Unicode Version
ဝိညာဉ်ရေးရာ ရင့်ကျက်ဖို့ရန် ကလေးသူငယ် ခြေလှမ်းများဖြင့် လှမ်းပါ။
ဟေဗြဲ ဩဝါဒစာ ၁၂:၁ “ထိုကြောင့်၊ ဤမျှလောက် များစွာသော သက်သေအပေါင်းတို့သည်
ငါတို့ကို ဝိုင်းရံလျက်ရှိ ကြသည်ဖြစ်၍၊ ငါတို့သည် ခပ်သိမ်းသော ဝန်တို့ကို၎င်း၊ နှောင့်ရှက်တတ်သောဒုစရိုက်ကို၎င်း
ပယ်ရှား၍၊ ငါတို့ မျက်မှောက်၌ ထားသောပန်းတုံးတိုင်သို့ရောက်ခြင်းငှါ၊ အားမလျော့ဘဲ ပြေးကြကုန်အံ့။”
ဤပြေးသောလမ်းကို
တစ်ပတ်အတွင်းဖြစ်စေ ၊ တစ်လအတွင်းဖြစ်စေ ၊
တစ်နှစ်အတွင်းဖြစ်စေ သင်ပြီးမြောက်နိုင်မည် မဟုတ်ပါ … သင့်အသက်တာ
တစ်လျှောက်လုံး ကြာမြင့်ပါမည်။ ရေးမှတ်ထားသော အသက်တာကာလအချိန် လိုအပ်သည်အတိုင်း သင့်ကိုဘုရားက
အလိုတော်ရှိသောသူအဖြစ် ပုံဖော်ဖို့ရန် အကြံအစည်ရှိပါတယ်။
အဲဒီလို
ကြီးထွားမှုကို သင်လျှပ်စစ်ပတ်လမ်းတို လိုမျိုး မလုပ်နိုင်ပါ။
ယုံကြည်သူခရစ်ယာန်တစ်ဉီးဖြစ်လာပါလျှှင် ကြီးထွားဖို့လျင်မြန်စွာ သင်စတင်ပါမည်။
လသားအရွယ်ကလေးသူငယ် လိုမျိုးကနေ ပထမနှစ်ဉီးပိုင်းမှာ အလွန်မြန်ဆန်စွာ ကြီးထွားလာသည်။
သို့ပေမဲ့ ကျန်ရှိတဲ့အသက်တာတွေကို သင် အလျင်အမြန်တော့ ဆက်လက်မကြီးထွားပါဘူး။
ကြီးထွားမှု
- ခန္ဓာပိုင်းဆိုင်ရင် နှင့် ဝိညဉ်ပိုင်းဆိုင်ရာ - နှေးကွေးခြင်းရှိတယ်။ ဒါသည် အချိန်ကာလတစ်ခုအတွင်
လုံခြုံပြီး တည်ငြိမ်မှုရှိပါတယ်။ သင် အလျင်အမြန်ကြီးထွားဖို့လည်း ဘုရားသခင် အလျင်စလို
မဖြစ်ပါ။ သင်ကတော့ အလျင်လိုနေပေမည်။ ဘုရားကတော့ အလျင်မလိုပါ။
ဒါကြောင့်
ကြီးထွားဖို့အတွက် ရိုးစင်းတဲ့အခြေလှမ်းတွေဖြင့် စတင်ဖို့ရန် သင်လိုအပ်ပါတယ်။ အပတ်တိုင်းတွင်
ကလေးသူငယ် ခြေလှမ်း တစ်လှမ်း (သို့) နှစ်လမ်း ကဲ့သို့လှမ်းပါလျှင် နှစ်ကုန်ပိုင်းမှာ
ကြီးထွားခြင်းလမ်းမှာ ပိုမိုကောင်းမွန်တဲ့အနေအထားကို သင်ရရှိပါမည်။
ယုံကြည်သူ ခရစ်ယာန်တွေ အသက်ရှင်ခြင်းအရာမှာ Grand Canyon သို့ တစ်ချက်တည်းဖြင့်
ခုန်ဖို့ရန်မဟုတ်ပါ။ ဒါသည် ကလေးသူငယ်ခြေလှမ်းလေးတွေဖြင့် သွားရသော တစ်လှမ်းချင်း ခရီးဖြစ်ပါတယ်။
ဆင်ခြင်ရန်
-
သင်၏ဝိညာဉ်ရေး
တိုးတက်မှုနှင့် ပတ်သက်လာသောအခါ မည်သည့်နေရာ၌ သင်စိတ်မရှည်နိုင်သနည်း၊ အဘယ်ကြောင့်နည်း။
-
သင်နှင့်နီးသော
သူများသည် သူတို့၏ဝိညာဉ်ရေးခရီးစဉ်တွင် စိတ်မရှည်ခြင်းနှင့် မည်သို့ရုန်းကန်ခဲ့ကြရ
သနည်း။
-
ယခုအပတ်တွင်
သင့်ဝိညာဉ်ရေးကြီးထွားမှုအတွက် မည်သို့သော သူငယ်ခြေလှမ်း တစ်လှမ်း ကနေစတင် မည်နည်း။
---------------------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်