Unicode Version
--------------------------------------------------------------------------------------------------
Zawgyi Version
ဘုရားသခင်သည် သင့်ကို ကောင်းချီးဩဘာ ပေးလျက်ရှိပါ၏
တောလည်ရာကျမ်း ၆:၂၄-၂၆ “ထာဝရဘုရားသည်၊ သင့်ကို ကောင်းကြီးပေး၍ စောင့်မတော်မူပါစေ
သော။ ထာဝရ ဘုရားသည်သင်၌ မျက်နှာတော်အလင်း ကို လွှတ်၍
ကရုဏာကျေးဇူးပြုတော်မူ ပါစေသော။ ထာဝရဘုရားသည် သင့်ကို
မြော်ကြည့်၍ ချမ်းသာပေးတော်မူပါစေသောဟု ဣသရေလအမျိုးသားတို့
အပေါ်မှာ ငါ့နာမကို မြွက်ဆို၍ တင်လျှင် ငါသည်ထိုသူတို့ကို ကောင်းကြီး မင်္ဂလာပေးမည်ဟု
မိန့်တော်မူ၏။”
ဖြောင့်မတ်မှန်ကန်သော
တစ်စုံတစ်ခုသောအရာကို ပြုတဲ့အခါဖြစ်စေ ၊ ဝိညာဉ်ပိုင်းဆိုင်ရာ ရင့်ကျက်တဲ့အချိန်မှာဖြစ်စေ
(သို့) ဘုရားလုပ်ဆောင်လိုသည်များကို ပြီးမြောက်အောင်လုပ်ဆောင်တဲ့အခါဖြစ်စေ ဘုရားသခင်ကို
ပြုံးပျော်စေတယ် လို့ တစ်ချို့သော သူတွေ မှားယွင်းစွာ ယုံကြည်ထားကြပါတယ်။
သို့ပေမဲ့ ဒါတွေသည်
စစ်မှန်ခြင်းတရား ၊ အမှန်တရား နောက်ထပ်မဖြစ်နိုင်တော့ပါ။
အသက်တာ အဆင့်တိုင်းတွင် ဘုရားနှင့်အတူ လျှောက်လှမ်းသော သင့်အသက်တာအပေါ် ဘုရားသခင် ပြုံးပျော်ပါ တယ်။ အသစ်သော ယုံကြည်သူခရစ်ယာန်ဖြစ်လာချိန် ၊ သခင်ခရစ်တော်နောက်လိုက်ခြင်းအဓိပ္ပါယ်ကို
သဘောပေါက် ရုံဖြင့် ဘုရားသခင်ကို ပြုံးပျော်စေပြီး ၊ နှစ်ပေါင်းများစွာ ဝိညာဉ်အသက်တာကြီးထွားတိုးတက်မှုဖြင့်
ရပ်တည်လာသော ရင့်ကျက်သောခရစ်ယာန် တစ်ဉီးအနေဖြင့်လည်း သူ့အား ပြုံးစေပါတယ်။
သင်သည်
ခရစ်တော်၌မည်သို့သော လူပုဂိ္ဂုလ်ဖြစ်တယ်ဆိုတာကို နားလည်ချင်ပါလျှင် သစ္စာတရားကို မှတ်သားဖို့တော့
လိုအပ်ပါတယ်။ ဘုရားသခင်သည် သင့်ကို ဘယ်သောအခါမှ ချွတ်ခြင်း ၊ နှိပ်ကွပ်ခြင်းမရှိပါ။
ဓမ္မသစ်ကျမ်း အစိတ်အပိုင်းတစ်ချို့ကို ရေးသားခဲ့သော တမန်တော်ရှင်ပေါလု ပင်လျှင် စုံလင်ခြင်းနှင့်ဝေးကွာသည်ကို
နားလည်ခဲ့ ပါတယ်။ သူရေးသားခဲ့တာက -ဖိလိပ္ပိ ၃:၁၂ “ထိုသို့ဆိုသော်
အကျိုးကိုခံရပြီ၊ စုံလင်ခြင်းသို့ ရောက်ရပြီဟု ငါမဆိုလို၊ အကြင်အကျိုးကိုပေးခြင်းငှါ
