Your Kids Need Your Compassion

Unicode Version


သင်၏ကလေးများသည် သင်၏ချစ်ခြင်ကြင်နာပေးမှုကို လိုအပ်သည်။
ရှင်ယောဟန်ပဌမစောင် ၄:၇ “ချစ်သူတို့၊ ငါတို့သည် အချင်းချင်းချစ်ကြကုန်အံ့၊ အကြောင်းမူကား၊ ချစ်ချင်းမေတ္တာသည် ဘုရားသခင်နှင့် စပ်ဆိုင်၏။ ချစ်တတ်သောသူမည်သည်ကား၊ ဘုရားသခင် ဖြစ်ဘွားစေတော် မူသောသူဖြစ်၏။ ဘုရားသခင်ကို သိသောသူလည်းဖြစ်၏။

ခိုင်ခံ့တဲ့မိသားစုဘဝကို တည်ဆောက်ခြင်းဖြစ်ဖို့နှင့် မိကောင်းဖခင်တွေဖြစ်ဖို့ဆိုလျှင် စာအုပ်တွင်ရှာဖွေစရာမလိုပါ (သို့) Online တွင်ရှာကြည့်စရာမလိုပါ။ မိဘအုပ်ထိန်းခြင်းဆိုင်ရာ အကောင်းဆုံးဖော်ပြရေးသားထားတဲ့စာအုပ်ထက် တခြား မှာ ထပ်ကြည့်စရာမလိုပါ။ အဲဒီစာအုပ်က ဘုရား၏နှုတ်ကပတ်တော် ၊ သမ္မာကျမ်းစာဖြစ်ပါတယ်။

ရှင်ယောဟန်ပဌမစောင် ၄:၇ “ချစ်သူတို့၊ ငါတို့သည် အချင်းချင်းချစ်ကြကုန်အံ့၊ အကြောင်းမူကား၊ ချစ်ချင်းမေတ္တာသည် ဘုရားသခင်နှင့် စပ်ဆိုင်၏။

ကလေးတွေသည် တခြားသောအရာတွေထက် မယိမ်းယိုင်သော ၊ ခြွင်းချက်မရှိသော မေတ္တာလိုအပ်ပါတယ်။ သူတို့အတွက် အကောင်း၊အဆိုးအားလုံးကို လက်ခံနိုင်သောနေရာမျိုးကို လိုအပ်ကြပါတယ်။

ချစ်ခြင်ကြင်နာပေးခြင်း ဆိုသည်မှာ မည်သို့နည်း။ ချစ်ခြင်းနှင့် နားလည်ခြင်းတို့ပေါင်းစပ်ထားမှု တစ်ခုပင်ဖြစ်ပြီး တစ်စုံတစ်ယောက်နှင့် ပတ်သက်တဲ့အရာအားလုံးကို သင်သိရှိခြင်းနှင့် အဲဒီပုဂိ္ဂုလ်ကို ဆက်ပြီး နှစ်သက်နေခြင်းဖြစ် ပါတယ်။

ချစ်ခြင်းမေတ္တာသည် သဘာဝမဟုတ်ပါ။ မေတ္တာပြချစ်ဖို့ကို လေ့လာသင်ယူရပါတယ်။ ဘဝမှာအတူနေဖို့ဖြစ်လာတဲ့ လူထက် စာလျှင် လေ့ကျင့်ရန်ကောင်းမွန်သောနေရာက မည်ကဲ့သို့ဖြစ်မည်နည်း။ သင်၏ မိသားစုဝင်တွေကို ချစ်တတ်ဖို့ လေ့လာနိုင်ပါလျှင် တခြားသူတွေကိုလည်း သင်ချစ်နိုင်ပါမည်။ ဘာကြောင့်လဲဆိုတော့ အနေနီးတဲ့သူတွေ ကို ချစ်ဖို့က လွယ်ကူပေမဲ့ သူတို့နဲ့အမြဲတမ်းအတူရှိနေတဲ့အခါ သင်အမြဲတမ်းအဆင်မပြေပါဘူး။ မိသားစုမှာ ချစ်ခြင်း မေတ္တာကို လေ့ကျင့်ပျိုးထောင်ပါလျှင် စစ်မှန်တဲ့ချစ်ခြင်းမေတ္တာကို သင် လေ့လာသင်ယူနေခြင်းဖြစ်ပါတယ်၊

