Unicode Version
ကြောက်ရွံ့ခြင်းမရှိပါနှင့်။ ဘုရားသခင်၏ ကတိတော်တွေကို အမှတ်ရပါ။
လုကာ ၁:၄၅ “ယုံကြည်သောမိန်းမသည်မင်္ဂလာရှိ၏။ အကြောင်းမူကား၊ ထိုမိန်းမအား
ထာဝရဘုရားမိန့်တော်မူသော စကားသည် ပြည့်စုံလိမ့်မည်ဟု ကြီးသောအသံနှင့် မြွက်ဆို၏။”
အကယ်၍များ
ကျွန်ုပ်၌ အကြီးစားခွဲစိတ်မှု တစ်ခုပြုဖို့ရှိပြီး စိုးရိမ်နေခဲ့မှုကို တတ်နိုင်ခဲ့လျှင်
အာမခံကုမ္ပဏီ၏ မူဝါဒတွေကို ဖတ်ကြည့်ပြီး ကျင့်ထုံးတွေကိုက်ညီမလားဆိုတာကို ကြည့်ပါမည်။
အာမခံကုမ္ပဏီက ကုသစရိတ်ကို ပေးချေဖို့ရန် ကတိပေးပါလျှင် ကျွနုပ်စိုးရိမ်သောကတွေ (သို့)
ပူပန်မှုတွေ ဖြစ်လာလိမ့်မည် မဟုတ်ပါ။
ယနေ့
ကျွန်ုပ်တို့ကမ္ဘာရှိ လူတွေများစွာတို့သည် ကြောက်စိတ်တွေ ၊ စိုးရိမ်စိတ်တွေ ၊ ပူပန်နေရခြင်းတွေသည်
သမ္မာကျမ်းစာမှာရှိတဲ့ ဘုရားသခင်၏ ဩဝါဒ လမ်းညွှန်ပေးမှုတွေကို မသိလို့ဖြစ်ပါတယ်။ သမ္မာကျမ်းစာထဲမှာ
ဘုရားသခင်ထံမှ ကတိတော် ၇၀၀၀ ထက်မက သင်၏ကျန်းမာခြင်းနှင့် ပတ်သက်တာတွေေ ၊ သင်၏ ပေါင်းသင်း
ဆက်ဆံရေးတွေ ၊ သင်၏ အသက်မွေးဝမ်းကျောင်းမှု ၊ ပစ္စုပ္ပန် ၊ အနာဂတ်တွေ ၊ အပြစ်တရားကနေ
ခွင့်လွှတ်ခြင်း အကြောင်းတွေ ၊ နိစ္စထာဝရနှင့် ပတ်သက်ပြီး ပေးထားပါတယ်။ သို့ပေမဲ့ အဲဒီကတိတော်တွေကို
သင်ကမသိဘူးဆိုလျှင် အဲဒီအရာတွေကို တောင်းဆိုလို့တော့ မရပါ။ နှုတ်ကပတ်တော်အားဖြင့် ဖော်ပြထားသော
ဘုရားသခင်၏ ကတိတော် တွေကို ဖြတ်သန်းနေတဲ့ အသက်တာတစ်လျှောက်မှာ သင်မသိဘူးဆိုလျှင် သင်၌
စိုးရိမ်ပူပန်စရာတွေဖြင့်သာ ပြည့်နှက်နေပါလိမ့်မည်။
ကြောက်ရွံ့ခြင်းတွေကို
ကျော်လွန်ဖို့ရန် ဘုရားသခင် သင့်အသက်တာအတွက် ပေးထားခဲ့တဲ့ ကတိတော်တွေကို သင်သိသင့်ပါတယ်၊
ယုံကြည်သင့်ပါတယ်။ သတိရသင့်ပါတယ်။ ဒါတွေသည် မာရိကို ယုံကြည်စိတ်ချစေသော အရာပင် ဖြစ်ပါတယ်။
“ဧလိရှဗက်”
က ဤအရာကို သတိပြုမိခဲ့တယ်။ မာရိ ကသူ့ထံလာရောက်လှည်ပတ်စဉ်မှာ သူ မာရိကို ပြောခဲ့တယ်
- လုကာ ၁:၄၅ “ယုံကြည်သောမိန်းမသည်မင်္ဂလာရှိ၏။ အကြောင်းမူကား၊
ထိုမိန်းမအား ထာဝရဘုရားမိန့်တော်မူသော စကားသည် ပြည့်စုံလိမ့်မည်ဟု ကြီးသောအသံနှင့်
မြွက်ဆို၏။” ဘုရားသခင်သည် ကတိတော်တွေကို တည်မယ်ဆိုတာကို မာရိ ယုံကြည်ခဲ့တယ်။
