In a Season of Loss, Release Your Grief
Unicode Version 
ဆုံးရှုံးမှုကာလအချိန်တွေမှာ သင်၏ပူဆွေးမှု ၊ စိတ်မကောင်းဖြစ်မှုတွေကို ဖြေလွှတ်လိုက်ပါ။
ဆာလံ ၆၂:၈ “ အိုလူများတို့၊ ဘုရားသခင်၌ အစဉ်မပြတ် ခိုလှုံကြလော့။ ရှေ့တော်၌ စိတ်နှလုံးကို ဖွင့်ပြကြလော့။ ဘုရားသခင်သည် ငါတို့ ခိုလှုံရာဖြစ်တော်မူ၏။”
သမ္မာကျမ်းစာကပြောထားသည်မှာ ဆုံးရှုံးမှုတွေ ဖြတ်သန်းနေရတဲ့ အချိန်ကာလတွေမှာ ပထမဉီးဆုံးလုပ်ဆောင်ရ မှာက သင်၏စိတ်သောကတွေကို ဖြေလွှတ်ဖို့ဖြစ်ပါတယ်။
နည်းဗြူဟာတွေက အမြဲတမ်း ခိုင်မာတဲ့ စိတ်ခံစားမှုကို ဖြစ်စေပါတယ် . .. ဒေသ၊ ကြောက်ရွံ့မှု ၊ စိတ်ဖိစီးမှု ၊ စိုးရိမ်မှု နှင့် တခြားသော ပူပင်စရာတွေပေါ့။ ဤစိတ်ခံစားမှုမျိုးတွေသည် ကျွန်ုပ်တို့ကို ခြောက်ခြားစေပြီး ဘာကိုလုပ်ဆောင်ရမ လဲဆိုတာကို မသိတော့ပါ။ ကြီးမားတဲ့ဆုံးရှုံးမှု ရင်ဆိုင်ခဲ့ရချိန်မှာ ဤခံစားမှုတွေကိ ကျွန်ုပ်တို့၏အထဲတွင် ပူစီဖောင်းလိုမျိုး ထွက်ပေါ်လာပါတယ်။ အဲဒီအရာတွေကို မကိုင်တွယ်ပါလျှင် ပြန်လည်ကုစားဖို့ဆိုတာ ဝေးကွာလွန်း သွားမည်ဖြစ်သည်။
တစ်ချို့လူတွေက အသက်တာမှာ ခံစားရတဲ့ ပူဆွေးသောကတွေကို ဘယ်တော့မှ မဖြေရှင်းကြဘူး။ သူတို့ သိပ်ထည့်ထားကြတယ်။ ဘေးဖယ်ထားပြီး ပူဆွေးသောကမရှိသလို ဟန်ဆောင်ကြပါတယ်။ ဘာမှမဖြစ်သလို နေကြတယ်။ အဲဒီလို ပြုမူခြင်းတွေကြောင့် နှစ်ပေါင်း ၂၀ (သို့) ၃၀ တည်းကဖြစ်ပျက်ခဲ့တဲ့ ဆုံးရှုံးမှုကနေ စိတ်ဖိစီးမှုဒဏ်ကို ဆက်လက်ခံစားနေရခြင်းဖြစ်ပါတယ်။
ပြောဆိုနေကြတာက… “ဘုရားရှင်ကို ချီးမွမ်းပါတယ်”လို့ပြောပြီး အပြုံးမျက်နှာလေးဖြင့် လျှောက်လှမ်းဖို့ ဘုရားက အလိုတော်ရှိတယ်တဲ့။ သမ္မာကျမ်းစာကတော့ အဲဒီလို ဖော်ပြထားတာ မရှိပါဘူး။
တကယ်တော့ အထက်က ပြောဆိုတာနဲ့ဆန့်ကျင်ပြီး  တိကျမှုကို သခင်ခရစ်တော်က ပြောထားပါတယ်။ မဿဲ ၅:၄ “စိတ်မသာညည်းတွားသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ထိုသူတို့သည် သက်သာခြင်း သို့ ရောက်ကြလတံ့။ စိတ်မသက်သာမှုဖြစ်တာက အဆင်ပြေနိုင်ပါတယ်။ ယုံကြည်သူ ခရစ်ယာန်ဖြစ်ပါလျှင် ကောင်းကင်ဘုံသွားရမည်ကို သိကြပါတယ်။ ဒါကြောင့် လောကအရာတွေမှာ ပူဆွေးဖို့မလိုအပ်ပေ။ ကျွန်ုပ်တို့၏ ပူဆွေးမှုက ထူးခြားပါတယ်။ ကျွန်ုပ်တို့ပူးဆွေးရခြင်းက အဲဒါတွေကို မေ့ဖျောက်ဖို့ဖြစ်တယ်။ ဒါပေမဲ့ ကျွန်ုပ်တို့ စိတ်ငြိမ်သက်မှုကိုလည်း ရရှိနိုင်ခြင်းက သူတို့တွေသည် ဘုရားသခင်နှင့်အတူရှိနေကြောင်းကို သိလို့ဖြစ်ပါတယ်။
