Are You Ready to Break out of Your Rut?

Unicode Version

သင်၏ သမရိုးကျ အသက်တာကနေ ခွဲထွက်ဖို့ အဆင့်သင့်ရှိလား။

မာကု ၅:၂၅ “ထိုအခါ တဆယ်နှစ်နှစ်ပတ်လုံး သွေးသွန်အနာ စွဲသောကြောင့်၊”  မာကု ၅:၂၅-၂၉ “ယေရှု၏သိတင်းတော်ကို ကြားသည်ရှိသော်၊ ငါသည် အဝတ်တော်ကိုသာတို့လျှင် ချမ်းသာရမည်ဟု ဆိုသည်နှင့်၊ လူအစုအဝေးထဲ၌ နောက်တော်သို့ လာ၍အဝတ်တော်ကို တို့လေ၏။ ထိုခဏခြင်းတွင် အသွေးစုဝေးရာ ခန်းချောက်သည်ဖြစ်၍၊ ထိုရောဂါနှိပ်စက်ခြင်းနှင့် ကင်းလွတ်ပြီဟု မိမိကိုယ်၌သိလေ၏။ ”

သမ္မာကျမ်းစွာက မာကု ၅ တွင် ၁၂ နှစ်ကြား သွေးသွန်နာဖြစ်သော အမျိုးသမီးတစ်ဉီးအကြောင်းကို ပြောထားပါ တယ်။ ဂျူးတို့၏ယဉ်ကျေးမှုအရ သူမကို မစင်ကြယ်တဲ့ အခြေအနေကို ဖြစ်စေခဲ့ပါတယ်။ အဓိပ္ပါယ်က သူမမှာ လူမှုဆက်ဆံရေးလုံးဝမရှိပါ။ တခြားသူတွေနှင့် အပြန်အလှန်အကျိုးပြုခြင်းတွေလည်း မရှိပါ။ သူမ ပြန်လည် ကျန်းမာဖို့အတွက် ငွေကြေးအားလုံးတို့ကို အသုံးပြုခဲ့ရပါတယ်။ သူမ ဘယ်လောက်တောင် အထီးကျန် နေမလဲ ဆိုတာကို သင်တွေးမြင်ကြည့်လိုက်ပါ။

တစ်နေ့တွင် သူတို့ရွာသို့ သခင်ခရစ်တော်ကြွလာမည်ဟု သူမကြားခဲ့ရတယ်။ “သခင်၏ ဝတ်ရုံကို တို့လိုက်နိုင်လျှင် ငါ၏ရောဂါ ပျောက်ကင်းမည်” လို့သူမ ဆိုပါတယ်။ ဒါကြောင့် သူမသည် အစပြုကာ ရဲရင့်ခြင်းဖြင့် လုပ်ဆောင်ပါတော့တယ်။ ခရစ်တော်နောက်လိုက်တဲ့ လူအုပ်ကြီးထဲကနေ သူမ၏လမ်းကြောင်းကို တိုးကာ သခင်ခရစ်တော်၏ ဝတ်ရုံ ကို နောက်ကနေ တို့လိုက်ပါတယ်။ သူမ ချက်ချင်း ရောဂါပျောက်ကင်းသွားခဲ့ပါတယ်။

သခင်ခရစ်တော်က သူ့အား ယုံကြည်ခြင်းဖြင့်တို့ထိခြင်းကို သတိထားမိလိုက်ပါတယ်။ “မည်သူငါ့ကို တို့သနည်း” လို့မေးလိုက်တယ်။ လူတွေက သခင့်အနားမှာ ဖိအားပေးနေကြတယ်။ တပည့်တော်တွေက တစ်ခါတစ်ရံ လူအုပ်ကြီးကြောင့် စိတ်ရှုပ်ထွေးတတ်ကြတယ်၊ ဒါကြောင့် ပေတရုက “သခင်ကြည့်ပါ၊ သခင့်ဘေးမှာ လူတွေ အများကြီးဝန်းရံနေတာကို “မည်သူ ငါ့ကို တို့သနည်း” ဟုဆိုခြင်းက မည်သို့သောအဓိပ္ပါယ်နည်း။

