Unicode Version
ရက်ရောစွာပေးကမ်းစွန့်ကြဲပါလျှင်
ရက်ရောစွာ ပြန်လည်ရိတ်သိမ်းရမည်ဖြစ်သည်။
ကောရိ န္တု သြဝါဒစာဒုတိယစောင် ၉:၆-၇ “အနည်းငယ်သော မျိုးစေ့ကိုကြဲသောသူသည်
စပါးအနည်းငယ်သာ ရိတ်ရမည်။ များစွာကြဲသောသူသည် များစွာရိတ် ရမည်ဟု မှတ်ကြလော့။ လူတိုင်း
ကိုယ်အလိုအလျောက်လှူရ၏။ နှမြောသောစိတ်နှင့်မလှူရ၊ မလှူဘဲ မနေရဟု စိတ်ထင်နှင့်မလှူရ၊
အကြောင်းမူကား၊ စေတနာစိတ်နှင့်လှူသော သူကိုသာ ဘုရားသခင်နှစ်သက်တော် မူ၏။”
သင်၏ဘဏ္ဍာရေးရာကိစ္စတွင်သာမက
အသက်တာ၏ အစိတ်အပိုင်းမှန်သမျှတို့တွင် စိုက်ပျိုးခြင်းနှင့် ရိတ်သိမ်းခြင်း ဆိုတဲ့
အခြေခံသဘောတရားတွေက သက်ဆိုင်မှုတွေရှိကြပါတယ်။ အသက်တာတွင် စိုက်ပျိုးထားသောအရာ မှန်သမျှ
တိုင်းကို သင်ရိတ်သိမ်းဖို့ရှိပါတယ်။ သင်ထည့်သွင်းပေးချေသော အရာမျှန်သမျှတွေအတွက် သင့်ဆီ
တန်ပြန်လာ မည်ဖြစ်သည်။ ဝေဖန်ပြောဆိုပါလျှင် တခြားသူတွေထံမှ ဝေဖန်ခြင်းတွေကို သင်ရိတ်သိမ်းရပါမည်။
သနားကြင်နာမှုကို စိုက်ပျိုးလျှင် သနားကြင်နာခြင်းအရာကို သင် ရိတ်သိမ်းရပါမည်။
ဒါသည် ရိတ်သိမ်းခြင်း၏ သဘောတရားဖြစ်ပါတယ်။ သင်လိုအပ်တဲ့ အချိန်တွေတိုင်းမှာ
မျိုးစေ့ကို စိုက်ပျိုးပါ။ လွတ်နေတဲ့လယ်ကွင်းကို လယ်သမားသည် တွေ့ပါလျှင် ညည်းညူမှာမဟုတ်ဘဲ
မျိုးစေ့တွေကို စိုက်ပျိုးဖို့ရန် စတင်လုပ်ဆောင်ပါမည်။ မျိုးစေ့အနည်းငယ်သာရှိပါလျှင်
သင်၍ရွေးချယ်စရာရှိပါတယ်။ စုဆောင်းနိုင်သလို (သို့) ဝေငှပေးကမ်းနိုင်ပါတယ်။ ပေးလိုက်မယ်ဆိုလျှင်
ဘုရားသခင်က အဲဒီအရာအပေါ် ၂ဆသော ကောင်းချီးပြုပါမည်။ အံ့ဩဖွယ်အရာကား သင့်စိုက်ထားသောအရာတွေကို
ရိတ်သိမ်းရရုံမက စိုက်ပျိုးထားတာထက်ကို အမြဲတမ်းပိုမို ရိတ်သိမ်းရပါတယ်။
ဘုရားသခင်က
ဤနည်းလမ်းကို ချထားခြင်းသည် သင့်အား သူနှင့်တူလာစေဖို့အတွက် ဖြစ်ပါတယ်။ ဘုရားသခင်က
