Better to Be Poor and Honest
Unicode Version
ရိုးသားဖြောင့်မတ်ခြင်းနှင့် နွမ်းပါးခြင်းဖြစ်ဖို့က သာ၍ကောင်း၏။
သုတ္တံကျမ်း ၁၉:၁ “ကောက်လိမ်သော စကားကို သုံးတတ်သောလူမိုက်ထက်၊ ဖြောင့်မတ်ခြင်းလမ်းသို့လိုက်သော ဆင်းရဲသူ သည် သာ၍ ကောင်း၏၊၊”
ဖြောင့်မတ်ခြင်းကင်းမဲ့မှုတွေကို ဘုရားက ကောင်းချီးမပေးပါ။ သုတ္တံကျမ်း ၁၆:၁၁ “မှန်သောအလေးနှင့် မှန်သောချိန်ခွင်သည် ထာဝရဘုရား၏ ဥစ္စာ ဖြစ်၏၊၊  အလေးအိတ်၌ပါသမျှသော အလေးတို့ သည် စီရင်တော်မူရာ ဖြစ်ကြ၏၊၊” အဲဒီမှာ အလုပ်သမားတွေ ၊ လစာတွေ နှင့် အခွန်တွေပါဝင်ပါတယ်။ သင်၏ငွေကြေးဆိုင်ရာတွေအတွက် ဘုရားရှင်၏ ကောင်းချီးပေးမှုကို အလိုရှိပါလျှင် သင်အဲဒီအရောတွေအပေါ်မျာ ရိုးသားဖြောင့်မတ်သင့်ပါသည်။ သမ္မာကျမ်းစာတွင် ဖော်ပြထားသည်မှာ သုတ္တံကျမ်း ၁၉:၁ “ကောက်လိမ်သော စကားကို သုံးတတ်သောလူမိုက်ထက်၊ ဖြောင့်မတ်ခြင်းလမ်းသို့လိုက်သော ဆင်းရဲသူ သည် သာ၍ ကောင်း၏၊၊”
ဤအရာတွေသည် ဘာကြောင့် အရေးပါတဲ့ အခြေခံသဘောတရားဖြစ်ရသနည်း။ ငွေကြေးဆိုင်ရာ စိတ်ဖိစီးမှုတွေကို တွေ့ကြုံရင်ဆိုင်ရတဲ့ကာလတွေမှာ သွေးဆောင်ဖြားယောင်းမှုတွေက သင့်၏သမာဓိကို ထုတ်ပစ်ရန်နှင့် အဆုံးတိုင် ဖြည့်ဆည်းပေးဖို့ လှည့်စားရန် ကြီးမားလှပါတယ်။ ဆိုလိုသည်မှာ အရောင်းတစ်ခုပေါ် အမှန်တရားကို ပုံဖော်ခြင်း (သို့) ပုံကြီးချဲ့ခြင်း (သို့) တစ်စုံတစ်ခု၏ တန်ဖိုးကို သိမ်ငယ်စေခြင်းဖြစ်နိုင်သည်။ သင်၏ အခွန်အခများပေါ်တွင် မှားယွင်းသော နုတ်ယူမှုကို တောင်းခံခြင်းလည်း ဖြစ်ကောင်း ဆိုလိုနိုင်သည်။
အဲဒီလို ရွေးချယ်မှုမျိုးကို သင်ရွေးချယ်ပါလျှင် အမြဲတမ်းရှုံးနှိမ့်မှုဖြစ်စေပါမည်။ သင်၏သမာသမတ် ၊ တည်ကြည်မှုကို လည်း  ရှည်လျားတဲ့ သင်၏ခရီးလှမ်းတွင် အမြဲတမ်း ဆုံးရှုံးသွားရမည်။ ကောင်းကင်ဘုံထိ သင်ယူဆောင်သွားမည်မှာ သင်၏ငွေကြေးမဟုတ်ပါ။ သင်၏ စရိုက်လက္ခဏာ ပင်ဖြစ်ပါတယ်။
မရိုးမသား ပြုထားသောလုပ်ရပ်ကြောင့် ရလာသောအမြတ်သည် ဒုက္ခရောက်ရခြင်းနှင့်အတူ လာပါမည်။ ဘာကြောင့်လဲ။ လူတွေကို သင်ဆွဲချပါလျှင် တခြားသူတွေသည်လည်း သင့်ကို ဆွဲချပါတော့မည်။ သူတစ်ပါးကို လှည့်စားပါလျှင် သင်သည်လည်း အသက်တာတွင် လှည့်စားခြင်း ရရှိပါမည်။ သင်စိုက်သည်များကို ရိတ်သိမ်းရပါမည်။
သင်၏ငွေကြေးဆိုင်ရာမှာ ရိုးသားဖြောင့်မတ်ဖို့ ဆုံးဖြတ်ခြင်းသည် အရာအားလုံးအတွက် တစ်ကြိမ်သာ လုပ်ဆောင်ခြင်းမျိုးမဟုတ်ပါ။ နေ့စဉ် ဆုံးဖြတ်ချက်တွေဖြစ်ပါတယ်။ လိမ်လည်ဖို့ သင်ဖြားယောင်းခံရနိုင်သည်။ ဖြောင့်မတ်ဖို့ကို တစ်စုံတစ်ခု ရင်းရနိုင်ပါတယ်။ အဲဒါကို လေ့လာပြီးပြီလား။  အမှန်တရားတစ်ခုပြောဖို့ဆိုတာ တစ်စုံတစ်ခု ကုန်ကျစရိတ်ရှိပါတယ်။
ဤအပေါ်မှာ သစ္စာသမာတိရှိမယ်ဆိုလျှင် သင်၏ငွေကြေးဆိုင်ရာ လိုအပ်ချက်တွေအတွက် ဘယ်တော့မှ စိုးရိမ်သောက ရောက်စရာ မလိုတော့ပါလို့ ဘုရားသခင်က ဆိုထားပါတယ်။
ဆင်ခြင်ရန်
-      သင့်အသက်တာ၏ ငွေရေးကြေးရေးဆိုင်ရာအသေးစိတ်အချက် အလက်များကို မည်သည့်နေရာတွင် ဘုရားသခင်အား ချီးမွမ်းရန် ရွေးချယ်နိုင်သနည်း။
-      သင်၌ ငွေကြေးခက်ခဲသော်လည်း ရိုးသားသောဆုံးဖြတ်ချက်များရှိနေခြင်း အတွက် ဘုရားသခင်က သင့်ကို ကောင်းချီးပေးကြောင်း မည်ကဲ့သို့မြင်ပါသနည်း။
-      သင်၏ငွေကြေးဆိုင်ရာ ကိစ္စတွေမှာ ရိုးသားစွာလုပ်ဆောင်ခြင်းသည် ဘာကြောင့် ပို၍ ခက်ခဲသော ရွေးချယ်မှုဖြစ်သနည်း။
---------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်