Unicode Version
သင်၌အစပြုထားသောအရာကို ပြီးဆုံးအောင် ဘုရားသခင်ပြုပါမည်။
ဖိလိပ္ပိ ၁:၆ “သင်တို့တွင် ကောင်းသောအမှုကို ပြုစပြုတော်မူသောသူသည်၊
ယေရှုခရစ်၏နေ့ရက်တိုင်အောင် ပြီးစီး လျက်ပြုတော်မူမည်ဟု ငါသဘောကျ၏။”
ဘုရားသခင်သည်
သူပြုတော်မူသော အမှုကို အမြဲတမ်းပြီးဆုံးအောင်လုပ်ဆောင်ပါတယ် - သင်၏လက္ခဏာ ပုံဖော်ခြင်းသည်လည်း
ပါဝင်ပါတယ်။ သခင်ခရစ်တော်သဏ္ဍာန်တော်နှင့် တူညီဖို့ရန် သင့်အား ပုံဖော်ခဲ့ဖူးပါတယ်။
သခင်ခရစ်တော်နှင့်တူဖို့ရန်
သင့်ကို ဖန်ဆင်းခဲ့တယ်။
သို့ပေမဲ့
အကောင်းဆုံးသော အစိတ်အပိုင်းက ဤအသက်တာမှာ မပြီးမြောက်ခဲ့တဲ့အရာတွေကို ပြီးမြောက်အောင်
ဘုရားသခင်ပြုပါမည်။ သင်၏ စရိုက်လက္ခဏာအား ကောင်းကင်ဘုံတွင်
စုံလင်ခြင်းရောက်စေဖို့ရာ သူပြီးမြောက်စေ မည်။
ကျမ်းစာတွင်
ဖော်ပြထားသည်မှာ ဖိလိပ္ပိ ၁:၆ “သင်တို့တွင် ကောင်းသောအမှုကို
ပြုစပြုတော်မူသောသူသည်၊ ယေရှုခရစ်၏နေ့ရက်တိုင်အောင် ပြီးစီး လျက်ပြုတော်မူမည်ဟု ငါသဘောကျ၏။”
အံ့ဩဖွယ်နေ့ရက်ဖြစ်ပါလိမ့်မည်။
အဲဒီနေ့မှာ သခင်ခရစ်တော်အား တွေ့မြင်ရပါမည်။ သင့်ဉီးနှောက်မှာ အာရုံခံအရာမှန်သမျှတို့သည်
ထူးကဲ့မှုဖြစ်လာမည်ဖြစ်ပြီး သခင်ခရစ်တော်နှင့်သဏ္ဍာန်အရ ပြောင်းလဲခြင်းခံရပါမည်။
သင်၏အားနည်းချက်တွေ
ပျောက်ဆုံးသွားမည်။ သင်၏နုံချာသောအရာတွေ ၊ ကျရှုံးခြင်းတွေ ၊ချည့်နဲ့ခြင်းတွေ နှင့်
အထိခိုက် မခံနိုင်မှုတွေ နှင့် မလုံခြုံမှုတွေသည် ပျောက်ဆုံးသွားပါမည်။
ပြည့်ဝစုံလင်ခြင်းသို့
အဲဒီနေ့မှာ သင်ပြောင်းလဲခံရပါမည်။ သင်သည် ဘုရားသခင်၏ဂုဏ်တော် ၊ ဘုန်းတော်ကို လုံးလုံး
ရောင်ပြန်ဟပ်လိမ့်မည်။
ယခုအချိန်မှာတော့
သင်သည် သင်ဖြစ်သင့်သောလူအဖြစ် မရှိသေးပါ။ သင်သည် ဖြစ်လတံ့သောအရာတို့၏ အစိတ်အပိုင်းမျှသာဖြစ်တယ်။
ဒါပေမဲ့ဘုရားသခင်က “ဒါအဆင်ပြေပါတယ်။ အချိန်ယူပြီး သင့်အား အဆင့်တိုင်းတွင် ကောင်းချီး
ဩဘာပေးသွားမည်။ ခြေလှမ်းတိုင်းကို ရည်ရွယ်ချက်ဖြင့်သွားပါ။ ဘာကြောင့်လဲဆိုတော့ သင်၌စတင်ထားသောအရာကို
ပြီးမြောက်စေမည် ။ ငါနှင့်လုံးလုံးတူညီစေဖို့ရန် ပြောင်းလဲမှုပြုမည်” လို့ဆိုပါတယ်။
အဲဒီနေ့ရက်သည်
တခြားနေ့ရက်နှင့် တူညီစရာမရှိပါ။
ယောဟန် ပဌမစောင် ၃:၂ “ချစ်သူတို့၊ ယခုတွင်ငါတို့သည် ဘုရားသခင်၏သားဖြစ်ကြ၏။ နောက်မှအဘယ်သို့သော သူဖြစ်မည်ဟု
