Hope in God, Not Your Bank Account

Unicode Version


သင်၏ ဘဏ်စရင်းထက် ဘုရားသခင်ဆီမှာ မျှော်လင့်ပါ။
တိမောသေသြဝါဒပဌမစောင် ၆:၁၇ဤဘဝ၌ ငွေရတတ်သောသူတို့သည် မာန်မာနစိတ်နှင့်ကင်းလွတ်၍ မမြဲသော စည်းစိမ်ကို မကိုးစားဘဲ ငါတို့ခံစားဘို့ရာ အလုံးစုံတို့ကို ကြွယ်ဝစွာပေးသနားတော်မူသော၊ အသက်ရှင်တော်မူသော ဘုရားသခင်ကို ကိုးစားရမည်အကြောင်း…”

ဖန်ဆင်းထားတဲ့အရာ အားလုံးတို့တွင် စိုးရိမ်တတ်ခြင်းတွေက လူသားတွေမှာ တွေ့ရပါတယ်။ သစ်ပင်တွေ ၊ တိရစ္ဆာန်တွေ မစိုးရိမ်ကြပါဘူး။ ဘုရားသခင်ကို မရှိသလိုမျိုး လူသားတွေဘဲ ပြုမူကြပါတယ်။ သင်၏ ငွေကြေးဆိုရာကိစ္စတွေအတွက် စိုးရိမ်နေခြင်းသည် “ဘုရားသခင်ငါ့ကို လိမ်တယ်လို့ငါထင်တယ်၊ ငါ၏လိုအပ်ချက် တွေကို ဖြည့်ဆည်ပေးလိမ့်မယ်လို့ ငါတကယ်မထင်ပါ” လို့သင်ပြောနေခြင်းဖြစ်တယ်။ သို့သော် ဘုရားသခင်က သင်၏အခြေအနေနှင့်ကိုက်ညီပါလျှင် ဖြည့်ဆည်းပေးပါမည်။

ကျွန်တော်ငယ်ငယ်တုန်းက ငွေလိုလျှင် အဖေ့ဆီသွားပြီး တောင်းပါတယ်။ ကြီးပြင်းလာတဲ့အခါမှာတော့ ..အဖေဘယ်က ပိုက်ဆံရမလဲလို့ တစ်ခါမှ မတွေးခဲ့ပါ။ ဒါသည် ပိုက်ဆံနှင့်ပတ်သက်ပြီး ရေးမှတ်ထားခြင်းမရှိတဲ့ စည်းမျဉ်းဖြစ်တယ်။ အဖေနှင့် အမေက အဲဒီပိုက်ဆံအတွက် လုပ်ဆောင်ကြတယ်။ ကလေးတွေက သုံးကြတယ်။ မိဘတွေ ဘယ်က ပိုက်ဆံရမလဲဆိုတာကို ကလေးတွေ ဘယ်တော့မှ မတွေးပါဘူး။ ကျွန်ုပ်သည်လည်း မစိုးရိမ်ခဲ့ပါဘူး။

စိုးရိမ်ပူပန်ခြင်းသည် ဘုရားသခင်မရှိသကဲ့သို့ ၊ ဘုရားမဲ့ဝါဒ ဖြစ်တယ်။ အချိန်တိုင်းမှာ သင်စိုးရိမ်နေခြင်းသည် “ငါ့ကို ဂရုစိုက်မဲ့ဘုရားရှိတယ်ဆိုတာကို ငါမယုံဘူး” လို့ပြောနေခြင်းဖြစ်တယ်။ သင်က ခရစ်ယာန်တစ်ဉီးဖြစ်ပြီး စိုးရိမ်နေမယ် ဆိုလျှင် သင်သည် မိဘမဲ့ကဲ့သို့ ပြုမူနေခြင်းဖြစ်တယ်။ ဘုရားသခင်က ကျမ်းစာတွင် “ငါ့အား နာခံပြီး လုပ်ဆောင်စေလိုသောအရာတွေကို ပြုမှသာ သင့်အားဖြည့်ဆည်းပေးမယ်လို့ ကတိတော်တွေကို ထပ်ခါထပ်ခါ ပြောထားပေမဲ့ သင်ကတော့ ဘုရားသခင်မရှိသလိုဘဲ လုပ်ဆောင်ပြုမူနေပါတယ်။ သစ္စာတရားအားဖြင့် အသက်ရှင်ဖို့က ယုံကြည်မှုက လှုံ့ဆော်ပါတယ်။