ကျွန်ုပ်တို့၏ ကလေးတွေကို အကြိမ်ပေါင်းများစွာ ချစ်ကြပါတယ်၊ သို့ပေမဲ့ သူတို့လေးတွေ နားလည်နိုင်အောင်တော့ ကျွန်ုပ်တို့ မဖော်ပြကြပါ။ ကလေးတွေက ချစ်ခြင်းမေတ္တာကို နည်းလမ်း (၃) မျိုးနဲ့ နားလည်ကြပါတယ်။ ခင်တွယ်ခြင်း ၊ ရပ်တည်ပေးခြင်း ၊ ဂရုစိုက်ခြင်း တို့ဖြစ်ပါတယ်။

(၁) ခင်တွယ်ခြင်း
ကလေးများသည် များစွာသောပွေ့ဖက်ခြင်း ၊ ထိတွေ့နမ်းရှုပ်ခြင်းတွေကို လိုအပ်ကြပါတယ်။ သင်၏ချစ်ခြင်းမေတ္တာကို ခံစားရဖို့ သူတို့လိုအပ်ပါတယ်။

(၂) ရပ်တည်ပေးခြင်း
နေ့စဉ်နေ့တိုင်းမှာ သင်၏ကလေးတွေကို တစ်နေ့တစ်ကြိမ်ထက်ပိုကာ သူတို့အား မည်မျှချစ်ကြောင်းကို ပြောရန်လိုအပ်ပါတယ်။ အတည်ပြုပေးပါ။ ချစ်ခြင်းအားဖြင့် သူတို့လေးတွေကို တည်ဆောက်ပါ။

(၃) ဂရုစိုက်ခြင်း
သူတစ်ပါးကို သင် ပေးနိုင်သည့် အကြီးမြတ်ဆုံးသော လက်ဆောင်တစ်ခုမှာ သူတို့တွေကို နားထောင်ပေးခြင်းဖြစ်ပါ တယ်။ သင်သည် ကလေးတွေ၏ အရွယ်အလိုက် ကြည့်ပြီး “သင်သည် ငါ့အတွက် အရေးပါတယ်၊ သင်သည် ငါ့အတွက် အရေးကြီးတယ်၊ သင်ပြောတာကို ကြားချင်တယ်” လို့ပြောဆိုပြုမူခြင်းဖြင့် သင်၏ ချစ်ခင်ကြင်နာမှုကို ဖော်ပြခြင်း ဖြစ်ပါတယ်။

ဆင်ခြင်ရန်
-သင့်ကလေးများ၏ ချစ်ခြင်းမေတ္တာ ဖော်ပြခြင်းနှင့် လက်ခံခြင်းတို့ကို သင်မည်ကဲ့သို့သော ထူးခြားသောနည်းဖြင့် မြင်ပါသနည်း။
-နေ့စဉ်အသက်တာတွင် သင်၏ကလေးများကို ချစ်ခင်တွယ်တာမှု ၊ ရပ်တည်ပေးမှု နှင့် ဂရုစိုက်ပေးမှုတွေကို ပြသဖို့ရန် မည်ကဲ့သို့သော အလေ့အထများ နှင့် လုပ်ရိုးလုပ်စဉ်တွေကို သင်လေ့ကျင့်နိုင်မည်နည်း။

-သင်ကလေးမရှိပါလျှင် ၊ သင့်အသက်တာရှိ တူတွေ ၊ တူမတွေ ၊ အိမ်နီးချင်းကလေးတွေ (သို့) သူငယ်ချင်း၏က လေးတွေကို မည်ကဲ့သို့သော တာဝန်သိရှိခြင်းရှိမည်နည်း။

-------------------------------------------------------------------------------------------------------------------------