အဲဒီအရာသည် အလွန်ကြောက်စရာကောင်းတဲ့အခြေအနေမှာပင် မာရိဆိုတဲ့ မိန်မငယ်လေး အတွက် ကြီးမားတဲ့
ယုံကြည်မှုကို ပေးတဲ့အရာဖြစ်ပါတယ်။ ဘုရားကတိတော်တည်မယ် ဆိုတာကို သူယုံကြည် နေခဲ့ပါတယ်။
သမ္မာကျမ်းစာတဲမှာ
အရေးကြီးဆုံးသော ကတိတော်ကို ဘုရားသခင်ပေးထားပါတယ်။ အဲဒါက သင်သေလွန်သွား တဲ့အခါ ခရစ္စမတ်ကာလမှာ
သားတော်ကိုစေလွှတ်တယ်ဆိုတာကို သင်ယုံကြည်ပါလျှင် ကောင်းကင် ဘုံသို့ သင်သွားရ ပါလိမ့်မည်။
ဒါသည် နိစ္စထာဝရအတွက် ကတိတော်ဖြစ်တယ်လို့ခေါ်တယ်။ ရှင်ယောဟန်
ခရစ်ဝင် ၃:၁၆ “ဘုရားသခင် ၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည်၊ ပျက်စီးခြင်းသို့မရောက်၊
ထာဝရ အသက်ကို ရစေခြင်းငှါ၊ ဘုရားသခင်သည် မိမိ၌ တပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင်
လောကီသားကို ချစ်တော်မူ၏။”
သို့ပေမဲ့
သခင်ခရစ်တော်သည် သင်၏အပြစ်တွေကို ဖြေလွှတ်ပေးရုံအတွက်သာ လောကသို့ကြွလာခြင်းမဟုတ်ပါ။
ယခု သင်ခံစားရတဲ့ ကြောက်ရွံ့ခြင်းတွေကိုပါ ဖယ်ရှားပေးဖို့ရန်လည်း ကြွလာခြင်းဖြစ်ပါတယ်။ ဟေဗြဲ ၂:၁၅ “သေဘေးကို
ကြောက်၍ တသက်လုံး ကျွန်ခံရသော သူတို့ကို ကယ်လွှတ်ခြင်းငှါ၎င်း၊ ထိုသူငယ်တို့၏ နည်းတူ
အသွေး အသားကို ဆောင်ယူတော်မူ၏။”
“O
Little Town of Bethlehem” သီချင်းလေးက ကျွန်ုပ်ကို အမှတ်ရစေတာက
“နှစ်များစွာ၏ မျှော်လင့်ခြင်းနှင့် ကြောက်ရွံခြင်းတွေအားလုံးတို့သည် ဤညမှာပင် ပြည့်နှက်နေသည်။
မျှော်လင့်ချက်တိုင်းသည်
ပြန်လည်အသက်ဝင်လာပြီ။ ကြောက်ရွံ့ခြင်းတွေသည်လည်း ကျရှုံးခဲ့ပြီ။ ဒါသည် ဤခရစ္စမတ်ကာလမှာ
သင်တောင်းဆိုနိုင်တဲ့ အကြီးမားဆုံးသော ကတိတော်ဖြစ်ပါတယ်။
ဆင်ခြင်ရန်
-သမ္မာကျမ်းစာမှ
မည်မျှသော ကတိတော်တွေကို သင်ပြောနိုင်မည်နည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်တွေကို အစဉ်တစိုက်
(သို့) ထိရောက်စွာ အလွှတ်ကျက်မှတ်ရန် ယနေ့ပင် သင်ဘာလုပ်နိုင်မည်နည်း။
-မည်သို့အခြေအနေမျိုးမှာ
ကြောက်စိတ်ထက် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဖို့လိုပါသနည်း။ ဘုရားသခင်က သင့်ကို ဘာကြောင့်
