Unicode Version
------------------------------------------------------------------------------------
Zawgyi Version
ဝိညာဉ်ရေးရာ ကြီးထွားစေဖို့ရန်အတွက် သင်၏အဖွဲ့အစည်း ၊ အသင်းအဖွဲ့တွေကို စုရုံးပါ ၊ စုစည်းပါ။
ဟေဗြဲ ၁၀:၂၄-၂၅ “ထိုမှတပါး မေတ္တာစိတ်ရှိစေခြင်းငှါ၎င်း၊ ကောင်းသောအကျင့်ကို
ကျင့်စေခြင်းငှါ၎င်း၊ တိုက်တွန်း နှိုးဆော်ရသောအခွင့်ကိုရှာ၍၊ အချင်းချင်းတယောက်ကို
တယောက် ထောက်စာကြည့်ရှုကြကုန်အံ့။ လူအချို့တို့၏
ထုံးစံရှိသည်အတိုင်း၊ အချင်းချင်း စည်းဝေးခြင်းအမှုကို မရှောင်မလွှဲကြနှင့်။ အချင်းချင်းတို့ကို
တိုက်တွန်းနှိုး ဆော်ကြလော့။ ကာလအချိန် ရောက်လုနီးသည်ကို ထောက်သဖြင့်၊ သာ၍ ကြိုးစား
ကြလော့။”
သခင်ခရစ်တော်နှင့်အတူ
သင်၏ဆက်ဆံရေးတွင် အကွားအဝေးတစ်ခုဖြင့်သွား ချင်ပါလျှင် မာရသွန်ကို သင့်အကြံ အစည်အတိုင်း
မပြေးပါနှင့်။ မည်သူမှ သင့်အတွက် ပြိုင်ပွဲ ဝင်ပြေးနိုင်ခြင်းမရှိပါ။ ဒါပေမဲ့ တခြားသူတွေ
သင့်နှင့်အတူ ပြေးနိုင်တယ် ၊ ပြိုင်ပွဲအတူ ရှိနေနိုင်ပါတယ်။
အထောက်အမ
မရှိလျှင် သင်အရှုံးပေးရပါလိမ့်မည်။
လူအယောက်
၁၀၀ လောက် သင်မလိုအပ်ပါ။ ၁၀ ယောက်ပင် မလိုပါ။ ၃ယောက် သို့ ၄ ယောက်သာ သင်နှင့်ပြေးဖို့လိုပါတယ်၊
သင့်အား ဘုရားအလိုတော်ရှိသောအသက်တာအဖြစ် အထောက်အမပေးဖို့ သူတို့တွေကို သင်လိုပါတယ်။
သမ္မာကျမ်းစာက
ဆိုထားသည်မှာ - ဟေဗြဲ ၁၀:၂၄-၂၅ “ထိုမှတပါး မေတ္တာစိတ်ရှိစေခြင်းငှါ၎င်း၊
ကောင်းသော အကျင့်ကို ကျင့်စေခြင်းငှါ၎င်း၊ တိုက်တွန်း နှိုးဆော်ရသောအခွင့်ကိုရှာ၍၊
အချင်းချင်းတယောက်ကို တယောက် ထောက်စာကြည့်ရှုကြကုန်အံ့။ လူအချို့တို့၏ ထုံးစံရှိသည်အတိုင်း၊ အချင်းချင်း စည်းဝေးခြင်းအမှုကို
မရှောင်မလွှဲကြ နှင့်။ အချင်းချင်းတို့ကို တိုက်တွန်းနှိုး ဆော်ကြလော့။ ကာလအချိန် ရောက်လုနီးသည်ကို
ထောက်သဖြင့်၊ သာ၍ ကြိုးစား ကြလော့။”
ဒါကြောင့်
ကျွန်ုပ်တို့သည် အသင်းအဖွဲ့ ၊ အသင်းတော်တွင် ရှိနေဖို့လိုအပ်သည်။ သင်၏ဝိညာဉ်အသက်တာကို
စေ့စော်ပေးသော ၊ တွန်းအားပေးသော လူတွေကို သင်လိုအပ်ပါတယ်။ သင်သည်လည်း သူတစ်ပါးကို တွန်းအား
ဖြစ်စေပါ။
အသင်းအဖွဲ့လေးထဲ
သင်ပါဝင်ပါလျှင် သူတစ်ပါး၏ သင့်အား လက်ခံခြင်း၊ချစ်ခင်ခြင်းတွေ သင်ရမည်ဖြစ်ပြီး ဝိညာဉ်ရေးရာခရီးမှာ
အားပေးမှုတွေကို သူတို့ပေးသွားမည်ဖြစ်သည်။ သင့်ကိုယ်သင်အတွက် ဆုတောင်းမှုမည်သို့ပြုရ
မည်ကို သင် မသိသည့်တိုင် သူတို့တွေ သင့်အတွက် ဆုတောင်းပေးပါလိမ့်မည်။ သင်၏ပြေးလမ်းမှာ
မဆုတ်မနှစ် ကြိုးပမ်းဖို့ ၊ လုံ့လထုတ်ဖို့ရန် သူတို့တွေ ကူညီပါလိမ့်မည်။
ထိုသို့သော
ခင်မင်ရင်းနှီးမှုနှင့် ထောက်မမှုမျိုးကို ပေးစွမ်းရန် ကတိပြုထားသည့် အသင်းအဖွဲ့၊ အသင်းတော်ကို
ရှာဖွေရန် လိုအပ်သမျှတွေတိုင်းကို လုပ်ဆောင်ပါ။ ၎င်းသည် ပြိုင်ပွဲပြီးဆုံးခြင်းနှင့်
နှုတ်ထွက်ခြင်း အကြား ခြားနားချက်ကို ဆိုလိုပါသည်။
ဆင်ခြင်ရန်
-
အသင်းအဖွဲ့လေးတွင်
ပါဝင်ခြင်းသည် သင်၏ခက်ခဲသောအရာကို သင်လုပ်ဆောင်ဖို့ရန် မည်ကဲ့သို့ ကူညီမှုဖြစ်စေခဲ့
ပါသနည်း။
-
တစ်စုံတစ်ဉီး၏
ဝိညာဉ်ရေးရာကြီးထားမှုကို အထောက်အမပြုပေးနိုင်ဖို့ရန် ယနေ့တွင် မည်သို့သော လုပ်ဆောင်ချက်မျိုးကို
သင်ပြုပေးနိုင်ပါမည်နည်း။
-
သင်၏ဝိညာဉ်ရေးရာ
အသက်တာတွင် တွန်းအားပေးလှုံ့ဆော်သော လူတွေရှိပါသလား။ တစ်စုံတစ်ယောက်က အဲဒီလို ဆက်ဆံရေးမျိုးကို
မဖွံ့ဖြိုးရလေအောင် တားဆီးပါလျှင် ၄င်းကို သင်မည်ကဲ့သို့ ဖြေရှင်းနိုင်ပါမည်နည်း။
------------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်