Zawgyi Version


သင္၏ကေလးမ်ားသည္ သင္၏ခ်စ္ျခင္ၾကင္နာေပးမႈကို လိုအပ္သည္။
ရွင္ေယာဟန္ပဌမေစာင္ ၄:၇ “ခ်စ္သူတို႔၊ ငါတို႔သည္ အခ်င္းခ်င္းခ်စ္ၾကကုန္အံ့၊ အေၾကာင္းမူကား၊ ခ်စ္ခ်င္းေမတၱာသည္ ဘုရားသခင္ႏွင့္ စပ္ဆိုင္၏။ ခ်စ္တတ္ေသာသူမည္သည္ကား၊ ဘုရားသခင္ ျဖစ္ဘြားေစေတာ္ မူေသာသူျဖစ္၏။ ဘုရားသခင္ကို သိေသာသူလည္းျဖစ္၏။”

ခိုင္ခံ့တဲ့မိသားစုဘဝကို တည္ေဆာက္ျခင္းျဖစ္ဖို႔ႏွင့္ မိေကာင္းဖခင္ေတြျဖစ္ဖို႔ဆိုလွ်င္ စာအုပ္တြင္ရွာေဖြစရာမလိုပါ (သို႔) Online တြင္ရွာၾကည့္စရာမလိုပါ။ မိဘအုပ္ထိန္းျခင္းဆိုင္ရာ အေကာင္းဆုံးေဖာ္ျပေရးသားထားတဲ့စာအုပ္ထက္ တျခား မွာ ထပ္ၾကည့္စရာမလိုပါ။ အဲဒီစာအုပ္က ဘုရား၏ႏႈတ္ကပတ္ေတာ္ ၊ သမၼာက်မ္းစာျဖစ္ပါတယ္။

ရွင္ေယာဟန္ပဌမေစာင္ ၄:၇ “ခ်စ္သူတို႔၊ ငါတို႔သည္ အခ်င္းခ်င္းခ်စ္ၾကကုန္အံ့၊ အေၾကာင္းမူကား၊ ခ်စ္ခ်င္းေမတၱာသည္ ဘုရားသခင္ႏွင့္ စပ္ဆိုင္၏။

ကေလးေတြသည္ တျခားေသာအရာေတြထက္ မယိမ္းယိုင္ေသာ ၊ ႁခြင္းခ်က္မရွိေသာ ေမတၱာလိုအပ္ပါတယ္။ သူတို႔အတြက္ အေကာင္း၊အဆိုးအားလုံးကို လက္ခံႏိုင္ေသာေနရာမ်ိဳးကို လိုအပ္ၾကပါတယ္။

ခ်စ္ျခင္ၾကင္နာေပးျခင္း ဆိုသည္မွာ မည္သို႔နည္း။ ခ်စ္ျခင္းႏွင့္ နားလည္ျခင္းတို႔ေပါင္းစပ္ထားမႈ တစ္ခုပင္ျဖစ္ၿပီး တစ္စုံတစ္ေယာက္ႏွင့္ ပတ္သက္တဲ့အရာအားလုံးကို သင္သိရွိျခင္းႏွင့္ အဲဒီပုဂိၢဳလ္ကို ဆက္ၿပီး ႏွစ္သက္ေနျခင္းျဖစ္ ပါတယ္။

ခ်စ္ျခင္းေမတၱာသည္ သဘာဝမဟုတ္ပါ။ ေမတၱာျပခ်စ္ဖို႔ကို ေလ့လာသင္ယူရပါတယ္။ ဘဝမွာအတူေနဖို႔ျဖစ္လာတဲ့ လူထက္ စာလွ်င္ ေလ့က်င့္ရန္ေကာင္းမြန္ေသာေနရာက မည္ကဲ့သို႔ျဖစ္မည္နည္း။ သင္၏ မိသားစုဝင္ေတြကို ခ်စ္တတ္ဖို႔ ေလ့လာႏိုင္ပါလွ်င္ တျခားသူေတြကိုလည္း သင္ခ်စ္ႏိုင္ပါမည္။ ဘာေၾကာင့္လဲဆိုေတာ့ အေနနီးတဲ့သူေတြ ကို ခ်စ္ဖို႔က လြယ္ကူေပမဲ့ သူတို႔နဲ႔အၿမဲတမ္းအတူရွိေနတဲ့အခါ သင္အၿမဲတမ္းအဆင္မေျပပါဘူး။ မိသားစုမွာ ခ်စ္ျခင္း ေမတၱာကို ေလ့က်င့္ပ်ိဳးေထာင္ပါလွ်င္ စစ္မွန္တဲ့ခ်စ္ျခင္းေမတၱာကို သင္ ေလ့လာသင္ယူေနျခင္းျဖစ္ပါတယ္၊ 

