Before You Chose God, He Chose You
Unicode Version
ဘုရားသခင်ကို သင်မရွေးချယ်ခင် သင့်အား ဘုရားကရွေးချယ်ပြီးဖြစ်သည်။
ရှင်ပေတရုဩဝါဒစာ ပဌမစောင ၁:၁ “ပုန္တုပြည်၊ ဂလာတိပြည်၊ ကပ္ပဒေါကိပြည်၊ အာရှိပြည်၊ ဗိသုနိပြည်၊ အရပ်ရပ်တို့၌ ကွဲပြားသော ဧည့်သည်အာဂန္တုတို့ကို ကြားလိုက်ပါ၏။ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌များပြား ပါစေသော။
ကျိုးပဲ့နေတဲ့ကျွန်ုပ်တို့ကမ္ဘာကြီးမှာ လူတော်တော်များများမေးတတ်ကြတာက “ဤအချိန်မှာ အရာရာ မသမတ်တည်း သိပ်မသွားတာ ဘာကြောင့်ဖြစ်ရသလဲ” ၊ “မျှော်လင့်ချက်ရှိပါသလား” ဆိုတာ သိချင်ကြပါတယ်။
မျှော်လင့်ခြင်းက မုချလိုအပ်သောအရာဖြစ်တယ်။
သင်နှင့်ကျွနုပ်သည် အကြောင်းမြင်ခြင်းဖြစ်ရုံသာမဟုတ် စစ်မှန်သော မျှော်လင့်ခြင်းတွေကို လိုအပ်တယ်။ အကြောင်းမြင်ခြင်းဆိုတာ စိတ်ပိုင်းဆိုင်ရာဖြစ်ပြီး သင်တွေးထင်တဲ့အတိုင်း မူတည်နေပါတယ်။ မျှော်လင့်ခြင်းက ဘာသာရေး ယုံကြည်မှုဆိုင်ရာ လေ့လာခြင်းမျိုးဖြစ်ပြီး ဘုရားသခင်က မည်သို့သောပုဂိ္ဂုလ်ဖြစ်သနည်း ၊ သင်နှင့် ဘုရားသခင်ကြား ပေါင်းသင်းဆက်ဆံရေးပေါ်မူတည်ပါတယ်။
အကောင်းမြင်ခြင်းက (+) အပေါင်းလက္ခဏာ အတွေးများဖြစ်တယ်။ မျှော်လင့်ခြင်းကတော့ ယုံကြည်ခြင်း၌ ပြင်းပြမှုဖြစ်ခြင်းကို ဆိုလိုသည်။
ရှင်ပေတရု ပဌမစာစောင်သည် မျှော်လင့်ခြင်းနှင့်ဆိုင်သောအရာကို ဖော်ပြထားပြီး ရောမအင်ပါယာတွင် ညှဉ်းပန်း နှိပ်စက်ခံရသော ယုံကြည်သူတွေထံ ရှင်ပေတရု ရေးသားထားခြင်းဖြစ်ပါတယ်။ အခြေခံကျတဲ့ မျှော်လင့်ချက်တစ်ခုကို ကျွန်ုပ်တို့ရရှိနိုင်တဲ့ အကြောင်းရင်းတစ်ခုကို သူပြောခဲ့ပါတယ်။ ဒါသည် ဘုရားသခင်ကို ကျွန်ုပ်တို့ မရွေးချယ်ခင်မှာ ကျွန်ုပ်တို့ကို ဘုရားက ရွေးချယ်ပြီးဖြစ်တယ်။
ရှင်ပေတရုဩဝါဒစာ ပဌမစောင ၁:၁ “ပုန္တုပြည်၊ ဂလာတိပြည်၊ ကပ္ပဒေါကိပြည်၊ အာရှိပြည်၊ ဗိသုနိပြည်၊ အရပ်ရပ်တို့၌ ကွဲပြားသော ဧည့်သည်အာဂန္တုတို့ကို ကြားလိုက်ပါ၏။ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌များပြား ပါစေသော။
သင်၏ကယ်တင်ခြင်းက မတော်တဆ ဖြစ်လာခြင်းမဟုတ်ပါ။ ဘုရားသခင်ကို မရွေးချယ်ခင်ကတည်းက ဘုရားသခင်သည် သင့်ကို ရှေးမဆွတည်းက ရွေးချယ်ပြီးဖြစ်တယ်။ ဒါသည် သူ၏ အကြံအစည်ဖြစ်တယ်။ စကြာဝဌာကို မဖန်ဆင်းခင်ကတည်းက သင့်ကို ဖန်ဆင်းဖို့ ဘုရားသခင် ဆုံးဖြတ်ပြီးဖြစ်တယ်။
ဘုရားသခင်၏ ရည်ရွယ်ချက်အတိုင်း သင်ရွေးချယ်ခံရခြင်းဖြစ်ပါတယ်။ သင့်အသက်တာအားဖြင့် ဘုရားရှင်၌ ရည်ရွယ်ချက်ရှိပြီးဖြစ်တယ်။ ကောင်းကင်ဘုံအတွက် သင့်ကို သန့်ရှင်းမွန်မြတ်စေချင်တယ်။
ရိုးရှင်းသော အမှန်တရားက သင့်ကို မျှော်လင့်ခြင်းပေးနိုင်သည်ကို နားလည်ပါ။
အမြင့်မြတ်ဆုံးသော ဘွဲ့ထူး ၊ ဂုဏ် တွေကို သင်ရရှိနိုင်ခြင်းအရာက - ဘုရားသခင်သည် သူ့နှင့်အတူ နိစ္စထာဝရတွင် အတူရှိစေဖို့ရန် သင့်ကို ဖိတ်ခေါ်ပါသည်။ ဒါသည် ကြီးမားတဲ့ ပါဝင်မှုကြီးတစ်ခုပါ။
အသက်တာမှာ ဘာတွေဘဲဖြစ်နေပါစေ ဤဖိတ်ခေါ်မှုကြောင့်ပင် ကျွန်ုပ်တို့တွေ မျှော်လင့်ချက် ရရှိနိုင်ပြီဖြစ်သည်။
ဆင်ခြင်ရန်
-      ယနေ့တွင် လူပေါင်းများစွာတို့ ဘာကြောင့်ရုန်းကန်လှုပ်ရှားနေရပါသနည်း။
-      ဘုရားသခင်အား ယခုပင် မည်ကဲ့သို့ ပြင်းပြစွာ ယုံကြည်းကိုးကွယ်မည်နည်း။
-      ဘုရားသခင် သင့်အားရွေးချယ်ပြီး မျှော်လင့်ခြင်းပေးခြင်းက  မည်သို့သော အမှန်တရားဖြစ်သနည်း။
---------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်