Unicode Version
ပေါင်းသင်းဆက်ဆံရေးကို
တိုးတက်စေမည့်
သော့ချက်
မဿဲ ၂၀:၂၈ “သူတပါးအစေကို ခံခြင်းငှါ၎င်း၊ မိမိအသက်ကိုစွန့်၍ လူများကိုရွေးခြင်းငှါ၎င်း၊
ကြွလာသည်ဖြစ်၍၊ ထိုနည်းတူ သင်တို့တွင်အကဲအမှူးပြုလိုသောသူကို သင်တို့အစေခံဖြစ်စေ။ သင်တို့တွင်အထွဋ်အမြတ်
လုပ်ချင် သောသူကိုလည်း သင်တို့ကျွန်ဖြစ်စေဟု မိန့်တော်မူ၏။”
ဘဝမှာ
ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးဖြစ်စေတဲ့ သော့ချက်တွေကို သင်သိချင်ပါသလား။
ဝန်ဆောင်မှုပေးဖို့
သင်လေ့လာသင်ယူသင့်ပါသည်။
အများစုသော
ဆက်ဆံရေးပြသနာ၏ အရင်းအမြစ်ကား မိမိကိုယ်ကို ၌ဉီးတည်မှုပြုသောကြောင့် ဖြစ်တယ်။ တခြားသူတွေ၏ အကြောင်းအရာတွေကိုပါ သင်ကြည့်ရှုသင့်ပါတယ်။ ဒါပေမဲ့ အရင်းအမြစ်တွေက မိမိကိုယ်ကို ဉီးတည်နေခြင်းကြောင့်ပင်ဖြစ်တယ်။ ကျွန်ုပ်တို့သည်
လိုချင်တဲ့အချိန်မှာ ရရှိဖို့ကို အလိုရှိကြတယ်။ ဘယ်သူမျှ မပြောင်းလဲကြပါ …ဒါတွေသည်
ပဋိပက္ခဖြစ်စေပါတယ်။
ဒါကြောင့်
မိမိအကြောင်း ၊ မိမိအမြင်ရှုထောင့် တွေကနေထွက်ပြီးတခြားသူတွေအား ဖြည့်ဆည်းပေးရန်လော့ဖို
လိုအပ်ခြင်းပင်ဖြစ်ပါတယ်။ သူတစ်ပါးကိုပံ့ပိုးပေးခြင်းသည် သင့်ကို ပြောင်းလဲစေတယ်၊ သင်၏
ဆက်ဆံရေးကိုလည်း ပြောင်းလဲစေပါတယ်။
ဘုရားသခင်သည် သူ၏ အကြီးမြတ်ဆုံးသော သင်ခန်းစာတစ်ခုဖြစ်တဲ့ “မည်ကဲ့သို့
တစ်ကိုယ်ကောင်းမဆန်ခြင်း” အကြောင်းကို ဤကမ္ဘာပေါ်မှာ သင်ရောက်နေချိန်တွင် လေ့လာစေချင်ပါသည်။
လေ့လာဖို့ရန် ရှည်လျားတဲ့ သင်ရိုးတစ်ခုဖြစ်ပါတယ်။ ကံမကောင်းစွာ … လူတော်တော်များများကတော့
အသက်တာတစ်လျှောက်လုံး ဤအရာကို လေ့လာခြင်းမပြုပဲ ထွက်ခွါသွားကြပါတယ်။
ထူးခြား
၊ ခြားနားစွာ သင်အသက်ရှင်ဖို့ ရွေးချယ်မှု ပြုနိုင်ပါတယ်။ တစ်ကိုယ်ကောင်း မဆန်ဖို့
လေ့လာနိုင်တယ်။ ဘယ်လိုမျိုးလဲ ၊ ရိုးစင်းလွယ်ကူပါတယ်
… သခင်ခရစ်တော်နည်းတူ လုပ်ဆောင်ဖို့ပါပဲ။
သခင်ခရစ်တော်ဆိုထားသည်မှာ
မဿဲ ၂၀:၂၈ “သူတပါးအစေကို ခံခြင်းငှါ၎င်း၊ မိမိအသက်ကိုစွန့်၍
လူများကိုရွေးခြင်းငှါ၎င်း၊ ကြွလာသည်ဖြစ်၍၊ ထိုနည်းတူ သင်တို့တွင်အကဲအမှူးပြုလိုသောသူကို
