Unicode Version
သင်၏ကလေးတွေကို တာဝန်ယူစေခြင်းဖြင့် ယုံကြည်လိုက်ပါ။
လုကာ ၁၆:၁၀ ၊ ၁၂ “အနည်းငယ်သောအမှု၌ သစ္စာရှိသောသူသည် ကြီးသောအမှု၌လည်းသစ္စာရှိလိမ့်မည်။
အနည်း ငယ်သောအမှု၌ သစ္စာမရှိသောသူသည် ကြီးသောအမှု၌လည်း သစ္စာမရှိ။”
သူတပါးအမှု၌ သင်တို့သည် သစ္စာမရှိလျှင်၊ အဘယ်သူသည်အပိုင် ပေးမည်နည်း။
ကလေးသူငယ်တွေသည်
သူတို့တွေအား ပုံဖော်ပေးရန် ၊ အရည်အချင်းတွေကို ထုတ်ဖော်ပေးဖို့ရန် နှင့် ဓမ္မအမှုလုပ်ငန်း
အတွက် သူတို့ဘဝတိုးတက်စေသော အတွေ့အကြုံများလိုအပ်သည်။
သူတို့လေးတွေ တာဝန်ယူတတ်ခြင်းတွင် ဖွံ့ဖြိုး စေဖို့ရန် စိန်ခေါ်မှုများလိုအပ်ပါတယ်။
ကျွန်ုပ်တို့အားလုံးသင်ယူရမည့် အရေးအကြီးဆုံး ဘဝစွမ်းရည်များထဲမှ တစ်ခုက “တာဝန်ယူခြင်း”
ဖြစ်ပါတယ်။
သင်၏သား၊
သမီး တွေကိုမည်ကဲ့သို့သော တာဝန်ယူမှုမျိုးကို သွန်သင်ပေးပါသနည်း။ နည်းလမ်းတစ်ခုသာရှိပါတယ်။
သူတို့လေးတွေကို အခွင့်အရေးပေးလိုက်ပါ။ သူတို့၏တာဝန်ယူမှုလေးတွေကို ယုံကြည်လိုက်ပါ။
သူတို့အမှားအယွင်း လုပ်မှာလား။ လုံးဝသေချာတာပေါ့။ သင်လည်း ကြီးထွားစဉ်ကာလတွေတုန်းက
လုပ်ခဲ့တာဘဲလေ။ တစ်ခါတရံ သူတို့လေးတွေ တာဝန်မဲ့သလို ဖြစ်နေမလား။ ဟုတ်ပါတယ်။ ဒါပေမဲ့
သင်က တာဝန်ယူမှု ရှိဖို့ စွဲကိုင်ထားတယ်ဆိုလျှင် သင်၏သား သမီးတွေကို တကယ်ပင် ထိခုက်စေပါတယ်။
သင်၏ကလေးများ မွေးဖွားသည့် အချိန်မှစ၍ မိဘအုပ်ထိန်းမှုအောက်ရှိ
အစောပိုင်း နှစ်ကာလတွေကနေ သူတို့အသက်တာ အလယ်အလတ် ကာလတွေကို သူတို့ဖာသာသူတို့ ထိန်းချုပ်ဖို့ရန်
နှင့် ဘုရားသခင်၏ ထိန်းချုပ်မှုအောက်သို့
ပြောင်းရွှေ့စေရန်မှာ မိဘအုပ်ထိန်းမှု၏ ရည်မှန်းချက်ဖြစ်ပါတယ်။
ဆိုလိုသည်မှာ
သင်၏ထိန်းချုပ်မှုကို စွန့်လွှတ်ရပါမည်။ လူတွေကို ကျွန်ုပ်တို့ တာဝန်ယူတဲ့အခါ လူတွေဆီကနေ
ယူနေတာပါ။ သင်၏ကလေးတွေကို ကလေးသူငယ်တွေလို ဆက်ဆံပြီး ဖွံ့ဖြိုးဖို့အခွင့်မပေးဘူးဆိုလျှင်
