Unicode Version
သင်နည်းမလည်နိုင်တဲ့အခါ ဘုရားသခင်အား ယုံကြည်နေပါ။
သုတ္တံ ၃:၅ “ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ကိုးစားလော့။ ကိုယ်ဉာဏ်ကို
အမှီမပြုနှင့်။”
ဘုရားလုပ်ဆောင်စေလိုသည်များကို ကြိုးစားပြီး မလုပ်ခင်မှာ လူတော်တော်များများက
သူတို့၏လုပ်ဆောင်မည့် အရာ ပေါ် အောင်မြင်မှုတွေကို
ဘုရားအာမခံပေးဖို့ တောင်းဆိုကြပါတယ်။ ဒါတွေသည် ယုံကြည်ခြင်း မဟုတ်ပါ။
ဥပမာ
- ခွင့်လွှတ်ခြင်းဆိုတာသည် မပြုခင်မှာ ကောင်းသောစိတ်ကူးတစ်ခုနှင့် မတူသလိုမျိုးပေါ့။
သို့ပေမဲ့ ဒါသည် သင်၏ ယုံကြည်ခြင်းအတွက် အကြီးမားဆုံးသော စမ်းသပ်မှုတစ်ခု ဖြစ်ပါတယ်။
တစ်စုံတစ်ယောက်က သင့်ကိုနာကျင်စေသောအခါ သူ့ကို ခွင့်လွှတ်ဖို့ရန် မမှန်ကန်ဘူး၊ မတန်သလို
ဖြစ်နေမည်။ ဒါပေမဲ့ သင်နားမလည် သည်ဖြစ်စေ (သို့) နားလည်သည်ဖြစ်စေ ခွင့်လွှတ်ခြင်းဆိုတာ
အမြဲတမ်းမှန်ကန်တဲ့ ရွေးချယ်မှုတစ်ခု ဖြစ်ပါတယ်။
သင်
ကလေးအရွယ်တွေတုန်းက အဓိပ္ပါယ်မရှိဘူးလို့ ထင်ရတဲ့အရာကို မိဘတွေက လုပ်ဆောင်ဖို့ရန် ပြောခဲ့ဖူးတာရှိပါသလား။
ဒါပေမဲ့ ယခုအချိန်မှာ သင်ပြန်တွေးကြည့်ပါလျှင်
သင့်မိဘတွေ၏ ရှုတောင့် ၊ အယူအဆ ကို သင်နားလည်နိုင်ပါမည်။ ဘုရားသခင်သည်လည်း ထိုးနည်းအတိုင်းဖြစ်ပါတယ်။
ဖြစ်နိုင်ခြေမရှိ
၊ အဓိပ္ပါယ်မရှိဘူးလို့ ထင်ရသည့်တိုင် ယုံကြည်ခြင်းသည် မှန်ကန်သော အရာကို လုပ်ဆောင်နေ
ပါတယ်။ သုတ္တံ ၃:၅ “ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့
ကိုးစားလော့။ ကိုယဉာဏ်ကို အမှီမပြုနှင့်။” ဓါတ်ပုံတစ်ခုလုံးကို သင်ဘယ်တော့မှ
သင်မသိနိုင်ပေမဲ့ ဘုရားသခင်ကတော့ အရာအားလုံးကို သိမြင်တော်မူပါတယ်။
သမ္မာကျမ်းစာက အကောင်းဆုံးသော
သာဓကအားဖြင့် ဂိဒေါင်၏အကြောင်းကို ဥပမာပေးထားပါတယ်။ က္ကုသရေလ အယောက် ၃၀၀ ကို ရန်သူစစ်သား
၁၃၅,၀၀၀ ဆီတိုက်ဖို့ ဂိဒေါင် ခေါ်ဆောင်ခဲ့ပါတယ်။ ဘုရားသခင်၌ မီးဒုတ်ကိုင်တဲ့ စစ်သူရဲတွေ
၊ ခရာတွေ ၊ မြေအိုးတွေဖြင့် ကွပ်ကဲမှုတွေရှိနေတယ် - ဂိဒေါင်မှာ နားမလည်နိုင် ဖြစ်ခဲ့ပေမည်။