သင်တို့အစေခံဖြစ်စေ။ သင်တို့တွင်အထွဋ်အမြတ် လုပ်ချင် သောသူကိုလည်း သင်တို့ကျွန်ဖြစ်စေဟု
မိန့်တော်မူ၏။”
သမ္မာကျမ်းစာရှိ
သခင်ခရစ်တော်၏ သက်တော်စဉ်အကြောင်းကို သင်နောက်တစ်ချိန် ဖတ်လျှင် တခြားသူတွေနှင့် သခင်ခရစ်တော်
မည်ကဲ့သို့ ပေါင်းသင်းဆက်ဆံမှု ပြုတယ်ဆိုတာကို သတိပြုပါ။ သူတစ်ပါးကို သူ့ထက်အရင် အမြဲတမ်းဉီးစားပေးခြင်းတွေကို
ကြည့်ပါ၊ သခင်၏ လက္ခဏာတို့ကို အတုယူပြီဆိုလျှင် သင့်အသက်တာကို သင့်အတွက် မဟုတ်တော့ဘဲ
တစ်ခြားသူတွေအတွက် အသက်ရှင်ဖို့ဖြစ်လာပါမည်။ ဧဝံဂေလိတရားပြခြင်း တစ်လျှောက်မှာ သခင်ခရစ်တော်
ဆက်တိုက်ဖော်ပြခဲ့ပါတယ်။
အဲဒီလိုလုပ်ဆောင်ခြင်းတွေကို လေ့လာပါ။ ဒါမှ သင်၏ပေါင်းသင်းဆက်ဆံရေး တိုးတက်လာပါမည်။ သခင်ခရစ်တော် နှင့် ပိုမိုတူလာမည်မကပါ သူငယ်ချင်းတွေအတွက် သင်သည် လေးစားစရာ ၊ ချစ်ခင်စရာ လူတစ်ဉီးဖြစ် လာပါမည်။
မိမိအကြံအစည်တွေကိုလိုက်ခြင်းမဟုတ်ဘဲ တစ်ခြားသူတွေအတွက် အမြဲတမ်း ကြိုးစား လုပ်ဆောင်တဲ့သူတွေ
အနားမှာ လူတွေနေချင်ကြပါတယ်။
စိတ်ဝင်စားဖို့
မကြိုးစားပါနှင့်။ စိတ်ဝင်စားပါ။ တခြားသူတွေကို စိတ်ဝင်စားပါ။ အဲဒီလိုပြုပါလျှင် လူတွေက
သင့်ကို ကမ္ဘာပေါ်မှာ အမွန်မြတ်ဆုံးလူလို့ တွေးထင်ပါမည်။ လူအများစုကတော့ သူတို့ကိုယ်ကိုဘဲ
စိတ်ဝင်စားကြပါတယ်။ သူတစ်ပါးကို သင်စိတ်ဝင်စားတဲ့အခါ သူတို့တွေ သင်ကို တန်ဖိုးထားလာမည်
။ သင့်အား အသက်ရှင်သမျှထဲမှာ အမွန်မြတ်ဆုံးသော စကားပြေားဆိုသူအဖြစ် ထင်မှတ်ထားနိုင်ပါမည်။
ကိုယ်ကျိုးစွန့်အမှုဆောင်ခြင်းနှင့်
ပတ်သက်၍ ရောမ ၁၄:၁၈ တွင် “ထိုသို့ကျင့်၍ ခရစ်တော်၏အမှုကို
ဆောင်ရွက်သောသူသည် ဘုရားသခင့်ရှေ့၌ နှစ်သက်ဘွယ်၊ လူတို့ တွင် ချီးမွမ်းဘွယ်ဖြစ်၏။”
ကိုယ်ကျိုးစွန့်ခြင်းက
သင်၏ပေါင်းသင်းဆက်ဆံရေးကို ပြောင်းလဲစေလိမ့်မည်။
ဆင်ခြင်ရန်
-
သင်၏ဘဝတွင် ကိုယ်ကျိုးစွန့် အမှုဆောင်ခြင်း၏
ကောင်းသောပုံသက်သေအဖြစ် မည်သူအားတွေ့ပါသနည်း။
-အခြားသူများနှင့်ကိုယ်ကျိုးမကြည့်ဘဲ
ဆက်ဆံရန်အခက်တွေ့ခြင်းကို မည်သို့သောအချိန်တွင် တွေ့ရှိရသနည်း။ အဘယ်ကြောင့်နည်း။
-သူတစ်ပါးအား
ကိုယ်ကျိုးမဖက်ဘဲအမှုဆောင်သောသင်သည် ယခုအပတ်တွင်
