Make Every Step Count
Unicode Version
ခြေလှမ်းတိုင်းကို ရေတွက်ပါ။
ကောရိန္သု ဩဝါဒစာ ပဌမစောင် :၂၅-၂၆ “ပွဲ၌ပြိုင်၍ အချင်းချင်းတိုက်သော သူမည်သည်ကား၊ အရာရာ၌ တပ်မက်ခြင်းကို ချုပ်တည်းတတ်၏။ ထိုသူတို့သည် ညှိုးနွမ်းပျက်စီးတတ်သော ပန်းဦးရစ်ကို ရခြင်းအလိုငှါ ပြုကြ၏။ ငါတို့မူကား မညှိုးနွမ်း မပျက်စီး နိုင်သော ပန်းဦးရစ်ကို ရခြင်းအလိုငှါ ပြုကြ၏။ ၂၆ထိုကြောင့် ငါပြေးသော အခါ၊ အမှတ်တမဲ့ပြေးသည်မဟုတ်၊ လက်ပွေ့သတ်သောအခါ အာကာသ ကောင်းကင်ကိုသာ ထိုး၍ သတ်သည်မဟုတ်။” 
ဝိညာဉ် ရေးရာကြီးထွားခြင်းတွင် ရည်ရွယ်ချက်ရှိရှိဖြစ်သင့်ပါသည်။ ကျွန်ုပ်တို့တွင် နေ့ရက်မည်မျှကျန်ရှိသည်ကို မသိကြပါ။ နောက်တစ်ကြိမ်အသက်ရှူခြင်းသည်လည်း ကျွန်ုပ်တို့၏ နောက်ဆုံးဖြစ်နေနိုင်သည်။ ဒါကြောင့် သခင်ခရစ်တော်နှင့်သွားသော အသက်တာခြေလှမ်းတွေတိုင်းကို ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်သင့်ပါတယ်။
ကျွန်ုပ်တို့ စည်းကမ်းရှိရပါမည်။
ဘုရားသခင် အလိုတော်ရှိသော လူပုဂိ္ဂုလ်တစ်ဉီးဖြစ်လာဖို့ရန် သင့်ကိုယ်သင် ငြင်းပယ်ရပါမည်။ ငါသည် သင်နှင့်အတူ ဖြောင့်မတ်လိမ့်မည်။ တခြားသူတွေ လုပ်ဆောင်သမျှတွေအတိုင်း သင်လိုက်လုပ်စရာမလိုပါ။ သူတစ်ပါး အကြံအစည်တွေ နှင့် ဘုရား၏အကြံအစည်တွေနောက်သို့ လိုက်ခြင်းအရာမှာလည်း တစ်ချိန်တည်းမှာ သင်မလိုက်လျှောက်နိုင်ပါ။ သခင်ခရစ်တော်၏ ပြုပြင်ဆုံးမသော ပညတ်များကို လိုက်လျှောက်လိုက်နာ ခြင်းသည် တစ်ခါတစ်ရံပို၍ခက်ခဲသော လမ်းမျိုးဖြစ်စေပါတယ်။
တခြားသူတွေ ပန်းတိုင်အတွက် အမျိုးမျိုးသော စွမ်းဆောင်ခြင်းတွေကို ကိုလုပ်ဆောင်ကြပါတယ်။  အိုလံပစ်အပြေးသမားတစ်ယောက်အတွက်ကတော့ အဲဒီအမျိုးမျိုးသောအရာတွေကို စွန့်လွှတ်ထားသည့်တယ်။ အချိန်တန်လျှင် အိပ်ရမယ် နည်းလမ်းတစ်ကျစားရမယ်။ လေ့ကျင့်ပျိုးထောင်မှုတွေအတွက် စနစ်ကျစေရမယ်။ ကိုယ့်အလိုတွေကို ငြင်းပယ်ထားရမယ်။ ကုန်ကျစရိတ်တွေကို ရေတွက်နေရပါမယ်။
တမန်တော်ရှင်ပေါလု ရေးသားထားတဲ့ ကောရိန္သု ဩဝါဒစာ ပဌမစောင် :၂၅-၂၆ တွင် “ပွဲ၌ပြိုင်၍ အချင်းချင်းတိုက်သော သူမည်သည်ကား၊ အရာရာ၌ တပ်မက်ခြင်းကို ချုပ်တည်းတတ်၏။ ထိုသူတို့သည် ညှိုးနွမ်းပျက်စီးတတ်သော ပန်းဦးရစ်ကို ရခြင်းအလိုငှါ ပြုကြ၏။ ငါတို့မူကား မညှိုးနွမ်း မပျက်စီး နိုင်သော ပန်းဦးရစ်ကို ရခြင်းအလိုငှါ ပြုကြ၏။ ၂၆ထိုကြောင့် ငါပြေးသော အခါ၊ အမှတ်တမဲ့ပြေးသည်မဟုတ်၊ လက်ပွေ့သတ်သောအခါ အာကာသ ကောင်းကင်ကိုသာ ထိုး၍ သတ်သည်မဟုတ်။” 
တမန်တော်ရှင်ပေါလုက ခြေလှမ်းတိုင်းမှာ ရည်ရွယ်ချက်တွေ ရှိသင့်တယ်လို့ ဆိုထားပါတယ်။ ဒါသည် ဘုရားသခင် သင့်အဖို့ သတ်မှတ်ထားတဲ့ ပြိုင်ပွဲပြီးဆုံးပုံကို ဖော်ပြပါတယ်။
ဖြတ်လမ်းက သွေးဆောင်ခြင်းတွေကို လက်မခံပါနှင့်။ ကျဉ်းမြောင်းသောပေါ်တွင် တည့်မတ်စွာဖြင့် နေပြီး သင်၏အနာဂတ် ပန်းတိုင်ဆီသို့သာ ရှေ့ဆက်သွားပါ။ ဘုရားသခင်သင့်အား ခေါ်တော်မူသော ရည်ရွယ်ချက်ကို သတိရနေပါ။ သခင်ခရစ်တော်သည် ဤလောကတွင်နေထိုင်စဉ်ကာလတွေမှာ သူ၏အချိန်တွေကို ဘုရားသခင် ဘုန်းတော်အတွက် အသုံးပြုခဲ့ပုံတွေ ၊ လောက၏ အရာများကြောင့် အာရုံမပျံ့လွင့်ခဲ့သော သူ့၏ပုံသက်သေကို အမှတ်ရနေပါ။
ခြေလှမ်းတိုင်းကို ဆင်ခြင်ပါ။ ရေတွက်ပါ။
ဆင်ခြင်ရန်
-အာရုံပျံ့လွင့်မှုများသည် သင်၏ဝိညာဉ်ရေးရာ တိုးတက်မှုကို မည်သို့သော အချိန်တွင် နှေးကွေးစေပါသနည်း။
-သင်၏ဝိညာဉ်ရေးရာခရီးနှင့် ပတ်သက်၍ မည်သို့ ပို၍ စည်းကမ်းရှိနိုင်ပါမည်နည်း။
-ယေရှုနောက်သို့လိုက်သောအခါ မည်ကဲ့သို့သော ဖြတ်လမ်း များက သင့်အားသွေးဆောင်နိုင်သနည်း။
----------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်