God’s Power Always Protects You

Unicode Version


ဘုရားသခင်၏ တန်ခိုးတော်သည် သင့်အားအမြဲတမ်းကာကွယ်ပေးသည်။
ရှင်ပေတရု ပဌမစောင် ၁:၅ “ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ တန်ခိုးတော်သည် စောင့်ရှောက်တော်မူသော သင်တို့အဘို့ ကောင်းကင်ဘုံ၌ သိုထားလျက်ရှိသောအမွေတည်း။”

ဘုရားသခင်သည်သည် သင့်ကို ကိုယ်ရံတော်ကဲ့သို့ပင် နေ့စဉ်နေ့တိုင်း အချိန်တိုင်းမှာ စောင့်ကြည့်နေပါတယ်။ ဘဝ၌ရှိသော ခက်ခဲ့သောအရာခပ်သိမ်းသည် သင့်၏အပြစ်ကြောင့် (သို့) သူတစ်ပါးအပြစ်ကြောင့်ဖြစ်စေ ဘုရားသခင်သည် အဲဒီအရာတွေကို ကောင်းကျိုးအတွက် အသုံးပြုနိုင်ပါတယ်။
အဓိပ္ပါယ်က ဘုရားသခင်သင့်ကို ကာကွယ်ပေးခြင်းဖြစ်တယ်။ ရှင်ပေတရု ပဌမစောင် ၁:၅ “ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ တန်ခိုးတော်သည် စောင့်ရှောက်တော်မူသော သင်တို့အဘို့ ကောင်းကင်ဘုံ၌ သိုထားလျက်ရှိသော အမွေတည်း။”

သင့်ကိုယ်သင် စွမ်းအားပျောက်ကွယ်ခြင်း ၊ မျှော်လင့်ချက်မဲ့သွားခြင်း ၊ အကူအညီမဲ့ဖြစ်ခြင်း အခြေအနေတွေကို ပြန်မြင်နေရတဲ့အချိန်အခါတွင် အဲဒီအရာအားလုံးတို့သည် မုသားတွေဖြစ်ကြပါတယ်။ သင်၏အသက်တာ၌ ဘုရားသခင်ရှိပါက သင်၌ မျှော်လင့်ချက်တွေ ရှိပါတယ်၊ အကူအညီတွေ ၊ စွမ်းအားတွေမဲ့မသွားပါဘူး။

အိမ်တစ်လုံးရှေ့မှာ “လုံခြုံရေးစနစ်ဖြင့်ကာကွယ်ထားသည်” လို့ဆိုင်းဘုတ်တွေ့ဖူးပါသလား။ ကျွန်ုပ်တို့အား “ဘုရားသခင် ကာကွယ်ပေးထားသည်” ဆိုတဲ့ ဆိုင်းဘုတ်အဖြစ် သတိပေးဖို့ရန် လိုကောင်းလိုနေမည်။

ရှင်ပေတရုဩဝါဒစာ တွင် ကာကွယ်ခြင်းဆိုတာ စကားလုံးအဓိပ္ပါယ်သည် တပ်ချကာကွယ်ခြင်းဖြစ်ပါတယ်။ တပ်မတော်အဖွဲ့ချုပ်ကနေ တပ်သားတွေကို မြို့ကို ကာကွယ်ပေးဖို့ အမိန့်ပေးခြင်းကို ရည်ညွှန်းပါတယ်။  တပ်ချထား သော မြို့သည် အစောင့်များဖြင့်ကာကွယ်မှုရှိနေသည်။ ထိုနည်းတူစွာပင် သင်သည်လည်း ဘုရားသခင်အားဖြင့် အစဉ် မပြတ် ကာကွယ်ထားခြင်ခံရသည်။

သင်လုပ်ဆောင်သင့်သောအရာမှာ ဘုရားသခင်၏ ကာကွယ်ခြင်းကို သစ္စာရှိစွာ ယုံကြည့်ဖို့ရန်ဖြစ်ပါတယ်။

ဆင်ခြင်ရန်
- ဘုရားသခင်၏ကာကွယ်မှုက သင်၏အသက်တာတွင် မည်ကဲ့သို့ အကျိုးသက်ရောက်တယ်ဆိုတာကိုမြင်ခဲ့ပါသနည်း။

-သင်၏ အသက်တာအခန်းကဏ္ဍတိုင်း၌ ဘုရားသခင်၏ကာကွယ်မှုကို သင်ယုံကြည်ပါသလား။ ဘာကြောင့်လဲ။


---------------------------------------------------------------------------------


