Two steps to handle temptation
Unicode Version
စုံစမ်းနှောက်ယှက်ခြင်းကို ကိုင်တွယ်ဖို့ အဆင့် () ဆင့်
ဧဖက်ဩဝါဒစာ :၁၇ "ကယ်တင်ခြင်းတည်းဟူသောသံခမောက်ကို၄င်း ဘုရားသခင်၏နှုတ်ကပတ်တည်း ဟူသော ဝိညာဉ်ေတာ်၏ ထားကို၄င်းယူကြေလာ့။"
စုံစမ်းနှောက်ယှက်ခြင်း ဖြားယောင်းသွေးဆောင်ခြင်းတွေကို ကိုင်တွယ်ဖို့ရန် သင်တတ်နိုင်ချင်တယ်ဆိုလျှင် အဲဒီအရာတွေနှင့် ပတ်သက်ပြီး ဘုရားသခင်ပေးထားတဲ့ ကတိတော်တွေကို တောင်းခံဖို့လိုအပ်ပါတယ်။ လူတိုင်း သိုမှီးသင့်သောကျမ်းပိုဒ်ကား ကောရိန္သုပဌမေစာင် ၁၀:၁၃ "လူ၌ဖြစ်တတ် သော စုံစမ်းနှောက် ယှက်ခြင်းကိုသာ သင်တို့သည် ခံရကြ၏။ ဘုရားသခင်သည် သစ္စာနှင့် ပြည့်စုံတော်မူသည်ဖြစ်၍ သင်တို့မခံနိုင် သော စုံစမ်းနှောက်ယှက်ခြင်းကို သင်တို့၌ ရောက်စိမ့်သောငှါ အခွင့်ပေးတော်မမူ။ သင်တို့သည် ခံနိုင်မည်အ ကြောင်း စုံစမ်းနှောက်ယှက်ခြင်းနှင့်တကွ ထွက်မြောက်သော လမ်းကိုလည်း စီရင်ပြုပြင် တော်မူလိမ့်မည်။
လူတော်တော်များများ ကျွန်ုပ်ကို ပြောပါတယ် "ကိုယ့်ကို ကိုယ်မကူညီနိုင်ပါ၊ ခုခံနိုင်ဖို့ မဖြစ်နိုင်တော့ပါ။ ကျွန်ုပ်မှာ ရွေးချယ်စရာ မရှိတော့ အရှုံးပေးရပါတော့မည်" သင်ဒီလို ပြောဆိုခြင်းသည် ဘုရားသခင်ကို သင်က လူလိမ်လို့ ပြောဆိုနေခြင်းဖြစ်တယ်။ ဒါသည် ထိခိုက်ရနိုင်တယ်။ နာကျင်ရနိုင်တယ်။ ကသိကအောက်ဖြစ်စေနိုင်ပါတယ်။ ဒါပေမဲ့ ထွက်မြောက်ဖို့နည်းလမ်းတွေအများကြီးရှိပါတယ်။ ဘုရားသခင် က ဤနည်းလမ်း တွေကို သေချာစွာလုပ်ဆောင်ထားပြီး သူ၏ကတိတော်လည်းဖြစ်ပါတယ်။
စာတန်ကသင်၏အတွေးတွေကို အဆက်မပြတ်တိုက်ခိုက်နေပါတယ်။ ဤတိုက်ခိုက်မှုတွေက စိတ်၏အေတွး များကနေဖြစ်ပေါ်စေပါတယ်။ ဘုရားသခင်ကကျွန်ုပ်တို့ကို စိတ်ကူးတစ်ခုပေးလိုက်သောအခါ ဒါသည် လှုံ့ဆောင်ခြင်းမျိုးဖြစ်ပါတယ်။ စာတန်က စိတ်ကူးတစ်ခု ပေးလိုက်လျှင် စုံစမ်းနှောက်ယှက် ခြင်းတစ်ခုဖြစ် တယ်။ သင်၌တည်စေမည့်အရာကို နေ့စဉ်အသက်တာမှာ သင် ရွေးချယ်ရပါတယ်။
မကောင်းမှုတွေကို ခုခံဖို့ သမ္မာကျမ်းစာ ဆိုထားပါတယ်။ သင်ကော မည်သို့လုပ်ဆောင်ပါသနည်း။ စုံစမ်းနှောက်ယှက်ခြင်းအတွက် ပြင်ဆင်ဖို့ရန် -ဧဖက်ဩဝါဒစာ :၁၇ "ကယ်တင်ခြင်းတည်းဟူသောသံခ မောက်ကို၄င်း ဘုရားသခင်၏နှုတ်ကပတ်တည်းဟူသော ဝိညာဉ်ေတာ်၏ ထားကို၄င်းယူကြေလာ့။"