ပြီးနောက်
ဘုရားသခင်သည် ဂိဒေါင်အား မီးဒုတ်တွေပေါ် မြေအိုးဖြင့် ဖုံးအုပ်စေကာ ညအချိန်တွင် ရန်သူ့စခန်းနား
သွားစဉ် အလင်းရောင်ကို မမြင်နိုင်အောင် လုပ်ဆောင်စေခဲ့တယ်။ ဘုရားသခင်က ခရာကို မှုတ်
၊ မြေအိုးခွဲပြီး မီးဒုတ်ကို အမှောင်ထဲမှာ ရုတ်တရက် လင်းအောင်ပြုပါ။ ထိုသို့ပြုလျှင်
ရန်သူစစ်သားတွေကို ရှုပ်ထွေးစေပြီး အချင်းချင်း ရန်ဖြစ်စေလိမ့်မည်။
စိတ်ထဲ၌ အဓိပ္ပါယ်မရှိပေမဲ့
ဂိဒေါင်သည် ဘုရားသခင်ကို နာခံခဲ့ပါတယ်။ က္ကုသရေလတို့ ခရာကို မှုတ်ပြီး မြေအိုးခွဲစေပြီးလျှင်
အလင်းတွေကို မီးဒုတ်ကနေ ပြသလိုက်ပါတယ်။ ရန်သူစစ်သားတို့ အံ့ဩချောက်ခြားစွာဖြင့် နိုးထလာကြပီး
က္ကုသရေလတို့ကို တိုက်ခိုက်ရမည့်အစား အချင်းချင်းစတင် တိုက်ခိုက်ကြပါတော့တယ်။ ဘုရားသခင်
ပြောထားသည့်အတိုင်း ဂိဒေါင်လုပ်ဆောင်ခဲ့တဲ့အတွက်ကြောင့် က္ကုသရေလတို့ စစ်ပွဲကို အောင်နိုင်ခဲ့ပါတယ်။
တစ်ခါတစ်ရံမှာ
ရူးမိုက်တယ်လို့ ထင်ရတဲ့အရာတွေကို ဘုရားသခင်က သင့်ကို လုပ်ဆောင်ဖို့ ပြောပါမည်။ ဒုက္ခရောက်စေမဲ့
အလားအလာရှိတာတွေကို ရင်ဆိုင်ရဖို့ အလားတူနေပါမည်။ ဘုရားသခင် စေခိုင်းတဲ့အရာကို နားမလည်သည့်တိုင်
နာခံခြင်းသည် ယုံကြည်ခြင်းပင် ဖြစ်ပါတယ်။
အရဲစွန့်မှုမပါဘဲ ယုံကြည်နိုင်ဖို့က သင်မပြုနိုင်ပါ။ ဒါပေမဲ့ ဘာကြောင့်
စေခိုင်းရခြင်းကို ဘုရားသခင်သိတော်မူ၏။ သူ့အား သင်ယုံကြည်နိုင်ပါတယ်။
ဆင်ခြင်ရန်
-မည်သို့သော
ရူးမိုက်သောအရာကို လုပ်ဆောင်ဖို့ရန် သင့်အား ဘုရားသခင် စေခိုင်းပါသနည်း။ မည်ကဲ့သို့
ဖြစ်ပေါ်လာစေသနည်း။
-သမ္မာကျမ်းစာက
ကိုယ့်ဉာဏ်ကို အမှီမပြုဖို့ ဆိုထားပါတယ်။ ဘုရားသခင်၏ အကြံအစည်ထက် မိမိအကြံအစည်အတိုင်း
ယုံကြည်ဖို့ စုံစမ်းခြင်းခံရတဲ့ တိကျတဲ့ အခန်းကဏ္ဍရှိပါသလား ။ ဘာကြောင့်လဲ။
-သင်နားမလည်တဲ့အရာတစ်ခုကို
နာခံဖို့ရန်ဖြစ်လာလျှင် အကြီးမားဆုံးသော သင်၏ကြောက်ရွံ့ခြင်းက ဘာဖြစ် မည်နည်း။
--------------------------------------------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်