You’re as Happy as You Choose to Be
Unicode
သင်ရွေးချယ်သည်အတိုင်း သင်ပျော်ရွှင်နိုင်သည်။
ဖိလိပ္ပိ ၁:၁၈ “သို့ဖြစ်၍ အဘယ်သို့နည်း၊ လျှို့ဝှက်၍ ဟောပြောသည်ဖြစ်စေ၊ သစ္စာရှိ၍ ဟောပြောသည်ဖြစ်စေ၊ အဘယ်သို့သောအားဖြင့် ဟောပြောသည်ဖြစ်စေ၊ ခရစ်တော်၏တရားကို ဟောပြောခြင်းရှိ၏။ ထိုအကြောင်း ကြောင့် ငါသည်ယခုဝမ်းမြောက်၏။ နောင်၌လည်း ဝမ်းမြောက်လိမ့်မည်။”
တခြားသူတွေ သင့်အပေါ်ဆန့်ကျင်လုပ်ဆောင်နေတယ်လို့ ခံစားရခြင်းတွေ (သို့) အပြစ်ရှာခံရခြင်းတွေထက် တချို့သောအကြောင်းအရာတွေက သင်၏ပျော်ရွှင်နေမှုကို ပိုမိုမြန်ဆန်စွာ လုယူသွားကြပါတယ်။ ဘာကြောင့်လဲ။ ဘာကြောင့်လဲဆိုတော့ ကျွန်ုပ်တို့တွေအားလုံးသည် သူတစ်ပါးချစ်ခြင်းကို လိုချင်ကြလို့ဖြစ်တယ်။ လူတိုင်း နှစ်သက်တာကို ကျွန်ုပ်တို့ အလိုရှိကြပါတယ်။
တမန်တော်ရှင်ပေါလု ပြောထားသည်မှာ ဖိလိပ္ပိ ၁:၁၈ “သို့ဖြစ်၍ အဘယ်သို့နည်း၊ လျှို့ဝှက်၍ ဟောပြောသည်ဖြစ်စေ၊ သစ္စာရှိ၍ ဟောပြောသည်ဖြစ်စေ၊ အဘယ်သို့သောအားဖြင့် ဟောပြောသည်ဖြစ်စေ၊ ခရစ်တော်၏တရားကို ဟောပြောခြင်းရှိ၏။ ထိုအကြောင်း ကြောင့် ငါသည်ယခုဝမ်းမြောက်၏။ နောင်၌လည်း ဝမ်းမြောက်လိမ့်မည်။”
ပျော်ရွှင်ခြင်းရဖို့အတွက် တခြားသူတွေ၏ သဘောကျထောက်ခံမှုရယူရန် သင်မလိုအပ်ပါ။ သင်ရွေးချယ်သည်အတိုင်း သင်ပျော်ရွှင်ရပါတယ်။ တခြားသူတွေ သင်နှင့်အတူ မပျော်ရွှင်နိုင်ပါလျှင် ဒါသည် သူတို့၏ရွေးချယ်မှုဖြစ်တယ်။ သူတစ်ပါး၏ သဘောကျထောက်ခံမှုကို သင် ယခုမရရှိပါလျှင် နောင်လည်း ရရှိနိုင်ခြေမရှိပါ။ တစ်စုံတစ်ယောက်၏ ထောက်ခံမှုအတွက် ၊ နှစ်သက်မှုရဖို့အတွက် အသက်ရှင်ကြိုးစားရမည်ဆိုလျှင် သင်စိတ်ဆင်းရဲရဖို့သာရှိပါမည်။
ရှင်ပေါလုပြောထားတဲ့ ကျမ်းပိုဒ် ၂၉ နှင့် ၃၀ တွေမှာ “အကြောင်းမူကား၊ သင်တို့သည် အထက်ကမြင်သည်အတိုင်း၊ ယခုလည်း ကြားသည်အတိုင်း ငါခံရသော တိုက်လှန်ခြင်းကို ခံရသည်နည်းတူ၊ သင်တို့သည် ခံရကြသည်ဖြစ်၍၊ ခရစ်တော်ကို ယုံကြည်ခြင်းအခွင့်မှတပါး၊ ခရစ်တော်အတွက်ကြောင့် ဆင်းရဲခံရခြင်းအခွင့်ကို ကျေးဇူးတော်အားဖြင့် ရကြ၏။”
ရှင်ပေါလုပြောထားသည်မှာ မှန်ကန်သောအရာအတွက် လုပ်ဆောင်ခြင်းသည် ဒုက္ခဝေဒနာခံစားရဖို့ အထူးအခွင့်အရေး ဖြစ်သည်။ ဘာကြောင့်လဲဆိုတော့ အတိုက်အခံနှင့် ပစ်ပယ်ခြင်းများကို ရင်ဆိုင်ရချိန်သည် သင် သခင်ခရစ်တော်နှင့် အတူဆုံးဖြစ်နေလို့ဖြစ်ပါတယ်။
တခြားသူတွေ၏ အယူအဆကို ခွင့်မပြုခြင်း (သို့) သင်၏ပျော်ရွှင်မှုကို ထိန်းချုပ်ခြင်း နှင့် ပြသနာတိုင်းကို ဘုရားရှင်၏အမြင်ဖြင့် ကြည့်မယ်ဆိုလျှင် ဘာတွေဘဲဖြစ်လာလာ သင်ပျော်ရွှင်နိုင်ပါတယ်။
ဆင်ခြင်ရန်
-မည်သူ၏ သဘောကျမှုကို သင်ရှာဖွေနေသနည်း။ ရရှိဖို့ ကြိုးစားနေသနည်း။ အဲဒီလူ၏ သဘောကျ နှစ်ကြိုက်ခြင်းကို ဘာကြောင့်များ လိုအပ်တယ် ထင်ပါသနည်း။
-တစ်ခြားသူ၏ သဘောကျထောက်ခံမှု တွေထက် ဘုရား၏ သဘောကျ ထောက်ခံမှုကို ဘာကြောင့်များ ပိုပြီး လွှတ်လပ်ပါသနည်း။
-တိုက်ခိုက်ခြင်း ၊ ဝေဖန်ခြင်း ခံစားရစဉ် ဘုရားရှင်မည်ကဲ့သို သင့်အထဲ၌ ၊ သင့်အားဖြင့် အလုပ်လုပ်ဆောင်ပါသနည်း။
-------------------------------------------------------------------------------------------
 Zawgyi Font
ဆင်ခြင်ရန်