How to Bear Fruit That Lasts

Unicode Version

ကြာရှည်ခံတဲ့အသီးကို မည်သို့ရရှိနိုင်မည်နည်း။
ယောဟန် ၁၅:၁၆ “သင်တို့သည် ငါ့ကိုရွေးကောက်ကြသည်မဟုတ်။ ငါသည် သင်တို့ကို ရွေးကောက်သဖြင့်၊ သင်တို့သည် သွား၍ တည်ကြည်သောအသီးကိုသီးမည်အကြောင်းနှင့် ငါ့နာမကိုအမှီပြု၍ ခမည်းတော်မှာတောင်း သမျှတို့ကို ရမည်အကြောင်း သင်တို့ကို ငါခန့်ထား၏။ 

ဘုရားသခင်၏ သာသနာတော်သည် လူတိုင်းအတွက်ဖြစ်ပါတယ် - ကျွန်ုပ်အပါအဝင် သင်သည်လည်း ပါဝင်ပါတယ်။
ဘုရားသခင်၏ သာသနာကို ပြည့်ဝစေဖို့ရန် ဤကမ္ဘာလောကမှာ သာသနာပြုပုဂိ္ဂုလ် လုံလုံလောက်လောက် မရှိပါဘူး။ သခင်ခရစ်တော်က - ယောဟန် ၁၅:၁၆ “သင်တို့သည် ငါ့ကိုရွေးကောက်ကြသည်မဟုတ်။ ငါသည် သင်တို့ကို ရွေးကောက်သဖြင့်၊ သင်တို့သည် သွား၍ တည်ကြည်သောအသီးကိုသီးမည်အကြောင်းနှင့် ငါ့နာမကို အမှီပြု၍ ခမည်းတော်မှာတောင်း သမျှတို့ကို ရမည်အကြောင်း သင်တို့ကို ငါခန့်ထား၏။ 

အောင်မြင်သော၊ တည်မြဲသော အသက်တာအတွက် အသီးကို တင်စားထားခြင်းဖြစ်ပါတယ်။ သခင်ခရစ်တော်က ကျွန်ုပ်တို့ကို ကြာရှည်ခံမည့်အသီးကို သီးဖို့ရန် အလိုတော်ရှိပါတယ်။

ကျွန်ုပ်တို့ တော်တော်များများလုပ်ဆောင်သော အရာတွေက ကြာရှည်မခံပါ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်က အကြောင်းအရာအများစုကို ဘယ်သူမျှ မမှတ်မိနိုင်ပါ။ သင်ဘာရုပ်ရှင်ကြည့်ခဲ့သလဲ ၊ မည်သို့သော စာအုပ်မျိုးကို ဖတ်တယ်၊ နွေကာလ အပန်းဖြေခြင်းတွေကို ဘယ်လို ကုန်ဆုံးခဲ့သလဲဆိုတာကို မည်သူမျှ ဂရုစိုက်ကြမှာ မဟုတ်ပါဘူး။

သို့ပေမဲ့ သခင်ခရစ်တော်က ကြာရှည်တည်တံ့မည့် အရာတစ်ခုခုကို သင်လုပ်ဆောင်ဖို့ရန် အလိုတော်ရှိပါတယ်။ နောက်ဆုံးထိကြာရှည်ခံမည့်အရာ နှစ်ခုရှိပါတယ်။ ယုံကြည်မှုနှင့် လူတွေဖြစ်ပါတယ်။
ကောင်းကင်ဘုံရောက်သောနေ့အကြောင်းကို ခန့်မှန်းကြည့်လိုက်ပါ။ အဲဒီမှာ လူတစ်ယောက်က ထွက်ပေါ်လာပြီး သင့်ကို “ငါသင့်ကို ကျေးဇူးတင်ချင်ပါတယ်”။
သင်က “ငါ့ကိုလား၊ ငါသင့်ကို မသိပါလား”။
“မှန်ပါတယ် ၊ သင်ငါ့ကို မသိတာ။ ဒါပေမဲ့ သာသာနာပြုခြင်းမှာ သင်ကူညီခဲ့ပါတယ်။ သင်၏ အသင်းတော်မှ တစ်ဆင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စီမံကိန်းတစ်ခုကို သင်ကူညီခဲ့ပါတယ်။ ဘုရားသခင်ကို သိရှိလာဖို့အကြောင်းဖန်စေတဲ့ တစ်စုံတစ်ခုကို သင်ပြုခဲ့တာပါ။ သင့်ကြောင့် ကျွန်ုပ်ကောင်းကင်ဘုံ ရောက်ရှိရ တာပါ။ ငါသည် သင်၏ထာဝရ မိတ်ဆွေဖြစ်ပါပြီ”။

