Unicode Version
သင်၏ကောင်းချီးမင်္ဂလာတွေကို လက်ဗလာ အနေအထားဖြင့်သာ ကိုင်ထားပါ။
တိမောသေသြဝါဒပဌမစောင် ၆:၆-၇ “အကြောင်းမူကား၊ ငါတို့သည် ဤလောကထဲသို့
အဘယ်အရာမျှမပါဘဲ လာသည်ဖြစ်၍ ထွက်သွားလျှင်လည်း၊ အဘယ်အရာကိုမျှ ယူ၍မသွားနိုင်ဟု ထင်ရှားလျှက်ရှိ၏။”
သင်၏
အဆင်ပြေမှုတွေထက် သင်၏စရိုက်လက္ခဏာတွေကို ဘုရားသခင်သည် ပိုပြီး စိတ်ဝင်စားပါတယ်။ ရောင့်ရဲတတ်ခြင်း၏အခြေခံသဘောတရားကို
လေ့လာသင်ယူခြင်းမရှိပါလျှင် ဘုရားက အမှုအရာပေးမည်မဟုတ်ပါ။
ရောင့်ရဲခြင်းဆိုတာ
ရည်မှန်းချက် ကင်းမဲ့ခြင်းမဟုတ်ပါ။ ဒါသည် ရည်မှန်းချက်ပန်းတိုင် တစ်ခုလည်း မဟုတ်ပါ။
ရောင့်ရဲခြင်းသည် သင်၏အခြေအနေပေါ်မှာတည်ပြီးပျော်ရွှင်ရခြင်းမျိုးမဟုတ်တာကို ဆိုလိုပါသည်။
မကျေနပ်မှုတွေကို မည်ကဲ့သို့ဖယ်ရှားမည်နည်း။ အကြောင်းရင်းကို ဖယ်ရှားပြီး
- နှိုင်းယှဉ်ခြင်းဖြစ်တယ်။ ဤနိုင်ငံမှာ ကျွန်ုပ်တို့ အရာအားလုံးကို နှိုင်းယှဉ်ကြပါတယ်။
ဉပဒေ ၊ ကား ၊ ခင်ပွန်း နှင့်ဇနီး ၊ အဝတ်အစား ၊ သားသမီးတို့၏ ပညာရေး တို့ကို နှိုင်းယှဉ်ကြပါတယ်။
သင်နှိုင်းယှဉ်တဲ့အခါတိုင်းတွင်
မကျေမနပ်မှုတွေက သင့်ထံ ဖြစ်ပေါ်လာမည်။ သူတစ်ပါးနှင့်နှိုင်းယှဉ်ခြင်းတွေကို ရပ်တန့်ဖို့
သင်လေ့လာယူဖို့လိုပါတယ်။
ဖိလိပ္ပိသြဝါဒစာ ၄:၁၂ “ ရှုတ်ချခြင်းကို၎င်း၊
ကြွယ်ဝခြင်းကို၎င်း ခံတတ်၏။ ဝစွာစားခြင်း၊ မွတ်သိပ်ခြင်း၊ စည်းစိမ်ရှိခြင်း၊ ဆင်းရဲခြင်းတို့ကို
ခံရအံ့သောငှါ၊ အရပ်ရပ်တို့တွင် အရာရာ၌ သင်မိပြီ။” ရောင့်ရဲခြင်းက သဘာဝအတိုင်း ဖြစ်လာတာမဟုတ်ပါ။ ကျွန်ုပ်တို့
လေ့လာသင်ယူသင့်သော အရာဖြစ်ပါတယ်။ ဤအရာကို ပြုပါလျှင် ကျွန်ုပ်တို့၏ ငွေကြေးဆိုင်ရာလိုအပ်ချက်တွေကို
ဘုရားသခင် ဖြည့်ဆည်းပေးမည်လို့ ကတိတော်ပေးထားပါတယ်။
တိမောသေသြဝါဒပဌမစောင် ၆:၆-၇ “အကြောင်းမူကား၊ ငါတို့သည် ဤလောကထဲသို့
