Pray for It Before You Pay for It

Unicode Version

ငွေမပေးချေခင် ဆုတောင်းပါ။
ရှင်ယောဟန်ခရစ်ဝင် ၁၆:၂၄ “ယခုတိုင်အောင် ငါ၏နာမကို အမှီပြု၍ သင်တို့သည် အဘယ်ဆုကိုမျှ မတောင်းကြသေး။ သင်တို့သည် ဝမ်းမြောက် စရာအကြောင်း စုံလင်စေခြင်းငှါ တောင်းကြလော့။ ထိုသို့ တောင်းလျှင် ရကြလိမ့်မည်။”

ငွေကြေးဆိုင်ရာ လိုအပ်ချက်တွေရှိနေပါသလား။ ဘုရားသခင်ထံမှ အကူအညီကို စောင့်ဆိုင်းနေပါသလား။
သင်၏ငွေကြေးဆိုင်ရာ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ရန် ဘုရားသခင် ကတိတော်ရှိပါတယ်။ သူ၏ အကူအညီ အား သင်တောင်းလျှောက်ဖို့ရန် ဘုရားရှင်စောင့်ဆိုင်းနေပါတယ်။ သင်၏နှုတ်ကို ပိတ်ထားသည့်အချိန်အထိ ဘုရားသခင်သည် သူ၏ကုန်လှောင်ရုံကို ဘယ်တော့မှ မပိတ်ပါ။

ကျွန်ုပ်တို့အသက်တာမှာ အံ့ဩဖွယ်အနည်းငယ်တွေကို တွေ့ကြုံရခြင်း၏ အကြောင်းရင်းတစ်ခုက ကျွန်ုပ်တို့ မတောင်းလျှောက်ထားလို့ဖြစ်တယ်။ သခင်ခရစ်တော်၌တည်သော အသက်တာဖြင့် အသက်ရှင်မည့်အစား ကျွန်ုပ်တို့က မိမိငွေစာရင်းပေါ်မှာ မှီပြီး အသက်ရှင်ကြပါတယ်။ ကျွန်ုပ်တို့ တစ်စုံတစ်ခုကို အလိုရှိတဲ့အခါမှာ ဘုရားသခင်ကို တောင်းလျှေက်မည့်အစား ကျွန်ုပ်တို့ ငွေကတ်ကို အသုံးပြုလိုက်ကြပါတယ်။ သခင်ခရစ်တော်ကို ယုံကြည်မည့်အစား ငွေကတ်တွေကိုသာ ကျွန်ုပ်တို့အားကိုးကြပါတယ်။

သင့်အသက်တာမှာ ဘုရားသခင်၏ လုပ်ဆောင်မှုတွေကို မြင်ချင်ပါလျှင် ငွေကြေးမပေးချေခင်မှာ ဝယ်ယူမည့်အရာ အတွက် ဆုတောင်းပါ။ အဓိက ဝယ်ယူသည့်အရာတွေအတွက် မဝယ်ခင်မှာ သင်ဆုတောင်းပေးပါသလား။ သို့မဟုတ် သင်၏ငွေကတ်ကိုသာ အာရုံထားနေသလား။ အဲဒီငွေကတ်အတွက် ဆုမတောင်းခင်မှာ အသုံးပြုလိုက်တိုင်းသည် အသက်တာမှာ ဖြစ်နိုင်စရာ အံ့ဩဖွယ်တွေကို လျှပ်စီးပတ်လမ်းကို တိုစေသလို ဖြစ်စေသွားမည်ဖြစ်သည်။ မပေးချေခင်မှာ ဘာကြောင့် ဘုရားထံ ဝယ်ယူမည့်အရာအတွက် မတောင်းလျှောက်သနည်း။

ဘုရားသခင်သည် သင်တောင်းလျှောက်သမျှသော အရာတိုင်းကို ပေးမှာ မဟုတ်ပါ။ ဒါပေမဲ့ တစ်ချို့သောအရာတွေကို တော့ သင့်အသက်တာမှာ အံ့ဩဖွယ်ရာတွေ လုပ်ဆောင်ဖို့ ပေးဖို့ရှိပါတယ်။ လူတော်တော်များများကတော့ ငွေကြေးအတွက် ဆုတောင်းမှု ဘယ်တော့မှ မပြုခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ ဘယ်တော့မှ အသေးစိတ် အတိအကျ မတောင်းလျှောက်ခဲ့ပါ။
ရှင်ယောဟန်ခရစ်ဝင် ၁၆:၂၄ “ယခုတိုင်အောင် ငါ၏နာမကို အမှီပြု၍ သင်တို့သည် အဘယ်ဆုကိုမျှ မတောင်းကြသေး။ သင်တို့သည် ဝမ်းမြောက် စရာအကြောင်း စုံလင်စေခြင်းငှါ တောင်းကြလော့။ ထိုသို့ တောင်းလျှင် ရကြလိမ့်မည်။”

