To Find Joy, Give Your Life Away
Unicode Version
ဝမ်းမြောက်ခြင်းကို ရှာဖွေေတွေ့ရှိဖို့ရန် သင်၏အသက်တာကို ပေးဆပ်ပါ။
ရှင်ပေတရုဩဝါဒစာ ပဌမစောင် ၄:၁၀ “သင်တို့သည် ဆုကျေးဇူးတော်ကို အသီးသီးခံရကြသည်နှင့်အညီ၊ ဘုရားသခင်၏ အထူးထူး အပြားပြားသော ကျေးဇူးတော်ဘဏ္ဍာစိုးကောင်းကဲ့သို့၊ အချင်းချင်းဝေငှပေး ကမ်းကြ လော့။”
ပိုင်ဆိုင်ခြင်းအရာတွေ ၊ ရာထူးတွေ ၊ ဂုဏ်သိက္ခာတွေမှာ ဝမ်းမြောက်ပျော်ရွှင်ခြင်းတွေကို ဘယ်တော့မှ မတွေ့ရှိနိုင် ပါ။ အောင်မြင်ခြင်းတွေ ၊ လိင်ပိုင်းဆိုင်ရာ ၊ လစာ (သို့) အခြေအနေ စသော တဒင်္ဂအရာတွေမှာလည်း ပျော်ရွှင်ခြင်း ကို မတွေ့နိုင်ပါ။
အမြဲတမ်းတည်ရှိသော ၊ မပျောက်ပျက်သောအရာ ၊ ပျော်ရွှင်ရသောအရာတွေသည် သင့်အသက်တာကို ပေးဆပ် ဝန်ဆောင်ခြင်းတွေပေါ်မှာသာ ထွက်ပေါ်လာပါတယ်။ ဘုရားသခင်က သင့်ကို အသက်တာ ပေးကမ်းစွန့် လွှတ်တဲ့အရာအတွက် ဖန်ဆင်းထားတာ ဘာကြောင့်လဲ။
ဘာကြောင့်လဲဆိုတော့ ဘုရားသခင်က သင်နှင့်တူအောင် အလိုရှိတော်မူ၏။
လူတော်တော်များများ ဤအရာကို မသိပါဘူး။ သို့ပေမဲ့ ပျော်ရွှင်ရဖို့အတွက် လျှို့ဝှက်ချက်တွေရှိပါတယ်။ အဲဒီ လျှို့ဝှက်ချက်ကိုလည်း ဝန်ဆောင်မှုကနေ ပျော်ရွှင်ခြင်းကိုပါ တစ်ခါတည်းရှာဖွေနိုင်ပါသည်။
ပျော်ရွှင်ခြင်းကို ရှာဖွေဖို့နည်းလမ်းက… အောက်ပါအတိုင်းဖြစ်ပါတယ်
ပထမဉီးစွာ သင့်ကိုယ်သင်အတွက်ဆိုသော အတွေးမျိုးကို ဖယ်ရှားပါ။ သင့်ကိုယ်သင် အာရုံပိုစိုက်နေသရွေ့ ပိုပြီး စိတ်ဆင်းရဲမှုတွေ ဖြစ်လာပါလိမ့်မည်။ စစ်မှန်တဲ့ ပျော်ရွှင်မှုကို ရှာဖွေရန် “ငါနှင့်ဆိုင်သော” အတွင်းအာရုံစိုက် မှုတွေကို ရွေ့ပြောင်းလိုက်ပါ။ “ဘုရားသခင်နှင့် တခြားသူတွေကို ဝန်ဆောင်ပေးခြင်းနှင့်ဆိုင်သော” ဆိုတဲ့အပြင်အရာတွေကို အာရုံစိုက်လိုက်ပါ။
ဒါသည် ဓလေ့တစ်ခုဖြစ်တယ်။ လူမှုအသိုင်းအဝိုင်းတွေကတော့ “သင့်အတွက် နှင့် သင်နှင့်သာဆိုင်တယ်” ဆိုပြီး ဟစ်ကြွေးနေသော်လည်း သမ္မာကျမ်းစာက ဆိုထားသည်မှာ ဖိလိပ္ပိ ၂:၁၇ “ထိုမျှမက၊ သင်တို့၏ယုံကြည်ခြင်းကို တင်လှူ ပူဇော်သော ယဇ်အပေါ်မှာ ငါ့ကိုလောင်းသော်လည်း ဝမ်းမြောက်ခြင်းရှိ၏။ သင်တို့ရှိသမျှနှင့်အတူ ငါဝမ်းမြောက်ခြင်းရှိ၏။ ”