သို့ပေမဲ့ သခင်ခရစ်တော်က ထူးခြားတာကို သိလိုတယ်၊ သွေးသွန်နာခံစားခဲ့ရတဲ့ အမျိုးသမီးသည် သခင် ခရစ်တော်ဆီသို့ ကြောက်ရွံ့စွာ တုန်တုန်ယင်ယင်ဖြင့် “ကျွန်မ တို့ခဲ့ပါတယ် သခင်” လို့ဆိုတဲ့အခါ ခရစ်တော်က “သမီး … သင့်၏ယုံကြည်ခြင်းသည် သင့်ရောဂါကို ပျောက်ကင်းစေပြီ” လို့ဆိုပါတယ်။

ဤအမျိုးသမီးသည် ယုံကြည်ခြင်း၌ ရဲဝံ့စွာဖြင့် လုပ်ဆောင်ခဲ့တယ်။ သူမသည် စည်းမျဉ်းတွေချိုးဖောက်ပြီး နယ်နိမိတ်ကျော်လွန်စွာ ပြုခဲ့တယ်။ သူမ နောက်ထပ်တစ်ကြိမ်လုပ်ဆောင်ရန် အဆင်သင့်ဖြစ်ပြီဟု ဆုံးဖြတ်ခဲ့ပြီး လုပ်ဆောင်မှုအတွက် သူ့ကိုယ်သူ ဝန်ခံခဲ့ပါတယ်။ လူထုကြီးကိုဖြတ်ကျော်ပြီး ရှေ့သို့တိုးဝှေ့ခဲ့ခြင်းက သူမ၏ယုံကြည်ခြင်းက သူမကို ပျောက်ကင်းစေတယ်ဆိုတဲ့ အရာကို လက်ကိုင်ထားလို့ဖြစ်တယ်။

ယုံကြည်ခြင်းက သင့်အသက်တာ၌တူညီသော အံ့ဖွယ်ရလဒ်တွေကို ဖြစ်ပေါ်စေနိုင်တယ်။ သမရိုးကျ အခြေအနေ မှာ  သောင်တင်နေတဲ့အခါ ယုံကြည်ခြင်းသည် နှောင့်နှေးကြန့်ကြာခြင်းကို ကျော်လွန်ကာ ဂီယာ လည်သလို အသက်တာကို ကူညီပေးသကဲ့သို့ ဖြစ်စေသည်။ ဤအရာသည် ဘုရားသခင်အလိုရှိတော်မူသော အသက်တာကို  ပို့ဆောင်ပေးမည့် ပထမဉီးဆုံးခြေလှမ်းကို လှမ်းနိုင်ဖို့ရန် စွမ်းအားပေးပါတယ်။  ရှေ့တိုးနောက်ဆုတ်အသက်တာ နှင့် အရည်မရ အဖတ်မရ အသက်တာ နောက်ထပ်မရှိတော့ပါ။ ခြံစည်ရိုးမှာ ငုတ်တုတ်ထိုင်ရခြင်းတွေ နောက်ထပ် မရှိတော့ပါ။

ယုံကြည်ခြင်း၌ သင် ကြီးထွားလာတဲ့အခါ သင်၏ပင်ကိုယ်စွမ်းရည်ကို မည်သို့ ယူဆောင်ရမလဲဆိုတာကို သင် လေ့လာ ပါလိမ့်မည်။ ပြီးတော့ သင့်အသက်တာ၏ ရည်ရွယ်ချက်တွေကို ပိုပြီး ရှာဖွေနေမည်ဖြစ်သည်။

ဆင်ခြင်ရန်
- ယုံကြည်ခြင်းအရာမှာ ကြီးထွားဖွံ့ဖြိုးလာဖို့ရန် သင် အစပြုလုပ်ဆောင်ဖူးပါသလား။ ရလဒ်ကား မည်သို့နည်း။
- နှောင့်နှေးခြင်းက သင့်ကို ဝိညာဉ်ရေးရာတွင် တိုးတက်အောင် မည်သို့ တားဆီးနေသနည်း။

- သင်၏ ယုံကြည်ခြင်း၌ အစပြုမှုကို ဖော်ပြရန် ယနေ့သင်လုပ်နိုင်မည့် တိကျတဲ့ ခြေလှမ်းအဆင့်တစ်ခုကား မည်သို့နည်း။

---------------------------------------------------------------------------------


