Don’t Get Tired of Doing the Right Thing
Unicode Version
ကောင်းသောအကျင့်ကို ကျင့်သည်အတွက် အားမလျော့ပါနှင့်။
ကလတိဩဝါဒစာ ၆:၉ “ငါတို့သည်အားမလျော့၊ စိတ်မပျက်ဘဲ ကောင်းသောအကျင့်ကို ကျင့်ကြကုန်အံ့။ ထိုသို့တည်ကြည်၍ ကျင့်လျှင် အချိန်တန်သောကာလ၌ အသီးအနှံကို ရိတ်ရကြလိမ့်မည်။
ဤအရာ ဖြစ်သင့်ပြီလို့ သင်ထင်တဲ့အချိန်မှာ ဖြစ်မလာဘူးဆိုလျှင် သင်အရှုံးပေးသင့်သည့် အဓိပ္ပါယ်မဟုတ်ပါ။ သင် ဝမ်းမြောက်ဖို့တော့လိုအပ်ပါတယ်။ သင်ကြံ့ကြံ့ခံဖို့လိုအပ်တယ်။ ဆက်လက်လုပ်ဆောင်ဖို့လည်း လိုအပ်ပါတယ်။
သမ္မာကျမ်းစာက ဖော်ပြထားသည်မှာ ကလတိဩဝါဒစာ ၆:၉ “ငါတို့သည်အားမလျော့၊ စိတ်မပျက်ဘဲ ကောင်းသော အကျင့်ကို ကျင့်ကြကုန်အံ့။ ထိုသို့တည်ကြည်၍ ကျင့်လျှင် အချိန်တန်သောကာလ၌ အသီးအနှံကို ရိတ်ရကြလိမ့်မည်။
ဤခရစ်စမတ်ကာလမှာ အရှုံးပေးရမည့်စိတ်ခံစားမှု သင်၌ရှိပါသလား။ သင်၏ အိမ်ထောင်ရေးတွင် အရှုံးပေးရဖို့ စိတ်ခံစားမှုတွေ ဖြစ်ကောင်းဖြစ်မည်။ လက်ဆက်သွားဖို့မဖြစ်ဘူး သေဆုံးပြီလို့ထင်ရကောင်း ထင်ရပေမည်။ သင်၏ လုပ်ငန်းကို စွန့်လွှတ်ဖို့ ဖြစ်ကောင်းဖြစ်မည်။ တခြားသော ကွဲပြားမှုတွေကို ကြိုးစားပြီး လုပ်ဆောင်တယ်၊ လုပ်ဆောင်ခဲ့တယ်၊ သို့ပေမဲ့ ဘာမှ ဖြစ်မလာဘူး။ သင်၏အိမ်မက် (သို့) ပန်းတိုင် (သို့) သင့်ကိုယ်သင် အရှုံးပေးရဖို့ ဖြစ်လာတဲ့စိတ်ခံစားချက်တွေ ဖြစ်ကောင်းဖြစ်မည်။
ဒါပေမဲ့ ဤအရာကို စဉ်းစားလိုက်ပါ။ သင်မမွေးဖွာခင် နှစ်ပေါင်းထောင်ချီတုန်းက ယနေ့တွင် သမ္မာကျမ်းစာကို သင်ဖတ်ရှုမည်ကို ဘုရားသခင်သိမြင်ခဲ့တယ်။ ပြီးတော့ သူ့၏ရိုးစင်းသော သတင်းစကားအားဖြင့် ပြောမည် “မလုပ် လိုက်နဲ့၊ အရှုံးမပေးလိုက်နှင့်”။
အရှုံးမပေးလိုက်ပါနဲ့။ မှောင်မိုက်ကာလဖြစ်နေပေမဲ့လည်း အဆုံး၌ အလင်းသည် အမြဲတမ်းရှိပါတယ်။ ဒေါင့်တစ်နေရာ ၌လည်း အလင်းရှိကောင်းရှိနေမည်။ သင့်ကို သိကြတယ်။ ချစ်ကြတယ် ။ သင်၌ရည်ရွယ်ချက်ရှိတယ်။ မှန်ကန်သော အရာကို လုပ်ဆောင်ခြင်းအတွက် အားမလျော့ပါနှင့်။ သင်လုပ်ဆောင်နေတဲ့အရာသည် အရေးမကြီးဘူးလို့ မထင်လိုက်ပါနဲ့။ သင်မရှိလျှင် သင့်လောက်ကောင်းအောင် မလုပ်နိုင်ဘူးလို့လည်း မထင်ပါနဲ့။ ၄င်းသည် စာတန်၏နှုတ်မှ လိမ်လည်မှုဖြစ်တယ်။ ဘုရားသခင် သင့်ကို ဘာပြောခဲ့သလဲဆိုတာကို သတိရပါ။ သင့်ကို ကောင်းချီး ပေးလိုကြောင်းကို သတိရပါ။
အရှုံးမပေးပါနှင့်။ ကြည့်ပါ။ ထာဝရဘုရားကို မျှော်ကြည့်ပါ။ အသက်တာ ခက်ခဲသောအချိန်တွေမှာ သင့်အားကူညီမှုဖြစ်စေရန် ဝိညာဉ်ရေးရာ မိသားစု - အသင်းတော်အဖွဲ့အစည်း -တွေကိုရှာပါ။ အားပေးလှုံ့ဆော်မှု အတွက် ဘုရား၏နှုတ်ကပတ်တော်တွေကို ဆင်ခြင်အောက်မေ့ပါ။
ဘုရားသခင်အား ဘယ်သောအခါမျှ အရှုံးမပေးနှင့်။ သူသည် သင့်ကို ဘယ်တော့မှ အရှုံးမပေးပါ။
ဆင်ခြင်ရန်
-ယနေ့တွင် မည်သို့သောအရာအတွက် သင်အရှုံးပေးချင်နေသနည်း။ ဘယ်နေရာမှာ သင့်အား အားပေးလှုံ့ဆော်မှု လိုအပ်နေသနည်း။
-ခက်ခဲသောအချိန်တွေမှာ ဝိညာဉ်ရေးရာမိသားစုတွေကနေ မည်သို့သော အကူအညီဖြစ်စေသနည်း။ အရင်အချိန်တွေ တုန်းက တစ်စုံတစ်ယောက်အား အားပေးလှုံ့ဆော်ခဲ့မှုတွေကို သင်မည်ကဲ့သို့ လုပ်ဆောင်ခဲ့ဖူး ပါသနည်း။
-“ကောင်းသောအကျင့်” ကို ကျင့်သော သင့်အတွက် ပင်ပန်းမှုဖြစ်စေခဲ့ပါသလား။ ဆက်လက်လုပ်ဆောင်ဖို့ရန် ဘုရားသခင်သည် ဘာကြောင့်အလိုရှိနေပါသနည်း။
---------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်