁:၁-၃ “မတရားသောသူတို့၏ တိုက်တွန်းခြင်းသို့ မလိုက်၊ ၂လူဆိုးတို့၏ လမ်းတွင်မရပ်မနေ၊ မထီမဲ့မြင်ပြုသော သူတို့၏ အစည်းအဝေး၌မထိုင်၊ ထာဝရဘုရား၏ တရားတော်၌ မွေ့လျော်၍၊ တရားတော်ကို နေ့ညဉ့်မပြတ် ဆင်ခြင်အောက်မေ့သောသူသည် မင်္ဂလာရှိ၏။ ၃အကြောင်းမူကား၊ ထိုသူသည် မြစ်နားမှာ စိုက်လျက် မိမိအချိန်တန်မှ အသီးကိုသီး၍၊ အရွက်မညှိုး နွမ်းတတ်သော အပင်နှင့်တူ၏။ ပြုလေသမျှတို့၌ အောင်လိမ့်သတည်း။”
ဆင်ခြင်ရန်
-သမ္မာကျမ်းစာလေ့လာခြင်းအလေ့အကျင့်ကို သင်မည်သို့ ပြောင်းလဲချင်ပါသနည်း။
-ဘုရားသခင်၏ နှုတ်ကပတ်တော်တွေကို အမှတ်ရဖို့၊ ဖတ်ရှုဖို့နှင့် လေ့လာဖို့ရန်အတွက် အချိန်ပိုရရှိဖို့ရန် သင့်အသက်တာတွင် သင်၏ ဉီးစားပေးမှုတွေ ၊ အစီအစဉ်တွေ ၊ သဘောထားတို့အား မည်ကဲ့သို့ အလိုက်သင့် ပြောင်းလဲပြုမူနေထိုင်နိုင်ပါမည်နည်း။
-ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နာခံဖို့ရန် ခက်ခဲတယ်လို့ သင်မြင်ပါသလား။ ဘာကြောင့်နည်း (သို့) ဘာကြောင့် မဟုတ်သနည်း။
---------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်