Zawgyi Version

သင္၏ သမ႐ိုးက် အသက္တာကေန ခြဲထြက္ဖို႔ အဆင့္သင့္ရွိလား။

မာကု ၅:၂၅ “ထိုအခါ တဆယ္ႏွစ္ႏွစ္ပတ္လုံး ေသြးသြန္အနာ စြဲေသာေၾကာင့္၊”  မာကု ၅:၂၅-၂၉ “ေယရႈ၏သိတင္းေတာ္ကို ၾကားသည္ရွိေသာ္၊ ငါသည္ အဝတ္ေတာ္ကိုသာတို႔လွ်င္ ခ်မ္းသာရမည္ဟု ဆိုသည္ႏွင့္၊ လူအစုအေဝးထဲ၌ ေနာက္ေတာ္သို႔ လာ၍အဝတ္ေတာ္ကို တို႔ေလ၏။ ထိုခဏျခင္းတြင္ အေသြးစုေဝးရာ ခန္းေခ်ာက္သည္ျဖစ္၍၊ ထိုေရာဂါႏွိပ္စက္ျခင္းႏွင့္ ကင္းလြတ္ၿပီဟု မိမိကိုယ္၌သိေလ၏။ ”

သမၼာက်မ္းစြာက မာကု ၅ တြင္ ၁၂ ႏွစ္ၾကား ေသြးသြန္နာျဖစ္ေသာ အမ်ိဳးသမီးတစ္ဉီးအေၾကာင္းကို ေျပာထားပါ တယ္။ ဂ်ဴးတို႔၏ယဥ္ေက်းမႈအရ သူမကို မစင္ၾကယ္တဲ့ အေျခအေနကို ျဖစ္ေစခဲ့ပါတယ္။ အဓိပၸါယ္က သူမမွာ လူမႈဆက္ဆံေရးလုံးဝမရွိပါ။ တျခားသူေတြႏွင့္ အျပန္အလွန္အက်ိဳးျပဳျခင္းေတြလည္း မရွိပါ။ သူမ ျပန္လည္ က်န္းမာဖို႔အတြက္ ေငြေၾကးအားလုံးတို႔ကို အသုံးျပဳခဲ့ရပါတယ္။ သူမ ဘယ္ေလာက္ေတာင္ အထီးက်န္ ေနမလဲ ဆိုတာကို သင္ေတြးျမင္ၾကည့္လိုက္ပါ။

တစ္ေန႔တြင္ သူတို႔႐ြာသို႔ သခင္ခရစ္ေတာ္ႂကြလာမည္ဟု သူမၾကားခဲ့ရတယ္။ “သခင္၏ ဝတ္႐ုံကို တို႔လိုက္ႏိုင္လွ်င္ ငါ၏ေရာဂါ ေပ်ာက္ကင္းမည္” လို႔သူမ ဆိုပါတယ္။ ဒါေၾကာင့္ သူမသည္ အစျပဳကာ ရဲရင့္ျခင္းျဖင့္ လုပ္ေဆာင္ပါေတာ့တယ္။ ခရစ္ေတာ္ေနာက္လိုက္တဲ့ လူအုပ္ႀကီးထဲကေန သူမ၏လမ္းေၾကာင္းကို တိုးကာ သခင္ခရစ္ေတာ္၏ ဝတ္႐ုံ ကို ေနာက္ကေန တို႔လိုက္ပါတယ္။ သူမ ခ်က္ခ်င္း ေရာဂါေပ်ာက္ကင္းသြားခဲ့ပါတယ္။

သခင္ခရစ္ေတာ္က သူ႔အား ယုံၾကည္ျခင္းျဖင့္တို႔ထိျခင္းကို သတိထားမိလိုက္ပါတယ္။ “မည္သူငါ့ကို တို႔သနည္း” လို႔ေမးလိုက္တယ္။ လူေတြက သခင့္အနားမွာ ဖိအားေပးေနၾကတယ္။ တပည့္ေတာ္ေတြက တစ္ခါတစ္ရံ လူအုပ္ႀကီးေၾကာင့္ စိတ္ရႈပ္ေထြးတတ္ၾကတယ္၊ ဒါေၾကာင့္ ေပတ႐ုက “သခင္ၾကည့္ပါ၊ သခင့္ေဘးမွာ လူေတြ အမ်ားႀကီးဝန္းရံေနတာကို “မည္သူ ငါ့ကို တို႔သနည္း” ဟုဆိုျခင္းက မည္သို႔ေသာအဓိပၸါယ္နည္း။

