Unicode Version
--------------------------------------------------------------------------------------------------------------------------
Zawgyi Version
ကမ်းမမြင် ၊ လမ်းမမြင်
အခြေအနေရှိမှသာ
မဖြစ်နိုင်တာတွေကို
သင်ပြီးမြောက်စေနိုင်မည်။
ဟေဗြဲ ၁၁:၂၇ “ယုံကြည်ခြင်းအားဖြင့် ရှင်ဘုရင်အမျက်ကို မကြောက်ဘဲ၊ အဲဂုတ္တုပြည်ကိုစွန့်သွား၏။
အကြောင်းမူ ကား၊ မျက်မြင်မရသော ဘုရားသခင်ကို မြင်ရဘိသကဲ့သို့ တည်ကြည်ခြင်းရှိ၏။”
လေ့ကျင့်ခန်းလုပ်ဖို့
အပိုချိန်တွေကို အသုံးပြုမှုမရှိပါလျှင် အိုလံပစ် အားကစားသမားအဖြစ် သင်မဖြစ်လာနိုင်ပါ။
နာရီပေါင်းများစွာ လေ့ကျင့်မှုမပြုသရွေ့ ဂီတပညာရှင်တစ်ယောက်
မဖြစ်လာနိုင်ပါ။ ဘာသာတရား ကိုင်းရှိုင်း သောသူ ဖြစ်လာချင်လျှင် ဘုရားသခင်နှင့်အတူ တစ်ဉီးတည်း
အချိန်ပေးမှု အလေ့အထတွေကို လေ့ကျင့်ပျိုး ထောင်ရပါမည်။ ကျမ်းစာဖတ်ခြင်း ၊ ပေးကမ်းခြင်းနှင့်
သင်၏ယုံကြည်မှုတွေကို ဝေငှပေးခြင်း တွေပေါ့။
ယုံကြည်ခြင်းနှင့်
မဆုတ်မနှစ် ကြိုးပမ်းခြင်းတွေက တူညီကြပါတယ်။ ယုံကြည်ခြင်းဆိုတာ ပင်ပန်းသည့်တိုင် အရှုံးမပေးခြင်းဖြစ်တယ်။
ယုံကြည်ခြင်းသည် မည်သို့ နုတ်ထွက်တယ် ၊ လက်လွှတ်ရတယ်ဆိုတာကို မသိခြင်းမျိုး အဓိပ္ပါယ်ရောက်ပါတယ်။
မောရှေက ဤအရာအတွက် ကောင်းသော သာဓကပေးခဲ့ပါတယ်။ ဟေဗြဲ ၁၁:၂၇
“ယုံကြည်ခြင်းအားဖြင့် ရှင်ဘုရင်အမျက်ကို မကြောက်ဘဲ၊ အဲဂုတ္တုပြည်ကိုစွန့်သွား၏။ အကြောင်းမူ
ကား၊ မျက်မြင်မရသော ဘုရားသခင်ကို မြင်ရဘိသကဲ့သို့ တည်ကြည်ခြင်းရှိ၏။”
မောရှေက
အဓိကကျတဲ့ သစ္စာတရားကို သဘောပေါက်ခဲ့ပါတယ်။ ကမ်းမမြင် အခြေအနေရှိမှ မဖြစ်နိုင်တာတွေကို
ပြီးမြောက်စေနိုင်တယ်။ ယုံကြည်ခြင်းဖြစ်ဖို့ သော့ချက်က မဆုတ်မနစ်ကြိုးစားအားထုတ်မှုဖြစ်တယ်။
သင်၏မျက်လုံးကို ပြသနာအပေါ်တွင် မကြည့်ပါနဲ့ ၊ ဘုရားအပေါ်တွင်သာ ကြည့်နေပါ။
လုံ့လရှိဖို့ရန် ဘုရားသခင်သည် သင့်ကို ခွန်အားပေးပါလိမ့်မည်။ မျှော်လင့်ချက်မဲ့နေတဲ့
သင်၏အိမ်ထောင်ရေးကို ဆက်လက်တည်တဲ့ဖို့ရန် စွမ်းစားပေးပါမည်။ သင်ကျရှုံးတဲ့အချိန် သင့်ကိုယ်သင်
ပြန်ထနိုင်ဖို့ရန် စွမ်းအားပေး ပါမည်။ ချွတ်ခြုံကျ အခြေအနေ ကနေ ဆက်လက်သွားနိုင်ဖို့
စွမ်းအားတွေ ပေးမည်။ လူတကာ သင့်အားပြောတဲ့ စီရင်ချက်ကျဖို့ တွန်းအားပေးခံရတဲ့အခါ စွမ်းအားပေးပါမည်။
ဘုရားသခင်၏
တန်ခိုးစွမ်းအားသည် သင့်အတွက် ဆက်လက်သွားနေစေဖို့ ဖြစ်တယ်။ အဲဒီအတွက် ဘုရားသခင်ကို
တောင်းလျှောက်လိုက်ရုံပါ။
ဆင်ခြင်ရန်
-သင်စွန့်လွှတ်ရန်
သွေးဆောင်ခံရသည့် သင့်အသက်တာရှိ အခန်းကဏ္ဍရှိပါသလား။ ဤအကြောင်းအရာတွေကို သင့်အား ဂရုစိုက်သောသူတွေနှင့်
ဆွေးနွေးပြောဆိုပါ။
-သင်၏
သန္နိဌာန် နှင့် သင်၏လုံ့လ တွေကို ကန့်သတ်ရန် မည်သို့သော အတားအဆီးရှိသနည်း။ ရုပ်ပိုင်းဆိုင်ရာ
ပင်ပန်းနွမ်းနယ်ခြင်းလား၊ စိတ်မကျေမနပ်မှုတွေကို ကျော်လွှားမည်လား ။ အတိတ်ကအဖြစ်တွေကို
ထုပ်ပိုးထား မည်လား။
-ဤအတားအဆီးတွေကို
ကျော်လွှားနိုင်ဖို့ရန် မည်သို့သော လေ့ကျင့်ခန်းအသစ်တွေကို ကူညီပေးနိုင်မည်နည်း။
--------------------------------------------------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်