ဆုတောင်းချက်တွေမှာ တောင်းလျှောက်ကြဖို့အတွက် သင်လေ့လာမှုတွေပြုဖို့ ဘုရားရှင် ဘာကြောင့်များ အလိုရှိသနည်း။ ဒါမှ သူပေးနိုင်မှာဖြစ်ပြီး သင်သည်လည်း ပျော်ရွှင်မှုတွေဖြင့် ပြည့်သွားပါမည်။ ဘုရားရှင်က ချစ်တတ်တဲ့ ဖခင်တစ်ယောက်ပါ။ ကောင်းကင်ဘုံမှာ ထုံပြီး သင့်အသက်တာ ကသိကအောက်ဖြစ်အောင် စောင့်နေတာ မဟုတ်ပါ။ သင်၏အသက်တာကို ကောင်းချီးပေးချင်ပါတယ်။ သင်တောင်းလျှောက်ဖို့ဘဲ လိုပါတယ်။

ဆင်ခြင်ရန်
-သင်၏အသုံးစရိတ် အလေ့အကျင့်တွေနှင့် ဆုတောင်းခြင်းအသက်တာတွေမှာ အကန့်အသတ်ရှိပါသလား။
-ကြီးမားသော ၀ယ်ယူမှုများပြုလုပ်ရာတွင် သင့်မိသားစု၏ မူဝါဒကား မည်သို့နည်း။

-သင်၏ ငွေကြေးဆိုင်ရာကိစ္စတွေမှာ ဘုရားသခင်အား နက်ရှိုင်းစွာယုံကြည်ကိုးစားခြင်းကြောင့် သင့်အသက်တာကို မည်သို့သော နည်းလမ်းတွေဖြင့် သက်ရောက်မှုရှိပါသနည်း။

---------------------------------------------------------------------------------




Zawgyi Version


ေငြမေပးေခ်ခင္ ဆုေတာင္းပါ။
ရွင္ေယာဟန္ခရစ္ဝင္ ၁၆:၂၄ “ယခုတိုင္ေအာင္ ငါ၏နာမကို အမွီျပဳ၍ သင္တို႔သည္ အဘယ္ဆုကိုမွ် မေတာင္းၾကေသး။ သင္တို႔သည္ ဝမ္းေျမာက္ စရာအေၾကာင္း စုံလင္ေစျခင္းငွါ ေတာင္းၾကေလာ့။ ထိုသို႔ ေတာင္းလွ်င္ ရၾကလိမ့္မည္။”

ေငြေၾကးဆိုင္ရာ လိုအပ္ခ်က္ေတြရွိေနပါသလား။ ဘုရားသခင္ထံမွ အကူအညီကို ေစာင့္ဆိုင္းေနပါသလား။
သင္၏ေငြေၾကးဆိုင္ရာ လိုအပ္ခ်က္ေတြကို ျဖည့္ဆည္းေပးဖို႔ရန္ ဘုရားသခင္ ကတိေတာ္ရွိပါတယ္။ သူ၏ အကူအညီ အား သင္ေတာင္းေလွ်ာက္ဖို႔ရန္ ဘုရားရွင္ေစာင့္ဆိုင္းေနပါတယ္။ သင္၏ႏႈတ္ကို ပိတ္ထားသည့္အခ်ိန္အထိ ဘုရားသခင္သည္ သူ၏ကုန္ေလွာင္႐ုံကို ဘယ္ေတာ့မွ မပိတ္ပါ။

ကြၽႏ္ုပ္တို႔အသက္တာမွာ အံ့ဩဖြယ္အနည္းငယ္ေတြကို ေတြ႕ႀကဳံရျခင္း၏ အေၾကာင္းရင္းတစ္ခုက ကြၽႏ္ုပ္တို႔ မေတာင္းေလွ်ာက္ထားလို႔ျဖစ္တယ္။ သခင္ခရစ္ေတာ္၌တည္ေသာ အသက္တာျဖင့္ အသက္ရွင္မည့္အစား ကြၽႏ္ုပ္တို႔က မိမိေငြစာရင္းေပၚမွာ မွီၿပီး အသက္ရွင္ၾကပါတယ္။ ကြၽႏ္ုပ္တို႔ တစ္စုံတစ္ခုကို အလိုရွိတဲ့အခါမွာ ဘုရားသခင္ကို ေတာင္းေလွ်က္မည့္အစား ကြၽႏ္ုပ္တို႔ ေငြကတ္ကို အသုံးျပဳလိုက္ၾကပါတယ္။ သခင္ခရစ္ေတာ္ကို ယုံၾကည္မည့္အစား ေငြကတ္ေတြကိုသာ ကြၽႏ္ုပ္တို႔အားကိုးၾကပါတယ္။