မထင်ရှားသေး။ သို့သော်လည်း ကိုယ်တော်သည် ထင်ရှားပေါ်ထွန်းတော်မူသောအခါ၊
ငါတို့သည် ကိုယ်တော်နှင့် တူကြလတံ့ဟု ငါတို့သိကြ၏။ အကြောင်းမူကား၊ ကိုယ်တော်ဖြစ်တော်မူသည်အတိုင်းကို
ငါတို့သည် မြင်ရကြလတံ့။”
အသက်တာ
ပြေးသောလမ်းမှာ ကျွန်ုပ်တို့အားလုံး ခလုတ်တိုက်ကြတယ်၊ ထိခိုက်မိကြပါတယ်။ မည်သို့ပင်
နာကျင်ရပေမဲ့ ၊ ရုန်းကန်နေရပေမဲ့လည်း ပြိုင်ပွက ပြီးဆုံးခြင်းမရှိပါ။ တစ်နေ့မှာ ဘုရားသခင်ကို
တွေ့မြင်ရပါမည်။ ကျွန်ုပ်တို့သည်လည်း နောက်ထပ် ထပ်တူစရာမရှိတော့ပြီ။
ဆင်ခြင်ရန်
-ကောင်းကင်သို့ရောက်သောအခါ
သင်အသက်တာ၏ မည်သည့်နယ်ပယ်ကို ဘုရားသခင် စုံလင်ပေးဖို့ရန်မျှော်လင့်နေသနည်း။
-ဘုရားသခင်က
သူစတင်ခဲ့တာကိုပြီးမြောက်အောင် လုပ်မယ်ဆိုတာကို နားလည်ခြင်းက သင့်ရဲ့ ၀ ိညာဉ်ရေးရာလမ်းစဉ်၌
သည်းခံမှုတိုးပွားလာအောင် မည်ကဲ့သို့ကူညီပေးမည်နည်း။
-
ဖိလိပ္ပိ ၁:၆ ၌ဖော်ပြသော ဘုရားသခင်၏ကတိတော်သည်အခြားသူတစ် ဦး ၏ရှုထောင့်ကိုမည်သို့ကူညီနိုင်မည်နည်း။
ထိုအခန်းငယ်၏ မျှော်လင့်ချက်ကိုထိုလူနှင့်မျှဝေရန် ယခုအပတ်သင် ဘာလုပ်နိုင်သနည်း။
-------------------------------------------------------------------------------------------------------------------
Zawgyi Version
သင္၌အစျပဳထားေသာအရာကို ၿပီးဆုံးေအာင္ ဘုရားသခင္ျပဳပါမည္။
ဖိလိပၸိ ၁:၆ “သင္တို႔တြင္ ေကာင္းေသာအမႈကို ျပဳစျပဳေတာ္မူေသာသူသည္၊ ေယရႈခရစ္၏ေန႔ရက္တိုင္ေအာင္ ၿပီးစီး လ်က္ျပဳေတာ္မူမည္ဟု ငါသေဘာက်၏။”
ဘုရားသခင္သည္ သူျပဳေတာ္မူေသာ အမႈကို အၿမဲတမ္းၿပီးဆုံးေအာင္လုပ္ေဆာင္ပါတယ္ - သင္၏လကၡဏာ ပုံေဖာ္ျခင္းသည္လည္း ပါဝင္ပါတယ္။ သခင္ခရစ္ေတာ္သ႑ာန္ေတာ္ႏွင့္ တူညီဖို႔ရန္ သင့္အား ပုံေဖာ္ခဲ့ဖူးပါတယ္။
သခင္ခရစ္ေတာ္ႏွင့္တူဖို႔ရန္ သင့္ကို ဖန္ဆင္းခဲ့တယ္။
သို႔ေပမဲ့ အေကာင္းဆုံးေသာ အစိတ္အပိုင္းက ဤအသက္တာမွာ မၿပီးေျမာက္ခဲ့တဲ့အရာေတြကို ၿပီးေျမာက္ေအာင္ ဘုရားသခင္ျပဳပါမည္။ သင္၏ စ႐ိုက္လကၡဏာအား ေကာင္းကင္ဘုံတြင္ စုံလင္ျခင္းေရာက္ေစဖို႔ရာ သူၿပီးေျမာက္ေစ မည္။
က်မ္းစာတြင္ ေဖာ္ျပထားသည္မွာ ဖိလိပၸိ ၁:၆ “သင္တို႔တြင္ ေကာင္းေသာအမႈကို ျပဳစျပဳေတာ္မူေသာသူသည္၊ ေယရႈခရစ္၏ေန႔ရက္တိုင္ေအာင္ ၿပီးစီး လ်က္ျပဳေတာ္မူမည္ဟု ငါသေဘာက်၏။”