လူတွေကို သူတို့၏ ကံကြမ္မာကို ဆုံးဖြတ်ဖို့ ကူညီခြင်းတွေထက် တခြားသော အရာတွေက ပိုပြီးတန်ဖိုးမရှိကြပါ။ ဘာကြောင့်လဲဆိုတော့ အဲဒီလို သီးပွင့်ခြင်းသည် သင့်အသက်တာအတွက် အဆုံးထိကျန်ရှိနေမည့်အတွက် ဖြစ်တယ်။

William James ဆိုတဲ့ပုဂိ္ဂုလ်က သင်၏ဘဝကို အကြီးမားဆုံးသော အသုံးချမှုသည် ကျော်လွှားနိုင်သော အရာတွေမှာ ရင်းနှီးမြှုပ်နှံခြင်းပင် ဖြစ်တယ်လို့ဆိုပါတယ်။  သင့်အသက်တာကို လူတို့တွင် ရင်းနှှီးမြှုပ်နှံလိုက် ခြင်းသည် နိစ္စာထာဝရအတွက် တည်တံ့မည့်အရာဖြစ်ပါတယ်။ နောက်ဆုံးတိုင်တည်ရှိမည့် အသီးကို သီးစေခြင်း ဖြစ်ပါတယ်။

သင်က သင်ဆရာတစ်ယောက်ဖြစ်ကောင်းဖြစ်မည် ၊ စာရင်းကိုင်တစ်ယောက် လည်းဖြစ်ကောင်းဖြစ်မည် ၊ အစောင့်တစ်ဉီးလည်း ဖြစ်ကောင်းဖြစ်မည်။ သို့ပေမဲ့ ဘုရားသခင်၏သင့်ကို ကြီးမြတ်သောခေါ်တော်မူခြင်းသည် ပေးသနားတော်မူသော ကောင်းချီးမင်္ဂလာကို လူတွေ ကောင်းကင်ဘုံ ရောက်ဖို့အရေးအတွက် အသုံးပြုဖို့ဖြစ် ပါတယ်။

ဆင်ခြင်ရန်
-နောင်တမလွန်အတွက်တွင်သာမက ၊ နှစ်ပေါင်းအနည်းငယ်လေးပင် ကြာရှည်မတည်တတ်သော မည်ကဲ့သို့သော အရာတွေပေါ်မျာ လူသား တွေ လိုက်လျှောက်နေပါသနည်း။
-ခရစ်တော်နောက်လိုက်ဖြစ်ပါလျှင် ဘုရားသခင်ထံသွားသော သင့်အသက်တာခရီးတွင် မည်သို့သောလူတွေက သင်နှင့်အတူ ပါဝင်ပတ်သက်ခဲ့ပါသနည်း။ ထိုသူတွေအတွက် ဘုရားသခင်ကို ကျေးဇူးတင်ရန် အချိန်အနည်းငယ် ပေးလိုက်ပါ။

-သခင်ခရစ်တော်ကို ဝေငှသောကြောင့် မည်သူမဆို ကောင်းကင်ဘုံ၌ ရှိနေလိမ့်မည်ဆိုတာ သင်သိပါသလား။


---------------------------------------------------------------------------------


Zawgyi Version

ၾကာရွည္ခံတဲ့အသီးကို မည္သို႔ရရွိႏိုင္မည္နည္း။
ေယာဟန္ ၁၅:၁၆ “သင္တို႔သည္ ငါ့ကိုေ႐ြးေကာက္ၾကသည္မဟုတ္။ ငါသည္ သင္တို႔ကို ေ႐ြးေကာက္သျဖင့္၊ သင္တို႔သည္ သြား၍ တည္ၾကည္ေသာအသီးကိုသီးမည္အေၾကာင္းႏွင့္ ငါ့နာမကိုအမွီျပဳ၍ ခမည္းေတာ္မွာေတာင္း သမွ်တို႔ကို ရမည္အေၾကာင္း သင္တို႔ကို ငါခန္႔ထား၏။ ”