သင့္အသက္တာမွာ ဘုရားသခင္၏ လုပ္ေဆာင္မႈေတြကို ျမင္ခ်င္ပါလွ်င္ ေငြေၾကးမေပးေခ်ခင္မွာ ဝယ္ယူမည့္အရာ အတြက္ ဆုေတာင္းပါ။ အဓိက ဝယ္ယူသည့္အရာေတြအတြက္ မဝယ္ခင္မွာ သင္ဆုေတာင္းေပးပါသလား။ သို႔မဟုတ္ သင္၏ေငြကတ္ကိုသာ အာ႐ုံထားေနသလား။ အဲဒီေငြကတ္အတြက္ ဆုမေတာင္းခင္မွာ အသုံးျပဳလိုက္တိုင္းသည္ အသက္တာမွာ ျဖစ္ႏိုင္စရာ အံ့ဩဖြယ္ေတြကို လွ်ပ္စီးပတ္လမ္းကို တိုေစသလို ျဖစ္ေစသြားမည္ျဖစ္သည္။ မေပးေခ်ခင္မွာ ဘာေၾကာင့္ ဘုရားထံ ဝယ္ယူမည့္အရာအတြက္ မေတာင္းေလွ်ာက္သနည္း။

ဘုရားသခင္သည္ သင္ေတာင္းေလွ်ာက္သမွ်ေသာ အရာတိုင္းကို ေပးမွာ မဟုတ္ပါ။ ဒါေပမဲ့ တစ္ခ်ိဳ႕ေသာအရာေတြကို ေတာ့ သင့္အသက္တာမွာ အံ့ဩဖြယ္ရာေတြ လုပ္ေဆာင္ဖို႔ ေပးဖို႔ရွိပါတယ္။ လူေတာ္ေတာ္မ်ားမ်ားကေတာ့ ေငြေၾကးအတြက္ ဆုေတာင္းမႈ ဘယ္ေတာ့မွ မျပဳခဲ့ပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ သူတို႔ ဘယ္ေတာ့မွ အေသးစိတ္ အတိအက် မေတာင္းေလွ်ာက္ခဲ့ပါ။
ရွင္ေယာဟန္ခရစ္ဝင္ ၁၆:၂၄ “ယခုတိုင္ေအာင္ ငါ၏နာမကို အမွီျပဳ၍ သင္တို႔သည္ အဘယ္ဆုကိုမွ် မေတာင္းၾကေသး။ သင္တို႔သည္ ဝမ္းေျမာက္ စရာအေၾကာင္း စုံလင္ေစျခင္းငွါ ေတာင္းၾကေလာ့။ ထိုသို႔ ေတာင္းလွ်င္ ရၾကလိမ့္မည္။”

ဆုေတာင္းခ်က္ေတြမွာ ေတာင္းေလွ်ာက္ၾကဖို႔အတြက္ သင္ေလ့လာမႈေတြျပဳဖို႔ ဘုရားရွင္ ဘာေၾကာင့္မ်ား အလိုရွိသနည္း။ ဒါမွ သူေပးႏိုင္မွာျဖစ္ၿပီး သင္သည္လည္း ေပ်ာ္႐ႊင္မႈေတြျဖင့္ ျပည့္သြားပါမည္။ ဘုရားရွင္က ခ်စ္တတ္တဲ့ ဖခင္တစ္ေယာက္ပါ။ ေကာင္းကင္ဘုံမွာ ထုံၿပီး သင့္အသက္တာ ကသိကေအာက္ျဖစ္ေအာင္ ေစာင့္ေနတာ မဟုတ္ပါ။ သင္၏အသက္တာကို ေကာင္းခ်ီးေပးခ်င္ပါတယ္။ သင္ေတာင္းေလွ်ာက္ဖို႔ဘဲ လိုပါတယ္။

ဆင္ျခင္ရန္
-သင္၏အသုံးစရိတ္ အေလ့အက်င့္ေတြႏွင့္ ဆုေတာင္းျခင္းအသက္တာေတြမွာ အကန႔္အသတ္ရွိပါသလား။
-ႀကီးမားေသာ ၀ယ္ယူမႈမ်ားျပဳလုပ္ရာတြင္ သင့္မိသားစု၏ မူဝါဒကား မည္သို႔နည္း။
-သင္၏ ေငြေၾကးဆိုင္ရာကိစၥေတြမွာ ဘုရားသခင္အား နက္ရႈိင္းစြာယုံၾကည္ကိုးစားျခင္းေၾကာင့္ သင့္အသက္တာကို မည္သို႔ေသာ နည္းလမ္းေတြျဖင့္ သက္ေရာက္မႈရွိပါသနည္း။