အံ့ဩဖြယ္ေန႔ရက္ျဖစ္ပါလိမ့္မည္။ အဲဒီေန႔မွာ သခင္ခရစ္ေတာ္အား ေတြ႕ျမင္ရပါမည္။ သင့္ဉီးေႏွာက္မွာ အာ႐ုံခံအရာမွန္သမွ်တို႔သည္ ထူးကဲ့မႈျဖစ္လာမည္ျဖစ္ၿပီး သခင္ခရစ္ေတာ္ႏွင့္သ႑ာန္အရ ေျပာင္းလဲျခင္းခံရပါမည္။
သင္၏အားနည္းခ်က္ေတြ ေပ်ာက္ဆုံးသြားမည္။ သင္၏ႏုံခ်ာေသာအရာေတြ ၊ က်ရႈံးျခင္းေတြ ၊ခ်ည့္နဲ႔ျခင္းေတြ ႏွင့္ အထိခိုက္ မခံႏိုင္မႈေတြ ႏွင့္ မလုံၿခဳံမႈေတြသည္ ေပ်ာက္ဆုံးသြားပါမည္။
ျပည့္ဝစုံလင္ျခင္းသို႔ အဲဒီေန႔မွာ သင္ေျပာင္းလဲခံရပါမည္။ သင္သည္ ဘုရားသခင္၏ဂုဏ္ေတာ္ ၊ ဘုန္းေတာ္ကို လုံးလုံး ေရာင္ျပန္ဟပ္လိမ့္မည္။
ယခုအခ်ိန္မွာေတာ့ သင္သည္ သင္ျဖစ္သင့္ေသာလူအျဖစ္ မရွိေသးပါ။ သင္သည္ ျဖစ္လတံ့ေသာအရာတို႔၏ အစိတ္အပိုင္းမွ်သာျဖစ္တယ္။ ဒါေပမဲ့ဘုရားသခင္က “ဒါအဆင္ေျပပါတယ္။ အခ်ိန္ယူၿပီး သင့္အား အဆင့္တိုင္းတြင္ ေကာင္းခ်ီး ဩဘာေပးသြားမည္။ ေျခလွမ္းတိုင္းကို ရည္႐ြယ္ခ်က္ျဖင့္သြားပါ။ ဘာေၾကာင့္လဲဆိုေတာ့ သင္၌စတင္ထားေသာအရာကို ၿပီးေျမာက္ေစမည္ ။ ငါႏွင့္လုံးလုံးတူညီေစဖို႔ရန္ ေျပာင္းလဲမႈျပဳမည္” လို႔ဆိုပါတယ္။
အဲဒီေန႔ရက္သည္ တျခားေန႔ရက္ႏွင့္ တူညီစရာမရွိပါ။
ေယာဟန္ ပဌမေစာင္ ၃:၂ “ခ်စ္သူတို႔၊ ယခုတြင္ငါတို႔သည္ ဘုရားသခင္၏သားျဖစ္ၾက၏။ ေနာက္မွအဘယ္သို႔ေသာ သူျဖစ္မည္ဟု မထင္ရွားေသး။ သို႔ေသာ္လည္း ကိုယ္ေတာ္သည္ ထင္ရွားေပၚထြန္းေတာ္မူေသာအခါ၊ ငါတို႔သည္ ကိုယ္ေတာ္ႏွင့္ တူၾကလတံ့ဟု ငါတို႔သိၾက၏။ အေၾကာင္းမူကား၊ ကိုယ္ေတာ္ျဖစ္ေတာ္မူသည္အတိုင္းကို ငါတို႔သည္ ျမင္ရၾကလတံ့။”
အသက္တာ ေျပးေသာလမ္းမွာ ကြၽႏ္ုပ္တို႔အားလုံး ခလုတ္တိုက္ၾကတယ္၊ ထိခိုက္မိၾကပါတယ္။ မည္သို႔ပင္ နာက်င္ရေပမဲ့ ၊ ႐ုန္းကန္ေနရေပမဲ့လည္း ၿပိဳင္ပြက ၿပီးဆုံးျခင္းမရွိပါ။ တစ္ေန႔မွာ ဘုရားသခင္ကို ေတြ႕ျမင္ရပါမည္။ ကြၽႏ္ုပ္တို႔သည္လည္း ေနာက္ထပ္ ထပ္တူစရာမရွိေတာ့ၿပီ။
ဆင္ျခင္ရန္
-ေကာင္းကင္သို႔ေရာက္ေသာအခါ သင္အသက္တာ၏ မည္သည့္နယ္ပယ္ကို ဘုရားသခင္ စုံလင္ေပးဖို႔ရန္ေမွ်ာ္လင့္ေနသနည္း။
-ဘုရားသခင္က သူစတင္ခဲ့တာကိုၿပီးေျမာက္ေအာင္ လုပ္မယ္ဆိုတာကို နားလည္ျခင္းက သင့္ရဲ႕ ၀ ိညာဥ္ေရးရာလမ္းစဥ္၌ သည္းခံမႈတိုးပြားလာေအာင္ မည္ကဲ့သို႔ကူညီေပးမည္နည္း။
- ဖိလိပၸိ ၁:၆ ၌ေဖာ္ျပေသာ ဘုရားသခင္၏ကတိေတာ္သည္အျခားသူတစ္ ဦး ၏ရႈေထာင့္ကိုမည္သို႔ကူညီႏိုင္မည္နည္း။ ထိုအခန္းငယ္၏ ေမွ်ာ္လင့္ခ်က္ကိုထိုလူႏွင့္မွ်ေဝရန္ ယခုအပတ္သင္ ဘာလုပ္ႏိုင္သနည္း။