ကြၽႏ္ုပ္တို႔၏ ကေလးေတြကို အႀကိမ္ေပါင္းမ်ားစြာ ခ်စ္ၾကပါတယ္၊ သို႔ေပမဲ့ သူတို႔ေလးေတြ နားလည္ႏိုင္ေအာင္ေတာ့ ကြၽႏ္ုပ္တို႔ မေဖာ္ျပၾကပါ။ ကေလးေတြက ခ်စ္ျခင္းေမတၱာကို နည္းလမ္း (၃) မ်ိဳးနဲ႔ နားလည္ၾကပါတယ္။ ခင္တြယ္ျခင္း ၊ ရပ္တည္ေပးျခင္း ၊ ဂ႐ုစိုက္ျခင္း တို႔ျဖစ္ပါတယ္။

(၁) ခင္တြယ္ျခင္း
ကေလးမ်ားသည္ မ်ားစြာေသာေပြ႕ဖက္ျခင္း ၊ ထိေတြ႕နမ္းရႈပ္ျခင္းေတြကို လိုအပ္ၾကပါတယ္။ သင္၏ခ်စ္ျခင္းေမတၱာကို ခံစားရဖို႔ သူတို႔လိုအပ္ပါတယ္။

(၂) ရပ္တည္ေပးျခင္း
ေန႔စဥ္ေန႔တိုင္းမွာ သင္၏ကေလးေတြကို တစ္ေန႔တစ္ႀကိမ္ထက္ပိုကာ သူတို႔အား မည္မွ်ခ်စ္ေၾကာင္းကို ေျပာရန္လိုအပ္ပါတယ္။ အတည္ျပဳေပးပါ။ ခ်စ္ျခင္းအားျဖင့္ သူတို႔ေလးေတြကို တည္ေဆာက္ပါ။

(၃) ဂ႐ုစိုက္ျခင္း 
သူတစ္ပါးကို သင္ ေပးႏိုင္သည့္ အႀကီးျမတ္ဆုံးေသာ လက္ေဆာင္တစ္ခုမွာ သူတို႔ေတြကို နားေထာင္ေပးျခင္းျဖစ္ပါ တယ္။ သင္သည္ ကေလးေတြ၏ အ႐ြယ္အလိုက္ ၾကည့္ၿပီး “သင္သည္ ငါ့အတြက္ အေရးပါတယ္၊ သင္သည္ ငါ့အတြက္ အေရးႀကီးတယ္၊ သင္ေျပာတာကို ၾကားခ်င္တယ္” လို႔ေျပာဆိုျပဳမူျခင္းျဖင့္ သင္၏ ခ်စ္ခင္ၾကင္နာမႈကို ေဖာ္ျပျခင္း ျဖစ္ပါတယ္။

ဆင္ျခင္ရန္
-သင့္ကေလးမ်ား၏ ခ်စ္ျခင္းေမတၱာ ေဖာ္ျပျခင္းႏွင့္ လက္ခံျခင္းတို႔ကို သင္မည္ကဲ့သို႔ေသာ ထူးျခားေသာနည္းျဖင့္ ျမင္ပါသနည္း။
-ေန႔စဥ္အသက္တာတြင္ သင္၏ကေလးမ်ားကို ခ်စ္ခင္တြယ္တာမႈ ၊ ရပ္တည္ေပးမႈ ႏွင့္ ဂ႐ုစိုက္ေပးမႈေတြကို ျပသဖို႔ရန္ မည္ကဲ့သို႔ေသာ အေလ့အထမ်ား ႏွင့္ လုပ္႐ိုးလုပ္စဥ္ေတြကို သင္ေလ့က်င့္ႏိုင္မည္နည္း။
-သင္ကေလးမရွိပါလွ်င္ ၊ သင့္အသက္တာရွိ တူေတြ ၊ တူမေတြ ၊ အိမ္နီးခ်င္းကေလးေတြ (သို႔) သူငယ္ခ်င္း၏က ေလးေတြကို မည္ကဲ့သို႔ေသာ တာဝန္သိရွိျခင္းရွိမည္နည္း။