Zawgyi Version


ဘုရားသခင္၏ တန္ခိုးေတာ္သည္ သင့္အားအၿမဲတမ္းကာကြယ္ေပးသည္။
ရွင္ေပတ႐ု ပဌမေစာင္ ၁:၅ “ယုံၾကည္ျခင္းအားျဖင့္ ဘုရားသခင္၏ တန္ခိုးေတာ္သည္ ေစာင့္ေရွာက္ေတာ္မူေသာ သင္တို႔အဘို႔ ေကာင္းကင္ဘုံ၌ သိုထားလ်က္ရွိေသာအေမြတည္း။”

ဘုရားသခင္သည္သည္ သင့္ကို ကိုယ္ရံေတာ္ကဲ့သို႔ပင္ ေန႔စဥ္ေန႔တိုင္း အခ်ိန္တိုင္းမွာ ေစာင့္ၾကည့္ေနပါတယ္။ ဘဝ၌ရွိေသာ ခက္ခဲ့ေသာအရာခပ္သိမ္းသည္ သင့္၏အျပစ္ေၾကာင့္ (သို႔) သူတစ္ပါးအျပစ္ေၾကာင့္ျဖစ္ေစ ဘုရားသခင္သည္ အဲဒီအရာေတြကို ေကာင္းက်ိဳးအတြက္ အသုံးျပဳႏိုင္ပါတယ္။

အဓိပၸါယ္က ဘုရားသခင္သင့္ကို ကာကြယ္ေပးျခင္းျဖစ္တယ္။ ရွင္ေပတ႐ု ပဌမေစာင္ ၁:၅ “ယုံၾကည္ျခင္းအားျဖင့္ ဘုရားသခင္၏ တန္ခိုးေတာ္သည္ ေစာင့္ေရွာက္ေတာ္မူေသာ သင္တို႔အဘို႔ ေကာင္းကင္ဘုံ၌ သိုထားလ်က္ရွိေသာ အေမြတည္း။”

သင့္ကိုယ္သင္ စြမ္းအားေပ်ာက္ကြယ္ျခင္း ၊ ေမွ်ာ္လင့္ခ်က္မဲ့သြားျခင္း ၊ အကူအညီမဲ့ျဖစ္ျခင္း အေျခအေနေတြကို ျပန္ျမင္ေနရတဲ့အခ်ိန္အခါတြင္ အဲဒီအရာအားလုံးတို႔သည္ မုသားေတြျဖစ္ၾကပါတယ္။ သင္၏အသက္တာ၌ ဘုရားသခင္ရွိပါက သင္၌ ေမွ်ာ္လင့္ခ်က္ေတြ ရွိပါတယ္၊ အကူအညီေတြ ၊ စြမ္းအားေတြမဲ့မသြားပါဘူး။

အိမ္တစ္လုံးေရွ႕မွာ “လုံၿခဳံေရးစနစ္ျဖင့္ကာကြယ္ထားသည္” လို႔ဆိုင္းဘုတ္ေတြ႕ဖူးပါသလား။ ကြၽႏ္ုပ္တို႔အား “ဘုရားသခင္ ကာကြယ္ေပးထားသည္” ဆိုတဲ့ ဆိုင္းဘုတ္အျဖစ္ သတိေပးဖို႔ရန္ လိုေကာင္းလိုေနမည္။

ရွင္ေပတ႐ုဩဝါဒစာ တြင္ ကာကြယ္ျခင္းဆိုတာ စကားလုံးအဓိပၸါယ္သည္ တပ္ခ်ကာကြယ္ျခင္းျဖစ္ပါတယ္။ တပ္မေတာ္အဖြဲ႕ခ်ဳပ္ကေန တပ္သားေတြကို ၿမိဳ႕ကို ကာကြယ္ေပးဖို႔ အမိန႔္ေပးျခင္းကို ရည္ၫႊန္းပါတယ္။  တပ္ခ်ထား ေသာ ၿမိဳ႕သည္ အေစာင့္မ်ားျဖင့္ကာကြယ္မႈရွိေနသည္။ ထိုနည္းတူစြာပင္ သင္သည္လည္း ဘုရားသခင္အားျဖင့္ အစဥ္ မျပတ္ ကာကြယ္ထားျခင္ခံရသည္။

သင္လုပ္ေဆာင္သင့္ေသာအရာမွာ ဘုရားသခင္၏ ကာကြယ္ျခင္းကို သစၥာရွိစြာ ယုံၾကည့္ဖို႔ရန္ျဖစ္ပါတယ္။

ဆင္ျခင္ရန္
- ဘုရားသခင္၏ကာကြယ္မႈက သင္၏အသက္တာတြင္ မည္ကဲ့သို႔ အက်ိဳးသက္ေရာက္တယ္ဆိုတာကိုျမင္ခဲ့ပါသနည္း။
-သင္၏ အသက္တာအခန္းက႑တိုင္း၌ ဘုရားသခင္၏ကာကြယ္မႈကို သင္ယုံၾကည္ပါသလား။ ဘာေၾကာင့္လဲ။