သို႔ေပမဲ့ သခင္ခရစ္ေတာ္က ထူးျခားတာကို သိလိုတယ္၊ ေသြးသြန္နာခံစားခဲ့ရတဲ့ အမ်ိဳးသမီးသည္ သခင္ ခရစ္ေတာ္ဆီသို႔ ေၾကာက္႐ြံ႕စြာ တုန္တုန္ယင္ယင္ျဖင့္ “ကြၽန္မ တို႔ခဲ့ပါတယ္ သခင္” လို႔ဆိုတဲ့အခါ ခရစ္ေတာ္က “သမီး … သင့္၏ယုံၾကည္ျခင္းသည္ သင့္ေရာဂါကို ေပ်ာက္ကင္းေစၿပီ” လို႔ဆိုပါတယ္။

ဤအမ်ိဳးသမီးသည္ ယုံၾကည္ျခင္း၌ ရဲဝံ့စြာျဖင့္ လုပ္ေဆာင္ခဲ့တယ္။ သူမသည္ စည္းမ်ဥ္းေတြခ်ိဳးေဖာက္ၿပီး နယ္နိမိတ္ေက်ာ္လြန္စြာ ျပဳခဲ့တယ္။ သူမ ေနာက္ထပ္တစ္ႀကိမ္လုပ္ေဆာင္ရန္ အဆင္သင့္ျဖစ္ၿပီဟု ဆုံးျဖတ္ခဲ့ၿပီး လုပ္ေဆာင္မႈအတြက္ သူ႔ကိုယ္သူ ဝန္ခံခဲ့ပါတယ္။ လူထုႀကီးကိုျဖတ္ေက်ာ္ၿပီး ေရွ႕သို႔တိုးေဝွ႔ခဲ့ျခင္းက သူမ၏ယုံၾကည္ျခင္းက သူမကို ေပ်ာက္ကင္းေစတယ္ဆိုတဲ့ အရာကို လက္ကိုင္ထားလို႔ျဖစ္တယ္။

ယုံၾကည္ျခင္းက သင့္အသက္တာ၌တူညီေသာ အံ့ဖြယ္ရလဒ္ေတြကို ျဖစ္ေပၚေစႏိုင္တယ္။ သမ႐ိုးက် အေျခအေန မွာ  ေသာင္တင္ေနတဲ့အခါ ယုံၾကည္ျခင္းသည္ ေႏွာင့္ေႏွးၾကန႔္ၾကာျခင္းကို ေက်ာ္လြန္ကာ ဂီယာ လည္သလို အသက္တာကို ကူညီေပးသကဲ့သို႔ ျဖစ္ေစသည္။ ဤအရာသည္ ဘုရားသခင္အလိုရွိေတာ္မူေသာ အသက္တာကို  ပို႔ေဆာင္ေပးမည့္ ပထမဉီးဆုံးေျခလွမ္းကို လွမ္းႏိုင္ဖို႔ရန္ စြမ္းအားေပးပါတယ္။  ေရွ႕တိုးေနာက္ဆုတ္အသက္တာ ႏွင့္ အရည္မရ အဖတ္မရ အသက္တာ ေနာက္ထပ္မရွိေတာ့ပါ။ ၿခံစည္႐ိုးမွာ ငုတ္တုတ္ထိုင္ရျခင္းေတြ ေနာက္ထပ္ မရွိေတာ့ပါ။

ယုံၾကည္ျခင္း၌ သင္ ႀကီးထြားလာတဲ့အခါ သင္၏ပင္ကိုယ္စြမ္းရည္ကို မည္သို႔ ယူေဆာင္ရမလဲဆိုတာကို သင္ ေလ့လာ ပါလိမ့္မည္။ ၿပီးေတာ့ သင့္အသက္တာ၏ ရည္႐ြယ္ခ်က္ေတြကို ပိုၿပီး ရွာေဖြေနမည္ျဖစ္သည္။

ဆင္ျခင္ရန္
- ယုံၾကည္ျခင္းအရာမွာ ႀကီးထြားဖြံ႕ၿဖိဳးလာဖို႔ရန္ သင္ အစျပဳလုပ္ေဆာင္ဖူးပါသလား။ ရလဒ္ကား မည္သို႔နည္း။
- ေႏွာင့္ေႏွးျခင္းက သင့္ကို ဝိညာဥ္ေရးရာတြင္ တိုးတက္ေအာင္ မည္သို႔ တားဆီးေနသနည္း။
- သင္၏ ယုံၾကည္ျခင္း၌ အစျပဳမႈကို ေဖာ္ျပရန္ ယေန႔သင္လုပ္ႏိုင္မည့္ တိက်တဲ့ ေျခလွမ္းအဆင့္တစ္ခုကား မည္သို႔နည္း။