When temptation calls, just hang up
Unicode Version
သင့်အားဖြားယောင်းသွေးဆောင်မှုတွေ ခေါ်ဆိုတဲ့အခါမှာ ဖုန်းချလိုက်ရုံပါ။
သုတ္တံကျမ်း၁:၁၆"ပညာရှိသောသူသည်ကြောက်၍ဒုစရိုက်ကိုရှောင်တတ်၏။မိုက်သောသူမူကားမာနကြီး၍ရဲရင့်တတ်၏။"
အများနှင့်ဆိုင်သော ဆင်ခြင်တုံတရားတွေက"အဆိပ်ဆူးမသင့်ချင်လျှင် ပျားနှင့်ဝေးဝေးနေပါ"လောင်ကျွမ်းခြင်း မခံချင်လျှင် မီးနှင့်ဝေးဝေးနေပါချောက်ကမ်းပါးကနေမပြုတ်ကျချင်လျှင် အစွန်အဖျားနားမနေနှင့်"
ဖြားယောင်းသွေးဆောင်ခြင်းအရာ၌ မည်ကဲ့သို့နီးစေသလဲဆိုပြီးစောင့်ကြည့်ခြင်းက ပန်းတိုင်မဟုတ်ပါ၊ သင်မည်မျှ လောက်ဝေးစွာ နေနိုင်မလဲဆိုတာကိုကြည့်မြင်နိုင်ခြင်းဖြစ်ပါတယ်။
သုတ္တံကျမ်း၁၄:၁၆"ပညာရှိသောသူသည် ကြောက်၍ဒုစရိုက်ကိုရှောင်တတ်၏။ မိုက်သောသူမူကား မာနကြီး၍ ရဲရင့် တတ်၏။" ဖြားယောင်းသွေးဆောင်ခြင်းကို သင်ကိုင်တွယ်နိုင်တယ်လို့ သင်ထင်ကောင်း ထင်နေပါမည်။ သို့ပေမဲ့ သင်မည်သူ့ကို ကျီဇယ်နေပါသနည်း။ ပွင့်ပွင့်လင်းလင်း ချင့်ချိန်ဖို့တော့ သင်လိုအပ်ပြီ။ ဘယ်အချိန်မှာ ဘယ်နေရာမှာ အများဆုံး သွေးဆောင်ဖြားယောင်း ခံရတယ်၊  ခုခံမှုအားနည်းနေတယ် ဆိုတာကို သင်စီစစ်ဖို့ လိုအပ်ပါတယ်။ အဲဒီနောက် အဲဒီလိုအခြေအနေမျိုးကနေ ဝေးနိုင်သမျှ ဝေးအောင်နေဖို့ လိုအပ်ပါတယ်။ 
ဖြားယောင်းသွေးဆောင်ခြင်း၊ စုံစမ်းနှောက်ယှက်ခြင်းကနေ ထွက်ပြေးနိုင်ဖို့ရန် သမ္မာကျမ်းစာက ဆာလံ၁၁၉:၅၉တွင် "ကိုယ်လိုက်ရာလမ်းကိုဆင်ခြင်သောအခါသက်သေခံတော်မူချက်တို့သို့လှည့်၍လိုက်ပါ၏။"
သင့်ကိုယ်သင် ခန္ဓာအားဖြင့် ဖယ်ရှားချင်လျှင် လုပ်ဆောင်ပါ။ ပေါတိဖာ၏မယားသည် ယောသပ်အား စုံစမ်းသောခါ ယောသပ်သည် သူ၏အင်္ကျီကိုချန်ခဲ့ပြီး ထွက်ခွါလိုက်ပါတယ်။ တစ်ခါတစ်ရံမှာ သင်သည် သင်၏အင်္ကျီကို ထားခဲ့ရပေ မည်။ အခြေအနေတွေကနေ ထွက်ခဲ့ပါ။ ပြေးပါ။ အဲဒီမှာကပ်ညှိမနေပါနှင့်။ 