ကြောက်ရွံ့ခြင်း မရှိစေချင်သနည်း။
-------------------------------------------------------------------------
Zawgyi Version
ေၾကာက္႐ြံ႕ျခင္းမရွိပါႏွင့္။ ဘုရားသခင္၏ ကတိေတာ္ေတြကို အမွတ္ရပါ။
လုကာ ၁:၄၅ “ယုံၾကည္ေသာမိန္းမသည္မဂၤလာရွိ၏။ အေၾကာင္းမူကား၊ ထိုမိန္းမအား ထာဝရဘုရားမိန္႔ေတာ္မူေသာ စကားသည္ ျပည့္စုံလိမ့္မည္ဟု ႀကီးေသာအသံႏွင့္ ႁမြက္ဆို၏။”
အကယ္၍မ်ား ကြၽႏ္ုပ္၌ အႀကီးစားခြဲစိတ္မႈ တစ္ခုျပဳဖို႔ရွိၿပီး စိုးရိမ္ေနခဲ့မႈကို တတ္ႏိုင္ခဲ့လွ်င္ အာမခံကုမၸဏီ၏ မူဝါဒေတြကို ဖတ္ၾကည့္ၿပီး က်င့္ထုံးေတြကိုက္ညီမလားဆိုတာကို ၾကည့္ပါမည္။ အာမခံကုမၸဏီက ကုသစရိတ္ကို ေပးေခ်ဖို႔ရန္ ကတိေပးပါလွ်င္ ကြၽႏုပ္စိုးရိမ္ေသာကေတြ (သို႔) ပူပန္မႈေတြ ျဖစ္လာလိမ့္မည္ မဟုတ္ပါ။
ယေန႔ ကြၽႏ္ုပ္တို႔ကမာၻရွိ လူေတြမ်ားစြာတို႔သည္ ေၾကာက္စိတ္ေတြ ၊ စိုးရိမ္စိတ္ေတြ ၊ ပူပန္ေနရျခင္းေတြသည္ သမၼာက်မ္းစာမွာရွိတဲ့ ဘုရားသခင္၏ ဩဝါဒ လမ္းၫႊန္ေပးမႈေတြကို မသိလို႔ျဖစ္ပါတယ္။ သမၼာက်မ္းစာထဲမွာ ဘုရားသခင္ထံမွ ကတိေတာ္ ၇၀၀၀ ထက္မက သင္၏က်န္းမာျခင္းႏွင့္ ပတ္သက္တာေတြေ ၊ သင္၏ ေပါင္းသင္း ဆက္ဆံေရးေတြ ၊ သင္၏ အသက္ေမြးဝမ္းေက်ာင္းမႈ ၊ ပစၥဳပၸန္ ၊ အနာဂတ္ေတြ ၊ အျပစ္တရားကေန ခြင့္လႊတ္ျခင္း အေၾကာင္းေတြ ၊ နိစၥထာဝရႏွင့္ ပတ္သက္ၿပီး ေပးထားပါတယ္။ သို႔ေပမဲ့ အဲဒီကတိေတာ္ေတြကို သင္ကမသိဘူးဆိုလွ်င္ အဲဒီအရာေတြကို ေတာင္းဆိုလို႔ေတာ့ မရပါ။ ႏႈတ္ကပတ္ေတာ္အားျဖင့္ ေဖာ္ျပထားေသာ ဘုရားသခင္၏ ကတိေတာ္ ေတြကို ျဖတ္သန္းေနတဲ့ အသက္တာတစ္ေလွ်ာက္မွာ သင္မသိဘူးဆိုလွ်င္ သင္၌ စိုးရိမ္ပူပန္စရာေတြျဖင့္သာ ျပည့္ႏွက္ေနပါလိမ့္မည္။
ေၾကာက္႐ြံ႕ျခင္းေတြကို ေက်ာ္လြန္ဖို႔ရန္ ဘုရားသခင္ သင့္အသက္တာအတြက္ ေပးထားခဲ့တဲ့ ကတိေတာ္ေတြကို သင္သိသင့္ပါတယ္၊ ယုံၾကည္သင့္ပါတယ္။ သတိရသင့္ပါတယ္။ ဒါေတြသည္ မာရိကို ယုံၾကည္စိတ္ခ်ေစေသာ အရာပင္ ျဖစ္ပါတယ္။
