Unicode Version
ဟေဗြဲ ၁၁:၁ “ယုံကြည်ခြင်းသည် မြော်လင့်သောအရာတို့ကို မျက်မှောက်ပြုခြင်းဖြစ်၏။
မမြင်သေးသော အရာတို့ကို သိမှတ်စွဲလမ်းခြင်းအကြောင်းဖြစ်၏။ ”
ယုံကြည်ခြင်းသည်
အနာဂတ်ကို ယခုကာလတွင် မြင်ယောင်ခြင်းဖြစ်ပါတယ်။ အနာဂတ်ကို ကြိုတင်မြင်ယောင် ခြင်း သဘောဖြစ်ပါတယ်။
“မြင်နေရမှ ယုံကြည်မည်”လို့ လူတွေဆိုပါတယ်။ ဘုရားသခင်က တိကျသော ဆန့်ကျင်ဘက်ဖြင့် “ယုံကြည်ရမှ
မြင်ရမည်” ဟုဆိုထားတာပါတယ်။ တစ်စုံတစ်ခုကို ပထမဆုံး မယုံကြည်နိုင်ပါ လျှင် သင်ဘယ်တော့မှာ
မြင်ရသမည်မဟုတ်ပါ။
တစ်စုံတစ်ခုကို
ဖြစ်နိုင်တယ်လို့ ပထမဉီးဆုံး ယုံကြည်သောသူသည် ကြီးမားသော အောင်မြင်မှု စတင်ဖို့ဖြစ်
ပါတယ်။ ယုံကြည်ခြင်းသည် အိပ်မက်ကို လက်တွေ့အဖြစ်သို့ ပြောင်းလဲသွားစေသည်။ သင်စိတ်ကူး
ယဉ်ထားမှု တွေကို လက်တွေ့စစ်မှန်မှုဖြစ်စေပါတယ်။ ဤအရာ ဖြစ်နိုင်တယ်လို့ ပထမဉီးဆုံး
ယုံကြည်ခြင်း မပြုသရွေ့ ဘယ်အရာကမျှ မဖြစ်လာပါ။
နှစ်ပေါင်း ၄၀ ရှိပါပြီး။
အဲဒီအချိန်တုန်းက အသင်းတော်မှာ အဖွဲ့ငယ်ကလေးရှေ့မှာ ပထမဉီးဆုံးရပ်ခဲ့ပြီး ဘုရားကျွန်ုပ်ကို
ပေးခဲ့တဲ့ အိပ်မက်ဖြစ်တဲ့ ၅၀ ဧကသောမြေ နှင့် အပတ်စဉ်တိုင်းတွင် လူ နှစ်သောင်းကို သာသနာပြုရခြင်းအကြောင်းကို
ဝေငှခဲ့ပါတယ်။ လူတွေက ရယ်ခဲ့ကြတယ်။ ပွင့်ပွင့်လင်းလင်းပြောရလျှင် ကျွန်ုပ်လည်း ရယ်ခဲ့ပါတယ်။
ကျွန်ုပ်တို့အားလုံး ဤမြေတွေ၏တန်ဖိုးကို သိပါတယ် ၊ မဖြစ်နိုင်စရာကြီးပါ။
သို့ပေမဲ့
ဘုရားသခင်ပြုခဲ့ပါတယ်။ ဆယ်စုနှစ် လေးစုတိုင်း Saddleback အသင်းတော်အားဖြင့် အရားအားလုံးကို ဘုရားသခင် လုပ်ဆောင်မှုပြုခဲ့ပါတယ်။
အရင်ကတော့ မဖြစ်နိုင်စရာတွေပါ။
သင်၌လည်း
အိပ်မက် လိုအပ်ပါတယ်။ သင်၏အိပ်မက် ၊ သင်၏ ပန်းတိုင်း တွေသည် ယုံကြည်ခြင်း၏ လုပ်ဆောင်မှုဖြစ်တယ်။
ဘုရားသခင်ထံ ချည်းကပ်ပြီး ဘုရားလုပ်ဆောင်လိုသည်များကို မေးဖို့ရန် “အဖဘုရား ယခုအချိန်တွင်
လုပ်ဆောင်မှုပြီးမြောက်စေဖို့ရန် ကျွန်ုပ်အား အလိုတော်ရှိသည် ကို ယုံကြည်ပါ၏” လို့သင်ပြောလိုက်ပါ။
ဤကဲ့သို့ ပြုခြင်းသည် သင့်ယုံကြည်ခြင်း၏ သရုပ် ၊ လုပ်ရပ်ကို ပေါ်လွင်စေပါတယ်။
ယုံကြည်ခြင်းက
ဘုရားသခင်ကို ကျေနပ်စေပါတယ်။
မည်သို့သော
မဖြစ်နိုင်စရာအမှုအတွက် ဘုရားသခင်ကို သင်ယုံကြည်နိုင်မည်နည်း။
ဆင်ခြင်ရန်
- မဖြစ်နိုင်ဘူးလို့ သင်ထင်ခဲ့တဲ့အရာတစ်ခုကို ဘုရားသခင် ပြီးမြောက်အောင်
လုပ်ဆောင်ခဲ့တဲ့ အရာက ဘာလဲ။
- ဘုရားသခင်အား သင်ယုံကြည်ကိုးစားပြီး
လက်တွေ့ဖြစ်စေမည့် သင်၏အိပ်မက်တစ်ခုကဘာလဲ။
-သင်၏ အသက်တာအတွက်
ဘုရားသခင် ပေးသနားခဲ့သောအိပ်မက် (သို့) ရူပါရုံကိုမြင်သောအခါ သင်၏အကြီး မားဆုံးသော ကြောက်လန့်မှု မည်ကဲ့သို့သော အရာဖြစ်မည်နည်း။
-----------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်