စိုးရိမ်ခြင်းက သတိပေးခြင်းမျိုးဖြစ်တယ်။ အချိန်တိုင်းမှာ ငွေကြေးအတွက် စိုးရိမ်နေပါလျှင် ကျွန်ုပ်တို့ကို ချစ်ပြီး စောင့်ရှောက်နေတဲ့ ဘုရားသခင်ကို သံသယဖြစ်စေတယ်ဆိုတဲ့ သတိပေးခြင်းမျိုးဖြစ်တယ်။ ဘုရား၏ ချစ်ခြင်းမေတ္တာကို သံသယရှိတဲ့အချိန်တိုင်းသည် ပြသနာတွေ့ကြုံရဖို့အမြဲတမ်းဖြစ်လာပါတယ်။

ရှင်မဿဲခရစ်ဝင် ၆:၃၃ “ဘုရားသခင်၏နိုင်ငံတော်နှင့်ဖြောင့်မတ် ခြင်းတရားတော်ကို ရှေ့ဦးစွာရှာကြလော့။ နောက်မှ ထိုအရာများ ကိုထပ်၍ပေးတော်မူလတံ့။”

တစုံတစ်ခုကို ဘုရားသခင်ထက် ပိုပြီး ချစ်နေသမျှသည် အဲဒီအရာက သင့်ကို စိုးရိမ်ကြောက်လန့်ခြင်းတွေ၏ အရင်းအမြစ်သို့ ပို့ဆောင်သွားမည်ဖြစ်သည်။ သင့်အသက်တာတွင် ပထမဉီးစားပေး ရည်ရွယ်ထားသောအရာက သင့်မိသားစုမဟုတ်ပါ။ ဘုရားသခင်မှတစ်ပါး သင်၏အသက်တာ၌ တစ်စုံတစ်ခုကို ပထမနေရာထားခြင်းသည် သင့်အား စိုးရိမ်ပူပန်ခြင်းကို ဖန်တီးစေမည်။ ဘာကြောင့်လဲဆိုတော့ မြင်ရတဲ့အရာတွေက အမြဲလိုလို ပျောက်ဆုံးတတ်ကြပါတယ်။

သင်၏ ဘဏ်စာရင်းစာအုပ်သည် ဘယ်လောက်ပင် များပြားပါစေ သင်အတွက်လုံခြုံမှု မပေးပါ။ တိမောသေသြ ဝါဒပဌမစောင် ၆:၁၇ဤဘဝ၌ ငွေရတတ်သောသူတို့သည် မာန်မာနစိတ်နှင့်ကင်းလွတ်၍ မမြဲသော စည်းစိမ်ကို မကိုးစားဘဲ ငါတို့ခံစားဘို့ရာ အလုံးစုံတို့ကို ကြွယ်ဝစွာပေးသနားတော်မူသော၊ အသက်ရှင်တော်မူသော ဘုရားသခင်ကို ကိုးစားရမည်အကြောင်း…”

သင်၏ မျှော်လင့်ခြင်းတွေကို ဘုရားသခင်ဆီမှာ ထားရှိပါ။ ဘာကြောင့်လဲဆိုတော့ သင်က ယုံကြည်ပါလျှင် သင်၏လိုအပ်ချက်တွေကို ဘုရားသခင်သည် တာဝန်ယူဖြည့်ဆည်းပေးပါလိမ့်မည်။
ဆင်ခြင်ရန်
-      ဘုရားသခင်ထက် သင်ပိုပြီး ချစ်ရသောအရာရှိပါသလား။ သင်၏နေထိုင်မှုပုံစံက လူတိုင်းကို သိသာထင်ရှားတဲ့ အဖြေဖြစ်စေသလား။
-      စီးပွားရေးကျဆင်းချိန် (သို့) ငွေကြေးလိုအပ်ချိန်တို့တွင် သင်၏မျှော်လင့်ချက်ကို မည်သို့သောသူ နှင့် မည်သို့သောအရာပေါ် ထားရှိပါသနည်း။

-      စိုးရိမ်ခြင်းဖြစ်ပေါ်ချိန်တွင် ထူးခြားကွဲပြားစွာ လုပ်ဆောင်နိုင်ဖို့ရန် မည်သည့်အရာကို ရွေးချယ်မှု သင်ပြုနိုင် မည်နည်း။

------------------------------------------------------------------------------------------------------------------