သင်၏စိတ်ခံစားချက်တွေနှင့် ဘာကိုလုပ်ဆောင်ပါသနည်း။ သင့်အထဲမှာ ချုပ်တည်းခြင်း (သို့) ဖိသိပ်ခြင်းတွေ မလုပ်ပါနှင့်။ ဘုရားဆီအပ်နှံခြင်းဖြင့် ဖြေလွှတ်လိုက်ပါ။ ငိုလိုက်ပါ “အဖဘုရား .. ကျွန်ုပ်နာကျင်ရပါတယ် .. ပူဆွေးနေရပါတယ်”။ ကောင်းသော ဉပမာကို အလိုရှိပါလျှင် ဆာလံဆရာရေးထားတာတွေကို ဖတ်ပါ။ ဒါဝိလ်မင်းကြီး က သူ၏ အပြစ်တွေအတွက် အကြိမ်ပေါင်းများစွာ ဖော်ပြထားပါတယ်။God, I’m in a tough time right now. I am really, really hurting.” သင်သည်လည်း ဒါဝိလ်မင်းကြီးလို ဘုရားသခင်ထံ ငိုကြွေးလိုက်ပါ။
ဆာလံ ၆၂:၈ “အိုလူများတို့၊ ဘုရားသခင်၌ အစဉ်မပြတ် ခိုလှုံကြလော့။ ရှေ့တော်၌ စိတ်နှလုံးကို ဖွင့်ပြကြလော့။ ဘုရားသခင်သည် ငါတို့ ခိုလှုံရာဖြစ်တော်မူ၏။ ယခုပင် သင်ဆုံးရှုံးမှုကို ရင်ဆိုင်နေရပါလျှင် နားလည်ထားရမှာက သင်၏ပူးဆွေးမှုတွေကို မဖြေလွှတ်ဘူးဆိုလျှင် နောက်ဆုံးမှာ လျှံထွက်လာပါလိမ့်မည်။ တဖြည်းဖြည်းနဲ့တွန်း ထုတ်လိုက်တဲ့ ခံစားချက် တွေကတဖြည်းဖြည်းပိုဆိုးလာတဲ့အခြေအနေမျိုးမှာပေါက်ကွဲစေတယ်။
သင်၏ဝမ်းနည်းပူးဆွေးမှု ၊ စိတ်သောကဖြစ်မှုတွေကို ပထမဉီးဆုံးဖြေလွှတ်လိုက်ပါ၊ သို့မှသာ သင်၏စိတ်နှလုံးကို ဘုရားသခင် ကုစားပေးဖို့ စတင်နိုင်ပါမည်။
ဆင်ခြင်ရန်
- အသက်တာတွင် မည်သို့သော ပူဆွေးမှုတွေက ကိုင်တွယ်ဖြေရှင်းဖို့ရန် ခက်ခဲနေပါသနည်း။ မည်ကဲ့သို့သော သက်ရောက်မှု ဖြစ်စေပါသနည်း။
-          ပူဆွေးမှု ခံစားနေရတဲ့ တစ်စုံတစ်ယောက်ကို အသင်းတော်က မည်ကဲ့သို့ နာကျင်ခြင်း (သို့) ကူညီခြင်း ပြုနိုင်မည်နည်း။ သင်၏အသင်းတော် (သို့) အဖွဲ့ငယ်လေးတွင် မည်ကဲ့သို့ သော ပွင့်လင်းမြင်သာမှုကို အားပေးဖို့ မည်ကဲ့သို့ ပါဝင်လုပ်ဆောင်နိုင်မည်နည်း။
---------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်