ခရစ်တော်သည် ငါ့ကို ကိုင်ဘမ်းတော်မူ၏။ ထိုအကျိုးကို ကိုင်မိခြင်းငှါ ငါပြေး၍ လိုက်သေး၏။”
ဘုရားသခင်သည်
တမန်တော်ရှင်ပေါလု၏ မစုံလင်ခြင်းအတွက် ချွတ်ခြင်း ၊ နှိပ်ကွပ်ခြင်းမရှိခဲ့ပါ။ သင့်ကိုလည်း
ထိုနည်း၄င်းပင်ဖြစ်တယ်။
အဲဒီအစား ဘုရားသခင်သည် သင့်ကို ကောင်းချီးဩဘာပေးပါတယ်။ သင့်ကို ကောင်းချီးပေးချင်တယ်
သင့်အားဖြင့် အလိုတော်ကို ပြီးပြည့်စုံစေဖို့ ဘုရား အလိုတော်ရှိတယ်။
သဲကန္တာရတွင်
လှည့်လည်သော က္ကုသရေသလူမျိုးတော်တွေဆီ ပို့သော ဘုရား၏ သတင်းစကားကို ကြည့်ပါ။ တောလည်ရာကျမ်း ၆:၂၄-၂၆
“ထာဝရဘုရားသည်၊ သင့်ကို ကောင်းကြီးပေး၍ စောင့်မတော်မူပါစေ သော။ ထာဝရ ဘုရားသည်သင်၌ မျက်နှာတော်အလင်း ကို လွှတ်၍ ကရုဏာကျေးဇူးပြုတော်မူ
ပါစေသော။ ထာဝရဘုရားသည် သင့်ကို မြော်ကြည့်၍ ချမ်းသာပေးတော်မူပါစေသောဟု ဣသရေလအမျိုးသားတို့ အပေါ်မှာ ငါ့နာမကို မြွက်ဆို၍ တင်လျှင် ငါသည်ထိုသူတို့ကို
ကောင်းကြီး မင်္ဂလာပေးမည်ဟု မိန့်တော်မူ၏။”
က္ကုသရေလလူမျိုးတို့သည်
စုံလင်ခြင်းအရာနှင့် ဝေးနေခဲ့ပါတယ်။ ဆင်းရဲစရာ ဆုံးဖြတ်ချက်တွေ ပြုခဲ့ကြတယ်။ အားနည်းတဲ့
ယုံကြည်ခြင်းတွေ ရှိခဲ့ကြတယ်။ တခြားသော ဘုရားနောက်ကို လိုက်ခဲ့ကြတယ်။ သို့ပေမဲ့ သူတို့အပေါ်မှာ
ဘုရားရှင်ပြုံးတော်မူပါတယ်။ သင့်အပေါ်၌လည်းပဲ ဘုရားရှင်ပြုံးနေပါတယ်။
က္ကုသရေလလူမျိုးတို့အပေါ်
သူဆက်ပြီး ကောင်းချီးဩဘာပေးနေပါတယ်။
သင့်ကိုလည်း
ကောင်းချီးဩဘာ ဆက်ပေးနေပါတယ်။
ဆင်ခြင်ရန်
-သင့်စိတ်ကူးထဲတွင်ရှိသော
ဘုရားသခင်၏ပုံရိပ်သဏ္ဍာန်က မည်သို့နည်း။ သင့်အား မည်သို့နှီးနွယ်စပ်လျည်သော သဘောကို
မည်ကဲ့သို့ သင်တွေ့မြင်ပါသနည်း။
-အခက်အခဲများကြားမှာ
ရှေ့သို့ ဆက်လက်သွားဖို့ရန် တိုက်တွန်းနှိုးဆော်သော ဘုရား၏ကောင်းချီးဩဘာသည် မည်သို့
အမှန်တရားအဖြစ်ပုံပေါ်ပါသနည်း။
-
ယခုအပတ်တွင် သခင်ယေရှုနှင့် အတူသွားလာရာ၌
မည်သူ့ကိုသင် အားပေးနိုင်သနည်း။
--------------------------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်