မည်သို့သောဆက်ဆံရေးကို သင်၏ အသက်တာတွင် တိုးတက်စေနိုင်သနည်း။
ေပါင္းသင္းဆက္ဆံေရးကို တိုးတက္ေစမည့္ ေသာ့ခ်က္
မႆဲ ၂၀:၂၈ “သူတပါးအေစကို ခံျခင္းငွါ၎၊ မိမိအသက္ကိုစြန္႔၍ လူမ်ားကိုေ႐ြးျခင္းငွါ၎၊ ႂကြလာသည္ျဖစ္၍၊ ထိုနည္းတူ သင္တို႔တြင္အကဲအမႉးျပဳလိုေသာသူကို သင္တို႔အေစခံျဖစ္ေစ။ သင္တို႔တြင္အထြဋ္အျမတ္ လုပ္ခ်င္ ေသာသူကိုလည္း သင္တို႔ကြၽန္ျဖစ္ေစဟု မိန္႔ေတာ္မူ၏။”
ဘဝမွာ ပိုမိုေကာင္းမြန္တဲ့ ဆက္ဆံေရးျဖစ္ေစတဲ့ ေသာ့ခ်က္ေတြကို သင္သိခ်င္ပါသလား။
ဝန္ေဆာင္မႈေပးဖို႔ သင္ေလ့လာသင္ယူသင့္ပါသည္။
အမ်ားစုေသာ ဆက္ဆံေရးျပသနာ၏ အရင္းအျမစ္ကား မိမိကိုယ္ကို ၌ဉီးတည္မႈျပဳေသာေၾကာင့္ ျဖစ္တယ္။ တျခားသူေတြ၏ အေၾကာင္းအရာေတြကိုပါ သင္ၾကည့္ရႈသင့္ပါတယ္။ ဒါေပမဲ့ အရင္းအျမစ္ေတြက မိမိကိုယ္ကို ဉီးတည္ေနျခင္းေၾကာင့္ပင္ျဖစ္တယ္။ ကြၽႏ္ုပ္တို႔သည္ လိုခ်င္တဲ့အခ်ိန္မွာ ရရွိဖို႔ကို အလိုရွိၾကတယ္။ ဘယ္သူမွ် မေျပာင္းလဲၾကပါ …ဒါေတြသည္ ပဋိပကၡျဖစ္ေစပါတယ္။
ဒါေၾကာင့္ မိမိအေၾကာင္း ၊ မိမိအျမင္ရႈေထာင့္ ေတြကေနထြက္ၿပီးတျခားသူေတြအား ျဖည့္ဆည္းေပးရန္ေလာ့ဖို လိုအပ္ျခင္းပင္ျဖစ္ပါတယ္။ သူတစ္ပါးကိုပံ့ပိုးေပးျခင္းသည္ သင့္ကို ေျပာင္းလဲေစတယ္၊ သင္၏ ဆက္ဆံေရးကိုလည္း ေျပာင္းလဲေစပါတယ္။
ဘုရားသခင္သည္ သူ၏ အႀကီးျမတ္ဆုံးေသာ သင္ခန္းစာတစ္ခုျဖစ္တဲ့ “မည္ကဲ့သို႔ တစ္ကိုယ္ေကာင္းမဆန္ျခင္း” အေၾကာင္းကို ဤကမာၻေပၚမွာ သင္ေရာက္ေနခ်ိန္တြင္ ေလ့လာေစခ်င္ပါသည္။ ေလ့လာဖို႔ရန္ ရွည္လ်ားတဲ့ သင္႐ိုးတစ္ခုျဖစ္ပါတယ္။ ကံမေကာင္းစြာ … လူေတာ္ေတာ္မ်ားမ်ားကေတာ့ အသက္တာတစ္ေလွ်ာက္လုံး ဤအရာကို ေလ့လာျခင္းမျပဳပဲ ထြက္ခြါသြားၾကပါတယ္။
ထူးျခား ၊ ျခားနားစြာ သင္အသက္ရွင္ဖို႔ ေ႐ြးခ်ယ္မႈ ျပဳႏိုင္ပါတယ္။ တစ္ကိုယ္ေကာင္း မဆန္ဖို႔ ေလ့လာႏိုင္တယ္။ ဘယ္လိုမ်ိဳးလဲ ၊ ႐ိုးစင္းလြယ္ကူပါတယ္ … သခင္ခရစ္ေတာ္နည္းတူ လုပ္ေဆာင္ဖို႔ပါပဲ။
သခင္ခရစ္ေတာ္ဆိုထားသည္မွာ မႆဲ ၂၀:၂၈ “သူတပါးအေစကို ခံျခင္းငွါ၎၊ မိမိအသက္ကိုစြန္႔၍ လူမ်ားကိုေ႐ြးျခင္းငွါ၎၊ ႂကြလာသည္ျဖစ္၍၊ ထိုနည္းတူ သင္တို႔တြင္အကဲအမႉးျပဳလိုေသာသူကို သင္တို႔အေစခံျဖစ္ေစ။ သင္တို႔တြင္အထြဋ္အျမတ္ လုပ္ခ်င္ ေသာသူကိုလည္း သင္တို႔ကြၽန္ျဖစ္ေစဟု မိန္႔ေတာ္မူ၏။”