Zawgyi Version

သင္၏ ဘဏ္စရင္းထက္ ဘုရားသခင္ဆီမွာ ေမွ်ာ္လင့္ပါ။
တိေမာေသၾသဝါဒပဌမေစာင္ ၆:၁၇ “ဤဘဝ၌ ေငြရတတ္ေသာသူတို႔သည္ မာန္မာနစိတ္ႏွင့္ကင္းလြတ္၍ မၿမဲေသာ စည္းစိမ္ကို မကိုးစားဘဲ ငါတို႔ခံစားဘို႔ရာ အလုံးစုံတို႔ကို ႂကြယ္ဝစြာေပးသနားေတာ္မူေသာ၊ အသက္ရွင္ေတာ္မူေသာ ဘုရားသခင္ကို ကိုးစားရမည္အေၾကာင္း…”

ဖန္ဆင္းထားတဲ့အရာ အားလုံးတို႔တြင္ စိုးရိမ္တတ္ျခင္းေတြက လူသားေတြမွာ ေတြ႕ရပါတယ္။ သစ္ပင္ေတြ ၊ တိရစာၦန္ေတြ မစိုးရိမ္ၾကပါဘူး။ ဘုရားသခင္ကို မရွိသလိုမ်ိဳး လူသားေတြဘဲ ျပဳမူၾကပါတယ္။ သင္၏ ေငြေၾကးဆိုရာကိစၥေတြအတြက္ စိုးရိမ္ေနျခင္းသည္ “ဘုရားသခင္ငါ့ကို လိမ္တယ္လို႔ငါထင္တယ္၊ ငါ၏လိုအပ္ခ်က္ ေတြကို ျဖည့္ဆည္ေပးလိမ့္မယ္လို႔ ငါတကယ္မထင္ပါ” လို႔သင္ေျပာေနျခင္းျဖစ္တယ္။ သို႔ေသာ္ ဘုရားသခင္က သင္၏အေျခအေနႏွင့္ကိုက္ညီပါလွ်င္ ျဖည့္ဆည္းေပးပါမည္။

ကြၽန္ေတာ္ငယ္ငယ္တုန္းက ေငြလိုလွ်င္ အေဖ့ဆီသြားၿပီး ေတာင္းပါတယ္။ ႀကီးျပင္းလာတဲ့အခါမွာေတာ့ ..အေဖဘယ္က ပိုက္ဆံရမလဲလို႔ တစ္ခါမွ မေတြးခဲ့ပါ။ ဒါသည္ ပိုက္ဆံႏွင့္ပတ္သက္ၿပီး ေရးမွတ္ထားျခင္းမရွိတဲ့ စည္းမ်ဥ္းျဖစ္တယ္။ အေဖႏွင့္ အေမက အဲဒီပိုက္ဆံအတြက္ လုပ္ေဆာင္ၾကတယ္။ ကေလးေတြက သုံးၾကတယ္။ မိဘေတြ ဘယ္က ပိုက္ဆံရမလဲဆိုတာကို ကေလးေတြ ဘယ္ေတာ့မွ မေတြးပါဘူး။ ကြၽႏ္ုပ္သည္လည္း မစိုးရိမ္ခဲ့ပါဘူး။

စိုးရိမ္ပူပန္ျခင္းသည္ ဘုရားသခင္မရွိသကဲ့သို႔ ၊ ဘုရားမဲ့ဝါဒ ျဖစ္တယ္။ အခ်ိန္တိုင္းမွာ သင္စိုးရိမ္ေနျခင္းသည္ “ငါ့ကို ဂ႐ုစိုက္မဲ့ဘုရားရွိတယ္ဆိုတာကို ငါမယုံဘူး” လို႔ေျပာေနျခင္းျဖစ္တယ္။ သင္က ခရစ္ယာန္တစ္ဉီးျဖစ္ၿပီး စိုးရိမ္ေနမယ္ ဆိုလွ်င္ သင္သည္ မိဘမဲ့ကဲ့သို႔ ျပဳမူေနျခင္းျဖစ္တယ္။ ဘုရားသခင္က က်မ္းစာတြင္ “ငါ့အား နာခံၿပီး လုပ္ေဆာင္ေစလိုေသာအရာေတြကို ျပဳမွသာ သင့္အားျဖည့္ဆည္းေပးမယ္လို႔ ကတိေတာ္ေတြကို ထပ္ခါထပ္ခါ ေျပာထားေပမဲ့ သင္ကေတာ့ ဘုရားသခင္မရွိသလိုဘဲ လုပ္ေဆာင္ျပဳမူေနပါတယ္။ သစၥာတရားအားျဖင့္ အသက္ရွင္ဖို႔က ယုံၾကည္မႈက လႈံ႕ေဆာ္ပါတယ္။

