Your Kids Need You to Be Their Cheerleader
Unicode Version
သင့်အား ခေါင်းဆောင်ဖြစ်ရန် သင့်ကလေးတွေ အလိုရှိကြပါတယ်။
ကောရိန္သုပဌမစောင် ၁၃:၇ “ခပ်သိမ်း သောအရာကို ဖုံးအုပ်တတ်၏။ ခပ်သိမ်းသောအရာကို ယုံတတ်၏။ ခပ်သိမ်းသောအရာကို မြော်လင့်တတ်၏။ ခပ်သိမ်းသောအရာကို သည်းခံတတ်၏။”
ကလေးတွေအိမ်ပြန်လာချိန်မှာ သူတို့၏နောက်ဆုံးလိုချင်မှုတွေက ပိုဆိုးခြင်းတွေဖြစ်ခြင်းသည်  ကမ္ဘာလောကကြီးက ဆိုးညစ်တဲ့အတွေးသဘောတွေများနေခြင်းဖြစ်တယ်။ ကောလောသဲ ၃:၂၁ “အဘတို့၊ ကိုယ်သားသမီးကိုစိတ်ဆိုးစေ ခြင်းငှါ မပြုကြနှင့်။ ထိုသို့ပြုလျှင်၊ သူတို့သည်အားလျော့ စိတ်ပျက်ခြင်းသို့ ရောက်ကြလိမ့်မည်။”
သင်က မနှစ်မြို့စရာ မိဘလား။ သင်၏ကလေးက “C” ရလျှင် သင်က “B” ၊ သူတို့လေးတွေ “B” ရရင် သင်က “A”ဆီသို့ပြောင်းသွားသည်။ သမ္မာကျမ်းစာက ပြောခဲ့သလိုမျိုး သူတို့အရှုံးပေးတာ ၊ စိတ်ပျက်သွားတာကို သင်လိုချင်သလား။ နှစ်သက်စရာမကောင်းတဲ့ မိဘတွေသည် စိတ်မလုံခြုံမှုရှိတဲ့ကလေးတွေကို မွေးမြူကြပါတယ်။
ဒါကြောင့် ယုံကြည်မှုရှိတဲ့ကလေးတွေကို သင်မည်ကဲ့သို့ ပျိုးထောင်မည်နည်း။ ကောရိန္သုပဌမစောင် ၁၃:၇ “ခပ်သိမ်း သောအရာကို ဖုံးအုပ်တတ်၏။ ခပ်သိမ်းသောအရာကို ယုံတတ်၏။ ခပ်သိမ်းသောအရာကို မြော်လင့်တတ်၏။ ခပ်သိမ်းသောအရာကို သည်းခံတတ်၏။” ယုံကြည်မှုရှိတဲ့ကလေးတွေကို ပျိုးထောင်ချင်တယ်ဆိုလျှင် သူတို့ကို ငိုစေတာထက် တည်ဆောက်ဖို့ကို သင်ပြုရပါမည်။ သူတို့လေးတွေကို ပိုမိုပြီး အားပေးရမယ် ၊ အရွှန်းဖောက် ပေးရပါမယ်။
မိဘတော်တော်များများ “ကလေးတွေကို အပြုသဘော (+) Positiver ကနေ ညီမျှတဲ့ ဆန့်ကျင်ဘက် (-) Negative တွေကိုပါ ပေးမယ်ဆိုလျှင် အဆင်ပြေ နိုင်တယ်” လို့တွေးထင်ကြပါတယ်။ မဟုတ်ပါ။ သင်ပေးသောဆန့်ကျင်ဘက် (- Negative)တိုင်း အပေါ်မှာ ချီးမွမ်းခြင်း (Praises) တွေကိုပါ ပေးဖို့လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆန့်ကျင်ဘက် (-) Negative တွေက သတိရတတ်ကြလို့ပါ။ အကယ်၍ သင် ချီးမွမ်းခြင်း (၁၀) မျိုးနှင့် ဝေဖန်ခြင်း (၁) မျိုးကို ရရှိပါလျှင် မည်သည့်အရာကို သင်သတိရနေမည်နည်း။ If I get 10 cards that say, “That sermon really helped me out a lot” and one that says, “You’re off the wall!” which one do you think I dwell on the most?
အပြုသဘောဆောင်ခြင်းကို သင်အလေးထားဖို့လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ (-) Negative ကို မလွှဲမရှောင်သာ သင်လုပ်ဆောင်ဖို့လိုပါမည်။
ကလေးများအားလုံး သူတို့၏ အခြေအနေတွေပေါ်မှာ တစ်စုံတစ်ယောက်ကို လိုအပ်ကြပါတယ်။ သူတို့ကို ခေါင်းဆောင်မည့်သူ နှင့် သူတို့ကို ယုံကြည်ပြီး “နင်လုပ်နိုင်ပါတယ် ၊ နင့်ကိုယုံပါတယ်၊ လက်ဖျားခါရပါတယ်။ နင်က အကောင်းဆုံးပါ။ နင့်နောက်မှာ ငါရှိနေမယ်၊ နင်လုပ်နိုင်မယ်ဆိုတာ ငါသိပါတယ်” လို့ပြောပေးမည့်သူ တစ်ဉီးဉီးကို အလိုရှိကြပါတယ်။ မိဘတွေကသာ ပေးနိုင်သော “မိမိကိုယ်ကိုယုံကြည်မှု”ကို ကလေးတွေလိုအပ်ပါတယ်။
ဆင်ခြင်ရန်
-သင်၏ ကလေးတွေကို ပုံမှန် မည်ကဲ့သို့ တည်ဆောက်ပေးပါသနည်း။ စကားလုံးတွေနဲ့လား ။ လုပ်ရပ်တွေနဲ့လား။
-မည်သို့သော သာမန် စကားစုတွေကို သင်၏ကလေးနှင့် အများဆုံးပြောဖြစ်ပါသနည်း။ အပြုသဘောဆောင်တဲ့အရာ ဘယ်နှစ်ခုပါသနည်း။ ဆန့်ကျင်ဘက်သဘော ဘယ်နှစ်ခုပါသနည်း။
-သင်၏ကလေးက သူ၏အကြီးဆုံး ခေါင်းဆောင်ကို ပြောပြပါသလား။ ဘာကြောင့်နည်း။ 
--------------------------------------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်