အမှန်တစ်ရားက လူတွေကို အကူညီဆုံးသောသူတွေကသာ အပျော်ရွှင်ဆုံးလူသားဖြစ်ပါတယ်။
ဒုတိယအနေဖြင့် သင့်၏ကောင်းချီးလက်ဆောင်တွေကို သူတစ်ပါးအတွက် ကူညီပေးပါ။ သင့်၏လက်ဆောင်ကို သူတစ်ပါးအား ပေးကမ်းကူညီခြင်းသည် ကောင်းသော ခံစားချက်ကို ဖြစ်ပေါ်စေတယ်။
ရှင်ပေတရုဩဝါဒစာ ပဌမစောင် ၄:၁၀ “သင်တို့သည် ဆုကျေးဇူးတော်ကို အသီးသီးခံရကြသည်နှင့်အညီ၊ ဘုရားသခင်၏ အထူးထူး အပြားပြားသော ကျေးဇူးတော်ဘဏ္ဍာစိုးကောင်းကဲ့သို့၊ အချင်းချင်းဝေငှ ပေးကမ်းကြ လော့။”
သူတစ်ပါးကို ကူညီပေးနိုင်ဖို့အတွက် ဘုရားသခင် သင့်ကို ကောင်းချီးပေးနေပါတယ်။ သူတစ်ပါးကို ကူညီပေးတဲ့အတွက်လည်း ဘုရားသခင် သင့်ကို ကောင်းချီးပေးပါမည်။
သင့်အသက်တာမှာ ပျော်ရွှင်ခြင်းကင်းမဲ့ပြီး ရုန်းကန်နေရပါလျှင် သင့်လူမှုဝန်းကျင်နှင့် သင်၏အသင်းတော်ရှိ လူတွေကို ကြိုးစားပြီး ကူညီလိုက်ပါ။
ပြီးနောက် သင်၏အရှိအတိုင်းတွေ ၊ လက်တွေ့အသက်တာတွေ မည်ကဲ့သို့ပြောင်းလဲသွားသည်ကို စောင့်ကြည့် လိုက်ပါ။
ဆင်ခြင်ရန်
- သူတစ်ပါးကို သင်ဝန်ဆောင်ပေးခြင်း ၊ ကူညီပေးခြင်းကြောင့် ဘုရားသခင်သည် သင့်ကို ဝမ်းမြောက်စေသည့် တစ်ချို့သော တိကျသေချာတဲ့နည်းလမ်းကို ဖော်ပြပါ။
- ကျွန်ုပ်တို့၏လူ့အဖွဲ့အစည်းသည် မိမိတို့ကိုယ်ကိုအာရုံမှုကို ကိုယ်တိုင်ဖယ်ရှားရန် မည်သို့ခက်ခဲစေသနည်း။ ထိုထုံးဓမ်းစဉ်လာ အဖြစ်မှန်များကို ဖော်ထုတ်ခြင်းသည် ဘာကြောင့် အထောက်အကူဖြစ်စေပါသနည်း။
- ယနေ့ကိုးကွယ်ဆည်းကပ်မှု၌ Pastor Rick ကအများဆုံး အကူအညီ ပေးသူတွေက အပျော်ရွှင်ဆုံး လူတွေပေါ့ ဟုပြောခဲ့သည်။ ဒါကို ဘယ်အချိန်မှာ မှန်ကန်တယ်လို့ သင်ထင်မြင်ပါသနည်း။ 
---------------------------------------------------------------------------------
Zawgyi Version
ဝမ်းမြောက်ခြင်းကို ရှာဖွေတွေ့ရှိဖို့ရန် သင်၏အသက်တာကို ပေးဆပ်ပါ။
ဆင်ခြင်ရန်