ဘုရားသခင္၏ သာသနာေတာ္သည္ လူတိုင္းအတြက္ျဖစ္ပါတယ္ - ကြၽႏ္ုပ္အပါအဝင္ သင္သည္လည္း ပါဝင္ပါတယ္။
ဘုရားသခင္၏ သာသနာကို ျပည့္ဝေစဖို႔ရန္ ဤကမာၻေလာကမွာ သာသနာျပဳပုဂိၢဳလ္ လုံလုံေလာက္ေလာက္ မရွိပါဘူး။ သခင္ခရစ္ေတာ္က - ေယာဟန္ ၁၅:၁၆ “သင္တို႔သည္ ငါ့ကိုေ႐ြးေကာက္ၾကသည္မဟုတ္။ ငါသည္ သင္တို႔ကို ေ႐ြးေကာက္သျဖင့္၊ သင္တို႔သည္ သြား၍ တည္ၾကည္ေသာအသီးကိုသီးမည္အေၾကာင္းႏွင့္ ငါ့နာမကို အမွီျပဳ၍ ခမည္းေတာ္မွာေတာင္း သမွ်တို႔ကို ရမည္အေၾကာင္း သင္တို႔ကို ငါခန္႔ထား၏။ ”

ေအာင္ျမင္ေသာ၊ တည္ၿမဲေသာ အသက္တာအတြက္ အသီးကို တင္စားထားျခင္းျဖစ္ပါတယ္။ သခင္ခရစ္ေတာ္က ကြၽႏ္ုပ္တို႔ကို ၾကာရွည္ခံမည့္အသီးကို သီးဖို႔ရန္ အလိုေတာ္ရွိပါတယ္။

ကြၽႏ္ုပ္တို႔ ေတာ္ေတာ္မ်ားမ်ားလုပ္ေဆာင္ေသာ အရာေတြက ၾကာရွည္မခံပါ။ လြန္ခဲ့တဲ့ ဆယ္စုႏွစ္က အေၾကာင္းအရာအမ်ားစုကို ဘယ္သူမွ် မမွတ္မိႏိုင္ပါ။ သင္ဘာ႐ုပ္ရွင္ၾကည့္ခဲ့သလဲ ၊ မည္သို႔ေသာ စာအုပ္မ်ိဳးကို ဖတ္တယ္၊ ေႏြကာလ အပန္းေျဖျခင္းေတြကို ဘယ္လို ကုန္ဆုံးခဲ့သလဲဆိုတာကို မည္သူမွ် ဂ႐ုစိုက္ၾကမွာ မဟုတ္ပါဘူး။

သို႔ေပမဲ့ သခင္ခရစ္ေတာ္က ၾကာရွည္တည္တံ့မည့္ အရာတစ္ခုခုကို သင္လုပ္ေဆာင္ဖို႔ရန္ အလိုေတာ္ရွိပါတယ္။ ေနာက္ဆုံးထိၾကာရွည္ခံမည့္အရာ ႏွစ္ခုရွိပါတယ္။ ယုံၾကည္မႈႏွင့္ လူေတြျဖစ္ပါတယ္။
ေကာင္းကင္ဘုံေရာက္ေသာေန႔အေၾကာင္းကို ခန႔္မွန္းၾကည့္လိုက္ပါ။ အဲဒီမွာ လူတစ္ေယာက္က ထြက္ေပၚလာၿပီး သင့္ကို “ငါသင့္ကို ေက်းဇူးတင္ခ်င္ပါတယ္”။
သင္က “ငါ့ကိုလား၊ ငါသင့္ကို မသိပါလား”။
“မွန္ပါတယ္ ၊ သင္ငါ့ကို မသိတာ။ ဒါေပမဲ့ သာသာနာျပဳျခင္းမွာ သင္ကူညီခဲ့ပါတယ္။ သင္၏ အသင္းေတာ္မွ တစ္ဆင့္ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ စီမံကိန္းတစ္ခုကို သင္ကူညီခဲ့ပါတယ္။ ဘုရားသခင္ကို သိရွိလာဖို႔အေၾကာင္းဖန္ေစတဲ့ တစ္စုံတစ္ခုကို သင္ျပဳခဲ့တာပါ။ သင့္ေၾကာင့္ ကြၽႏ္ုပ္ေကာင္းကင္ဘုံ ေရာက္ရွိရ တာပါ။ ငါသည္ သင္၏ထာဝရ မိတ္ေဆြျဖစ္ပါၿပီ”။

