Celebrate with Your Kids!
Unicode Version
သင်၏ကလေးများနှင့်အတူ ပျော်ရွှင်စရာတွေပြုလိုက်ပါ။
ဒေသနာကျမ်း ၁၁:၈ “သို့ရာတွင်၊ လူသည်အသက်တာရှည်၍ အစဉ် ရွှင်လန်းသော်လည်း၊ မှောင်မိုက်ကာလကို အောက်မေ့ ပါစေ။ ထိုကာလကြာမြင့်လိမ့်မည်။ ဖြစ်လတံ့သမျှတို့သည် အနတ္တသက်သက်ဖြစ်ကြ၏။
ပျော်ရွှင်စရာတွေကို ကလေးတွေလိုအပ်ပါတယ်။
ဒါတွေသည် ပျော်စရာကမ္ဘာတစ်ခုဖြစ်ပါတယ်။ မိသားစုတွေက ပျော်စရာတွေပါ၊ အိမ်သည်လည်း ဆော့စရာနေရာလေး ဖြစ်သင့်ပါတယ်။ ဤကဲ့သို့သောအရာတွေသည် နေအိမ်တော်တော်များများမှာတော့ ကြီးမားတဲ့ ပြသနာဖြစ်တယ်။ အဲဒီလိုနေအိမ်မျိုးမှာရှိတဲ့ မိဘတွေသည် သူတို့ကလေးတွေကို အပေါ်မှာတော့ သာမာန်အားဖြင့် ကောင်းကြပါတယ်၊ ဒါပေမဲ့ ပျော်ရွှင်စရာ အတော်အသင့်တောင်မရှိကြပါ။ သူတို့တွေ မအားကြဘူး။ အိမ်ကို ပြန်ရောက်လျှင် လုပ်ဆောင် စရာတွေဖြင့် အစီအရီရှိနေတယ်။ လုပ်ဆောင်စရာအားလုံး ပြီးမြောက်ဖို့လိုတဲ့အတွက်ကြောင့် သူတို့မှာ ပျော်ရွှင်ရ အောင်လည်း အချိန်မရကြတော့ပါ။
သင်၏ကလေးတွေကို ခိုင်မြဲစေသလား (သို့) ပျော်ရွှင်အောင် ပြုပါသလား။ သူတို့လေးတွေ ပျော်ရွှင်စရာလေးတွေ လိုအပ်ပါတယ်။
ဒေသနာကျမ်း ၁၁:၈ “သို့ရာတွင်၊ လူသည်အသက်တာရှည်၍ အစဉ် ရွှင်လန်းသော်လည်း၊ မှောင်မိုက်ကာလကို အောက်မေ့ ပါစေ။ ထိုကာလကြာမြင့်လိမ့်မည်။ ဖြစ်လတံ့သမျှတို့သည် အနတ္တသက်သက်ဖြစ်ကြ၏။
ကျွန်တော့ကလေးတွေ ကြီးပြင်းလာချိန်တုန်းက ကျွန်တော်တို့ကို ““Daddy’s Magical Mystery Tours” လို့ခေါ်ကြတာတွေရှိခဲ့တယ်။ အခါအားလျော်စွာ အစီအစဉ်တစ်ခုလုံးကို ခါချပြီး “လုပ်ရိုးလုပ်စဉ်တွေ မေ့လိုက်တော့ ငါတို့တွေ ပျော်စရာတွေ လုပ်ကြမယ်” လို့ပြောခဲ့ပါတယ်။ ညသန်းခေါင်မှာ ကလေးတွေကို ခေါ်နိုးပြီး ကားထဲထည့်ကာ ကိုးရိုးကားရာတွေလုပ်လိုက်မယ်…သူတို့မနက်ကျောင်းသွားဖို့လွှတ်သွားရင် ဘာဖြစ်မလဲ။ အဲဒီအဖြစ်အပျက်ကိုတော့ သူတို့ ဘယ်တော့မှ မေ့မှာ မဟုတ်ပါ။ သူတို့ကို မနက်အစောကြီးနိုးပြီး အစိမ်းရောင်ခြယ်ထားတဲ့ ပြင်သစ်ပါမုန့်ကို ကျွေးလျှင် ဒီအဖြစ်ကို သူတို့ အမှတ်ရနေပါမည်။
သင့်၏ကလေးတွေဖြင့်ပျော်ရွှင်ပါ။ သူတို့ကို ပျော်စေပါ။ မည်သည့် လုပ်ရိုးလုပ်စဉ်နေ့ရက်တွေက သူတို့ ဘဝလေးတွေကို မဖျက်ဆီးစေပါ။ သို့ပေမဲ့ ပျော်ရွှင်စရာ ရူးမိုက်မှုလေးတွေကို အထူးဖြစ်ရပ်တစ်ခုက ကလေးတွေကို ဘယ်တော့မှ မေ့စေမှာ မဟုတ်ပါဘူး။
အိမ်မှာ ကလေးတွေနှင့် ပျော်ရွှင်စရာတွေ မပြုဘူးဆိုလျှင် သူတို့ အသက်တာနောက်ပိုင်းကာလတွေမှာ အချိန်နည်းပါးစွာ နေထိုင်ဖို့ရန်ဆုံးဖြတ်ကြတဲ့အခါ သင်မအံ့ဩလိုက်ပါနှင့်။ အကယ်၍ အိမ်မှာ ကလေးတွေနှင့် ပျော်ရွှင်စရာတွေမရှိ ၊ သူတို့တွေကို မပျော်စေပါလျှင် သူတို့လေးတွေ ကြီးလာပြီး အိမ်ကနေ ထွက်ခွါသွားခဲ့လျှင် သူတို့ မကြာမကြာ အိမ်ကို မလာချင်ကြတော့ပါ။
ကလေးတွေကို ပျော်ရွှင်အောင်လုပ်ဆောင်ပါ။
ဆင်ခြင်ရန်
-      သင့်အတွက်မည်သို့သော ဉီးစားပေးမှုတွေ ရှိသနည်း။ သင်၏အချိန်ဇယား (သို့) သင်၏ကလေးတွေပျော်ရွှင်မှု ရှိစေဖို့လား။ ဘာကြောင့်နည်း။
-      တစ်ခါတစ်ရံ ကျွန်ုပ်တို့၏ အချိန်ဇယားကို ကလေးတွေထက် ဉီးစားပေးနေခြင်းက ဘာကြောင့်လဲ။
-      သင်၏ ကလေးများနှင့် ပျော်စရာကောင်းရန် ယခုအပတ် သင်ဘာလုပ်နိုင်သနည်း။ အဲဒီလိုလုပ်ဖို့ သင်ဘာတွေစွန့်လွှတ်ရမည်နည်း။
---------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်