Unicode Version
--------------------------------------------------------------------------------------------------------------------------
Zawgyi Version
တစ်စုံတစ်ခုကို သင်တောင်းလျှောက်တဲ့အခါ ဘုရားသခင် အဖြေပေးလိမ့်မည်ဟု
ယုံကြည်ပါ။
ရှင်မာကုခရစ်ဝင် ၁၁:၂၄ “ထိုကြောင့်ငါဆိုသည်ကား၊ သင်တို့သည် ကျေးဇူးကိုရမည်ဟု
ယုံကြည်သောစိတ်နှင့် ဆုတောင်းသမျှ တို့ကို ရကြလိမ့်မည်။”
ယနေ့တွင်
သင့်ကို ဒေါ်လာ ၁၀၀၀ ချက်လက်မှတ်ပေးမည်ဆိုလျှင် သင် အဲဒီချက်လက်မှတ်ကို ကိုင်ထားပြီး
ကျေးဇူးတင်စကားကို ပိုက်ဆံလက်ထဲသေချာရောက်မှ ပြောမည်လား။ ကျွန်ုပ်ကိုသိတဲ့ လူတွေကတော့
တွေးထင်မှာက “ သူက လူကောင်းပါ။ သူ့ဘဏ်မှာ ငွေအလုံအလောက်ရှိတယ်ဆိုတာ ငါသေချာတာပေါ့၊
အခုပဲ သူ့ကို ကျေးဇူးတင်လိုက်မယ်” ဆိုပြီး ငွေမရခင်မှာ ကျွန်ုပ်ကို ကျေးဇူးတင်ပါမည်။
ပြီးတော့ ချက်လက်မှတ်ယူပြီး ချက်ချင်းဘဏ်သွားမှာပေါ့။
ဘုရားသခင်၏
ကတိတော်တွေက ကျွန်ုပ်တို့တွေ၏ ကတိတွေထက်ကို ပိုပြီး ကောင်းမြတ်ပါတယ်။ ဘုရားကတိ ပေးထားတဲ့အရာကို
မရခင်အချိန်မှာတောင် “ကျေးဇူးတင်ပါတယ် ဘုရားသခင် ၊ သခင်ပြောဆို
ထားတဲ့ အရာ ဖြစ်ပါတော့မည်။ ဖြစ်လိမ့်မည်” လို့ ကျွန်ုပ်တို့ပြောနိုင်ပါတယ်။
ဟေဗြဲ ၁၁ မှာဖော်ပြထားသည်မှာ ကောင်းသော ဘုရားသခင်၏ “Hall of Fame” သာဓကဖြစ်ပါတယ်။
ဟေဗြဲ ၁၁:၃၀ “ယေရိခေါမြို့ကို ခုနစ်ရက်ပတ်လုံးဝိုင်း၍ လှည့်ပြီးမှ၊ ယုံကြည်ခြင်းအားဖြင့်
မြို့ရိုးသည် ပြိုလဲ၏။”
က္ကုသရေလလူမျိုးတို့သည် အားကြီးသော ယေရိခေါမြို့တည်ရှိရာ ကတိထားရာပြည်သို့ သွားခဲ့ကြတယ်။ ဘုရားသခင်သည် က္ကုသရေလလူမျိုးတို့ကို မြို့ထဲ့သို့ဝင်ခွင့်ပြုတော့မည်ဟု ကတိပေးခဲ့ပြီး သူ၏အကြံအစည်ကို ဖော်ပြခဲ့ပါတယ်။
“ယေရိခေါမြို့ကို ခုနစ်ရက်လုံး ချီတက်ကြရမယ်။ ခုနစ်ရက်မြောက်နေ့မှာ ဖြစ်ပေါ်လာမည့်
အောင်မြင်ခြင်းပွဲအတွက် ငါ့အား ကျေးဇူးတင်ရမည်” ဟုဆိုခဲ့ပါတယ်။ ဆိုသည့်အတိုင်း အဲဒီလူတွေ
လုပ်ဆောင်တဲ့ အခါမှာ နံရံတွေပြိုကျသွားခဲ့တယ်။ ကတိတော်ပေးသည့်အတိုင်း ဘုရားသခင်ပြုခဲ့ပါတယ်။