“ဧလိရွဗက္” က ဤအရာကို သတိျပဳမိခဲ့တယ္။ မာရိ ကသူ႔ထံလာေရာက္လွည္ပတ္စဥ္မွာ သူ မာရိကို ေျပာခဲ့တယ္ - လုကာ ၁:၄၅ “ယုံၾကည္ေသာမိန္းမသည္မဂၤလာရွိ၏။ အေၾကာင္းမူကား၊ ထိုမိန္းမအား ထာဝရဘုရားမိန္႔ေတာ္မူေသာ စကားသည္ ျပည့္စုံလိမ့္မည္ဟု ႀကီးေသာအသံႏွင့္ ႁမြက္ဆို၏။” ဘုရားသခင္သည္ ကတိေတာ္ေတြကို တည္မယ္ဆိုတာကို မာရိ ယုံၾကည္ခဲ့တယ္။ အဲဒီအရာသည္ အလြန္ေၾကာက္စရာေကာင္းတဲ့အေျခအေနမွာပင္ မာရိဆိုတဲ့ မိန္မငယ္ေလး အတြက္ ႀကီးမားတဲ့ ယုံၾကည္မႈကို ေပးတဲ့အရာျဖစ္ပါတယ္။ ဘုရားကတိေတာ္တည္မယ္ ဆိုတာကို သူယုံၾကည္ ေနခဲ့ပါတယ္။
သမၼာက်မ္းစာတဲမွာ အေရးႀကီးဆုံးေသာ ကတိေတာ္ကို ဘုရားသခင္ေပးထားပါတယ္။ အဲဒါက သင္ေသလြန္သြား တဲ့အခါ ခရစၥမတ္ကာလမွာ သားေတာ္ကိုေစလႊတ္တယ္ဆိုတာကို သင္ယုံၾကည္ပါလွ်င္ ေကာင္းကင္ ဘုံသို႔ သင္သြားရ ပါလိမ့္မည္။ ဒါသည္ နိစၥထာဝရအတြက္ ကတိေတာ္ျဖစ္တယ္လို႔ေခၚတယ္။ ရွင္ေယာဟန္ ခရစ္ဝင္ ၃:၁၆ “ဘုရားသခင္ ၏သားေတာ္ကို ယုံၾကည္ေသာသူအေပါင္းတို႔သည္၊ ပ်က္စီးျခင္းသို႔မေရာက္၊ ထာဝရ အသက္ကို ရေစျခင္းငွါ၊ ဘုရားသခင္သည္ မိမိ၌ တပါးတည္းေသာ သားေတာ္ကို စြန္႔ေတာ္မူသည္တိုင္ေအာင္ ေလာကီသားကို ခ်စ္ေတာ္မူ၏။”
သို႔ေပမဲ့ သခင္ခရစ္ေတာ္သည္ သင္၏အျပစ္ေတြကို ေျဖလႊတ္ေပး႐ုံအတြက္သာ ေလာကသို႔ႂကြလာျခင္းမဟုတ္ပါ။ ယခု သင္ခံစားရတဲ့ ေၾကာက္႐ြံ႕ျခင္းေတြကိုပါ ဖယ္ရွားေပးဖို႔ရန္လည္း ႂကြလာျခင္းျဖစ္ပါတယ္။ ေဟၿဗဲ ၂:၁၅ “ေသေဘးကို ေၾကာက္၍ တသက္လုံး ကြၽန္ခံရေသာ သူတို႔ကို ကယ္လႊတ္ျခင္းငွါ၎၊ ထိုသူငယ္တို႔၏ နည္းတူ အေသြး အသားကို ေဆာင္ယူေတာ္မူ၏။”
“O Little Town of Bethlehem” သီခ်င္းေလးက ကြၽႏ္ုပ္ကို အမွတ္ရေစတာက “ႏွစ္မ်ားစြာ၏ ေမွ်ာ္လင့္ျခင္းႏွင့္ ေၾကာက္႐ြံျခင္းေတြအားလုံးတို႔သည္ ဤညမွာပင္ ျပည့္ႏွက္ေနသည္။
ေမွ်ာ္လင့္ခ်က္တိုင္းသည္ ျပန္လည္အသက္ဝင္လာၿပီ။ ေၾကာက္႐ြံ႕ျခင္းေတြသည္လည္း က်ရႈံးခဲ့ၿပီ။ ဒါသည္ ဤခရစၥမတ္ကာလမွာ သင္ေတာင္းဆိုႏိုင္တဲ့ အႀကီးမားဆုံးေသာ ကတိေတာ္ျဖစ္ပါတယ္။
ဆင္ျခင္ရန္
-သမၼာက်မ္းစာမွ မည္မွ်ေသာ ကတိေတာ္ေတြကို သင္ေျပာႏိုင္မည္နည္း။ ဘုရားသခင္၏ ႏႈတ္ကပတ္ေတာ္ေတြကို အစဥ္တစိုက္ (သို႔) ထိေရာက္စြာ အလႊတ္က်က္မွတ္ရန္ ယေန႔ပင္ သင္ဘာလုပ္ႏိုင္မည္နည္း။
-မည္သို႔အေျခအေနမ်ိဳးမွာ ေၾကာက္စိတ္ထက္ ကိုယ့္ကိုယ္ကို ယုံၾကည္မႈရွိဖို႔လိုပါသနည္း။ ဘုရားသခင္က သင့္ကို ဘာေၾကာင့္ ေၾကာက္႐ြံ႕ျခင္း မရွိေစခ်င္သနည္း။