ပေးကမ်းသူဖြစ်တယ်။ ပေးကမ်းခြင်းကို သင်လေ့လာလိုက်စားမှသာ ဘုရားသခင်နည်းတူ ဖြစ်လာနိုင်ပါသည်။
သင် ကပ်စေးနည်းနေချိန်သည် စာတန်နှင့်ဆင်တူသလို ပေးကမ်းပါလျှင် ဘုရားနှင့် ဆင်တူလာပါမည်။
သင်ပေးကမ်းလိုက် တာနဲ့ ဘုရားသခင်က အဲဒီအရာကို ၂ဆ ပြုပေးပါမည်။
ဤသို့ဆိုခြင်းမှာ
ယုတ္တိမရှိသလိုဖြစ်နေတယ် - လိုအပ်ချိန်မှာ ပေးကမ်းလိုက်ခြင်းသည် ပိုမိုပိုင်ဆိုင်ရဖို့ဖြစ်တယ်။
ဒါပေမဲ့ ယုံကြည်ခြင်းတော့ လိုအပ်တယ်။ ဆုပ်ကိုင်ခြင်းဖြင့်မဟုတ်
၊ ပေးကမ်းခြင်းဖြင့်သာ ရယူနိုင်ခြင်း နည်းလမ်းလို့ ဘုရားသခင် ဆိုထားပါတယ်။
ဆင်ခြင်ရန်
-သင်ပေးကမ်းတာထက်ကို
ဘုရားနှင့် တစ်ခြားသူတွေထံမှ ပိုရရှိခဲ့တယ်ဆိုတာ ဘယ်တုန်းကလဲ။
-မည်သို့သော
အရာပေးရမည်ကို မည်သို့ သင်ဆုံးဖြတ်သင့်ပါသနည်း။
-
ယခု သင်၏အလိုအပ်ဆုံးအရာက ဘာလဲ။ တခြားသူထံ အဲဒီအရာသေးသေးလေးရောက်စေဖို့ မည်ကဲ့သို့ သင်ပေး
ကမ်းနိုင်ပါမည်နည်း။
--------------------------------------------------------------------------------------------------------------
Zawgyi Version
ရက္ေရာစြာေပးကမ္းစြန႔္ႀကဲပါလွ်င္ ရက္ေရာစြာ ျပန္လည္ရိတ္သိမ္းရမည္ျဖစ္သည္။
ေကာရိ ႏၲဳ ၾသဝါဒစာဒုတိယေစာင္ ၉:၆-၇ “အနည္းငယ္ေသာ မ်ိဳးေစ့ကိုႀကဲေသာသူသည္ စပါးအနည္းငယ္သာ ရိတ္ရမည္။ မ်ားစြာႀကဲေသာသူသည္ မ်ားစြာရိတ္ ရမည္ဟု မွတ္ၾကေလာ့။ လူတိုင္း ကိုယ္အလိုအေလ်ာက္လႉရ၏။ ႏွေျမာေသာစိတ္ႏွင့္မလႉရ၊ မလႉဘဲ မေနရဟု စိတ္ထင္ႏွင့္မလႉရ၊ အေၾကာင္းမူကား၊ ေစတနာစိတ္ႏွင့္လႉေသာ သူကိုသာ ဘုရားသခင္ႏွစ္သက္ေတာ္ မူ၏။”
သင္၏ဘ႑ာေရးရာကိစၥတြင္သာမက အသက္တာ၏ အစိတ္အပိုင္းမွန္သမွ်တို႔တြင္ စိုက္ပ်ိဳးျခင္းႏွင့္ ရိတ္သိမ္းျခင္း ဆိုတဲ့ အေျခခံသေဘာတရားေတြက သက္ဆိုင္မႈေတြရွိၾကပါတယ္။ အသက္တာတြင္ စိုက္ပ်ိဳးထားေသာအရာ မွန္သမွ် တိုင္းကို သင္ရိတ္သိမ္းဖို႔ရွိပါတယ္။ သင္ထည့္သြင္းေပးေခ်ေသာ အရာမွ်န္သမွ်ေတြအတြက္ သင့္ဆီ တန္ျပန္လာ မည္ျဖစ္သည္။ ေဝဖန္ေျပာဆိုပါလွ်င္ တျခားသူေတြထံမွ ေဝဖန္ျခင္းေတြကို သင္ရိတ္သိမ္းရပါမည္။ သနားၾကင္နာမႈကို စိုက္ပ်ိဳးလွ်င္ သနားၾကင္နာျခင္းအရာကို သင္ ရိတ္သိမ္းရပါမည္။