စိုးရိမ္ျခင္းက သတိေပးျခင္းမ်ိဳးျဖစ္တယ္။ အခ်ိန္တိုင္းမွာ ေငြေၾကးအတြက္ စိုးရိမ္ေနပါလွ်င္ ကြၽႏ္ုပ္တို႔ကို ခ်စ္ၿပီး ေစာင့္ေရွာက္ေနတဲ့ ဘုရားသခင္ကို သံသယျဖစ္ေစတယ္ဆိုတဲ့ သတိေပးျခင္းမ်ိဳးျဖစ္တယ္။ ဘုရား၏ ခ်စ္ျခင္းေမတၱာကို သံသယရွိတဲ့အခ်ိန္တိုင္းသည္ ျပသနာေတြ႕ႀကဳံရဖို႔အၿမဲတမ္းျဖစ္လာပါတယ္။

ရွင္မႆဲခရစ္ဝင္ ၆:၃၃ “ဘုရားသခင္၏ႏိုင္ငံေတာ္ႏွင့္ေျဖာင့္မတ္ ျခင္းတရားေတာ္ကို ေရွ႕ဦးစြာရွာၾကေလာ့။ ေနာက္မွ ထိုအရာမ်ား ကိုထပ္၍ေပးေတာ္မူလတံ့။”

တစုံတစ္ခုကို ဘုရားသခင္ထက္ ပိုၿပီး ခ်စ္ေနသမွ်သည္ အဲဒီအရာက သင့္ကို စိုးရိမ္ေၾကာက္လန႔္ျခင္းေတြ၏ အရင္းအျမစ္သို႔ ပို႔ေဆာင္သြားမည္ျဖစ္သည္။ သင့္အသက္တာတြင္ ပထမဉီးစားေပး ရည္႐ြယ္ထားေသာအရာက သင့္မိသားစုမဟုတ္ပါ။ ဘုရားသခင္မွတစ္ပါး သင္၏အသက္တာ၌ တစ္စုံတစ္ခုကို ပထမေနရာထားျခင္းသည္ သင့္အား စိုးရိမ္ပူပန္ျခင္းကို ဖန္တီးေစမည္။ ဘာေၾကာင့္လဲဆိုေတာ့ ျမင္ရတဲ့အရာေတြက အၿမဲလိုလို ေပ်ာက္ဆုံးတတ္ၾကပါတယ္။

သင္၏ ဘဏ္စာရင္းစာအုပ္သည္ ဘယ္ေလာက္ပင္ မ်ားျပားပါေစ သင္အတြက္လုံၿခဳံမႈ မေပးပါ။ တိေမာေသၾသ ဝါဒပဌမေစာင္ ၆:၁၇ “ဤဘဝ၌ ေငြရတတ္ေသာသူတို႔သည္ မာန္မာနစိတ္ႏွင့္ကင္းလြတ္၍ မၿမဲေသာ စည္းစိမ္ကို မကိုးစားဘဲ ငါတို႔ခံစားဘို႔ရာ အလုံးစုံတို႔ကို ႂကြယ္ဝစြာေပးသနားေတာ္မူေသာ၊ အသက္ရွင္ေတာ္မူေသာ ဘုရားသခင္ကို ကိုးစားရမည္အေၾကာင္း…”

သင္၏ ေမွ်ာ္လင့္ျခင္းေတြကို ဘုရားသခင္ဆီမွာ ထားရွိပါ။ ဘာေၾကာင့္လဲဆိုေတာ့ သင္က ယုံၾကည္ပါလွ်င္ သင္၏လိုအပ္ခ်က္ေတြကို ဘုရားသခင္သည္ တာဝန္ယူျဖည့္ဆည္းေပးပါလိမ့္မည္။

ဆင္ျခင္ရန္
- ဘုရားသခင္ထက္ သင္ပိုၿပီး ခ်စ္ရေသာအရာရွိပါသလား။ သင္၏ေနထိုင္မႈပုံစံက လူတိုင္းကို သိသာထင္ရွားတဲ့ အေျဖျဖစ္ေစသလား။
- စီးပြားေရးက်ဆင္းခ်ိန္ (သို႔) ေငြေၾကးလိုအပ္ခ်ိန္တို႔တြင္ သင္၏ေမွ်ာ္လင့္ခ်က္ကို မည္သို႔ေသာသူ ႏွင့္ မည္သို႔ေသာအရာေပၚ ထားရွိပါသနည္း။
- စိုးရိမ္ျခင္းျဖစ္ေပၚခ်ိန္တြင္ ထူးျခားကြဲျပားစြာ လုပ္ေဆာင္ႏိုင္ဖို႔ရန္ မည္သည့္အရာကို ေ႐ြးခ်ယ္မႈ သင္ျပဳႏိုင္ မည္နည္း။