စုံစမ်းနှောက်ယှက်ခြင်းကို ကိုင်တွယ်ဖို့ရန် လုပ်ဆောင်ဖို့ လိုအပ်တဲ့အရာ ()ခုရှိပါတယ်။ ကယ်တင်ခြင်းကား ပထမအဆင့်ဖြစ်တယ်။ "Accept God's salvation as your helmet". သံခမောက်က ဘာကိုလုပ်ဆောင် သနည်း။ တိုက်ခုက်ခြင်းစိတ်ကူးတွေဖြစ်ေပါ်တဲ့ သင်၏ဉီးခေါင်းနှင့် တွေးအခေါ်တွေကို ကာကွယ်ပေး၏။
စာတန်၊ မကောင်းဆိုးဝါးကို "No" လို့ သင်မ ပြောနိုင်ခင်မှာ သခင်ခရစ်တေယ်ကို "Yes" လို့သင်ပြောဖို့ လေ့လာရပါမည်။ ဒါမှ ဘုရား၏ကယ်တင်ခြင်းအားဖြင့် တန်ခိုးကိုရပါမည်။
ဒုတိယအချက်ကား ဓားသဖွယ်အသုံးပြုနိုင်တဲ့ ဘုရား၏နှုတ်ကပတ်တော်ကို ရယူဖို့ဖြစ်တယ်။ ကယ်တင်ခြင်း ရဖို့ရန် သမ္မာတရားက ဖြေဆေးဖြစ်တယ်။ သမ္မာကျမ်းစာကို သင့်အိမ်စားပွဲပေါ်မှာ ထားရှိနိုင်ပေမဲ့ သင် လုပ်ငန်းခွင်ထဲရောက်ချိန် စုံစမ်းခံရလျှင် မည်သို့ ကောင်းစွာ လုပ်ဆောင်ပါသနည်း။ ဘယ်အရာမှ လုပ်လို့မရပါ။ကျမ်းစာထဲမှာရှိတဲ့ သမ္မာတရားတွေကို သင့်ဉီးနှောက်ထဲသို့ ထည့်သွင်းဖို့ပါပဲ။
သံသယကင်းလျက် စုံစမ်းနှောက်ယှက်ခြင်းကို တွန်းလှန်နိုင်မည့် နည်းလမ်းက နှုတ်ကပတ်တော်ကို သိုမှီးခြင်းပင်ဖြစ်တယ်။ သင်၌ မည်သည့်ကျမ်းပိုဒ်မှ သိုမှီးထားခြင်းမရှိဘူးဆိုလျှင် ခုခံမှုအတွက် ဘာလက်နက်မှ ရှိမည်မဟုတ်ပါ။ မကောင်းမှုက သင့်ထံရောက်လာလျှင် မည်ကဲ့သို့တုန့်ပြန်မည်နည်း။ စာတန်က သင်၏အကြံအစည်ကို ကြောက်ပါ။ ဒါပေမဲ့ သမ္မာတရားကိုတော့ ကြောကက်ပါ တယ်။ဘုရားသခင်၏ဓားသည် သမ္မာတရားလည်းဖြစ်တယ်။ ဒါပေမဲ့ သင်သိုမှီးမှသာ သင့်အတွက်လက် နက်ဖြစ်လာပါမည်။
ဆင်ခြင်ရန်
- -နှုတ်ကပတ်တာ်ကို သိုမှီးရန် ဤတစ်ပတ်တွင် မည်သို့သော ပန်းတိုင်ကို သင်ချမှတ်နိုင်မည်နည်း။
- -မည်သို့သော သင်သိုမှီးတဲ့ နည်းဗျူဟာတွေကို ကျောင်း၊ လုပ်ငန်းခွင် တွင်ကျင့်သုံးပါသနည်း။ အဲဒီအစား နှုတ်ကပတ်တော်ကို မည်ကဲ့သို့  သိုမှီးကျင့်သုံးနိုင်မည်နည်း။
- နှုတ်ကပတ်တော်သိုမှီးသော သင်၌ မည်သူက သင်၏အတိုင်ပင်ခံ မိတ်ဆွေဖြစ်မည်နည်း။ ဒီလို တစ်စုံတစ်ယောက်ကို ရှိနေဖို့ရန် ဘာကြောင့် အရေးကြီးပါသနည်း။
----------------------------------------------------------------------------------------------
Zawgyi Version
စုံစမ်းနှောက်ယှက်ခြင်းကို ကိုင်တွယ်ဖို့ အဆင့် (၂) ဆင့်
ဧဖက်ဩဝါဒစာ ၆:၁၇ "ကယ်တင်ခြင်းတည်းဟူသောသံခမောက်ကို၎င်း ၊ ဘုရားသခင်၏နှုတ်ကပတ်တည်း ဟူသော ဝိညာဉ်တော်၏ ထားကို၎င်းယူကြေလာ့။"
ဆင်ခြင်ရန်
- -နှုတ်ကပတ်တ်ာကို သိုမှီးရန် ဤတစ်ပတ်တွင် မည်သို့သော ပန်းတိုင်ကို သင်ချမှတ်နိုင်မည်နည်း။