Unicode Version
ဆိုးဝါးတဲ့အပြုအမူတွေ ဘယ်လောက်ပဲ သင်၌ရှုပ်ပွနေပါစေ ဘုရားသခင်သည်
သနားခြင်းဂရုဏာကို ပေးနေပါ တယ်။
တိတုဩဝါဒစာ ၃:၄-၅ “ငါတို့ကျင့်သော ဖြောင့်မတ်ခြင်းအကျင့်အားဖြင့် မဟုတ်ဘဲ၊
မိမိသနားခြင်းကရုဏာတော် နှင့်အညီ ဒုတိယ မွေးခြင်းနှင့်ဆိုင်သော ဆေးကြောအသစ်ပြုပြင်ခြင်းအားဖြင့်၎င်း၊
ငါတို့ကို ကယ်တင်တော်မူ၏။”
အသက်တာကို
ဘယ်လိုပင် ဖြတ်ကျော်နေရပါစေ မျှော်လင့်ချက်ဖြင့် သင်အသက်ရှင် နေထိုင်နိုင်ပါတယ်။ ဒါသည်
မပြောင်းလဲသော ၊ ပဓာနကျသော သမ္မာကျမ်းစာရှိ သတင်းစကားဖြစ်ပါတယ်။ ဘုရားသခင်သည် သင့်ကို
အမြဲတမ်း ကျေးဇူးတော် ၊ ဂရုဏာတော်တွေဖြင့် ဆက်ဆံပါလိမ့်မည်။
ရှင်ပေတရုက
ယုံကြည်သူတွေကို အဲဒီအကြောင်းအရာ ပြောထားပါတယ်။ ရှင်ပေတရုဩဝါဒစာ
ပဌမစောင် ၁:၁၃ “သို့ဖြစ်၍၊ သင်တို့စိတ်နှလုံးကို ခါးပန်းစည်း၍ သမ္မာသတိရှိကြလော့။ ယေရှုခရစ်ပေါ်ထွန်းတော်
မူသောအခါ၊ သင်တို့ဆီသို့ရောက်လတံ့သောဆုကျေးဇူးကို အဆုံးတိုင်အောင် မြော်လင့်ကြလော့။”
ကျေးဇူးတော်ကို
ကျွန်ုပ်တို့ ပိုမို နားလည်လာလေ အဲဒီကျေးဇူးတော်တွေပေါ်မှာ ပိုပြီး အံ့ဩမှုတွေ ရှိလာမည်
ဖြစ်သည်။ လုံ:ဝကို မထိုက်မတန်ပါဘူး။ ကျွန်ုပ်တို့ကောင်းမြတ်နေလို့ ၊ အရည်အသွေးရှိနေလို့
မဟုတ်ဘူး။ လုပ်ဆောင်နိုင်တဲ့ ၊ ရှာဖွေနိုင်တဲ့အရာလည်းမဟုတ်ပါဘူး။ ဘုရားသခင်၏ သနားခြင်း
ဂရုဏာတော်သည် အခမဲ့လက်ဆောင်ပင်ဖြစ်ပါတယ်။
ယခု
သင့်ကို ဘုရားသခင်ချစ်နေထက်ကို ပိုပြီး ချစ်အောင် သင်လုပ်ယူလို့မရပါဘူး။ ပိုပြီးနည်းသွားအောင်လည်း
လုပ်ယူလို့မရပါဘူး။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာတွေသည် ကိုယ်တော်၏ဂရုဏာစေတာနာ ပေါ်မူတည်နေ
ပါသည်။
ဘုရားသခင်၏နှုတ်ကပတ်တော်တွင်
တိတုဩဝါဒစာ ၃:၄-၅ “ငါတို့ကျင့်သော ဖြောင့်မတ်ခြင်းအကျင့်အားဖြင့်
မဟုတ်ဘဲ၊ မိမိသနားခြင်းကရုဏာတော် နှင့်အညီ ဒုတိယ မွေးခြင်းနှင့်ဆိုင်သော ဆေးကြောအသစ်ပြုပြင်ခြင်း
အားဖြင့်၎င်း၊ ငါတို့ကို ကယ်တင်တော်မူ၏။ ”
ဤအရာကို
နားလည်ရန် အလွန်အရေးကြီးပါတယ်။ ယုံကြည်သူတစ်ဉီးအနေဖြင့် အမှားတွေပြုမိပါလျှင် ဘုရားသခင်
သင့်အပေါ်မှာ စိတ်ပျက်မှုမရှိပါ။ သင်နှင့် ဆန့်ကျင်ဘက်မဖြစ်ချင်ပါ။ သင့်အသက်တာကိုလည်း
ရှုပ်ထွေးစေသော အစီအစဉ်တွေကို မလုပ်ဆောင်ပါ။ သင့်ကို အမြဲဂရုဏာထားနေမည်ဖြစ်သည်။ ဘာကြောင့်လဲ။
ဘုရားသခင်ကို သင်၏ကယ်တင်ပိုင်ရှင်အဖြစ် လက်ခံတဲ့အချိန်မှာ သင်သည် သခင်ခရစ်တော်၏အသွေးတော်ဖြင့်
လွမ်းခြုံဆေးကြောခြင်းခံရပြီဖြစ်သည်။ ဤအခြင်းအရာသည် သင်၏ရူးမိုက်ခြင်းအကြိမ်တွေတိုင်းပေါ်
ထားရှိသော ဂရုဏာတရားဖြစ်ပါတယ်။
ပြီးတော့
သင့်ကို မျှော်လင့်ခြင်းတွေပေးပါတယ်။
ဆင်ခြင်ရန်
-များစွာသော
လူတို့အတွက် ဘုရားသခင်၏ကျေးဇူးတော်နှင့်ကရုဏာတော်ကို လက်ခံရန် ခက်ခဲနေကြပါတယ်။ သင်ကရော ဘာလို့ဒီလိုထင်ပါသနည်း။
-ဘုရားသခင်သည်
သင့်ကိုချစ်ပြီး သင်ရှုပ်ထွေးနေသည့်တိုင် သင့်ကိုသနားကြင်နာ နေကြောင်းကို သင်နားလည်သောအခါ
ဘုရားသခင်အား သင်မည်သို့ဖော်ပြမည်နည်း။
-သင့်အသက်တာတွင်
ဘုရားသခင်၏ ကျေးဇူးတော်နှင့်သနားခြင်းကရုဏာတော် အကြောင်းကို မည်သူကြား သိရန် လိုအပ်သနည်း။
ဤတစ်ပတ်တွင် သတင်းစကားကို သူ့အား မည်သို့ဝေငှပေးနိုင်မည်နည်း။
---------------------------------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်