Want to Be Like Jesus? Spend Time with Him
Unicode Version
သခင်ခရစ်တော်နှင့် တူချင်ပါသလား။ သူနှင့်အတူ အချိန်ပေးပါ။
ဟေဗြဲ ၁၂:၂ “ယုံကြည်ခြင်းကို အစအဦးစီရင်၍ စုံလင်စေတော်မူသော သခင်ယေရှုကို စေ့စေ့ထောက်ရှုကြကုန်အံ့။ ထိုသခင်သည် မိမိရှေ့၌ ထားသော ဝမ်းမြောက်ခြင်း အကြောင်းကြောင့်၊ ရှက်ကြောက်သောအရာ ကိုမမှတ်ဘဲ လက်ဝါးကပ်တိုင်၌ခံပြီးမှ၊ ဘုရားသခင်၏ ပလ္လင်တော် လက်ျာဘက်၌ထိုင်နေတော်မူ၏။
“ကြက်ဆင်တွေနှင့်အတူ သင်ပြေးနေလျှင် လင်းယုန်ငှက် တို့နှင့်အတူ သင်မပျံသန်းနိုင်ပါ” ဆိုတဲ့ အပ်ကြောင်းထပ် နေပြီဖြစ်တဲ့ စကားသုံးတစ်ခုကို သင်ကြားဖူးပါလိမ့်မည်။ ဒါသည် သင့်ကလေးတွေအတွက် အလွန်ကောင်းတဲ့ မမေ့နိုင်စရာ သင်ခန်းစာဖြစ်ပါတယ်။ ဒါပေမဲ့ ဒါတွေသည် ကျွန်ုပ်တို့ဝိညာဉ်အသက်တာကိုလည်း လှိုင်းဂရက် ဖြစ်စေ ပါတယ်။
တစ်ချို့သောဆက်ဆံရေးတွေအတွက် အချိန်အနည်းငယ်သာ သင်ပေးသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒါတွေ က သင့်ကိုဆွဲချနေလို့ဖြစ်တယ်။ ရည်မှန်းချက်မရှိသောသူတွေနှင့် သင်အတူရှိလျှင် သင်၌ရည်မှန်းချက် မရှိတော့ပေ။ အပြစ်မြင်တတ်သောသူတွေနှင့်အတူ ရှိနေလျှင် သင်သည်လည်း အပြစ်မြင်တတ်သူဖြစ်လာပါမည်။ လူတစ်ယောက်နှင့် အချိန်အများစုကို သင်ဖြုန်းပါလျှင် သူ၏လွမ်းမိုးမှုသည် သင့်ထံ တစ်နေ့ချင်းစီ တူလာပါမည်။
ကျွန်ုပ်တို့ ဝိညာဉ်ရေးရာ ကြီးထွားခြင်းနှင့်ပတ်သက်ပြီး ကျမ်းစာက ပြောဆိုထားသည်မှာ ဟေဗြဲ ၁၂:၂ “ယုံကြည်ခြင်းကို အစအဦးစီရင်၍ စုံလင်စေတော်မူသော သခင်ယေရှုကို စေ့စေ့ထောက်ရှုကြကုန်အံ့။ ထိုသခင်သည် မိမိရှေ့၌ ထားသော ဝမ်းမြောက်ခြင်း အကြောင်းကြောင့်၊ ရှက်ကြောက်သောအရာ ကိုမမှတ်ဘဲ လက်ဝါးကပ်တိုင် ၌ခံပြီးမှ၊ ဘုရားသခင်၏ ပလ္လင်တော် လက်ျာဘက်၌ထိုင်နေတော်မူ၏။
ဒါကြောင့် သခင်ခရစ်တော်နှင့် နေ့ရက်တိုင်းမှာ အချိန်ပေးဖို့ရန် အလွန်ပင် အရေးကြီးပါတယ်။ သင်၏ ဝိညာဉ်ရေးရာ ကြီးထွားမှုသည် အဲဒီအပေါ်မှာ မူတည်ပါတယ်။ နေ့စဉ်အသက်တာတွင် သခင်ခရစ်တော်နှင့်အတူ အချိန်ပေးပါလျှင် သူနှင့်ပိုတူလာဖို့ရှိပါတယ်။
နေ့စဉ်အသက်တာမှာ ဘုရားသခင်နှင့်အတူ အချိန်ပေးနိုင်ဖို့ရန် အထူးသော့ချက်တစ်ခုကို ရှာဖွေနိုင်ဖို့ ကျွန်ုပ် လေးနက်စွာဖြင့် အကြံဉာဏ်ပြုပါရစေ။ တစ်နေ့မှာ ၅မိနစ် ၊ ၁၀ မိနစ် (သို့) ၁၅ မိနစ်အချိန်ဖြင့် စတင်ပါ။ သင်လုပ်ဆောင်သောအချိန်မှာ ကိစ္စမရှိဘူးဆိုလျှင် - လုပ်ဆောင်ပါ။ ကျမ်းစာအုပ်ကို ဆွဲယူပါ။ သင့်စိတ်ကြိုက်ခုံကို ရှာလိုက်ပါ၊ ကျမ်းစာ မိနစ်အနည်းငယ်ဖတ်ပြီး သင့်အသက်တာမှာ ဘာတွေဖြစ်မည့် အကြောင်းအရာကို ဘုရားနှင့် ပြောဆိုပါ။
ကောင်းကင်ဘုံရှင် ထာဝရဘုရားထံ စကားပြောနိုင်ဖို့ရန်နေရာကို သခင်ခရစ်သည် အလေ့အထတစ်ခုလို ပြုပြီးသွား ပါတယ်။  လုကာ ၂၂:၃၉ “ထိုနောက် အလေ့တော်ရှိသည်အတိုင်း သံလွင်တောင်သို့ ထွက်ကြွတော်မူ၍၊ တပည့်တော်တို့ သည် နောက်တော်သို့ လိုက်ကြ၏။ 
သခင်ခရစ်တော်သည် သူ၏အဖဘုရားရှင်နှင့်အတူ အချိန်ပေးဖို့ရန် နေရာတစ်ခု သတ်မှတ်ပါလျှင် အဲဒီအလေ့အထ ကရော သင့်ကို အကျိုးမဖြစ်စေနိုင်ဘူးလား။ ဒါသည် သခင်ခရစ်တော်နှင့် သင်ပိုမိုတူလာစေမည့် တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်။
ဆင်ခြင်ရန်
-သင်နှင့်အတူအချိန်ဖြန်းခဲ့သောသူတွေကြောင့် သင့်အသက်တာ သက်ရောက်မှုဖြစ်ပေါ်တယ်ဆိုတာကို သင်မည်သို့မြင် သနည်း။
-သခင်ခရစ်တော်နှင့် တသမတ်တည်းသောအချိန်ကို တည်ဆောက်ရန်ကြိုးစားသောအခါ တွေ့ကြုံရတဲ့ တစ်ချို့သော အခက်အခဲကား မည်သို့နည်း။
- သင်၏ ဆိတ်ငြိမ်အချိန် (quiet time) အတွက် ပိုမိုကိုက်ညီမှုရှိစေရန် နေ့စဉ်လုပ်ရိုးလုပ်စဉ်ကို ပြောင်းလဲနိုင်သော အရာတစ်ခုက ဘာဖြစ်မည်နည်း။
----------------------------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်