ဒါသည္ ရိတ္သိမ္းျခင္း၏ သေဘာတရားျဖစ္ပါတယ္။ သင္လိုအပ္တဲ့ အခ်ိန္ေတြတိုင္းမွာ မ်ိဳးေစ့ကို စိုက္ပ်ိဳးပါ။ လြတ္ေနတဲ့လယ္ကြင္းကို လယ္သမားသည္ ေတြ႕ပါလွ်င္ ညည္းညဴမွာမဟုတ္ဘဲ မ်ိဳးေစ့ေတြကို စိုက္ပ်ိဳးဖို႔ရန္ စတင္လုပ္ေဆာင္ပါမည္။ မ်ိဳးေစ့အနည္းငယ္သာရွိပါလွ်င္ သင္၍ေ႐ြးခ်ယ္စရာရွိပါတယ္။ စုေဆာင္းႏိုင္သလို (သို႔) ေဝငွေပးကမ္းႏိုင္ပါတယ္။ ေပးလိုက္မယ္ဆိုလွ်င္ ဘုရားသခင္က အဲဒီအရာအေပၚ ၂ဆေသာ ေကာင္းခ်ီးျပဳပါမည္။ အံ့ဩဖြယ္အရာကား သင့္စိုက္ထားေသာအရာေတြကို ရိတ္သိမ္းရ႐ုံမက စိုက္ပ်ိဳးထားတာထက္ကို အၿမဲတမ္းပိုမို ရိတ္သိမ္းရပါတယ္။
ဘုရားသခင္က ဤနည္းလမ္းကို ခ်ထားျခင္းသည္ သင့္အား သူႏွင့္တူလာေစဖို႔အတြက္ ျဖစ္ပါတယ္။ ဘုရားသခင္က ေပးကမ္းသူျဖစ္တယ္။ ေပးကမ္းျခင္းကို သင္ေလ့လာလိုက္စားမွသာ ဘုရားသခင္နည္းတူ ျဖစ္လာႏိုင္ပါသည္။ သင္ ကပ္ေစးနည္းေနခ်ိန္သည္ စာတန္ႏွင့္ဆင္တူသလို ေပးကမ္းပါလွ်င္ ဘုရားႏွင့္ ဆင္တူလာပါမည္။ သင္ေပးကမ္းလိုက္ တာနဲ႔ ဘုရားသခင္က အဲဒီအရာကို ၂ဆ ျပဳေပးပါမည္။
ဤသို႔ဆိုျခင္းမွာ ယုတၱိမရွိသလိုျဖစ္ေနတယ္ - လိုအပ္ခ်ိန္မွာ ေပးကမ္းလိုက္ျခင္းသည္ ပိုမိုပိုင္ဆိုင္ရဖို႔ျဖစ္တယ္။ ဒါေပမဲ့ ယုံၾကည္ျခင္းေတာ့ လိုအပ္တယ္။ ဆုပ္ကိုင္ျခင္းျဖင့္မဟုတ္ ၊ ေပးကမ္းျခင္းျဖင့္သာ ရယူႏိုင္ျခင္း နည္းလမ္းလို႔ ဘုရားသခင္ ဆိုထားပါတယ္။
ဆင္ျခင္ရန္
-သင္ေပးကမ္းတာထက္ကို ဘုရားႏွင့္ တစ္ျခားသူေတြထံမွ ပိုရရွိခဲ့တယ္ဆိုတာ ဘယ္တုန္းကလဲ။
-မည္သို႔ေသာ အရာေပးရမည္ကို မည္သို႔ သင္ဆုံးျဖတ္သင့္ပါသနည္း။
- ယခု သင္၏အလိုအပ္ဆုံးအရာက ဘာလဲ။ တျခားသူထံ အဲဒီအရာေသးေသးေလးေရာက္ေစဖို႔ မည္ကဲ့သို႔ သင္ေပး ကမ္းႏိုင္ပါမည္နည္း။