သင်၏ အသက်တာတစ်လျှောက်လုံး သူတို့လေးတွေကို အနှီးလုပ်ပေးရပါလိမ့်မည်။ ဒါသည် လူသားတစ်ဉီးကို
မှီခိုသူဖြစ်ဖို့ သင်ဖြည့်ဆည်းနေသလိုဖြစ်နေပါသည်။
မိဘတော်တော်များများပြောကြတာက
“ဤအရာအားလုံး ထပ်လုပ်ရမည်ဆိုလျှင် ကလေးတွေအတွက် နည်းနည်း ဘဲလုပ်ပေးမယ်… သူတို့ဖာသူ
သူတို့ များများလုပ်ဖို့ သွန်းသင်ပေးမယ်”။ ကျွန်ုပ်တို့ကို ပုံဖော်စေတဲ့အရာ ၊ ဖွံ့ဖြိုးတိုးတက်စေတဲ့အရာ
နှင့် အသက်တာတွင် တာဝန်ယူခြင်းကို တည်ဆောက်ပေးတဲ့ စိန်ခေါ်မှုတွေကြောင့် ကျွန်ုပ်တို့အားလုံးကို ကြီးထွားဖွံ့ဖြိုးစေတာဖြစ်တယ်။
လုကာ ၁၆:၁၀ ၊ ၁၂ “အနည်းငယ်သောအမှု၌ သစ္စာရှိသောသူသည် ကြီးသောအမှု၌လည်းသစ္စာရှိလိမ့်မည်။
အနည်း ငယ်သောအမှု၌ သစ္စာမရှိသောသူသည် ကြီးသောအမှု၌လည်း သစ္စာမရှိ။”
ကလေးများသည်
တာဝန်ယူတတ်ဖို့အတွက် အသိအမှတ်ပြုတတ် ၊ တုံ့ပြန်တတ်ကြပါတယ်။ မိဘတွေ နှင့်နှစ်ပေါင်းများစွာ
စကားပြောခဲ့ပြီး ကျွန်ုပ်တွေ့ရှိရတာက ... သင်၏ကလေးတွေကို
မယုံကြည်တာထက် များပြားတဲ့တာဝန်ပေးမှုပေါ် လွဲချော်မှုဖြစ်ခြင်းက ပိုပြီးကောင်းမွန်တယ်လို့
ကျွန်ုပ်ယုံကြည်ပါတယ်။ သူတိုလေးတွေ အမှားပေါင်းများစွာ လုပ်ကြမှာ ပါ။ သူတို့လေးတွေ၏ မိမိကိုယ်ကို
ထိန်းကွပ်မှုအောက်မှာဘဲ လျှောက်လှမ်းစေရုံမက ဘုရားသခင်၏ ထိန်းကွပ်မှု အောက်တွင် ရှိနေစေဖို့က
သင်၏ ရည်မှန်းချက်ဖြစ်သည်။
ဆင်ခြင်ရန်
-
ကလေးတွေအပေါ် သင်ယုံကြည်စိတ်ချမှုနှင့် သူတို့၏အသက်အရွယ်အလိုက် သင်ယုံကြည်ရသောအရာများ
ခြားနားမှုက မည်သို့နည်း။
-
ကျွန်ုပ်တို့၏လူမှုအဖွဲ့အစည်းကကျွန်ုပ်တို့၏ကလေးများအား တာ ၀ န်ယူမှုဖြင့် ပိုမိုလွယ်ကူစွာယုံကြည်မှုမှ
မည်သို့ကာကွယ်နိုင်သနည်း။
-
တာဝန်ယူခြင်း
နှင့်ဘုရားသခင်၏အချုပ်အခြာအာဏာကို တစ်ချိန်တည်း သင်မည်သို့သင်ပေးသနည်း။
-----------------------------------------------------------------------------------------Zawgyi Version
ဆင်ခြင်ရန်