သင်ဖြားယောင်းသွေးဆောင်ခြင်း၊ စုံစမ်းခြင်းခံရလျှင် သင်၏Channel ကိုပြောင်းလိုက်ပါ။ (သို့သီချင်းဖွင့်လိုက်ပါ။ လမ်းလျှောက် ထွက်လိုက်ပါ။ ကျမ်းစာဖတ်ပါ။ ယုံကြည်သူခရစ်ယာန်အဖွဲ့တွေဆီ ဖုန်းခေါ်ဆိုပြီးတစ်ခုခု လုပ်ဆောင် ခြင်းအားဖြင့် အခိုက်အတန့်တစ်ခုကို ချေဖျက်လိုက်ပါ။
တစ်ချို့သော လက်တွေ့ကျတဲ့အကြံဉာဏ်တွေက-  မကောင်းဆိုးဝါး၊ မာရ်နတ်၊ မကောင်းတဲ့အရာတွေနှင့် အခြေအတင် ဖြစ် ဖို့မကြိုးစားပါနှင့်။ အချိန်တိုင်း သင်ရှုံးနှိမ့် ပါလိမ့်မည်။ သင်တုံ့ပြန်လာနိုင်မည့် တစ်စုံတစ်ခုအပေါ်မှာ ဆန့်ကျင်နိုင်တဲ့ လမ်းကြောင်းအတွေးအခေါ်တွေက စာတန်ဆီမှာ နှစ်ပေါင်းထောင်ချီကတည်းက ရှိနေပါတယ်။ ရှာကြံပြီးအကြောင်းမပြပါနဲ့။ အဓိကလုပ်ဆောင်ရမှာက အာရုံတွေကို ဖျက်ဆီးလိုက်ပါ။ အဲဒီအရာတွေပေါ် ကြည့်ပြီး"ငါမလိုချင်ဘူး.....ငါမလိုချင်ဘူးလို့အကြိမ်ကြိမ် အဖန်ဖန် လုပ်မနေနှင့်။ လှည့်ထွက်ခဲ့ပါ။ စိတ်ခံစားချက် ဆွေကို တိုက်ခိုက်လေလေ အဲဒီအရာတွေက ပိုပြီးလေးနက်လွန်ကျွံ လာပါမည်။
ဖြားယောင်းမှု၊ စုံစမ်းနှောက်ယှက်မှုတွေက သင့်ကိုဖုန်းခေါ်ဆိုလျှင် အခြေအတင်ဖြစ်ဖို့မကြိုးစားပါနှင့်။ ဖုန်းချပြီး တခြားတစ်ခုခုကိုလုပ်ဆောင်လိုက်ပါ။
ဆင်ခြင်ရန်
-ဘယ်နေရာမှာ သင်အများဆုံး စုံစမ်းနှောက်ယှက်ခြင်း ခံရသနည်း။ လေဆိပ်မှာလား၊ လုပ်ငန်းခရီးသွားစဉ်လား၊ ကလေးတွေကျောင်းသွားချိန် သင်တစ်ယောက်တည်း ရှိနေချိန်လား၊ TV ကြည့်နေချိန်လား။
-ဒီအခြေအနေတွေ သင်ထုတ်ဖော်ခြင်းတွေကို နည်းနိုင်သမျှနည်းအောင် မည်သို့သောပြောင်းလဲမှုကို သင်လုပ်ဆောင်ဖို့ လိုမည်နည်း။
-အခြေအနေတစ်ရပ်ကနေ လွှတ်မြောက်အောင် အလွယ်တကူ မစွမ်းဆောင်နိုင်ပါလျှင် မည်သို့သော နည်းဗျူဟာက စုံစမ်းခြင်းတွေကနေ လွှတ်နိုင်အောင် ကူညီနိုင်မည်နည်း။
---------------------------------------------------------------------------------
Zawgyi  Version
ဆင်ခြင်ရန်