အဘယ်အရာမျှမပါဘဲ လာသည်ဖြစ်၍ ထွက်သွားလျှင်လည်း၊ အဘယ်အရာကိုမျှ ယူ၍မသွားနိုင်ဟု ထင်ရှားလျှက်ရှိ၏။”
ရောင့်ရဲတတ်ဖို့
လေ့လာမှုတွင် အကြီးမြတ်ဆုံးသော လျှို့ဝှက်ချက်တစ်ခုက “သင်ဘာကိုမျှ မပိုင်ဆိုင်ဘူးဆိုတာကို”
နားလည်သဘောပေါက်ဖို့ပဲ ဖြစ်ပါတယ်။ အရာအားလုံးကို ဆယ်စုနှစ်အနည်းငယ်မျှလောက်အတွက် သင့်ကို
ချေးပေးထားခြင်း ၊ ပေးသုံးထားခြင်းဖြစ်ပါတယ်။ ဤလောကနေထိုင်စဉ်အချိန်မှာပဲ အသုံးပြုဖို့အတွက်ဖြစ်ပါတယ်။
ဒါကို
သမ္မာကျမ်းစာက ကြီးကြပ်အုပ်ချုပ်သူလို့ ခေါ်ဆိုထားပါတယ်။ ဤလောကမှာ သင်အသက်ရှင်စဉ်ကာလ၌
ဘရားခွင့်ပြုထားလို့ ရထားတဲ့အရာပေါ်မှာ သင်သည် မန်နေဂျာ (သို့) ကြီးကြပ်သူသာဖြစ်ပါတယ်။
ဒါပေမဲ့ သင့်ပိုင်ဆိုင်မှုတွေ မဟုတ်ပါဘူး။ အသက်ရှင်စဉ် အချိန်မှာ ဘုရားသခင်ပေးထားတဲ့
အရာတွေပေါ် ကြီးကြပ်ရုံပဲလို့ နားလည်ပြီး အဲဒီအရာတွေကို လက်ဗလာဖြင့်သာ ကိုင်ထားပါလျှင်
ဆုံးရှုံးရဖို့အတွက် သောကရောက်စရာ မလိုတော့ပါ။
ဒါကြောင့် အရာတစ်ခုဆုံးရှုံးပါလျှင်
သင်ဘာဖြစ်မည်နည်း။ ဘုံဘိုင်ခေါင်းတစ်ခုကို ဘုရားပိတ်လိုက်နိုင်သလို တစ်ခြားတစ်ခုမှာလည်း
အလွယ်တကူ ဖွင့်နိုင်ပါတယ်။ ရောင့်ရဲတတ်ဖို့ တော့ လေ့လာသင်ယူပါ။ ဘာကြောင့်လဲဆိုတော့
အရာရာ မတည်မြဲကြလို့ပါဘဲ။ ဘုရားသခင်သည် သင်၏အဆင်ပြေမှုထက် သင်၏စရိုက် လက္ခဏာကို ပို၍
စိတ်ဝင်စားပါတယ်။
ဆင်ခြင်ရန်
-လက်တွေ့ပြောရရင်
ဘုရားကောင်းချီးတွေကို လက်ဗလာဖြင့် ကိုင်ထားခြင်း အဓိပ္ပါယ်ကား မည်သို့နည်း။
-မိမိကိုယ်ကို
သူတစ်ပါးနှင့် နှိုင်းယှဉ်သော နည်းတွေကို သတိထားမိစေဖို့ ယနေ့တွင် ပန်းတိုင် လုပ်ဆောင်ပါ။
နှိုင်းယှဉ်ဖို့အတွက် ဆွဲဆောင်ခံရပါလျှင် မည်ကဲ့သို့ ထူးခြားစွာ ပြုနိုင်မည်နည်း။
-တစ်စုံတစ်ခုကို
ကြီးကြပ်ခြင်းဖြစ်ဖို့ဆိုတာ မည်သို့သော အဓိပ္ပါယ်နည်း။ ဤကမ္ဘာပေါ်မှာ သင်က မည်သို့သော
ကြီးကြပ်သူ ဖြစ်ပါသနည်း။
------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်