ကျွန်ုပ်လည်း
မကြာခဏဆိုသလို တွေးခဲ့ပါတယ်။ “အဲဒီခုနှစ်ရက်ပတ်လုံး လှည့်လည်သွားလာနေတဲ့သူတွေထဲက တစ်ယောက်ဖြစ်မယ်ဆိုလျှင်
ငါဘယ်လိုလုပ်မည်နည်း။” သူတို့တွေထဲက တစ်ချို့ကတော့ နံရံတွေကိုကြည့်ပြီး ဘုရားသခင် ဘယ်လိုပြိုမလဲဆိုတာကို
သိချင်စိတ်နဲ့ စိုးရိမ်ပါတော့မည်။ သို့ပေမဲ့ အဲဒီလူတွေက ကြောက်ရွံ့ရမည့်အစား ယုံကြည်ခြင်းခိုင်မာကြပါတယ်။
သူတို့ နေ့စဉ်နေ့တိုင်း အဲဒီ နံရံတွေကိုကြည့်ပြီး ဘုရားသခင် လုပ်ဆောင်နိုင်တယ်ဆိုပြီး
ကြိုတင်ကျေးဇူးတင်ခဲ့ကြပါတယ်။
ဤအခြင်းအရာမျိုးအတိုင်း
ကျွန်ုပ်တို့အသက်ရှင်ဖို့ရန် ဘုရားသခင် အလိုတော်ရှိပါတယ်။ အသက်တာမှာ ဘုရားသခင်ကို ကြိုတင်ကျေးဇူးတင်ရှိခြင်း
အသက်တာပေါ့။ သခင်ခရစ်တော်က ဤအကြောင်းကို ရှင်မာကု ၁၁:၂၄ မှာ ဖော်ပြထားပါတယ်။
ရှင်မာကုခရစ်ဝင် ၁၁:၂၄ “ထိုကြောင့်ငါဆိုသည်ကား၊ သင်တို့သည် ကျေးဇူးကိုရမည်ဟု
ယုံကြည်သောစိတ်နှင့် ဆုတောင်းသမျှ တို့ကို ရကြလိမ့်မည်။”
ဘုရားသခင်ထံ
တစ်စုံတစ်ရာကို သင်တောင်းဆိုတဲ့အခါ သင်မယုံကြည်ပါလျှင် ဘာကြောင့်တောင်းဆို နေပါသနည်း။
ဒါသည် အဓိပ္ပါယ်မရှိသော အလေ့အထဖြစ်ပါတယ်။ သို့ပေမဲ့ သခင်ခရစ်တော်က ဆုတောင်းပြီး တောင်းဆိုလျှင်
ဘုရားသခင်ပြုတော်မူမည်ဟု ယုံကြည်ဖို့ ဆိုထားပါတယ်။ ဘုရားလုပ်ဆောင်မည့်အရာအတွက် ကြိုတင်ကျေးဇူးတင်လိုက်ပါ။
ပြီးတော့ မည်သို့ အဖြေပေးသည်ကို စောင့်ကြည့်လိုက်ပါ။
ဆင်ခြင်ရန်
-
သင်ဆုတောင်းတဲ့အခါ
မည်ကဲ့သို့သော ဘုရားသခင်၏ ကတိတော်ကို တောင်းဆိုနေခဲ့သနည်း။ ဘုရားသခင်၏ ကတိတော်တွေကို
မည်သို့ ထပ်မံရှာဖွေနိုင်မည်နည်း။
-
သင်၏
ဆုတောင်းခြင်းအသက်တာက သင်၏ဝိညာဉ်ရေးရာ ရင့်ကျက်မှုတွေကို မည်သို့ ဖော်ညွန်းစေ ပါသနည်း။
-
ဘုရားသခင်ထံ
မည်သို့သောအရာအတွက် သင်တောင်းဆိုနေပါသနည်း။ ဘုရားရှင် ကတိတည်မယ် ဆိုတာကို သင်ယုံကြည်ပါသလား။
ဘာကြောင့်လဲ (သို့) ဘာကြောင့်မဟုတ်သလဲ။
--------------------------------------------------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်