လူေတြကို သူတို႔၏ ကံၾကမၼာကို ဆုံးျဖတ္ဖို႔ ကူညီျခင္းေတြထက္ တျခားေသာ အရာေတြက ပိုၿပီးတန္ဖိုးမရွိၾကပါ။ ဘာေၾကာင့္လဲဆိုေတာ့ အဲဒီလို သီးပြင့္ျခင္းသည္ သင့္အသက္တာအတြက္ အဆုံးထိက်န္ရွိေနမည့္အတြက္ ျဖစ္တယ္။

William James ဆိုတဲ့ပုဂိၢဳလ္က “သင္၏ဘဝကို အႀကီးမားဆုံးေသာ အသုံးခ်မႈသည္ ေက်ာ္လႊားႏိုင္ေသာ အရာေတြမွာ ရင္းႏွီးျမႇဳပ္ႏွံျခင္းပင္ ျဖစ္တယ္လို႔ဆိုပါတယ္။  သင့္အသက္တာကို လူတို႔တြင္ ရင္းႏွွီးျမႇဳပ္ႏွံလိုက္ ျခင္းသည္ နိစၥာထာဝရအတြက္ တည္တံ့မည့္အရာျဖစ္ပါတယ္။ ေနာက္ဆုံးတိုင္တည္ရွိမည့္ အသီးကို သီးေစျခင္း ျဖစ္ပါတယ္။

သင္က သင္ဆရာတစ္ေယာက္ျဖစ္ေကာင္းျဖစ္မည္ ၊ စာရင္းကိုင္တစ္ေယာက္ လည္းျဖစ္ေကာင္းျဖစ္မည္ ၊ အေစာင့္တစ္ဉီးလည္း ျဖစ္ေကာင္းျဖစ္မည္။ သို႔ေပမဲ့ ဘုရားသခင္၏သင့္ကို ႀကီးျမတ္ေသာေခၚေတာ္မူျခင္းသည္ ေပးသနားေတာ္မူေသာ ေကာင္းခ်ီးမဂၤလာကို လူေတြ ေကာင္းကင္ဘုံ ေရာက္ဖို႔အေရးအတြက္ အသုံးျပဳဖို႔ျဖစ္ ပါတယ္။

ဆင္ျခင္ရန္
-ေနာင္တမလြန္အတြက္တြင္သာမက ၊ ႏွစ္ေပါင္းအနည္းငယ္ေလးပင္ ၾကာရွည္မတည္တတ္ေသာ မည္ကဲ့သို႔ေသာ အရာေတြေပၚမ်ာ လူသား ေတြ လိုက္ေလွ်ာက္ေနပါသနည္း။
-ခရစ္ေတာ္ေနာက္လိုက္ျဖစ္ပါလွ်င္ ဘုရားသခင္ထံသြားေသာ သင့္အသက္တာခရီးတြင္ မည္သို႔ေသာလူေတြက သင္ႏွင့္အတူ ပါဝင္ပတ္သက္ခဲ့ပါသနည္း။ ထိုသူေတြအတြက္ ဘုရားသခင္ကို ေက်းဇူးတင္ရန္ အခ်ိန္အနည္းငယ္ ေပးလိုက္ပါ။
-သခင္ခရစ္ေတာ္ကို ေဝငွေသာေၾကာင့္ မည္သူမဆို ေကာင္းကင္ဘုံ၌ ရွိေနလိမ့္မည္ဆိုတာ သင္သိပါသလား။