သမၼာက်မ္းစာရွိ သခင္ခရစ္ေတာ္၏ သက္ေတာ္စဥ္အေၾကာင္းကို သင္ေနာက္တစ္ခ်ိန္ ဖတ္လွ်င္ တျခားသူေတြႏွင့္ သခင္ခရစ္ေတာ္ မည္ကဲ့သို႔ ေပါင္းသင္းဆက္ဆံမႈ ျပဳတယ္ဆိုတာကို သတိျပဳပါ။ သူတစ္ပါးကို သူ႔ထက္အရင္ အၿမဲတမ္းဉီးစားေပးျခင္းေတြကို ၾကည့္ပါ၊ သခင္၏ လကၡဏာတို႔ကို အတုယူၿပီဆိုလွ်င္ သင့္အသက္တာကို သင့္အတြက္ မဟုတ္ေတာ့ဘဲ တစ္ျခားသူေတြအတြက္ အသက္ရွင္ဖို႔ျဖစ္လာပါမည္။ ဧဝံေဂလိတရားျပျခင္း တစ္ေလွ်ာက္မွာ သခင္ခရစ္ေတာ္ ဆက္တိုက္ေဖာ္ျပခဲ့ပါတယ္။
အဲဒီလိုလုပ္ေဆာင္ျခင္းေတြကို ေလ့လာပါ။ ဒါမွ သင္၏ေပါင္းသင္းဆက္ဆံေရး တိုးတက္လာပါမည္။ သခင္ခရစ္ေတာ္ ႏွင့္ ပိုမိုတူလာမည္မကပါ သူငယ္ခ်င္းေတြအတြက္ သင္သည္ ေလးစားစရာ ၊ ခ်စ္ခင္စရာ လူတစ္ဉီးျဖစ္ လာပါမည္။ မိမိအႀကံအစည္ေတြကိုလိုက္ျခင္းမဟုတ္ဘဲ တစ္ျခားသူေတြအတြက္ အၿမဲတမ္း ႀကိဳးစား လုပ္ေဆာင္တဲ့သူေတြ အနားမွာ လူေတြေနခ်င္ၾကပါတယ္။
စိတ္ဝင္စားဖို႔ မႀကိဳးစားပါႏွင့္။ စိတ္ဝင္စားပါ။ တျခားသူေတြကို စိတ္ဝင္စားပါ။ အဲဒီလိုျပဳပါလွ်င္ လူေတြက သင့္ကို ကမာၻေပၚမွာ အမြန္ျမတ္ဆုံးလူလို႔ ေတြးထင္ပါမည္။ လူအမ်ားစုကေတာ့ သူတို႔ကိုယ္ကိုဘဲ စိတ္ဝင္စားၾကပါတယ္။ သူတစ္ပါးကို သင္စိတ္ဝင္စားတဲ့အခါ သူတို႔ေတြ သင္ကို တန္ဖိုးထားလာမည္ ။ သင့္အား အသက္ရွင္သမွ်ထဲမွာ အမြန္ျမတ္ဆုံးေသာ စကားေျပားဆိုသူအျဖစ္ ထင္မွတ္ထားႏိုင္ပါမည္။
ကိုယ္က်ိဳးစြန႔္အမႈေဆာင္ျခင္းႏွင့္ ပတ္သက္၍ ေရာမ ၁၄:၁၈ တြင္ “ထိုသို႔က်င့္၍ ခရစ္ေတာ္၏အမႈကို ေဆာင္႐ြက္ေသာသူသည္ ဘုရားသခင့္ေရွ႕၌ ႏွစ္သက္ဘြယ္၊ လူတို႔ တြင္ ခ်ီးမြမ္းဘြယ္ျဖစ္၏။”
ကိုယ္က်ိဳးစြန႔္ျခင္းက သင္၏ေပါင္းသင္းဆက္ဆံေရးကို ေျပာင္းလဲေစလိမ့္မည္။
ဆင္ျခင္ရန္
- သင္၏ဘဝတြင္ ကိုယ္က်ိဳးစြန႔္ အမႈေဆာင္ျခင္း၏ ေကာင္းေသာပုံသက္ေသအျဖစ္ မည္သူအားေတြ႕ပါသနည္း။
-အျခားသူမ်ားႏွင့္ကိုယ္က်ိဳးမၾကည့္ဘဲ ဆက္ဆံရန္အခက္ေတြ႕ျခင္းကို မည္သို႔ေသာအခ်ိန္တြင္ ေတြ႕ရွိရသနည္း။ အဘယ္ေၾကာင့္နည္း။
-သူတစ္ပါးအား ကိုယ္က်ိဳးမဖက္ဘဲအမႈေဆာင္ေသာသင္သည္ ယခုအပတ္တြင္ မည္သို႔ေသာဆက္ဆံေရးကို သင္၏ အသက္တာတြင္ တိုးတက္ေစႏိုင္သနည္း။